နဂါး အရိုး သတင်း။
Vol. 106 Ch. 1475
လင်းယွန် မျက်လုံးများ လင်းလက် သွားသည်။ သူ၏ သူတော်စင် နဂါး ခန္ဓာသည် ဒသမ အဆင့်၌ ပိတ်မိနေပြီး ဖြစ်၏။
နဂါး အရိုး မပါဘဲ ထိပ်တန်း ကျွမ်းကျင်သူ များကို ကိုင်တွယ် နိုင်မည် မဟုတ်ချေ။ ပြီးသော တိုက်ပွဲတွင် ကျင်းရွှမ်ရီမှ လက်သီး တစ်ချက်နှင့် ထိုးခွဲ နိုင်ခဲ့သည်။
ဤအရာသည် ရွှေဓားသုတ္တန် နှင့်လည်း ဆက်စပ် နေသည်။ ရွှေ ရည်ရွယ်ချက် ဟူသည် အရာ အားလုံးကို ခွဲထုတ် နိုင်သည့် သဘော သဘာဝ ရှိသည်။
“ ဒီရတနာကို အစ ကတော့ ... ၊ ကြယ်နှစ်ဖော် အတွက်၊ ရည်ရွယ် ထားတာ အခုတော့ မင်း ပစ္စည်း ဖြစ်လာပြီ။ ”
ဖုန်လွမ်က ပြုံးပြီး ပြောသည်။ သေတ္တာအား လက်ခံ ယူလိုက်စဉ်၊ လေးလံသော ဝန်ကို ခံစား လိုက်ရ လေသည်။
ဤအရာသည် နတ် ရွှေကျီးကန်း သံသွေးနှင့် အဆင့် တူသော ရတနာ ဖြစ်သဖြင့်၊ အဖိုးတန် ပေ၏။
“ ဒါဆို ငါ့ကို ခွင့်ပြုဦး။ ”
ရတနာကို ပေးအပ် ပြီးနောက် ဖုန်လွမ်က ထွက်ခွာ သွားသည်။ မူချင်းချင်းက လိုက်သွား ခြင်း မရှိဘဲ၊ လင်းယွန် ကိုသာ စိုက်ကြည့် နေ၏။
“ ညီမ မူ ... ၊ ငါ့ မျက်နှာမှာ တစ်ခုခု ရှိလို့လား။ ”
“ မဟုတ်ဘူး ... ၊ အစ်ကို လင်းက အရမ်း ကြည့်ကောင်း လို့ပါ။ ”
“ ဟား ဟား ဟား ... ။ ”
လင်းယွန် ရယ်သံကြောင့်သူမ လျှာချော် သွား သည်ကို ချက်ခြင်း သိလိုက်၏။ သို့သော် ရှက်ရွံ့ခြင်း မရှိဘဲ၊
“ တကယ် ပြောတာ ... တော်တော် ချောတယ်၊ အစ်ကို လင်းကို ကြက်သွေးရောင် တောင်ထိပ်ဆီ မခေါ်နိုင် ခဲ့တာ နှမျော စရာပဲ။ ”
-ဟု ဆက်ပြော လိုက်၏။
“ ညီမ မူ ... ၊ မင်း လက် မလျှော့ သေးဖူးလား။ ”
လင်းယွန်က ပြုံးသည်။
“ အရှုံး မပေးချင် ရင်တောင် ငါ ဘာမှ လုပ်လို့ မရတော့ဘူး ... ၊ ဒါကြောင့် ငါကိုယ်တိုင် လာလည် နေရတာ၊ အချိန် ရရင် ငါတို့ဆီ လာခဲ့ ပါဦး၊ ငါ့ အစ်မက အစ်ကို လင်းနဲ့ တွေ့ချင် နေတယ်။ ”
မူချင်းချင်းမှ မျက်စိမှိတ် ပြကာ ဖိတ်ခေါ် စကားဆို လိုက်သည်။ လင်းယွင်က နှုတ်ဆိတ် နေခဲ့၏။ မူချင်းချင်း အစ်မသည် ကောင်းကင် တတိယ အဆင့်၌ ရှိသဖြင့် သူသည်လည်း စိတ်ဝင် စားသည်။
