ပဉ္စမတန်း ဓား ရည်ရွယ်ချက်။
Vol. 106 Ch. 1474
မည်သို့ပင် ဆိုစေ ကာမူ လင်းယွန် ချန်ပီယံ ဖြစ်လာသည့် အပေါ်၊ မည်သူမျှ စောဒက တတ် ဝံခြင်း မရှိ တော့ချေ။
တောင်ထိပ်ငါးလုံး ပြိုင်ပွဲသည်၊ ကြယ် နှစ်ဖော် အတွက် ဖြစ်သည် ဟူသော၊ အခြေ အနေကို လုံးဝ ဆန့်ကျင် သွားခဲ့၏။
တစ်နာရီကြာ နောက်ကျ ခဲ့သော်မှ ပြိုင်ပွဲဝင်ခွင့် ရသော်လည်း၊ ချန်ပီယံ ဖြစ်လာ သည်။ ပြိုင်ပွဲ သမိုင်း တစ်လျှောက် ထိုသို့ စွမ်းဆောင်ရည် ပြသ နိုင်သူ ရှားချေ၏။
ဓားရည်ရွယ်ချက် မဆိုနှင့်၊ နောက်ဆုံး ထုတ်လွှတ် လိုက်သော ဓားရေး နှင့်ပင်၊ ချန်ပီယံ ဖြစ်ထိုက် နေပြီ ဖြစ်သည်။
သူ ပြောသည့် အတိုင်း၊ အရိယာ တောင်ထိပ်မှ တပည့် များကို၊ အခြား သူများ အနိုင်ကျင့် ရဲတော့မည် မဟုတ်ချေ။
ဓားဂိုဏ်းသို့ ဝင်ရောက်လာ သည်မှာ၊ ခြောက်လပင် မပြည့်ဘဲ မြေကြီး အဆင့်ကို သိမ်းယူ သွားသည်။
ထို့ကြောင့် ကောင်းကင် တပည့် ရာထူး၊ တိုက်ရိုက် ပေးသော ဂိုဏ်းချုပ် အပေါ်၊ လူတိုင်း လေးစား လာတော့၏။
“ မုချွမ် ... ၊ ကျန့်ကျင်းရှန်နဲ့ ယှဉ်ရင် ... ၊ အခြေ အနေ ဘယ်လို ရှိလဲ။ ”
မူရွှမ်ကောင်က ပြုံးကာ မေးသည်။ ထိုမေးခွန်းက အခြား တောင်ထိပ် သခင်များကို မျက်လုံးပြူး သွားစေ၏။
ဂိုဏ်းချုပ်သည် လင်းယွန်ကို ကျန့်ကျင်းရှန်နှင့် ခိုင်းနှိုင်း နေပေသည်။
“ သူက .... ဂျူနီယာ ကျန့်နဲ့ မတူ ပါဘူး၊ သူ့ဓားက ထက်ရှမှု နည်းပေမယ့်၊ ညီ (၅)ထက် ပို သန့်စင် ပါတယ်၊ ဒါကြောင့် သူက ... သူ ကျန့်ကျင်းရှန်က ကျန့်ကျင်းရှန်ပဲ၊ နှိုင်းယှဉ် ကြည့်လို့ မရဘူး။ ”
“ တကယ်လို့ ... နှိုင်းယှဉ် ရမယ် ဆိုရင်ရော။ ”
မူရွှမ်ကောင်က ထပ် မေးသည်။
“ တကယ်ပဲ ... ၊ သူတို့ကို နှိုင်းယှဉ် ရမယ် ဆိုရင်တော့၊ လင်းယွန်က ဒုတိယ ကျန့်ကျင်းရှန် ဖြစ်လာမှာ မဟုတ်ဘူး။ ”
သည့်နောက် မုချွမ်မှ အချိန် အကြာကြီး ငြိမ်သက် သွားပြီး၊
“ ... ဟုတ်တယ်၊ သူက ... သူ ပါပဲ၊ တခြား ဘယ်သူ နဲ့မှ တူလာမှာ မဟုတ်ဘူး။ ”
-ဟု အလေး အနက်ဆို လိုက်တော့သည်။
မူရွှမ်ကောင် သေတ္တာ တစ်လုံးကို ထုတ်ပြီး ကမ်းပေးလျက်၊
“ ဒါက နဂါးသွေး ပါတဲ့ ... ၊ သလင်း ကျောက်ပဲ၊ ငါ့ကိုယ်စား သူ့ကို ပေးလိုက်ပါ၊ ဖြစ် နိုင်ရင် ... သူ့ကို လင်းယွန်ပဲ ဖြစ်စေ ချင်တယ်၊ ဘယ်သူ နဲ့မှ တူမလာ စေချင်ဘူး။ ”
