← Chapters

ငါက ကောင်းကင်ပဲ။

Vol. 106 Ch. 1473

ငါက ကောင်းကင်ပဲ။

Vol. 106 Ch. 1473

ဤသည်မှာ ဓား ရည်ရွယ်ချက်ဖြင့် ဖန်ဆင်းထားသော ကောင်းကင် ဖြစ်သည်။ ကြီးကျယ် ခမ်းနားပြီး တစ်ချက်ကြည့် ရုံနှင့် လူတိုင်းကို တုန်လှုပ် စေ၏။

ဖိအားသည် နဂါးသွေးလွှတ်ကြော နယ်ပယ်ရှိ သင်းထောက် များကိုပင်၊ ကြာရှည် တောင့် မခံနိုင်သည် အထိ၊ ပြင်းထန်သည်။

လင်းယွန်မှ တစ်ချက် ကြည့်ရုံနှင့်၊ ကောင်းကင်ကြီး ပြိုကျလာ သကဲ့သို့ ဖိအားများ တိုးလာသည်။ အဆုံးတွင် နှစ်ယောက်သား မခံနိုင် တော့ဘဲ၊ ပါးစပ်မှ သွေးများ ယိုကျ လာ၏။

“ ဘယ်လိုလဲ ယုံပြီလား။ ”

လင်းယွန်မှ မေးသည်။

“ အိပ်မက် မက် မနေနဲ့ ... ။ ”

ဒေါသများ တဟုန်းဟုန်း တောက်လောင် လာပြီး၊ ဓားများကို လက်ဝှေ့ ယမ်းကာ ပြန်ခေါ် လိုက်သည်။ တုန်ယင်လျက် ချက်ချင်း ပျံသန်း လာ၏။

သည့်နောက် တိမ်တိုက်များ ရွေ့လျား သွားကာ၊ ရွှေရောင် ပလ္လင် နှစ်လုံး ဖြစ်ပေါ် လာသည်။

ပလ္လင်ကို နဂါး ကိုးကောင် ရေးထိုး ထားသဖြင့်၊ အဆုံးမ ရှိသော ထည်ဝါမှု ထွက် ပေါ် လာ၏။

ထိုရောင်ဝါ ထွက်လာ သည်နှင့် နှစ်ဦးလုံး မတ်တပ် ထရပ် လာနိုင်သည်။ ဘုရင် တပါး၏ ရောင်ဝါ များက ဓားရောင်ဝါတွင် ပေါင်းစပ် သွားသည်။

“ ကောင်းကင်ကို ဖုံးအုပ် ထားတဲ့ နေရောင်ခြည် ဓား (၉) ကွက်။ ”

အားလုံး၏ မျက်နှာများ ပြောင်းလဲ သွားသည်။ အဘယ့်ကြောင့် ဆိုသော် ဤသည် မှာ၊ ဓားဂိုဏ်း၏ ကျော်ကြားသော တစ္ဆေ ဝိဉာဉ် ဓားပညာ ရပ် ဖြစ်နေ သောကြောင့် ပေပင်။

ဓားရောင်ခြည် နှစ်စင်း လွင့်ထွက် လာပြီး ကောင်းကင်ကို ချက်ချင်း ခွဲပစ် လိုက်ကြသည်။ သို့မှသာ ဖိအားများ လျော့ကျ ကုန်၏။

“ ဝှစ် ... ။ ”

“ ဝှစ် ... ။ ”

သည့်နောက် ကောင်းကင်ပေါ် ခုန်တက်ကာ၊ အချင်းချင်း ပြန်ကြည့် မိသည်။ တစ်ယောက်ကို တစ်ယောက် လေးစားမှုများ ဖြစ်ပေါ် လာ၏။

ပြိုင်တူ ပြုံးကာ ခေါင်းညိတ် လိုက်သည်။ ဓားပုံစံ တစ်ခုစီ တိုင်းသည် ကြောက်မက်ဖွယ် ကောင်းပြီး၊ နဂါး သွေးလွှတ်ကြော နယ်ပယ် သင်းထောက်များ အတွက်ပင်၊ ရှုပ်ထွေးသော ပညာရပ် ဖြစ်သည်။

“ ဒီဓားကို ... မင်း အတွက်၊ ငါ ပြင်ထားတာ။ ”

ကျင်းရွှမ်ရီက ရှုပ်ထွေးသော အကြည့်ဖြင့် ကျိရှုရွှမ်အား ပြောလိုက်၏။ ဤပြိုင်ပွဲ၌ ၎င်းကို ဖြတ်ကျော်ရန် ဝှက်ဖဲ ဖြစ်သည်။

