ငါ့ကို ထိုးစေချင်တယ်။
Vol. 106 Ch. 1476
ချိန်းဆို သည့်ရက်၊ သုံးဆယ့် ရှစ်ရက် လိုသေးသည်။ ဤခရီးတွင် အန္တရာယ် များပြွန်း မည်မှာ သေချာ၏။
ထို့အတွက် ဝှက်ဖဲ အလုံ အလောက် မရှိ သေးချေ။ သူတော်စင် နဂါး ခန္ဓာနှင့် အမည်ခံ ပဉ္စမတန်း ဓား ရည်ရွယ်ချက် သာ ရှိသည်။
နေ-လ လက်သီးသည် သာမာန် ပြိုင်ဘက် များနှင့်သာ ရင်ဆိုင် နိုင်ပြီး၊ အထက် တန်းစား ပါရမီရှင်များ ကိုမူ၊ မခြိမ်းခြောက် နိုင်တော့ချေ။
ဝိညာဉ် ရေကန် ဘေးတွင်၊ ခရမ်းငယ် တစ်ယောက် လက်နှစ်ဖက်အား နောက်ပို့ကာ၊ လမ်းလျှောက် နေသည်။
လင်းယွန် ပြန်ပြော ပြသည့် သတင်း စကားကို ကြားချိန်၌ သူမ၏ မျက်လုံးများ တောက်ပ လာသည်။
ထိုကိစ္စ အတွက်၊ သွေးမီးတောက် ရူရ်ကို နတ်ရူရ် အဖြစ်၊ လျော်ကြေး ပေးထား သော်မှ လုံလောက် သည်ဟု သူမ မထင် မိချေ။
“ ဒါပေမယ့် ... ၊ ငါ့ရဲ့ လက်ရှိ အင်အားက မလုံလောက်ဘူး ထင်တယ်။ ”
လင်းယွန် ခေါင်းယမ်းလျက်၊ ညည်းညူ လိုက်သည်။ သို့သော် ခရမ်းငယ်မှ သနားခြင်း မရှိချေ။
မြေကြီး အဆင့်မှ ထိပ်ဆုံး ဆယ်ဦးကို အနိုင်ယူ ပြီးသည့်တိုင်၊ သူကိုယ်သူ အင်အား မလုံ လောက်ဟု ဆိုနေခြင်း ဖြစ်သည်။
“ စိတ်မပူ ပါနဲ့ ... ၊ ဒီဧကရီ ရှိပါတယ်။ ”
ရင်ဘတ်ကို ပုတ်ကာ ပြုံးပြီး ပြော လိုက်သည်။
“ ငါ သိတယ် ... ၊ ဒီရက်ပိုင်းထဲ မင်းလည်း အိမ် မနေ နဲ့ဦး၊ အနန္တ လျှပ်စီး နတ် ရူရ်ကို၊ ငါ သုံးလို့ ရအောင် လုပ်ပေး။ ”
နတ်နဂါး အရိုး များနှင့် ပတ်သက်သည့် မည်သည့် အရာကို မဆို၊ နတ်နဂါး အင်ပါယာမှ၊ တားမြစ်ထား သည်ဟု ကြားသိ ထား၏။
၎င်းသည် ခွန်အားကို မြှင့်တင် နိုင်သော ရတနာဖြစ် သဖြင့်၊ အင်ပါယာမှ အမြဲ လိုအပ် လေသည်။
ထို့ကြောင့် ထိုရတနာကို လက်ဝယ် ကိုင်ဆောင် ထားခြင်းသည် သေဒဏ် ထိုက် သော ပြစ်မှု ပေပင်။
ဤသည်မှာ စျေးကွက် အတွင်း အရောင်း အဝယ် မလုပ် ကြသည့် အကြောင်းရင်း တစ်ရပ် လည်း ဖြစ်သည်။
ရွှေနဂါး အရိုးကို စွပ်ပြုတ် လုပ်သောက် မိသည်မှာ မှန်ကန်သော ရွေးချယ်မှု ဖြစ်ခဲ့သည်။ တစ်စုံ တစ်ယောက် ကိုသာ ပေးအပ်ခဲ့ မိပါက ထိုသူသည် ဒုက္ခ ဖြစ်ပေ လိမ့်မည်။
ယင်းသို့ ဆိုသော် ချင်းကန် တစ်ယောက် မည်သို့ ပိုင်ဆိုင်ခဲ့ သည်ကို မေးခွန်း ထုတ်စရာ ရှိပေမည်။
ဖြစ်နိုင် ချေမှာ၊ သူ့မိသားစု ထံမှ ပေးအပ် ခဲ့ခြင်း ဖြစ်နိုင်သည်။ ငရဲ နတ်ဘုရား မိသားစု ဟူသည်၊ အင်ပါယာ အကျိုး ထမ်းဆောင်ဖူး သဖြင့်၊ ဆုလာဘ် အဖြစ် ပေးသနား ထားပုံ ရသည်။
