သူတော်စင် တောင်ပေါ်တွင် ကျင့်ကြံခွင့် ရခြင်း (၂)။
Vol. 106 Ch. 1479
ဤသို့ဖြင့် မက်မွန် သစ်တော၌ တစ်လ တိုင်တိုင် ကျင့်ကြံ နေမိသည်။ နေ့ဘက်တွင် ဓားရေး လေ့ကျင့်ကာ၊ ည အချိန်၌ ဓား သုတ္တန်များ လေ့ကျင့်၏။
တစ်ခါ တစ်ရံတွင် ကောင်းကင် ဓားရေကန်ကို ဂီတနှင့် ပေါင်းစပ်ရန် ကြိုးစား သည့် အနေဖြင့်၊ ပလွေကို တီးမှုတ် နေလေ့ ရှိသည်။
ကောင်းကင်၊ မြေကြီး၊ တော်ဝင်၊ လေ၊ မီး၊ ပျက်စီးခြင်း၊ လျှပ်စီးနှင့် ရေခဲ တို့မှာ အပူပင် ကင်းသော ဓား (၉)ကွက် ပုံစံ ဖြစ်သည်။
ကောင်းကင် ပုံစံသည် အဆင့်နိမ့် တစ္ဆေ ဝိညာဉ် ဓားရေး များထက် နိမ့်ကျ၏။ ထို့ကြောင့် ဒုတိယ ဓားပုံစံအား လေ့ကျင့် ရပေမည်။
ကောင်းကင် ပုံစံတွင် ဓားချက် (၃၆)ချက် ရှိပြီး၊ မြေကြီး ပုံစံ တွင်မူ (၇၂)ချက် ပါရှိသည်။ ယင်းက ကောင်းကင်ထက် ပမာဏ နှစ်ဆ ဖြစ်သော်လည်း၊ လေ့ကျင့်သော အခါ အတော်လေး လွယ်ကူ နေသည်။
ကောင်းကင် ပုံစံကို သရုပ်ပြ အဆင့်ထိ ရောက်ရှိ ပြီးနောက်၊ နားလည် လွယ်လာခြင်း မျိုးလည်း ဖြစ်နိုင်၏။
ထို့အပြင် ဓား ရည်ရွယ်ချက် သည်လည်း၊ အမည်ခံ ပဉ္စမတန်း ရည်ရွယ်ချက်သို့ ရောက်ရှိ လာခဲ့သည်။
ဓားရောင်ခြည် များက၊ လေထဲတွင်၊ ကြာရှည်စွာ တည်ရှိ နေ၏။ ခမ်းနား ထည်ဝါ သော ကောင်းကင် ပုံစံနှင့် နှိုင်းယှဉ် ရသော်၊ မြေကြီး ပုံစံသည် ဆန်းကြယ် ချေသည်။
“ ဘာ ဖြစ်တာလဲ ... ။ ”
“ ဒါက ဆွဲငင်အားပဲ ... ။ ”
ရုတ်တရက် သက်တံဓား သူတော်စင် သူ့အနား ရောက်လာပြီး၊ သစ်ကိုင်း တစ်ကိုင်း ကောက်ကိုင် လိုက်သည်။
“ ဒီမှာ ကြည့် ... ။ ”
ထို့နောက် မြေကြီး ပုံစံ ဓားရေးကို ကစား ပြ၏။ ပတ်ဝန်း ကျင်ရှိ အရာရာတိုင်း နှေးကွေး လေးလံလာ သော ကြောင့်၊ လင်းယွန်မှ မျက်ခုံးပင့် လိုက်မိသည်။
ချက်ချင်းပင် ထိုပတ်ဝန်းကျင်မှ ထွက်ပြေးရန် ကြိုးစားလိုက် သော်လည်း၊ လှုပ်ရှားရ လေးလံ ခက်ခဲ လာသည်။
ထို့ကြောင့် မြေပြင် ပေါ်သို့ ကိုင်ရိုက် လိုက် သကဲ့သို့၊ ဆွဲချ ခံရကာ၊ ပါးစပ်မှ သွေးများ စီးကျ လာတော့သည်။
မျက်နှာက ဖြူဖျော့ သွားပြီး၊ နဂါးရူရ် (၈၀၀၀)ကို အသက်သွင်း လိုက်ရ၏။ သူ့နေရာ၌ အခြားသူ တစ်ဦးသာ ဆိုသော် မတ်တပ်ပင် ပြန်ရပ် နိုင်တော့မည် မဟုတ်ချေ။
“ ဖရူး ... ။ ”
သွေးမြူ အဖြစ်ပါ၊ ပြောင်းလဲ သွား နိုင်၏။ ကြောက်စရာ ကောင်းလွန်း ပေသည်။ နဂါး ရူရ် များဖြင့် ထရပ်ပြီး၊ ရွှေကျီးကန်း တောင်ပံ များကို ဆင့်ခေါ်ကာ၊ ထပ်မံ ခုန်ထွက် လိုက်ပြန်သည်။
