ငါ့ဆရာ ခေါ် နေပြီ။
Vol. 106 Ch. 1477
ကျင်းရှုရွှမ်က သူ့ဓားကို ဖယ်လိုက်ပြီး၊ တောင်ကြီး တစ်လုံးအား မြှောက်ထား သလိုမျိုး ဖြည်းညှင်းစွာ ‘မ’လိုက်သည်။
ချွေးပေါက် များမှ၊ ရွှေရောင် အလင်းများ ထွက်လာပြီး၊ ပတ်ဝန်းကျင်၌ ရစ်သိုင်း သွား၏။ ဤမြင်ကွင်းက လင်းယွန်အား စိတ်လှုပ်ရှား စေသည်။
“ ဂျူနီယာ ကျင်း ... ၊ မင်း မူလ သူတော်စင် ရောင်ဝါ ဘယ်လောက် တောင် သန့်စင် ထားပြီး ပြီလဲ။ ”
“ မများ ပါဘူး၊ လေးရာ လောက်ပဲ၊ မင်းရော ... ။ ”
ကျင်းရွှမ်ရီက ဂုဏ်ယူစွာ ဖြေပြီး၊ ပြန်မေး၏။
“ တစ်ထောင် လောက် ရှိမယ် ထင်တယ်။ ”
နဂါး-ဖီးနစ် ကမ္ဘာဖျက် ဓားကျမ်းကို အောင်မြင်မှု ရရှိ ပြီးနောက်၊ နဂါး-ဖီးနစ် ရောင်ဝါ ကြိုး များစွာကို ရရှိ ခဲ့သည်။
“ မင်း ... ငါ့ကို ရည်ရွယ်ချက် ရှိရှိ လုပ်နေ တာလား။ ”
လင်းယွန်သည် ဉာဏ်ကြီးရှင် အဖြစ်မှ ကျော်လွန်ကာ ဓားမိစ္ဆာ တစ်ကောင် အဆင့်ပင်၊ ရောက်ရှိ နေသဖြင့်၊ ကျင်းရွှမ်ရီ မျက်နှာ မည်းမှောင် လာသည်။
သူ့တွင် ရာဂဏန်း လောက်ကို၊ ဂုဏ်ယူစွာနှင့် ဖြေမိ ခဲ့သည်။ အံကြိတ်လျက်၊
“ ကောင်းပြီ ...၊ ဒီတစ်ခါရော မင်း ခံနိုင် ဦးမလား ကြည့်ရအောင်။ ”
-ဟု ပြောလိုက် တော့၏။
“ ကောင်းပြီ ... ငါ လာပြီ။ ”
လင်းယွန်က ခြေထောက်ကို မြေပြင်ပေါ် ပုတ်လျက် ပြုံးကာ၊ သူ့ရှေ့ ချက်ချင်း ရောက်ရှိ လာသည်။
လက်ရှိ အချိန်၌ သူ၏ နဂါး ရူရ်များသည် ဆဋ္ဌမတန်း သို့မဟုတ် သတ္တမတန်း သူတော်စင် ရူရ်များနှင့် နှိုင်းယှဉ် နိုင်နေပြီ ဖြစ်သည်။
အသက် ဓာတ်များ ပါဝင် နေပြီး၊ ဝိညာဉ် တစ်ခု ရှိနေ သကဲ့သို့၊ လင်းလက် တောက်ပ နေ ခဲ့၏။
လက်သီး အတွင်း၊ ၎င်းတို့အား ပေါင်းထည့်လိုက် သောအခါ၊ လက် တစ်ခုလုံး သတ္တုရောင် တောက်ပ လာသည်။
ယင်းက ကျင်းရွှမ်ရီ၏ သူတော်စင် ရောင်ဝါကို ဖြတ်လျက် ရင်ဘတ်ပေါ် ထိမှန် သွားသည်။ သို့သော် ပြိုင်ဘက်မှာ ခြေ တစ်လှမ်းပင် ဆုတ်ခြင်း မရှိ ခဲ့ချေ။