သို့သော် ယခုမှ ရောက်လာသော လင်းယွန် အတွက် အသုံးပြုရ ပေတော့မည်။

“ အတူတူ ပါပဲ၊ ဒါပေမယ့် ... ကိစ္စ မရှိဘူး၊ ငါတို့ နှစ်ယောက် ကြားက တိုက်ပွဲကို နဂါးသွေး လွှတ်ကြော နယ်ပယ် ရောက်မှ ပြန်စ ကြမယ်။ ”

ကျိရှူရွှမ်က ပြုံးကာ ပြောလိုက်သည်။ ပြီး သူ့ အပြုံးများ အေးစက် လာ၏။

“ အခုတော့ သူနဲ့ အရင် တိုက်ရအောင်၊ မဟုတ်ရင် ... ငါတို့ကို လူပြက်တွေ အဖြစ် ထင် ကုန် ကြလိမ့်မယ်။ ”

“ ဟား ဟား ဟား ... ကောင်းတယ်။ ”

နှစ်ဦးသား အကြည့်ချင်း ဖလှယ်ကာ၊ လင်းယွန်ထံ အာရုံစိုက် လိုက်ကြသည်။ မြေကြီး အဆင့်၏ ထိပ်တန်း ကြယ်နှစ်ဖော် ဖြစ်သဖြင့်၊ အလျော့ ပေးရန် ဆန္ဒ မရှိချေ။

“ ကောင်းကင်ကို ဖုံးအုပ် ထားသော လရောင်ခြည်။ ”

ပြိုင်တူ အော်ဟစ်လျက် ပုံစံတူ ဓားချက်များ ထုတ်လွှတ် လိုက်ကြသည်။

ဓားနှစ်လက် ရွေ့လျားလာ သည်နှင့်၊ ကြယ်စင် လေ့လာရေး ရေကန်ကြီး တစ်ခုလုံး ရုတ်ရုတ် သဲသဲ ဖြစ်သွားသည်။

ကြက်သွေးနှင့် ရွှေ တောင်ထိပ်မှ တပည့် များက စိတ် လှုပ်ရှားစွာ၊ တုန်တုန် ယင်ယင်ဖြင့် လက်သီးများ ဆုပ်လိုက် ကြသည်။

တောင်ထိပ် အသီး သီးတွင်၊ အရိယာ တောင်ထိပ်မှ လွဲ၍၊ ထူးချွန်သော တပည့် ခေါင်းဆောင်များ ရှိ၏။

ထို့ကြောင့် သူတို့ ခေါင်းဆောင် များကို လင်းယွန်မှ နင်းတက် နေခြင်းကို မြင်သော အခါ၊ မကျေ မနပ် ဖြစ်လာ ကြသည်။

‘ကောင်းကင်ကို ကာကွယ် ပေးမဲ့ ဓား(၉)ကွက်’ ၏၊ ဒုတိယ ဓားပုံစံအား ပြိုင်တူ ထုတ်ဖော် နေသဖြင့်၊ သူတို့ သွေးများ ဆူပွက် လာသည်။

လင်းယွန်၏ ကောင်းကင် ဓားရေကန်မှာ အစွမ်းထက် သော်လည်း၊ မသေချာ တော့ချေ။

“ ဒီတစ်ကြိမ် ပြိုင်ပွဲက ... တကယ့်ကို အလှည့် အပြောင်း တွေနဲ့၊ ပြည့်နှက် နေတာပဲ၊ နဝမတန်း မိုးပြာ ဓားကြာပန်းက၊ ပိုင်ရှင် ပြောင်းသွား မှာကို၊ ငါ ကြောက်မိတယ်။ ”

နဂါးသွေး လွှတ်ကြော နယ်ပယ် တပည့် တစ်ဦးက၊ တိုက်ပွဲကို ကြည့်ကာ၊ စိတ်ဝင် တစား ဆိုသည်။

“ အိုး ကောင်းကင်ကို မိုးထားသော လရောင်ခြည် တဲ့လား၊ မဆိုး ပါဘူး၊ ဒါပေမယ့် ကံ မကောင်းစွာ နဲ့ပဲ ... ၊ ငါက ကောင်းကင်ဘုံ ဖြစ်နေတယ်။ ”

လင်းယွန်က ဖန်တီး ထားသော ကောင်းကင်ကို လွှတ်လိုက်ပြီး၊ နဝမတန်း မိုးပြာ ဓားကြာပန်းအား ဘေးသို့ ပြန်ပစ်ချ လိုက်သည်။