“ ငါ ... ၊ အပြင် ခဏ သွားလိုက် ဦးမယ်။ ”
“ ဘယ်သွား မလို့လဲ ... ။ ”
“ ရွှေရောင် တောင်ထိပ် ... ။ ”
တစ်နာရီ အကြာတွင် ရွှေရောင် တောင်ထိပ်၏ သူတော်စင် ရေကန် ရင်ပြင်၌ လင်းယွန် တစ်ယောက် ငုတ်တုတ် ထိုင်နေ သည်ကို မြင်လိုက် ရသည်။
လူတိုင်း၏ အကြည့် များက သူ့အပေါ် ကျရောက် နေသည်။ သူ ရှိနေသည့် အတွက် စိတ် အနှောက် အယှက် ဖြစ်ကုန်၏။
သို့သော် မည်သူမျှ သူအား ဘာ အတွက် ရောက်လာ သည်ကို၊ မေးခွန်း ထုတ်ရန် သတ္တိ မရှိ ကြချေ။
ပတ်ဝန်းကျင် အပေါ်၊ လျစ်လျူရှု လျက်၊ လင်းယွန်က ဆွံ့အ နားမကြား သလို အပြုံးဖြင့်၊ ထိုင်နေဆဲ ဖြစ်သည်။
“ ဝှစ် ... ။ ”
နာရီဝက် အကြာတွင်၊ ထက်မြက်သော အသွင်နှင့်၊ လူငယ် တစ်ယောက် ကောင်းကင်မှ ဆင်းသက် လာ၏။
“ စီနီယာ အစ်ကို ကျင်း လာပြီ။ ”
“ ဒါဆို အစ်ကို ကျင်း အတွက်၊ သူ ဒီကို ရောက်လာ တာလား။ ”
ကျင်းရွှမ်ရီက လင်းယွန် အနားသို့ တိုးကပ် သွားပြီး၊ စကား စမြည် ပြောကာ၊ ခေါ်ဆောင် သွား သည်ကို မြင်ချိန် မှသာ၊ လူတိုင်းက မှန်းဆ လာနိုင် ကြသည်။
လင်းယွန်က ကျင်းရွှမ်ရီ နေထိုင်ရာ တောင်ထိပ် ပတ်ဝန်း ကျင်ကို ဝေ့ကြည့်ပြီး၊ ပြုံး လိုက်သည်။
“ ဒီနေရာ တော်တော် ကောင်းတာပဲ။ ”
“ ဟုတ်တယ် ... ၊ ဒီတောင်က ရွှေရောင် တောင်ထိပ်ရဲ့၊ အကောင်းဆုံး နေရာ ဆယ်ခု ထဲမှာ ပါတယ်။ ”
ကျင်းရွှမ်ရီမှ ဂုဏ်ယူစွာ ပြုံးပြီး ပြော လိုက်သည်။ သို့သော် သူ့ စကားဆုံး သည်နှင့်၊
“ ဒါပေမယ့် ... ငါ့ရဲ့ အရိယာ တောင်က၊ တိမ်ပျံ တောင်ထိပ်နဲ့ ယှဉ်ရင်၊ နည်းနည်းတော့ နိမ့်ကျ နေပါ သေးတယ်။ ”
-ဟု လင်းယွန်မှ ယှဉ် ပြောလာ တော့သည်။
“ စီနီယာ လင်း ... ၊ မင်း ဒီကို ဘာကိစ္စ ရောက်လာ တာလဲ။ ”
ယင်းကြောင့် ကျင်းရွှမ်ရီ အပြုံးများ၊ ချက်ချင်း ပျောက်ကွယ် သွားပြီး၊ အေးစက်စက် ပြန်မေး လိုက်သည်။
“ ဘာကိစ္စမှ မရှိ ပါဘူး ... ၊ ငါ မင်းနဲ့ တိုက်ဖို့ ဒီကို လာတာပါ။ ”
လင်းယွန် အဖြေကြောင့်၊ ကျင်းရွှမ်ရီ ခမျာ၊ စိတ်ပျက်သွားသည်။ လင်းယွန်တွင် လုပ်စရာ ရှိပုံ မရချေ။
ထို့ကြောင့်သာ သူ့ကို ရိုက်ရန် ရောက်ရှိ လာခဲ့ခြင်း ဖြစ်သည်။ ရွှေ ရည်ရွယ်ချက်အား စတုတ္ထတန်း အဆင့်သို့ ရောက်မှ သာလျှင်၊ ရွှေဓား သုတ္တန်နှင့် ပေါင်းကာ၊ ပြန်လည် တိုက်ခိုက်ရန် အခွင့် အရေး ရှိပေမည်။