နာကျင်မှုကို ခံစားလိုက် ရသကဲ့သို့၊ နှုတ်ခမ်းထောင့် တုန်ယင် လာပြီး၊ အပြုံးကို ညှစ်ထုတ် ပြလာသည်။
“ မင်းရဲ့ ရုပ်ခွန်အား သက်သက်နဲ့၊ ငါ့ကို ထိခိုက်အောင် လုပ်ဖို့က၊ မလွယ်သေး ပါဘူး စီနီယာ လင်း။ ”
သို့သော် ဤသည်မှာ ဆယ်ပုံ တစ်ပုံ လောက်သာ သူ့ခွန်အားကို အသုံးပြု ထားခဲ့ ကြောင်း၊ လင်းယွန်မှ ထုတ် မပြောချေ။
“ ကောင်းကင်ကို မိုးထားသော ဓားကိုးကွက်ရဲ့၊ ပထမ ပုံစံကို သုံး ... ။ ”
လက်ရှိ ကိုယ်လုံး ကိုယ်ပေါက်သည် အဆင့်မြင့် တစ္ဆေ ဝိဉာဉ် ပညာကို၊ ခံနိုင်ရည် ရှိမည် လောဟု၊ သိချင် လာ၏။
ယင်းအား မကိုင်တွယ် နိုင်ပါက၊ ရန်သူ များနှင့် အသက်လု ပွဲများ ရင်ဆိုင် ရာတွင်၊ နိမ့် ကျ နေပေမည်။
“ မင်း သေချာလား။ ”
ကျင်းရွှမ်ရီမှ ပြန်မေးသည်။
“ စမ်းကြည့် ရမှာပဲ၊ နည်းနည်းတော့ ယုံကြည်ချက် ရှိတယ်။ ”
လင်းယွန်က လေးနက်စွာ ပြောသည်။ သို့သော် ကျင်းရွှမ်ရီ ခမျာ ချီတုံ-ချတုံ ဖြစ်နေ သေးသည်ကို မြင်သော အခါတွင်၊ နဂါး ရူရ် (၃၀၀၀)အား အသက် သွင်းကာ၊ ထိုးချ လိုက်သည်။
လက်မောင်း တစ်ခုလုံး၊ သတ္တုရောင် ပြောင်းသွားပြီး၊ သွေးသား စွမ်းအင်များ ပြည့်လျှံ နေပေ၏။
“ ဘုန်း ... ။ ”
ထိုလက်သီး ချက်ကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး တုန်ခါလာကာ၊ ကျင်းရွှမ်ရီပေါ် ထိမှန် သွားသည်။
ကျင်းရွှမ်ရီ ပတ်ဝန်းကျင်ရှိ သူတော်စင် ရောင်ဝါများ ပျောက်ကွယ် ကုန်ပြီး နှုတ်ခမ်းမှ၊ သွေးများ စီးကျ လာ၏။
မီတာ တစ်ရာကျော် လွင့်စဉ်လျက်၊ ဒူးတစ်ဖက် ထောက်ကာ မျက်နှာ ဖြူဖျော့လာ တော့သည်။
ရင်ဘတ်ကို အုပ်ကိုင် ထားသဖြင့်၊ လင်းယွန်မှ လျင်မြန်စွာ လှမ်းတက်ပြီး၊ ဖေးမ ပေးမိသည်။
“ အဆင်ပြေ ရဲ့လား။ ”
“ ပြေ ပါ တယ် ... ၊ စီနီယာ လင်း ... မင်းအရင်က မင်းရဲ့ ခွန်အား အပြည့် မသုံး ခဲ့ဘူး ဟုတ်တယ် မလား။ ”
“ ဟုတ်တယ် ... ၊ ငါ့ ခွန်အားရဲ့ ဆယ်ပုံ တစ်ပုံ လောက်ပဲ သုံးခဲ့တာ။ ”
