← Chapters

သူတော်စင် တောင်ပေါ်တွင်၊ ကျင့်ကြံခွင့် ရခြင်း (၁)။

Vol. 106 Ch. 1478

သူတော်စင် တောင်ပေါ်တွင်၊ ကျင့်ကြံခွင့် ရခြင်း (၁)။

Vol. 106 Ch. 1478

သူတော်စင် တောင်အား အဝေးမှ ကြည့်သော်၊ မြေပြင်မှ ဓား တစ်လက်သည် ကောင်းကင်ကို ထိုးဖောက် နေသည်ဟု၊ ထင်မှား စေ၏။

ဒုတိယ အကြိမ် ရောက်ရှိခြင်း ဖြစ်သဖြင့်၊ တောင်ခြေတွင် ခဏရပ်ကာ၊ မော့ကြည့်လိုက် မိသည်။

ယဲ့ဇီလင် အပါ အဝင်၊ သူတော်စင် တပည့်များ အားလုံး၊ ဤတောင်တွင် ကျင့်ကြံ နေသည်မှာ၊ ခြောက်လ ကြာချေပြီ။

အစောင့် များက သူ့ အထောက် အထား စစ်ဆေးပြီး ဝင်ခွင့် ပြုလာသည်။ ထို့နောက် ပန်း လှိုဏ်ဂူသို့ အမြန် ဦးတည် သွားမိ၏။

သည်နေရာသို့ မရောက် သည်မှာ၊ ခြောက်လ ရှိပြီ ဖြစ်သော်လည်း၊ မက်မွန် ပွင့်ချပ် များသည် လတ်ဆတ် လှပ နေဆဲ ပေပင်။

“ တပည့် ... ၊ ဆရာ့ကို နှုတ်ဆက် ပါတယ်။ ”

သက်တံဓား သူတော်စင်မှာ ကျောက်စား ပွဲတွင် ပန်းချီဆွဲ နေပြီး၊ သူ့ သက်တမ်း ကုန်ဆုံး တော့ မည်ကို၊ စိုးရိမ်ပုံ မပေါ်ချေ။

၎င်းက စုတ်တံကို ချလိုက်ပြီး၊ ဖော်ရွေသော အပြုံးဖြင့် လှည့်ကြည့် လာ၏။

“ ဒီကို လာပြီး ... ၊ လွန်ခဲ့တဲ့ ခြောက်လ လောက်က ... ၊ မင်းရဲ့ အတွေ့ အကြုံ တွေကို ပြောပြ ပါ။ ”

ဆရာနှင့် တပည့်ကြား တွေ့ဆုံမှု ကဲ့သို့ မဟုတ်ဘဲ၊ မိသားစု ဝင်များ အလား သဏ္ဍာန် တူ နေ၏။

သက်တမ်း အရ၊ အချိန် အတော်ကြာ နေထိုင်ခဲ့ပြီး ဖြစ်ရာ၊ သက်တံဓား သူတော်စင်မှ၊ အရာ များစွာကို လျစ်လျူရှု ထားနိုင် ခဲ့သည်။

အကယ်၍ ဓားဂိုဏ်းကို ထမ်းထားခြင်း ကြောင့်သာ မဟုတ် ပါက၊ ဤသို့ အသက်နှင့် သေခြင်း အပေါ်၊ တွေးဝေ နေမိမည် မဟုတ်ချေ။

ဓားသမားသည် ကောင်းကင်ကို မကြောက်ဘဲ၊ သေခြင်း တရား အပေါ်၊ ထွေခင်း ကစား နိုင်၏။

လင်းယွန်သည် ပယင်း နယ်မြေ၊ ဓားနန်းတော်မှ လာပြီး၊ သူ၏ နောက်ဆုံး တပည့်လည်း ဖြစ်သည်။

လင်းယွန်က စိတ်လှုပ်ရှား စွာဖြင့်၊ (၆)လ အတွင်း ဖြစ်ပျက်ခဲ့ သမျှသော အရာ တိုင်းကို ပြန် ပြောပြ မိသည်။

“ တောင်ထိပ် ခုနစ်လုံးက ဓားဂိုဏ်းရဲ့ အမွေပဲ၊ ငါတို့ အားလုံး အချင်းချင်း ယှဉ်ပြိုင်လို့ ရတယ်၊ ဒါပေမယ့် ရန်ငြိုး ဖွဲ့ခြင်းမျိုး၊ မဖြစ်ပါ စေနဲ့။ ”

“ တပည့် နှလုံးသားနဲ့ ... ၊ မှတ်ထား ပါ့မယ်။ ”