သူ့နောက်တွင် အနက်ဝတ် လင်းယွန် (၃၅)ယောက် ပေါ်လာပြီး၊ အသီး သီးသော ဓားသိုင်း များကို လက်ဟန်ဖြင့်၊ စတင် ထုတ်ဖော် လာသည်။

မျက်စိ တစ်မှိတ် အတွင်း၊ ရှေးဟောင်း ဘာသာ စကားနှင့်၊ ရေးထားသော ကောင်းကင် ဟူသည့် စကားလုံး ပေါ်လာ၏။

သည့်နောက် ကျင်းရွှမ်ရီတို့ နှစ်ဦးထံ ကောင်းကင် စာလုံးက ရေွ့လျား လာသည်။ ယင်းက ရွှေပလ္လင် နှစ်လုံးအား အက်ကွဲ စေလျက်၊ သူတို့အား မီတာ တစ်ထောင် အကွာသို့၊ တွန်းထုတ် ပစ်တော့၏။

“ မဟုတ်ဘူး ... ။ ”

“ မဟုတ်ဘူး ... ။ ”

“ ဖောင်း ဖောင်း ဖောင်း ... ။ ”

လူတိုင်းက ထိုမြင်ကွင်းကို လက်မခံ နိုင်ကြဘဲ တုန်လှုပ် သွားသည်။ သူတို့ ဂုဏ်ယူ ရသော ကြယ်နှစ်ဖော်သည်၊ တောင်းစုတ် ပလုံး စုတ်များ အလား၊ သွေးအလိမ်း လိမ်းဖြင့် လန်ကွတ်တီသာ ကျန်ရှိ တော့၏။

“ ပလုံ ... ။ ”

“ ပလုံ ... ။ ”

ပေါက်ကွဲ စွမ်းအား အတွင်း၊ အဝတ် အစားများ အပိုင်းပိုင်း လွင့်စဉ် ကုန် သဖြင့်၊ ချက်ချင်း ရေကန်ထဲ ခုန်ဆင်း မိသည်။

အရှက် တရားကြောင့်၊ မျက်နှာများ နီရဲ လာသည်။ ကမ္ဘာကြီး တစ်ခု လုံးပင် တိတ်ဆိတ် သွားကာ၊ သူတို့ နှစ်ဦးကို စိုက်ကြည့် လာတော့၏။

“ စီနီယာတို့ ... ၊ ဒီအချိန်ကြီး ရေထဲ ဘာဆင်း လုပ်နေ ကြတာလဲ၊ လာပါ ... ငါတို့ ဆက်တိုက် ရအောင်။ ”

ရေမျက် နှာပြင်တွင်၊ ဦးခေါင်း ပေါ်ရုံသာ ဖော်ထားသော ကြယ် နှစ်ဖော်အား ကြည့်ပြီး၊ ပြုံးလျက် ဆိုလိုက်သည်။

“ ကြည့်ရတာ ... လာဖို့၊ ပြဿနာ တစ်ခုခု ရှိနေလား၊ ကောင်းပြီ ... ၊ ဒီဂျူနီယာက ကူညီ ပါ့မယ်။ ”

စကားဆုံး သည်နှင့်၊ ၎င်းတို့ နှစ်ဦးအား ရေထဲမှ ဆွဲထုတ်ရန် ပြင်သည်။ ယင်းကြောင့် ကြယ် နှစ်ဖော်မှာ၊ ကြောက်လန့် တကြားဖြင့်၊ မျက်လုံး ပေါ်ရုံ အထိ၊ ထပ်မံ ငုံလျှိုး မိ၏။

ဖြစ်နိုင် ပါက၊ ယခု ချက်ချင်းပင် ခုန်ထွက်ကာ၊ လင်းယွန်အား ဓားနှင့် ထိုးသတ် ပစ်ချင်သည်။

“ ရပ် ... ။ ”

“ မလာနဲ့ ... ။ ”

ဤအရာကို ရည်ရွယ်ချက် ရှိရှိ၊ လုပ်မှန်း သိ၏။ လင်းယွန်မှ ခြေတစ်လှမ်း လှမ်းလာတိုင်း သူတို့၏ အရေပြားများ ယားယံ လာသည်။

“ ယုံပြီ ... ယုံပြီ၊ ငါတို့ ယုံပါပြီ၊ ဂျူနီယာ လင်းကို အပြည့် အဝ ယုံကြည် ပါတယ်၊ မင်းရဲ့ ကောင်းကင် တပည့် ရာထူးနဲ့ ပတ်သတ်ပြီး၊ ငါတို့ နောက်ဆို ဘာမှ မပြော တော့ ပါဘူး။ ”

“ ဒါပေမယ့် ... ငါ လုပ်စရာ ရှိတာတော့ လုပ်ရ ဦးမှာပဲ။ ”