သို့သော် ယခု အချိန်သည် သွားရောက် သင့်သော အခါ သမယ မဟုတ်ချေ။ သွားသော် ရန်စ ခြင်းသာ မည်ပေမည်။
“ ကောင်းပြီ ... ၊ ငါ မင်းကို နောက်နေ တာတွေ ရပ်လိုက်မယ်၊ ခွင့်ပြုပါဦး။ ”
မူချင်းချင်းက ပြုံးလျက် နှုတ်ဆက်ကာ ထွက်ခွာ သွားတော့သည်။
“ နောက်ထပ် ... ၊ မိန်းကလေး တစ်ယောက်ကို ဖျားယောင်း နေတာလား။ ”
ခရမ်းငယ်က ဓားသေတ္တာ အတွင်းမှ ထွက်လာကာ ထအော်သည်။
“ ဟမ့် ... ၊ ငါ့ကို ဘာလို့ အပြစ် လာတင် နေရ တာလဲ ... ။ ”
“ ဟွန်း ... နင့် အပြစ်ပဲ၊ နင်က လူယုတ်မာလေ။ ”
ခရမ်းငယ်က တစ်စုံ တစ်ရာ၊ မကျေ မနပ် ဖြစ်နေ ဟန်ဖြင့်၊ မူချင်းချင်းထံ မျှော်ကြည့်၏။ ဤလူယုတ်မာသည် မည်သည့် နေရာ၌ ချောမော နေသည်ကို၊ မသိ တော့ချေ။
သူမ ရှေ့တွင် ၎င်းကို ချီးကျူး ခဲ့သော မူချင်းချင်း၌ အမြင် မရှိ သည်မှာ သေချာသည်။ လင်းယွန် မှာမူ ခရမ်းငယ်နှင့် မူချင်းချင်းအား အာရုံ မရှိ တော့ချေ။ နဂါးသွေး သလင်း ကျောက်ထံ ကြည့်သည်။
လက်သီး အရွယ် ကြက်သွေးရောင် သလင်းကျောက်သည် တောက်ပသော အလင်း ရောင်များ ဖြာထွက် နေသည်။ ၎င်းတွင် နဂါး သွေး အဆီ အနှစ် တစ်စက် ပါရှိသည်။
“ လူယုတ်မာ နင်ငါ့ကို အဖက် မလုပ် ဖူးလား၊ ဘယ်မှာလဲ နဂါး သွေးရည်ကြည် ကီလို ငါးထောင်၊ ဘယ်တော့ ငါ့ကို ပေးမှာလဲ။ ”
“ ကီလို ငါးထောင်၊ ဟမ့် ... ကီလို ငါးရာလို့ မင်း ပြောခဲ့တာ မဟုတ် ဖူးလား။ ”
လင်းယွန် တစ်ယောက် မျက်ခုံးပင့် လိုက်မိသည်။ ရတနာ အနည်း ငယ်မှ လွဲ၍ သူ့တွင် အရင်း အမြစ်များ မရှိ တော့ချေ။
ထို့ကြောင့် ဤမျှ များပြားသော နဂါး သွေးရည်ကြည် များကို၊ မည်သို့ ရှာရ မည်အား တေွးလျက်၊ ခေါင်းကိုက် လာသည်။
သူ့ အတွက်ပင် အရင်းမြစ်မှာ လုံလောက်သော ပမာဏ မရ သေးချေ။
“ နင်က ကောင်းကင် တပည့် ဖြစ်နေပြီ၊ ဒါကြောင့် ကီလို ငါးရာက နင့် အဆင့် အတန်းနဲ့၊ မလိုက်ဖက် တော့ဘူး။ ”
“ ထွက် သွား စမ်း ... ။ ”
“ မသွားဘူး ... ၊ ကီလို ငါးထောင် မရရင် မသွားဘူး၊ ငါးထောင် ... ငါးထောင် ... ကီလို ငါးထောင်။ ”
လင်းယွန် တစ်ယောက် သူမအား ဒေါသတကြီး အော်ငေါက် သဖြင့်၊ ခရမ်းငယ် ခမျာ နာကျင် သွားသည်။