သူ့ တွင်လည်း ဆရာ ကဲ့သို့၊ တူညီသော အတွေး အမြင် ရှိသဖြင့် ခေါင်းညိတ် ပြလိုက် သည်။

ဂိုဏ်းချုပ် သို့မဟုတ် ဓားဂိုဏ်းမှ အခြား မည်သူပင် ဖြစ်စေ၊ သူတို့ အားလုံး ရိုးသား ကြ ပေ၏။ အခြားသော ဂိုဏ်းများနှင့် မတူချေ။ သူတို့မှာ ဓားသမားများ ဖြစ်သည်။

နောက်ကွယ်မှ ဓားဖြင့် မထိုး ကြချေ။ ကိုယ်ပိုင် မာနများ ရှိသဖြင့်၊ ရှုံးလျှင် ရှုံးကြောင်း ဝန်ခံကြ ပေသည်။

“ ကောင်းကင် ဓားရေကန်ကို ပြန်ပြ ပါဦး။ ”

မဆိုင်း မတွဘဲ သူ့ ဓားကို ဆွဲထုတ်ကာ၊ နားလည်ခဲ့ သမျှသော ရည်ရွယ်ချက် များအား လင်းယွန်က ထုတ်ဖော် လိုက်သည်။

၎င်းနည်းစနစ်တွင် တိမ်၊ ရေ၊ လနှင့် ကောင်းကင် ဟူသော ပင်မ ရည်ရွယ်ချက် (၄) မျိုး ရှိ၏။

ထိုအရာ များအား ပေါင်းစပ်ကာ၊ မတူညီသော ဖြစ်စဉ်ပေါင်း (၁၀၀) ကျော်သို့ ချက်ချင်း ရောက်ရှိ စေသည်။

“ တိမ်တိုက် တွေက လကို ကြိုဆိုတယ်၊ လရောင် အောက်မှာ ... ၊ ပန်းတွေ ကခုန်ချင်တဲ့ အတွက်၊ မင်းနဲ့ လဟာ ကမ္ဘာ ပေါ်မှာ တကယ် ရှိနေတယ်။ ”

ကဗျာ ရွတ်သံကြောင့်၊ သက်တံဓား သူတော်စင်မှာ အံ့အားသင့် သွားပြီး၊

“ ဒါက ကောင်းကင် ဓားရေကန် မဟုတ် တော့ဘူး။ ”

-ဟု ပြောလိုက်၏။

“ ဆရာ ... ၊ လမ်းပြ ပေးပါဦး။ ”

“ သရုပ်ဖော် အဆင့်ရဲ့ အထက်မှာ ... ၊ အခြေခံ အဆင့် ဆိုတဲ့ ... ၊ ခွဲခြမ်း စိတ်ဖြာခြင်း အဆင့် ရှိတယ်လို့၊ ပြောခဲ့တာ မှတ်မိ သေးလား၊ အခု မင်းက အချိန် တိုတို လေးနဲ့၊ ...

... အဲဒီ အဆင့်ကို ရောက်နေပြီ၊ ဒါပေမယ့် အဲဒီ စွမ်းအားကို ထုတ်ဖို့၊ မင်းမှာ လိုအပ်ချက် ရှိ သေးတယ်။ ”

“ ဘာ ... လိုအပ်ချက် များလဲ ဆရာ။ ”

“ ကောင်းကင် အမိုး ဓားလို့ ခေါ်တဲ့ ... ၊ ပဉ္စမတန်း ဓား ရည်ရွယ်ချက် ပဲ။ ”

ကောင်းကင်ဓား ရေကန်သည် ပဉ္စမတန်း ဓား ရည်ရွယ်ချက် ရှိမှ သာလျှင်၊ ခွဲခြမ်း စိတ်ဖြာ ခြင်းကို ပြုလုပ် နိုင်ပေမည်။

ထို့ကြောင့် အမည်ခံ ကောင်းကင် အမိုး ဓားမျှသာ ရှိသော၊ လင်းယွန် နားလည် နေသည် မှာ သံသယ ဖြစ်စရာ ပေပင်။ ယင်းကြောင့် မှားနေ ပြီဟု၊ သက်တံဓား သူတော်စင်မှ ပြောခြင်း ဖြစ်၏။

ပဉ္စမတန်း ဓား ရည်ရွယ်ချက်ကို ထိုသို့ ခေါ်မှန်း သိလိုက်သဖြင့်၊ လင်းယွန် တစ်ယောက် အတွေးနက် သွားသည်။