-ဟု သတိပေး စကား ပြောလာ တော့၏။
ကြယ်စင် လေ့လာရေး စင်မြင့်တွင်၊ မူချင်းချင်းက သူမ အစ်မကို ငေးကြည့်ပြီး၊ မှင်တတ် သွားသည်။ သူမ အစ်မ၏ အပြုံးသည် တကယ်ပင် ချစ်စရာ ကောင်းနေ ပေ၏။
“ မမ ... ၊ နင် ဘာလို့ သူနဲ့ ... ၊ စကား သွားမပြော ရတာလဲ၊ ဒါ ... တတိယ အကြိမ် ပဲနော် ... ။ ”
မူချင်းချင်းက ရွှတ်နောက်နောက် စကား ဆိုသည်။
“ မဟုတ်ဘူး ... ၊ ငါ အခု ထွက်သွား တော့မယ်။ ”
မူရွယ်ချင်းမှ ပြန်ဖြေသည်။ ဤတစ်ကြိမ် တောင်ထိပ် ငါးခု ပြိုင်ပွဲသည်၊ သူမအား အံ့သြ စရာများ ပေးစွမ်း ပေး၏။
ခံစားချက်မှာ ထင်ထား သည်ထက် ပိုကောင်း ခေျပြီ။ အနာဂတ်တွင် လင်းယွန် တစ်ယောက် မည်မျှ ကြီးထွား လာ မည်ကို မြင်ချင် သေးသည်။
ထိုအကြောင်းကို တွေးကြည့် ရုံဖြင့်ပင်၊ မူရွယ်ချင်း တစ်ယောက် အပြုံးအား သိမ်း မရ တော့ချေ။
သို့သော် ရှေးဟောင်း ပျက်သုဉ်း မြေတွင် ကောင်းကင် တပည့်များ သည်သာ ဂိုဏ်းများ၏ အသက် သွေးကြော ဖြစ်၏။
သူမ သည်လည်း ၎င်းတို့ အနက်မှ တစ်ယောက် ဖြစ်လေရာ၊ အလုပ် ကြိုးစားရ ပေမည်။
သူတော်စင် တပည့်များ ထွက်လာ ချိန်၌၊ ဓားဂိုဏ်းသည် လူငယ် များကြား ပို၍ လှုပ်ခတ် လာပေ ဦးမည်။
ကောင်းကင် အဆင့်ရှိ၊ အထက် တန်းစား ပါရမီရှင် များမှ လွဲ၍၊ လင်းယွန်ကို နှိမ်နင်း နိုင် တော့မည် မဟုတ်ချေ။
သုံးရက် အကြာတွင်၊ တိမ်ပျံ တောင်၌ လင်းယွန် တစ်ယောက်၊ သူ့ကိုယ်သူ ပြန်၍ ထိန်းညှိခြင်း ပြီးဆုံး သွားသည်။
တောင်ထိပ် ငါးလုံး ပြိုင်ပွဲသည် လွယ်ကူ သည်ဟု ထင်ရ သော်လည်း၊ သူ့အား ပင်ပန်းစေ ခဲ့၏။
နဂါး-ဖီးနစ် ကမ္ဘာဖျက် ဆေးအိုးကို ထိန်းချုပ်ရ ခြင်းသည် မလွယ်ကူ သေးချေ။ ထို့ကြောင့် (၃) ကြာအောင်၊ ပြန်လည် ဖြည့်တင်း ယူလိုက် ရသည်။
ကံကောင်း ထောက်မ စွာဖြင့်၊ ဓား ရည်ရွယ်ချက် အထွတ် အထိပ် ရောက်သွား သော ကြောင့်သာ၊ ထိန်းချုပ် နိုင်ခြင်း ဖြစ်၏။
မဟုတ်သော် အနိုင်-အရှုံး မသေချာချေ။ ဓားရည်ရွယ်ချက်သည် ဓားသမား တစ်ယောက် အတွက်၊ ခြားနားချက် ဖြစ်သည်။ ယင်းကို ဤတိုက်ပွဲ အပြီး၌ ပိုနားလည် လာ၏။
“ နဝမတန်း မိုးပြာ ဓားကြာပန်းကို သန့်စင်ဖို့ အချိန် ရောက်ပြီ ... ။ ”
မွှေး ရနံ့များ သင်းပျံ့ နေသော အပြာရောင် ကြာပန်းကို လက်ဖဝါးပေါ် တင်ကာ၊ ရေရွတ် လိုက်သည်။