နဂါး သွေးရည်ကြည် ရရှိလို ပါက၊ ဓားဂိုဏ်းမှ တာဝန် အချို့ လက်ခံကာ ပြင်ပ ခရီး ထွက်ရ ပေမည်။
လောလော ဆယ်၌ သူ့တွင် ထွက်ခွာရန် အစီအစဉ် မရှိချေ။ သက်တံဓား သူတော်စင်နှင့် တွေ့လို သေးသည်။
သူ့၌ မေးခွန်း များစွာ ရှိနေသည်။ ကောင်ကင်း ဓားရေကန်နှင့် ပတ်သက်သော မေးခွန်း အချို့ အပြင်၊ ပဉ္စမတန်း ဓား ရည်ရွယ်ချက် အကြောင်း မေးချင်၏။
ဂိုဏ်းမှ အကြီး အကဲ ချို့ထံ မေး၍ ရနိုင် သော်လည်း၊ ဆရာ ကဲ့သို့ တိတိ ပပ ပြောနိုင် ကြမည် မဟုတ်ချေ။
“ နင့်ကို ငါကြောက် လို့တော့ မဟုတ်ဘူး။ ”
သူ အတွေး နက်နေစဉ် ခရမ်းငယ်က ခြေစောင့်လျက် ဓားသေတ္တာထဲ ပြန်ဝင်သွား လေသည်။
ထို့ကြောင့် လင်းယွန် သည်လည်း လိုက်ဝင် လာရာ၊ အနည်းငယ်မျှပင် ပြောင်းလဲမှု မရှိသော ဖီးနစ် သစ်ပင်ကို မြင်လိုက် ရသည်။
“ နှေး တယ် ... ။ ”
ထို့ကြောင့် လင်းယွန်က သက်ပြင်း ချ လိုက်၏။ နဂါး သွေးရည် ကြည်သာ မရသော် တစ်မီတာ ကြီးထွား စေရန်၊ နှစ်တစ်ရာ အချိန် ယူရ ပေမည်။
“ ဒါက ... မင်း အတွက် မရှိ မဖြစ် လိုအပ် နေတာလား။ ”
လင်းယွန်က အလေး အနက် မေး၏။ ခရမ်းငယ်က ထိုအမူ အယာကို မြင်ချိန်၌ ဒေါသ ပျယ်သွားပြီး၊
“ ဒီလျှို့ဝှက် နယ်မြေက ... ၊ ငါနဲ့ ဆက်စပ် နေတယ်၊ ဖီးနစ် သစ်ပင် တစ်မီတာ အမြင့် ကိုမှ မရောက် နိုင်ရင်၊ နဂါးသွေး လွှတ်ကြော နယ်ပယ်ကို မရောက် နိုင်ဘူး။ ”
-ဟု ဆိုနေရာမှ စကား ရပ်ကာ အနည်းငယ် စဉ်းစား ပြီးနောက်၊
“ ဒါပေမယ့် အဲဒီ အတွက်၊ အလျင် မလို သေးပါဘူး၊ လောက နိယာမ နယ်ပယ် ရောက်ခဲ့ ရင်တောင်၊ ငါ့ရဲ့ ခန္ဓာ ကိုယ်ကို ရှာ မတွေ့ နိုင်သေးလို့၊ ဒါက အသုံး မဝင်နိုင်ဘူး။ ”
“ မင်းရဲ့ ခန္ဓာကိုယ်က ဘယ်မှာလဲ။ ”
လင်းယွန်မှ မေးမိ၏။ ယင်းကို သူလည်း သိချင်သည်။ ကောင်းကင်ဘုံ တရား စီရင်ရေး ဧကရီ ပင်လော၊ အပြစ်ပေး ခံထား ရသူ ပင်လော ကွဲပြား သွားပေမည်။
“ ငါ ... မသိဘူး၊ ရွှေခေတ် တုန်းက နတ်ဘုရား တိုက်ပွဲမှာ၊ ငါ သေသွား သင့်တယ်၊ ဒါပေမယ့် ငါ့ ခန္ဓာက အနားမှာ ရှိနေပြီး၊ ငါမသေ သေးဖူးလို့၊ ...