မဟုတ်သော် တစ်ဖက် လူ မျက်ဝန်း၌၊ သူ့ တိုက်ခိုက်မှု တိုင်းရှိ၊ ချို့ယွင်းချက် များစွာကို၊ ရှာတွေ့ သွားမည် ဖြစ်သည်။
“ စီနီယာ လင်း ... ၊ မင်း ငါ့ကို နောက်နေ တာလား။ ”
ကျင်းရွှမ်ရီက လေသံ မာမာဖြင့် ပြန်မေး လိုက်သည်။
“ မနောက် ပါဘူး ... ၊ တကယ် ပြောတာ၊ မင်း ... ငါ့ကို နှစ်ချက်လောက် ထိုးစေ ချင်တယ်။ ”
“ မင်း ဘာပြောချင် တာလဲ၊ ပွင့်ပွင့် လင်းလင်း ပြောပါ။ ”
ဤတစ်ကြိမ်တွင် ကျင်းရွှမ်ရီမှာ မဲ့ပြုံး ပြုံးကာ ခပ်ပြတ်ပြတ် ပြော လိုက်သည်။
“ ပြိုင်ပွဲမှာ ... ငါ့ နဂါး ရူရ်တွေကို ... ၊ လက်သီးနဲ ထိုးခွဲခဲ့ သလိုမျိုး၊ မင်း ငါ့ကို ပြန်ထိုး ကြည့် စမ်းပါ။ ”
“ စီနီယာ လင်း၊ မင်း ငါနဲ့ မရှုပ် ပါနဲ့၊ ငါမှားတာ ငါ သိပါတယ်၊ ငါ့ အစား ကျိရှုရွှမ်ကို သွားရှာ လို့လည်း ရပါတယ်။ ”
လင်းယွန်နှင့် မတိုက်ချင် သောကြောင့်၊ မျက်နှာ ပြောင်းလဲ သွားကာ၊ ကျင်းရွှမ်ရီမှ ငြင်း ဆန် လိုက်သည်။
“ မဟုတ်ဘူး ... ၊ မင်း နဲ့ပဲ။ ”
လင်းယွန်က အခိုင် အမာ ပြောသည်။ သူတော်စင် နဂါး ခန္ဓာမှာ အဆင့် (၁၁) ရောက်ရှိ သွား သဖြင့်၊ အသွင်ပြောင်း လာပြီ ဖြစ်၏။
ထို့ကြောင့် ကျင်းရွှမ်ရီ၏ တိုက်ခိုက်မှု အောက်တွင် ပြိုကွဲသွား မည်လောဟု၊ သိချင် မိသည်။
ရွှေ ဓားသုတ္တန်သည် ပြတ်သား မှုကို အလေးပေး ထားသည်။ ထို့ကြောင့် ကျင်းရွှမ်ရီ လက်သီးနှင့် စမ်းချင်၏။ ကျိရှုရွှမ် မဟုတ်ချေ။
ကျင်းရွှမ်ရီ၏ အပြင်းထန် ဆုံးသော တိုက်ခိုက်မှုကို တားဆီး နိုင်သော်၊ ကျန်သူများ အပေါ်၊ စိတ်ချ လက်ချ နေနိုင်ပြီ ဖြစ်သည်။
ကျင်းရွှမ်ရီက သူ့ကို သံသယဖြင့် ပြန်ကြည့်သည်။ ရက် အနည်းငယ် အတွင်း လင်းယွန် ကိုယ်လုံး ကိုယ်ပေါက်မှာ၊ အားကောင်း လာပုံ ရ၏။
“ ဒါဆို ... လာပြီ။ ”
ဓားနှင့် ရွှေ ရည်ရွယ်ချက်အား လက်သီး၌ ပေါင်းစပ်ကာ ပြောသည်။
“ လာခဲ့ ... ။ ”
လင်းယွန် စကား မဆုံးခင် မှာပင်၊ ကျင်းရွှမ်ရီမှ အနား ရောက် လာပြီး၊ လက်သီး နှင့် ထိုးတော့သည်။
“ ဝှစ် ... ။ ”
သူ့ရှေ့ လေဟာနယ်၌ ရေခဲမြစ် တစ်စင်း ကွဲအက်သွား သကဲ့သို့၊ အက်ရာများ ဖြစ်ပေါ် လာလေသည်။
သို့သော် နဂါး ရူရ်များ အပေါ်၊ ထိမှန် သွားချိန်၌ ညည်းညူသံ ပြုလျက်၊ နောက်သို့ ပြန်ဆုတ်ပေး လိုက်ရသည်။
ဆယ်လှမ်း ဆုတ်ပြီး မှသာ ဟန်ချက်ကို ထိန်းယူ နိုင်၏။ ပြီးနောက် မယုံကြည် နိုင်စွာ ဖြင့် လင်းယွန်ထံ၊ ပြန်ကြည့် သည်။