မျက်ခုံး အလယ်ရှိ ဓားဝိညာဉ် နှစ်ပါးက စိတ်လှုပ်ရှား လာ၏။ ဤသည်မှာ ဓားဧကရာဇ် ယုချင်းဖန်၏ ဓားရည်ရွယ်ချက်ကို စုပ်ယူ ထားသော ကြာပန်း ဖြစ်သည်။
ဓားသမားတိုင်း အတွက်၊ ရတနာ ဖြစ်ပြီး တန်ဖိုးမှာ ဒသမတန်း ဓားဝိညာဉ် ပုလဲထက် များစွာ မြင့်မား၏။
“ ဓားဧကရာဇ် တစ်ပါးရဲ့ ... ၊ ဓားက ဘယ်လောက် အထိ ... ၊ နက်နဲမှု ရှိလဲ ကြည့် ရအောင်။ ”
မျက်လုံး များတွင် မျှော်လင့် ချက်များ ပြည့်လျှံ လာသည်။ ဒသမတန်း ဓားဝိညာဉ် ပုလဲ သည်၊ အရိယာ ကောင်းကင်ဓားကို၊ အထွတ် အထိပ်သို့ ပို့ဆောင် ပေးခဲ့၏။
ထို့ကြောင့့် ဤကြာပန်းနှင့်၊ နောက်တစ်ဆင့်များ ရောက်နိုင်မည် လောဟု တွေးကာ စိတ်လှုပ်ရှား လာသည်။
အသက်ပြင်းပြင်း ရှူလျက် သန့်စင်ခြင်း စတင်လိုက် တော့သည်။ ရက် အနည်းငယ် ကြာ သည်အထိ၊ ငြိမ်သက် သွား၏။
ထိုရက်များ အတွင်း၊ အရိယာ ကောင်းကင်ဓား ရည်ရွယ်ချက်မှာ၊ အရှိန် အဟုန်ဖြင့်၊ ခုန်ပျံ ကျော်လွှား နေသည်။
တစ်ဖက် တွင်လည်း၊ ကျင့်ကြံမှု သိသိ သာသာ တိုးတက် လာခဲ့ပြီး၊ တစ်နေ့လျှင် မိုင် (၁၀၀၀) ခရီး ရောက်နေ သကဲ့သို့၊ သိလာ၏။
ကြယ်စင် လေ့လာရေး ရေကန်သည်၊ ယုချင်းဖန် ဖြစ်မလာခင် ကပင်၊ အရေ အသွေး မြင့် ကြာပန်း များကို၊ မွေးဖွား ပေးသည့် ရတနာ ရေကန် ဖြစ်သည်။
မျက်စိ တစ်မှိတ် အတွင်း၊ ခုနစ်ရက် ကြာသွား၏။ ကြယ် နှစ်ပွင့် အထွတ် အထိပ်သို့ ရောက်ရှိ ခဲ့ပြီ၊ အခွင့် အရေး တစ်ခု ကြုံရုံနှင့်၊ ကြယ်သုံးပွင့် ဖြစ်လာနိုင် ပေမည်။
ဓား ရည်ရွယ်ချက် သည်လည်း စတုတ္ထတန်းကို ဖြတ်ကျော် နေ၏။ ဓားပင်လယ် အတွင်း၌၊ အကန့် အသတ်မဲ့ ဓား ရည်ရွယ်ချက် ဖြစ်ပေါ် လာသည်။
ထိုရည်ရွယ် ချက်သည် စွမ်းအား တစ်ခု အလား၊ နဖူးမှ ဖြာထွက် လာပြီး၊ ကောင်းကင် သုံးဆယ့်ခြောက် လွှာကို ခွဲပစ် လိုက်သည်။
အက်ကွဲကြောင်း အတွင်းမှ၊ ကျယ်လှ ပြောသော နဂါး ငွေ့တန်း ဂလက်ဆီ တစ်ခုကို မြင်လိုက် ရသည်။
စကြာဝဠာ ကြီးမှာ၊ ကြီးကျယ် ခမ်းနား လှသဖြင့်၊ ထိတ်လန့် တုန်လှုပ် သွားမိသည်။ ကောင်ကင်ကြီး မရှိတော့ သဖြင့်၊ ဓားဂိုဏ်းကို အပေါ် စီးမှ အုပ်မိုးပြီး မြင်လာ ရသည်။
ဤသည်မှာ လွန်ခဲ့သော နှစ်ပေါင်း သုံးထောင်က၊ ယုချင်းဖန် အသုံးပြု ခဲ့သော ဓား ဖြစ်ပြီး၊ ၎င်းမြင်ခဲ့ ရသော မြင်ကွင်းမျိုး ဖြစ် သဖြင့်၊ နှလုံးသား တစ်ခုလုံး တုန်ခါ လာမိ သည်။