ဆယ်ပုံ တစ်ပုံသည် နဂါး ရူရ် (၈၀၀)နှင့် ညီမျှပြီး၊ ဤစွမ်းအားသည် နဂါး ရူရ် (၃၀၀၀) ဖြစ်၏။
ထိုအဖြေ စကားကြောင့်၊ ကျင်းရွှမ်ရီမှ ကောင်းကင်ကို မိုးထားသော ဓားကိုးကွက်အား သုံးရန်၊ သဘော တူလိုက်သည်။
ယခု တစ်ကြိမ်တွင် လင်းယွန် မျက်ဝန်း များ၌၊ မိုးကြိုး မုန်တိုင်းများ လှည့်ပတ် နေပြီး၊ သွေး မီးတောက် နတ်ရူရ် လောင်ကျွမ်း လာသည်။
အတွေး တစ်ချက် တည်းဖြင့်၊ နဂါး ရူရ် (၈၀၀၀)ကို ချပ်ဝတ် အဖြစ် ဖွဲ့စည်း လိုက်၏။ နဂါး သွေးလွှတ်ကြော နယ်ပယ်၊ သင်းထောက် ကိုပင် သတ်နိုင်သော၊ ကျင်းရွှမ်ရီ၏ ဓားမှာ၊ ကျရောက် လာသည်။
သူ့ ဝန်းကျင်၌ လှည့်ပတ် နေသော နဂါးသည်၊ ကောင်းကင်ပေါ် ပျံတက် သွားပြီး၊ မီတာ (၁၀၀၀) နီးပါး ကြီးထွား လာသည်။
“ ဝှစ် ... ။ ”
လက်ဖဝါးကို တွန်းထုတ် လိုက်သော အခါတွင်၊ ထိုနဂါးက ခုန်ဆင်းပြီး၊ ကျင်းရွှမ်ရီ ဓားအား အလွယ် တကူ ဖြိုခွဲ လိုက်၏။
“ ဟမ့် ... ၊ ဒါ ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ။ ”
ကျင်းရွှမ်ရီ ခမျာ၊ ပြော မပြနိုင် လောက်အောင် ထိတ်လန့် သွားပြီး၊ မယုံနိုင် သဖွယ် ပြန်ကြည့် မိသည်။
နဂါးသွေး သလင်း ကျောက်သည် အနည်းငယ် ကြောက်စရာ ကောင်းသည်ထက် ပိုနေ၏။
မဟုတ်သော် တစ်ဖက် လူ၏၊ နဂါး ရူရ်များကို၊ သလင်း ကဲ့သို့ အသက်ဓာတ်များ ပေးစွမ်း နိုင်မည် မဟုတ်ချေ။
နဂါး တိုက်ပွဲဝင် ချပ်ဝတ်ကို၊ ပြန်သိမ်း လိုက်ပြီး၊ စိတ်ပျက် နေသော ကျင်းရွှမ်ရီ အနား၊ လင်းယွန်က လျှောက်လှမ်း သွားမိ၏။
သူ့၌ အပြစ်ရှိ သကဲ့သို့၊ အနည်းငယ် ခံစားလာ ရသည်။ ကူညီ ခြင်းဖြင့် ကျင်းရွှမ်ရီ ခမျာ၊ အကြိမ်ကြိမ် သွေးအန် နေခဲ့၏။
“ အဆင်ပြေ ရဲ့လား။ ”
“ ရတယ် ... ပြေတယ်။ ”
ကျင်းရွှမ်ရီက ပြုံးပြီး ဖြေသည်။
“ ပင်မ နတ်ဘုရား အဆင့် သတ်မှတ်ချက်မှာ၊ မင်း အဆင့် ဘယ်လောက် ရောက်နေ ပြီလဲ။ ”
“ မျိုးဆက်တူ အတွင်းလား၊ အားလုံး မှာလား။ ”