သို့သော် မြင့်မြင့် ပျံတက် နိုင်ခဲ့ သော်လည်း၊ မလွတ်မြောက် ခဲ့ချေ။ အရှိန် ပြင်းပြင်းနှင့် ပြန်၍ ပြုတ်ကျ လာတော့၏။
သစ်ကိုင်းဓား လှုပ်ရှားမှု (၇၂) နှစ်ကြိမ် ပြည့်သည်နှင့် ‘မြေကြီး၊’ ဟူသော စကားလုံး ဖြစ်ပေါ် လာသည်။
၎င်းက ရွှေကျီးကန်း တောင်ပံ များကို ချက်ချင်း စုပ်ဖြဲ ပစ်သည်။ ထို့ကြောင့် ဘုန်းခနဲ မြေပြင်နှင့် ရိုက်မိ သံကြီး ပေါ်လာကာ၊ အရိုးများ ကျိုးအက် ကုန်၏။
“ ဆရာ ... ၊ ကျွန်တော် မထိန်းနိုင် တော့ဘူး။ ”
မြေပြင်မှ ဆွဲငင်အား အောက်တွင် နစ်မြုပ်သွားပြီး၊ နာကျင်စွာ ရှုံ့တွ အော်ပြော မိသည်။
“ ပြေးဖို့သာ တွေးနေရင် ... ၊ ဘယ်လို လုပ်ပြီး ခံနိုင်ရည် ရှိမှာလဲ၊ ထ ... မင်းရဲ့ ဓားကို ကိုင်လိုက် ... ။ ”
လင်းယွန်က စိတ်ပျက် လက်ပျက်နှင့် ထရပ် လိုက်သည်။ ဤမြေကြီး ပုံစံသည် အစွမ်းထက် လွန်း ချေ၏။ ပင်မနတ်ဘုရား နယ်ပယ်သို့၊ ဖိနှိမ် ထားသော်မှ၊ သူ့ဆရာ ရှေ့တွင် ကူကယ်ရာ မဲ့နေ သေး၏။
“ အခု မင်း ... အလှည့် စပါ။ ”
ဤတစ်ကြိမ်တွင် လင်းယွန်၏ ဓားချက်တိုင်းကို သက်တံဓား သူတော်စင်မှ၊ သစ်ကိုင်းဖြင့် ကာကွယ် နေခဲ့သည်။
ကာကွယ်သည် ဆိုသော်လည်း၊ အရေးကြီးသော အချက်အလက် များထံ ညွှန်ပြ နေခြင်းဟု ဆိုက ပိုမှန် ပေမည်။
လေးနာရီ ကြာပြီးနောက်၊ သူတို့ နှစ်ဦး၏ ဓားနှင့်သစ်ကိုင်း အဖျားတွင် ‘မြေကြီး၊’ ဟူသော စကားလုံး ဖြစ်ပေါ် လာ၏။
“ ဖောင်း ... ။
ဓားများကို ပြိုင်တူ ထိုးသွင်း လိုက်ချိန်၌ မြေကြီး နှစ်ခု တိုက်မိ ကာ၊ ပေါက်ကွဲ သံများ ညံလာ တော့သည်။
မက်မွန်ပင် အကိုင်းများ လွင့်ထွက် ကုန်လေသည်။ နှစ်ယောက် စလုံး ဤမျှနှင့် မရပ်တန့် နိုင်သေးဘဲ၊ ဘယ်လက်အား ဝှေ့ယမ်း ပြီး၊ ‘ကောင်းကင်၊’ ဆိုသော စကား လုံးကို ခေါ်လိုက်၏။
“ ဝုန်း ... ။ ”
ကောင်းကင် နှစ်စင်း ထပ်မံ တိုက်မိ သွားပြီးနောက်၊ လင်းယွန်အား မီတာ တစ်ရာ အကွာသို့၊ တွန်းထုတ် တော့သည်။
“ ကျေးဇူး တင်ပါတယ် ဆရာ။ ”
လင်းယွန်က ချက်ချင်းပင် ဒူးတစ်ဖက် ထောက်ချကာ၊ ကျေးဇူးတင် စကားဆို လိုက် မိသည်။ သက်တံဓား သူတော်စင်က လက် နှစ်ဖက်ကို နောက်သို့ ပို့ကာ ပြုံးလိုက်၏။
“ ဆရာ ... မင်းကို ... ၊ ဒီလောက်ပဲ လမ်းပြပေး နိုင်မယ် ... ၊ ကျွမ်းကျင် လာအောင် ကိုယ်တိုင် လုပ်ယူပါ၊ ဒီဓားရေးက လေးနက်တယ်၊ ...