သို့သော် တစ်စက္ကန့် အတွင်း မြင်ကွင်းက ပျောက်ကွယ် သွားခဲ့သည်။ နှမျော စရာ ကောင်း ပေ၏။
မျက်လုံးများ ပြန်ဖွင့်ကာ လွမ်းမော သွားသည်။ ဓားအပြည့် အစုံကို မမြင် နိုင်ခဲ့ သောကြောင့် သက်ပြင်းချ မိ၏။
မဟုတ် ပါက တောင်ထိပ် နှစ်ခုကို ခုတ်ပိုင်းပစ် ခဲ့သော ဓားဧကရာဇ် ယုချင်းဖန်၏ ဓားချက်အား မြင်ရပေ လိမ့်မည်။
လက်ရှိ သူ၏ ဓား အဆင့်မှာ၊ အမည်ခံ ပဉ္စမတန်း ဓားရည်ရွယ်ချက် ဖြစ်၏။ အခါ အခွင့် သင့်ချိန်၌ ပဉ္စမတန်းသို့ တက်ရောက် နိုင်မည်။
“ အမည်ခံ ပဉ္စမတန်း ဓား ရည်ရွယ်ချက်။ ”
ပဉ္စမတန်းကို ရယူရန်၊ ကြံရွယ် ထားခဲ့ သော်လည်း၊ ခြေတစ်လှမ်း အလို၌ ရပ်တန့်သွား သဖြင့်၊ စိတ်ပျက် သွား၏။
သူ့ ဓားတာအို အသိ အမြင်မှာ၊ အားနည်း နေသေးပုံ ရသည်။ ထို့ကြောင့် ပြင်ပ အကူ အညီ ဖြင့်၊ အောင်မြင်မှု မရရှိခြင်း ဖြစ်၏။
“ ဟမ့် ... ၊ သူက ဘာလာ လုပ်တာလဲ။ ”
ရုတ်တရက် တိမ်ပင်လယ် အတွင်း လှမ်းဝင် လာသော ဖုန်လွမ်နှင့် မူချင်းချင်းကို သတိထား မိ လိုက်သည်။
ဖုန်လွမ်က တိမ်ပျံ တောင်ထိပ် ပေါ်၊ ဆင်းသက် လိုက်ပြီး၊ လင်းယွန်ကို ကြည့်ကာ၊ မျက်ခုံးပင့် မိသည်။
“ ဖြုန်းတီး လိုက်တာ ... ။ ”
သူ့ အမြင်၌ နဝမတန်း မိုးပြာ ဓားကြာပန်းကို ယခု အချိန် သန့်စင် ခြင်းသည် ဖြုန်းတီး မှုသာ ဖြစ်သည်။
၎င်းကို သန့်စင်ရန်၊ အနည်းဆုံး နဂါး သွေးလွှတ်ကြော နယ်ပယ် အထိ၊ စောင့်သင့် ပေ၏။
“ အစ်ကို လင်း ... ၊ ငါတို့ ပြန်ဆုံကြ ပြီနော်။ ”
မူချင်းချင်းမှ ပြုံးကာ နှုတ်ဆက်သည်။ သူမက စီနီယာ တစ်ယောက် ကဲ့သို့၊ အလေး အနက်ထား ဆက်ဆံ လိုက်ခြင်း ဖြစ်၏။
“ ဂျူနီယာ ညီမ မူ၊ ငါ့ဆီ လာလည် တာလား။ ”
လင်းယွန်မှ အတည် အခန့် ပြန်၍ တုန့်ပြန့်လာ သဖြင့်၊ မူချင်းချင်း တစ်ယောက်၊ မျက်နှာ ရှုံ့တွ သွားသည်။
အမှန်ပင် အနာဂါတ်၌ စီနီယာ အစ်ကို အဖြစ်၊ ခေါ်ဆို ရတော့မည် ဖြစ်ရာ၊ ဆုံးရှုံးမှု ကြီးကြီး မားမား ကြုံလိုက် ရ သလို၊ နာကျင် သွား၏။
“ အမှန်တော့ လာချင် နေတာ ကြာပြီ၊ ငါ့မမက တားနေလို့ သာပေါ့၊ ဂုဏ်ယူ ပါတယ် အစ်ကို လင်း။ ”
“ ဒီမှာ မင်းရဲ့ ... ၊ နဂါးသွေး သလင်းကျောက်။ ”
နှစ်ယောက်သား ပြိုင်တူ ပြုံးလိုက် မိ၏။ ဖုန်လွမ်က သေတ္တာ တစ်လုံးကို ထုတ်ယူလျက်၊ လင်းယွန်ထံ ကမ်းပေး လာတော့သည်။
***