အမည် များသည်၊ ကောင်းကင် ပေါ်မှ မဆင်းချေ။ ထို့ကြောင့် ကောင်းကင် အမိုးဓား တွင်လည်း၊ ကောင်းကင်နှင့် သက်ဆိုင်သော ရည်ရွယ်ချက်များ ပါရှိနိုင် ပေမည်။

“ လောလော ဆယ်တော့ ပဉ္စမတန်း ဓားအကြောင်း ထားလိုက် ရအောင်၊ ဒီဓားရေး အရ ဆိုရင်၊ မင်း ... တစ်ယောက် ယောက်ကို ... ၊ သတိရ နေတယ်။ ”

“ တစ်ယောက် ယောက်ကို ... ၊ တပည့် လွမ်းနေ တာလား။ ”

သက်တံဓား သူတော်စင် စကားကို ကြားသော အခါတွင်၊ လင်းယွန်က အနည်းငယ် လန့် သွား၏။

“ ဒါက ... မင်းရဲ့ မသိစိတ် ကနေ ဖြစ်နေတာပါ၊ အလွမ်း ဆိုတာ ထိန်းချုပ်လို့ ရတဲ့ အရာမှ မဟုတ်တာ၊ ... မင်းရဲ့ ...

... အလွမ်း တွေကို ပေါင်းထည့် လိုက်တဲ့ အတွက်၊ ခွဲခြမ်း စိတ်ဖြာခြင်း အဆင့်ကို ရောက် သင့်ချိန် မကျ သေးပဲ၊ မင်း ရောက်လာ ခဲ့တာ ... ။ ”

သက်တံဓား သူတော်စင်မှ ရှင်းပြသည်။ ဆရာ သခင်က စိတ်မဆိုး သဖြင့်၊ လင်းယွန်မှာ အနည်းငယ် စိတ်သက်ရာ ရသွားသည်။

ဆုစီယာ ကိုမှ လွမ်းခြင်း မဟုတ်သော်၊ ဤကမ္ဘာ ပေါ်တွင် လမင်းနှင့် ယှဉ်နိုင်သော သူမ သည်၊ မည်သူ ဖြစ်မည်နည်း။

“ ထိုင် ... ၊ ဒါက ကောင်းတဲ့ အရာပါ၊ တစ်ယောက် ယောက်ကို ချစ်နေ တာက မင်း နှလုံးသားကို နတ်ဆိုး ရန်က၊ ကာကွယ် ပေးလိမ့်မယ်၊ ကဲ ... ပဉ္စမတန်း ...

... ဓားရည်ရွယ်ချက် အကြောင်း ဆက်သွားရအောင်၊ ကောင်းကင် အမိုးဓားရဲ့ ရည်ရွယ်ချက်က ကောင်းကင်ကို လွှမ်းမိုးခြင်း ပဲ၊ သူရဲ့ ...

... ဆောင်ပုဒ်က၊ ငါသည် ကောင်းကင် ဖြစ်၏၊ ငါ့ဓားသည် အမိုးအကာ ကဲ့သို့၊ ငါ့ အပေါ် ကာကွယ် ပေးမည်၊ တဲ့ ... ။ ”

သက်တံဓား သူတော်စင်က သူ့အား တစ်ချက် ကြည့်ကာ၊

“ ဓားတစ်လက် လုံးက ကောင်းကင် နှစ်စင်းကို ပေါင်းစပ် ရတာပဲ၊ တကယ်တော့ အရိယာ ကောင်းကင် ဓား ဆိုတာ၊ ကောင်းကင် အတု တစ်စင်းကို ဖန်တီး ခဲ့တာ၊ ...

... ဒါက စစ်မှန်တဲ့ ကောင်းကင်ကို မယှဉ် နိုင်ဘူး၊ ဒါကြောင့် အခု ... သူတို့ နှစ်ခုကို မင်းက တစ်သား တည်း ဖြစ်အောင် လုပ်ရမယ်။ ”

သက်တံဓား သူတော်စင် ရှင်းပြ ပြီးနောက်၊ ကောင်းကင် အမိုးဓား၏ အဓိပ္ပါယ်မှာ ရှင်းလင်း လွယ်ကူ သွားသည်။ ခေါင်းညိတ်လျက်၊

“ တပည့် လင်းယွန် ... နားလည် ပါပြီ။ ”

-ဟု ပြန်ပြော လိုက်မိ၏။

သို့သော် သက်တံဓား သူတော်စင်က သူ့ခေါင်းကို ခါယမ်းပြီး၊ စကား တစ်ခွန်းမှ မပြော တော့ချေ။