... ခွဲခြမ်း စိတ်ဖြာခြင်း အဆင့် ရောက်ရင်၊ အဆင့်မြင့် တစ္ဆေ ဝိညာဉ် ပညာရပ် တေွထက် သာလွန် အားကောင်း လာလိမ့်မယ်၊ ...
... ကောင်းကင်နဲ့ မြေကြီး ဆိုတာ သီးခြား ဖြစ်တည် နေတာ မဟုတ်ဖူး ဆိုတာ သတိ ရပါ၊ ကျန်တာကို နောက်မှ ထပ်ပြော ရအောင်။ ”
“ ဟုတ်ကဲ့ပါ ဆရာ ... ။ ”
“ ကဲ ... ထတော့။ ”
ဆယ်ရက်ကြာ ပြီးနောက် မက်မွန် သစ်တောတွင် ထိုင်လျက်၊ လင်းယွန်၏ မျက်လုံးများ ပွင့်လာသည်။
သူ့ခန္ဓာ ကိုယ်မှ အလင်းများ ဖြာထွက်လာပြီး၊ ခရမ်းရောင် နန်းတော်၌ ကြယ်တစ်ပွင့် ဖြစ်တည် လာ၏။
ဤနေရာသည် ပြင်ပ နေရာ များထက် များစွာ သာလွန်သည်။ တစ်လမျှ ကျင့်ကြံ ရုံဖြင့်၊ ကြယ်သုံးပွင့် အဆင့်သို့ တက်လှမ်း နိုင်၏။
သို့သော် ထွက်ခွာရန် အချိန်ကျ နေပြီ ဖြစ်သည်။ သူ့ဆရာ အနေဖြင့် ကျန်ရှိ နေသော အချိန် များ၌၊ ကျင့်ကြံ ရပေ ဦးမည် ဖြစ်၏။
ဤအကျပ် အတည်းကို ကျော်ဖြတ်ကာ၊ ဧကရာဇ်နှင့် ယှဉ်နိုင်သော အဆင့်သို့ ရောက်ရှိ လာစေရန်၊ မျှော်လင့် မိသည်။
ထရပ်ပြီး မက်မွန် သစ်တောကို ဖြတ် လျှောက်ကာ၊ သက်တံဓား သူတော်စင် နောက်၌ တိတ်တိတ်လေး ရပ်နေ လိုက်၏။
“ မင်း ... သွားတော့ မှာလား။ ”
သက်တံဓား သူတော်စင်က လှည့်ကြည့်ကာ ပြုံးလျက် မေးသည်။
“ ဟုတ်ကဲ့ ... ။ ”
လင်းယွန်က လေးကန်သော အမူ အရာဖြင့် ခေါင်းညိတ် ပြလိုက်သည်။
“ အရိယာ ဓားသုတ္တန်ကို ကျင့်ကြံဖို့၊ ဘယ်လောက် အထိ ခက်ခဲလဲ ဆိုတာ သိလား။ ”
“ ဟုတ်ကဲ့ သိပါတယ်၊ နတ်ဘုရားတွေ ကြားက တိုက်ပွဲမှာ ငရဲ ပင်လယ်ကြီး ပျက်စီး သွားလို့၊ ငရဲ စွမ်းအင်ကို စုပ်ယူ နိုင်မဲ့ နေရာ မရှိတော့ ပါဘူး။ ”
“ ကြည့်ရတာ ငါ့ညီက၊ မင်းကို အကုန် ပြောပြ လိုက်ပြီ ထင်တယ်၊ ဘာပဲ ဖြစ်ဖြစ် အခု အချိန်မှာ မင်း အတွက် ငရဲ စွမ်းအင်ကို သွားရှာ စရာ မလို သေးပါဘူး၊ လက်ဆောင် တစ်ခု ပြင်ပေး ထားတယ်။ ”
စကားဆုံး သည်နှင့် သက်တံဓား သူတော်စင်က ပြုံးပြီး သူ့ နဖူးထံ လက်နှစ် ချောင်းဖြင့်၊ ထိလိုက် လေသည်။
လက်ချောင်းမှ တဆင့်၊ အကန့် အသတ်မဲ့ စွမ်းအင်များ ခန္ဓာ ကိုယ်ထဲ တိုးဝင် လာကာ၊ ငရဲ ပန်း ဆီသို့၊ စီးဝင် သွား၏။
ငရဲဓား မျိုးစေ့မှ အလင်းရောင်များ တောက်ပ လာပြီး၊ ထိုစွမ်းအင်ကို လောဘ တကြီး ဝါးမြို တော့သည်။
ယင်းက ငရဲဓား မျိုးစေ့ ပေါက်ဖွား လာစေရန်၊ ကူညီ နေခြင်း ဖြစ်သည်။ ထို့ကြောင့် နှလုံး၌ သိမ့်ခနဲ ခံစား လာရ တော့၏။
***