လင်းယွန်က ညစ်ကျယ် ကျယ်ဖြင့် ပြုံးပြီး ဆက်လျှောက် လာသည်။

“ ရပ် ... ၊ လင်းယွန် ငါတို့ တကယ့်ကို ယုံပါတယ်၊ အနာဂတ်မှာ မင်းကို ငါတို့ရဲ့ စီနီယာ အစ်ကို အဖြစ် ခေါ်ပါ့မယ်၊ ဒါကြောင့် ကျေးဇူး ပြုပြီး၊ ငါတို့ကို ခွင့်လွှတ်ပါ။ ”

ကြယ်နှစ်ဖော် ခမျာမှာ မျက်ရည်များ ဝဲလာသည် အထိ၊ ထိတ်လန့် လာပြီး၊ စီနီယာ အစ်ကို အဖြစ်ပင်၊ ခေါ်ဆိုရန် ကတိ ပေးလာ ကြသည်။

ဤအချိန်၌ ဘိုးဘေးဟု ခေါ်ရမည် ဆိုလျှင်ပင်၊ သူတို့ ခေါ်ကြမည် ဖြစ်သည်။ ထို ကတိ စကားကြောင့် လင်းယွန်က ပြုံးကာ ရပ်လိုက်၏။

“ မင်းတို့ နှစ်ယောက် လုံးက ...၊ ငါ့ကို စီနီယာ အဖြစ် သတ်မှတ် လိုက်တဲ့ အတွက်၊ ငါ လက်ခံ လိုက်မယ်၊ ဒီနေ့က စပြီး၊ ငါ့ရဲ့ အရိယာ တောင်ထိပ်က တောင်ငါးလုံးမှာ ခေါင်းဆောင် ပဲ၊ ဒါကြောင့် လူတိုင်းက ...

... ငါ့ညီ နှစ်ယောက်ရဲ့ မျက်နှာကို ထောက်ပြီး၊ အရိယာ တောင်ထိပ်ရဲ့ တပည့် တွေကို လေးစားပါ၊ မဟုတ်လို့ အနိုင်ကျင့် ကြတယ် ဆိုတဲ့ စကား၊ ...

... ငါ ပြန်ကြား ရရင်၊ မင်းတို့ အားလုံးက ငါ့ညီ နှစ်ယောက်ကို၊ မျက်နှာသာ မပေး တာနဲ့ အတူတူ ပါပဲ။ ”

လင်းယွန် လူအုပ်ကို ဝေ့ကြည့်ကာ ပြောလိုက်သဖြင့်၊ ကျင်းရွှမ်ရီနှင့် ကျိရှုရွှမ် တို့၏ မျက်နှာများ မည်းမှောင် သွားသည်။

အရိယာ တောင်ထိပ်သည်၊ တောင်ထိပ် ငါးလုံး၏ ခေါင်းဆောင် ဖြစ်သွား သည်မှာ၊ သူတို့ နှစ်ဦးကြောင့် ဖြစ်ရ ချေပြီ။

“ ဟမ့် ... ဘာလဲ၊ ငါ့ စကားမှာ တစ်ခုခု မှားနေ လို့လား၊ ဒါဆိုရင် လာပြီး တိုက် ... ”

“ မဟုတ်ဘူး ... ။ ”

“ ယုံတယ် ... ၊ ငါတို့ ယုံပါတယ်။ ”

“ ဒါဆို ... အရိယာ တောင်ထိပ်က၊ ဒီနေ့က စပြီး၊ တောင်ကြီး ငါးလုံးရဲ့ ခေါင်းဆောင်ပဲ၊ ဒါကို အားလုံးပဲ မှတ်သွားပါ။ ”

လင်းယွန်က ပတ်ဝန်းကျင်ရှိ လူအုပ်ထံ လှမ်းကြည့်ကာ၊ ပြုံးလျက် ပြောလိုက် သဖြင့်၊ မည်သူမျှ သူ့နှင့်၊ မျက်လုံးချင်း ဆုံ မကြည့်ရဲ တော့ချေ။

ကျင်းရွှမ်ရီနှင့် ကျိရှုရွှမ် မှာမူ၊ ကောင်းကင် ပေါ်ရှိ ကြယ်ပွင့် များကို၊ ကူကယ်ရာ မဲ့စွာ မော့ ကြည့် လိုက်သည်။

သူတို့ နှစ်ဦးသည် ကောင်းကင်မှ ကြယ်တာရာ များ ပင်လော၊ လူရွှင်တော်များ ပင်လော။ မသဲကွဲ တော့ချေ။

***

All Chapters