“ ကွာခြားချက် ကြီးလို့လား။ ”
“ ကြီးတယ်၊ ထိပ်ဆုံး (၁၅၀၀) အတွင်းမှာ အသက် တစ်ရာကျော် နေပြီ ဖြစ်တဲ့၊ အဲဒီ ဘီလူး တွေ ရှိတယ်၊ တချို့က အသက် တစ်ရာ လောက်ပဲ ရှိသေးတယ်၊ ကြယ် ကိုးပွင့် ရောက်နေပြီ။ ”
“ အိုး ... သူတို့ သက်တမ်းကုန် သွားမှာ မစိုးရိမ် ကြဖူးလား ။ ”
လင်းယွန်မှ အံ့သြ သွား၏။ နယ်ပယ် တစ်ခုတွင် အကြာကြီး နေခြင်းဖြင့်၊ အရည် အချင်းတွင် ကန့်သတ်ချက် ရှိသည်။
ပင်မ နတ်ဘုရား နယ်ပယ်တွင်၊ ကြယ် သုံးပွင့် ရရှိသူ များကို ပါရမီရှင် တစ်ပါး အဖြစ် သတ်မှတ် ကြသည်။
၎င်းနယ်ပယ် သက်တမ်းမှာ၊ နှစ်ပေါင်း (၃၀၀)သာ ဖြစ်ပြီး၊ နဂါး သွေးလွှတ် ကြောသို့ ရောက် မှသာ၊ သက်တမ်း တိုးလာမည် ဖြစ်သည်။
ကျင်းရွှမ်ရီက လင်းယွန်အား ဇရပ် တစ်ဆောင်သို့ ခေါ်ဆောင် သွားပြီး၊ ဝိုင်များ ထုတ်လျက် ဧည့်ခံ ၏။
လင်းယွန်သည် သူ ထင်ထား သလောက် စရိုက် မဆိုးကြောင်း၊ သဘော ပေါက်သွားခြင်း ဖြစ်သည်။
“ တကယ်တော့ ကြယ်ပွင့်တွေ ဆိုတာ၊ ခွန်အားကို မြှောက်တဲ့ ကိန်းဂဏန်း တွေပဲ ဆိုတာ၊ မင်း သိတယ် မဟုတ်လား။ ”
“ အင်း ... သိတယ်၊ ဒါနဲ့ ဘာဆိုင်လဲ။ ”
“ လူတွေက ဘာလို့ ကြယ်တွေကို ဖန်တီးချင်ကြ တာလဲ ဆိုတာ၊ မင်း စဉ်စား ဖူးလား။ ”
“ ဟင့် အင်း ... ။ ”
“ အမှန်တော့ ဒီလို လုပ်ငန်း စဉ်မျိုး ... ၊ နဂါးသွေး လွှတ်ကြော နယ်ပယ်မှာ လုပ်လို့ မရ ဘူး၊ ဒါကြောင့် ဒီနယ်ပယ်မှာ ကြယ်ပွင့်များ လေလေ၊ ဝေးဝေး သွားနိုင် လေလေပဲ။ ”
“ အောင်မြင် တဲ့သူ ရှိလား။ ”
လင်းယွန်မှ ပြန်မေး မိသည်။
“ မရှိဖူး ... ၊ နတ်ဘုရား တွေကြောင့် အနည်းဆုံးတော့ ရွှေခေတ် ကုန်သွား ခဲ့တယ်။ ”
“ ဒါဆို လူတွေက ဘာလို့ ဒီလောက် အထိ၊ ကြိုးစား နေကြ တာလဲ။ ”
လင်းယွန် တစ်ယောက် အံ့သြ သွားသည်။
“ ဟား ... ဟား ... ဟား ... ၊ ခွန်လွန်မှာ ကောလဟာလ တစ်ခု ရှိတယ်၊ တစ်စုံ တစ်ဦးက အောင်မြင် နိုင်ရင်၊ ဧကရာဇ် ကိုးပါး တောင်မှ၊ အဲဒီလူ ရှေ့မှာ ဘာမှ မဟုတ်တော့ ဖူးတဲ့။ ”