... ခံစား နေရတယ်၊ အိုင်းရစ် ဓားသူတော်စင်ကို တွေ့ရင်တော့ ဒီပြဿနာကို အဖြေ ရှာနိုင် မှာပါ။ ”
“ စီနီယာက မသေ ဖူးလား။ ”
“ သေစရာလား။ ”
ခရမ်းငယ်က ခေါင်းခါ လိုက်သည်။
“ သူက နိဗ္ဗာန် တာအိုကို ... ၊ ဆုပ်ကိုင် ထားနိုင်တဲ့ တစ်ပါး တည်းသော သူတော်စင်ပဲ၊ ပယင်း ကမ္ဘာမှာ နင်တွေ့ လာတာ ... ၊ သူ့ရဲ့ ကိုယ်ပွား ... ၊ ဒါပေမယ့် အခု သူ ဘယ်မှာ ရှိနေလဲ ဆိုတာ ငါ မသိဘူး။ ”
အဖြေ မရှိသော အကြောင်း အရာကို ဆက်မပြော တော့ဘဲ၊ သူ့ ရှေ့တွင် ပျံဝဲ နေသည့် ဧရာမ ကြက်သွေးရောင် ပိုးအိမ်ထံ လင်းယွန်မှ ကြည့်လိုက်သည်။
ယင်းမှာ နဂါးလေး ဖြစ်၏။ ဓားကုန်းမှ ထွက်လာ ပြီးနောက်၊ နဂါး သေွးလွှတ်ကြော နယ်ပယ်သို့၊ အဆင့် ချိုးဖြတ် နေခြင်း ပေပင်။
သည့်နောက် ဖီးနစ်သစ်ပင်အား တစ်ချက် ကြည့်ကာ၊
“ ငါ့ ဆရာနဲ့ တွေ့ပြီးရင် ... ၊ နဂါး သွေးရည်ကြည် ရှာပေးမယ် ဒါပေမယ့် ကီလို ငါးထောင်က နည်းနည်း များတော့ အချိန် လိုတယ်။ ”
“ ဟဲဟဲ ... ၊ ကြိုက် သလောက် အချိန်ယူ ... ၊ ငါ အလျင် မလိုဘူး ... ၊ နင့်ဆီက ကတိ တစ်ခုပဲ လိုတာ။ ”
ခရမ်းငယ် တစ်ယောက် ပြုံးရွှင် သွားသည်။ လင်းယွန်သည် သူမအား ဂရုစိုက် နေသေးသည့် အတွက် ကျေနပ် မိ၏။
“ အဲဒီ ကောင်မလေး ပြောတာ မှန်တယ်၊ နင်က တော်တော် ချောတာပဲ။ ”
“ ဟား ဟား ဟား ... ။ ”
ရယ်မောလျက် လင်းယွန်က လျှို့ဝှက် နယ်မြေမှ ထွက်ရန် ပြင်လိုက်သည်။
“ နဂါးသွေး သလင်းကျောက်ကို၊ ငါ သွားသန့်စင် လိုက်ဦးမယ်၊ ငါရဲ့ သူတော်စင် နဂါး ခန္ဓာက တိုးတက်သင့် နေပြီ၊ မဟုတ်ရင် ပြိုင်ဘက် တွေက နဂါး ရူရ် တွေကို ထိုးခွဲ နေတာ အဆင် မပြေဘူး။ ”
သည့်နောက် ကျင့်ကြံခြင်း အခန်းထဲ လှမ်းဝင်ကာ သွေးမီးတောက် နတ် ရူရ်အား တောက်လောင် စေလိုက်သည်။
နဂါး ရူရ် ငါးထောင် အသက်ဝင် လာပြီး၊ နဂါးသွေး သလင်း ကျောက်မှ စွမ်းအင်ကို စုပ်ယူ တော့၏။ ထိုစွမ်းအင်သည် မီးတောင် ကဲ့သို့ သူ့ ခန္ဓာကိုယ် အတွင်း၊ ပေါက်ကွဲ လာလေသည်။
“ အရမ်း မိုက်တယ် ... ။ ”
နှစ်ပေါင်း ရာနှင့် ချီ၍ စုပြုံ နေသော ချော်ရည်များ ပေါက်ကွဲ လာသည့်၊ မီးတောင် တစ်လုံး ကဲ့သို့ ကြောက်စရာ ကောင်း၏။
သူတော်စင် နဂါး ခန္ဓာ သန့်စင်ခြင်း နည်းစနစ်သည်၊ နဂါး ဒေါသ ကိုပင် ခံနိုင်သည့်၊ အရည် အသွေးမြင့် ခန္ဓာကိုယ် ဖြစ်လေရာ၊ ကံကောင်း သွားသည်။