တစ်ဖက် လူ၏ နဂါး ရူရ် များမှာ၊ ယခင် နှင့်ယှဉ်သေည်၊ အနည်းငယ် တောက်ပ နေပြီး၊ ပြောင်းလဲမှု သိပ် မရှိ ခဲ့ချေ။ သို့သော် ဤသည် ကပင်၊ မနာလိုဖွယ် ကောင်း နေပေ၏။
“ စီနီယာ လင်း၊ မင်း ... နဂါးသွေး သလင်းကျောက်ကို သန့်စင်ထား တာလား။ ”
“ မင်း ... တော်တယ်။ ”
လင်းယွန်က ပြုံးကာ ခေါင်းညိတ် ပြ၏။
“ ထပ် လာ မယ် ... ၊ ဒီနဂါး ရူရ် တွေကို မဖြိုခွဲ နိုင်ဖူးလို့ ... ၊ ငါ မယုံဘူး။ ”
ရွှေရောင် ဓားသုတ္တန်ကို ပဉ္စမ အဆင့်ထိ တိုးမြှင့် လိုက်ရာ၊ ဓားရောင်ခြည် (၃၆) စင်းက လေထဲ ပေါ်လွင် လာ၏။
“ ဝှစ် ... ။ ”
“ ဝေါ့ ... ။ ”
သည့်နောက် လက်သီး တစ်လုံး ပစ်ထုတ် လိုက်သည်။ ယခု တစ်ကြိမ်၌ ပို၍ပင် ဝေးသော အရပ်သို့၊ တွန်းထုတ်ခြင်း ခံရကာ သွေးအန် လိုက်ရ၏။
“ ဖျပ် ... ၊ ဖျပ် ... ။ ”
ယင်းကြောင့် နှုတ်ခမ်းမှ သွေးစ များကို သုတ်လျက် အံ့သြ သွားခဲ့သည်။ လင်းယွန် မှာမူ၊ နောက်သို့ ခြေလှမ်း နှစ်လှမ်းသာ ဆုတ်သည်။
“ လာ ဦး မယ်။ ”
ကျင်းရွှမ်ရီမှ ဓားကို ဆွဲထုတ်ကာ၊ ပြေးဝင်လာ သဖြင့်၊ နဂါး ရူရ် (၈၀၀၀) အား၊ အသက် သွင်းကာ စောင့်နေ လိုက်သည်။
“ ထန် ... ။ ”
ဓားက နဂါး ရူရ် များပေါ် ကျရောက်ပြီး၊ မီးပွားများ ပွင့်ကုန်၏။ ၎င်းသည် သူတော်စင် လက်ရာများ ကဲ့သို့၊ မာကြော ကြောင်း အသိ အမှတ် ပြုမိသည်။
“ ထန် ... ။ ”
“ ထန် ... ။ ”
နာရီ ဝက်ကြာ တစ်ဖက်သတ် ခုတ်ပိုင်း ပြီးနောက်တွင်၊ နဂါး ရူရ်များ မှိန်ဖျော့ သွား၏။ သို့သော် တစိုး တစ်စိမှ အက်ကွဲခြင်း မရှိချေ။
အဆိုပါ ရလာဒ်သည် အနည်းငယ် မယုံကြည် နိုင်စရာ ဖြစ်နေ သဖြင့်၊ ကျင်းရွှမ်ရီ ခမျာ ထိတ်လန့်သွား ခဲ့သည်။ နဂါးသွေး သလင်း ကေျာက်မှာ၊ သူ ထင်ထား သည်ထက် ပို၍ အစွမ်းထက် နေ၏။
“ ဆက်လုပ် ... ၊ ကောင်းကင်ကို မိုးထားသော ဓား (၉) ကွက်ကို သုံး။ ”
အဆင့်မြင့် တစ္ဆေ တိညာဉ် ဓားရေး တစ်ရပ်အား၊ ရုပ်ခွန်အား သက်သက်ဖြင့် ခံယူရန် ကြံစည် နေသဖြင့် ကျင်းရွှမ်ရီမှာ မျက်ခုံးပင့် မိ၏။
“ အဲ့ဒီ လောက်ထိ လိုအပ် လို့လား။ ”
“ မေးခွန်းတွေ မေးနေမဲ့ အစား၊ လာတိုက် ကြည့်လိုက်။ ”
ထိုစကားကြောင့် ကျင်းရွှမ်ရီ တစ်ယောက် ခေတ္တမျှ စဉ်းစား သွား၏။ တစ်ဖက် လူ၏ ခန္ဓာ ကိုယ် သန့်စင်ခြင်း ပညာ ရပ်မှာ၊ အမှန်ပင် အဆင့်မြင့် ချေသည်။
***