သို့သော် ထိုကောလ ဟာလသည် အစစ်အမှန် မဟုတ်ဟု ခံစားရ သောကြောင့်၊ လင်းယွန်က စကား တစ်ခွန်းမျှ ထပ် မပြော တော့ချေ။
“ ပြီးတော့ ... ကြယ် အနည်းငယ်ကို ဖွဲ့စည်းခြင်းက အန္တရာယ် မရှိ ပါဘူး၊ လူအချို့က ကြယ်ကိုးလုံး အထိ၊ ရရှိ ဖူးတယ်။ ”
ကျင်းရွှမ်ရီက အချိန် အတော်ကြာ ရှင်းပြ ပြောပြီးနောက် လင်းယွန်အား ပြန်ကြည့်ကာ၊
“ အပြင် ထွက်မို့ ... ၊ စိတ်ကူး နေတာလား။ ”
-ဟု မေးလာ၏။
လင်းယွန်က ခေါင်းညိတ် ပြသည်။
“ စီနီယာ လင်းရဲ့ ... ခွန်အားနဲ့ ဆိုရင်၊ ရှေးဟောင်း ပျက်သုဉ်းမြေက မျိုးဆက် တူတွေ ကြားမှာ၊ သိပ် သတိထား ရမဲ့ လူ၊ မရှိတော့ ပါဘူး ။”
သို့သော် ပြိုင်ဘက် များသည် မျိုးဆက်တူ အတွင်း ဖြစ်ပေးရ မည်ဟု၊ အာမ မခံနိုင် သဖြင့်၊ လင်းယွန်က ပြုံးလိုက်သည်။
ထို့အပြင် ပြိုင်ဘက် တိုင်းမှာ၊ ဓားသမား မဟုတ်ချေ။ အခြားသော တာအို ပညာ ရှင်များ ပါလာ နိုင်မည်။
( လင်းယွန် ... ပန်း လှိုဏ်ဂူကို လာ။ )
ရုတ်တရက် သက်တံဓား သူတော်စင် အသံက၊ သူ့ စိတ်ထဲ မြည်ဟည်း လာသဖြင့်၊ လင်းယွန် တစ်ယောက် စိတ် လှုပ်ရှား သွားသည်။
ဝိုင်ခွက်အား လက်စ သပ်ကာ၊
“ ဂျူနီယာ ကျင်း ... ၊ ငါ သွားရ တော့မယ်၊ ငါ့ ဆရာ ခေါ်နေပြီ။ ”
-ဟု ပြောလိုက် မိတော့သည်။
ဤအခိုက်တွင် လင်းယွန် ဟူသည် သက်တံဓား သူတော်စင်၏ တပည့် ဖြစ်ကြောင်း ကျင်းရွှမ်ရီမှ ပြန်၍ သတိ ရလာ၏။
တစ်ဖက် လူသည်၊ အဘယ်ကြောင့် ဤမျှ စိတ်လှုပ်ရှား လာသည်ကို အံ့သြခြင်း မရှိတော့ ချေ။ ယင်းက သူ့အား မနာလို ဖြစ်စေသည်။
သက်တံဓား သူတော်စင်သည် အရှေ့ဘက် ပျက်စီး နယ်မြေ ဓားသူတော်စင် (၃)ပါး အနက်၊ တစ်ပါး ဖြစ်သည်။
ဓားဂိုဏ်းတွင် အသန်မာ ဆုံးသော စွမ်းအားရှင် ဖြစ်၏။ ၎င်းတည် ရှိနေ သရွေ့၊ ဓားဂိုဏ်း လုံခြုံမည် ဖြစ်သည်။
ထို့ကြောင့် ဓားသမားတိုင်း အိမ်မက်မှာ၊ သက်တံဓား သူတော်စင်၏ တပည့် ဖြစ်လာ စေရန် ပေပင်။
***