မဟုတ်သော် နဂါးသွေး သလင်း ကျောက်အား၊ လက်ရှိ ခွန်အားဖြင့် သန့်စင်ခြင်း မှ၊ ဆိုးရွားသော တုန့်ပြန်မှု ခံရ ပေမည်။
ဆယ်ရက် အကြာတွင်၊ ဒသမ အဆင့်ကို အောင်မြင်စွာ ဖြတ်ကျော် သွားသည်။ ယင်းက ဤခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ် ဆုံးခန်း တိုင်ရန် ခြေ တစ်လှမ်းသာ လိုတော့၏။
နဂါး ရူရ်များ ရှစ်ထောင် အထိ တိုးလာ ခဲ့သည်။ ထူးခြားချက် အနေဖြင့်၊ သန့်စင်သော သလင်းရောင် လက္ခဏာ အချို့ ပါရှိ လာ၏။
မျက်လုံး ဖွင့်လိုက်သော အခါ၊ နဂါး ရူရ် (၁၀)လုံး ပြေးထွက် လာပြီး၊ ပါးလျသော ဓား တစ်လက် အဖြစ်၊ ပေါင်းစပ် သွားသည်။
ဓား၏ ထက်ရှ မှုသည် အံ့ဩစရာ ကောင်းပြီး၊ သူတော်စင် လက်ရာအား မီ၏။ နဂါး သွေးသည် နဂါး ရူရ်များ၏ အနှစ် သာရကို ပြောင်းလဲ သွားစေ ပုံရသည်။
မျက်စိ ရှေ့တွင် လေထဲ မျောနေသော ဓားပါးလေးကို ကြည့်ကာ အတွေးနက် သွား၏။ ၎င်းသည် သတ္တုနှင့် သွန်းထား သကဲ့၊ အစစ် အမှန် အလား ထင်မှား စေသည်။
သူတော်စင် လက်ရာ များနှင့် နီးစပ် သောကြောင့်၊ ပြိုင်ဘက်မှ ဖျက်ဆီးရန် ခက်ခဲ နိုင်ပေ၏။
ထိုအချိန်တွင် ခေါင်းလောင်းသံ တစ်သံ ပဲ့တင် ထပ်လာသည်။ အပြာရောင် လင်းယုန် တစ်ကောင် ကောင်းကင်၌ ပျံဝဲ နေသည်ကို၊ မြင်လိုက် ရ၏။ လင်းယုန် ဂိုဏ်းမှ အိမ်မွေး တိရိစ္ဆာန် စာပို့ သားရဲ ဖြစ်သည်။
တစ်ယောက် ယောက် သူ့ဆီ စာပို့ လာပုံရ၏။ ပထမဆုံး သတိ ရမိ သူမှာ ဆုစီယာ ဖြစ်သည်။
သို့သော် သူမ၏ အကျင့် စရိုက် အရ၊ အကြောင်း ရှိသော်၊ ကိုယ်တိုင် လာပေမည်။ ဤသို့ စာပို့မည် မဟုတ်ချေ။
လက်ကို ဝှေ့ယမ်းပြီး အစီရင်ကို ပယ်ဖျက်ကာ၊ အပြာရောင် လင်းယုန် ငှက်နှင့် ဆက်သွယ် လိုက်သည်။
“ ဝှစ် ... ။ ”
ကောင်းကင်မှ နေ၍၊ စာလိပ် အပိုင်းအစ တစ်ခု ပစ်ချ ပေးပြီး၊ လင်းယုန်ငှက်က ပြန်လည် ထွက်ခွာ သွားသည်။
စာလိပ် အတွင်း၌ ‘ဇူလိုင် ပဉ္စမမြောက်၊ နဂါး အရိုး သတင်း၊’ဟု လိုရင်း တိုရှင်း ရေးသား ထား သည်ကို တွေ့လိုက် ရ၏။
စာရွက်လိပ်က ချက်ချင်း မီးလောင်ပြာ ကျသွားသည်။ ပေးပို့သူ အမည်အား ထည့်သွင်း ဖော်ပြ ထားခြင်း မရှိ သော်လည်း၊ အန်းလျူယွင် ထံမှ ဖြစ်ကြောင်း သိလိုက်၏။
***