သူ့ တပည့်သည် နားလည် ဦးမည် မဟုတ်ကြောင်း၊ သူ အသိဆုံး ဖြစ်၏။ ဤမျှဖြင့် နားလည် နိုင်ပါက၊ ဓား သူတော်စင် ဟူသော ဘွဲ့အား၊ လူတိုင်း ရရှိ ကုန်ပေမည်။

“ မင်း ... ဂိုဏ်းက ထွက်တော့ မို့လား။ ”

သို့သော် သူ့ တပည့်အား၊ စိတ်မပျက် သွားစေလို သဖြင့်၊ စကား လမ်းကြောင်း ပြောင်း လိုက်သည်။

“ ဆရာ ဘယ်လို သိလဲ။ ”

လင်းယွန် တစ်ယောက် အံ့သြ သွား၏။

“ သူတော်စင် တွေက ... ၊ သူတော်စင် တာအိုလို့ ခေါ်တဲ့ ... ၊ ဒီကမ္ဘာ ကြီးရဲ့ အပြောင်း အလဲ တိုင်းကို၊ ခံစား နိုင်တယ်၊ မင်း ဘာတွေ တွေးနေလဲ ငါ မသိ ပေမယ့်၊ ...

... မင်းရဲ့ စိတ်ကလေးက နည်းနည်း အရောင် မှိန်နေတယ်၊ ဘာ အတွက် သွားမှာလဲ ဆိုတာ ပြောပြ နိုင်မလား။ ”

သက်တံဓား သူတော်စင်က ရှင်းပြပြီး၊ မေးသည်။ ထို့ကြောင့် နဂါး အရိုးနှင့်၊ သူ့ခန္ဓာ အကြောင်း လင်းယွန်မှ အကျဉ်းချုံး ရှင်းပြ လိုက်၏။

နောက်ဆုံး၌ လင်းယွန်၏ စိတ်ဝိညာဉ် မှုန်မှိုင်း နေခြင်းကို၊ သက်တံဓား သူတော်စင်မှ နားလည် သွားသည်။

အခြား အရာ တစ်ခုခု ဆိုက၊ သူ ကူညီ နိုင်မည်။ နဂါး အရိုး မှာမူ ကွဲပြားပြီး၊ ထိုသူများမှ တားမြစ် ထား၏။

သို့သော် သူသည် ဓား သူတော်စင် သုံးပါး အနက်မှ တစ်ပါး ဖြစ်ပြီး၊ လင်းယွန်သည် သူ၏ နောက်ဆုံး တပည့် ဖြစ်သည်။

“ ဆရာ ... ၊ ဒီကိစ္စကို တပည့် ကိုယ်တိုင်ပဲ ကြိုးစားချင် ပါတယ်။ ”

သူ့ဆရာ တွေးနေ သည်ကို မြင်ပြီး၊ လင်းယွန်မှ အမြန် ဝင်ပြော လိုက်လေသည်။ ဆရာ သခင်အား အခက် မတွေ့ လိုချေ။

“ ဘယ်တော့ သွားမှာလဲ။ ”

“ တစ်လ နေရင်ပါ ဆရာ။ ”

“ ဒါဆို ... ဒီမှာပဲ နေပြီး တစ်လ လုံးလုံး ကျင့်ကြံပါ။ ”

ထိုစကားကြောင့် လင်းယွန်မှာ အံ့အားသင့် သွားသည်။ သူ့ ဆရာတွင် သက်တမ်း (၅) နှစ်မျှ သာ ကျန်ရှိ တော့၏။ ယခု သူ့အား တစ်လပေး နေသည်။ ထို့ကြောင့် မည်သို့ တုံ့ပြန်ရ မည်ကို ချက်ခြင်း မသိနိုင် ခဲ့ချေ။

“ ငါ့ အတွက် စိတ်ပူ နေစရာ မလိုဘူး၊ တစ်လလုံး ဒီမှာ နေပါ၊ အပူပင် ကင်းသော ဓား (၉) ကွက်ကို၊ လေ့ကျင့်ဖို့ အချိန် ကျပြီ။ ”

ဤမျှ ပြောလာပြီ ဖြစ်သဖြင့်၊ လက်ခံခြင်း မှတပါး အခြား မရှိချေ။ တစ်ချိန်တည်း မှာပင် ဧကရာဇ် များနှင့် ယှဉ်နိုင်သော နယ်ပယ်သို့၊ သူ့ဆရာ အောင်မြင်မှု ရရှိ စေရန်သာ၊ ဆုတောင်း လိုက်မိသည်။

***

All Chapters