← Chapters

ဂိုဏ်းမှ ထွက်ခွာခြင်း။

Vol. 106 Ch. 1480

ဂိုဏ်းမှ ထွက်ခွာခြင်း။

Vol. 106 Ch. 1480

သက်တံဓား သူတော်စင် ထံမှ စွမ်းအင် များက အရှိန် အဟုန်ဖြင့်၊ အသက် ဆယ်ရှိုက်စာ ကြာအောင် စီးဝင် နေသည်။

“ ခရစ် ... ။ ”

ငရဲဓား မျိုးစေ့၌ အက်ကြောင်း ပေါ်လာ တော့၏။ သူ့ဆရာ သည်သာ ကူညီခြင်း မရှိ ပါက၊ ၎င်းမှ လိုအပ်သော စွမ်းအင်ကို အချိန် အတော် ကြာအောင် စုဆောင်း ရဦး မည်မှာ သေချာသည်။

ဓားမျိုးစေ့မှ အနက်ရောင် အငွေ့များ ပေါက်ကွဲ ထွက်လာပြီး၊ လေးပေ ရှည်သော ဓားနက် တစ်လက် ဖြစ်တည် လာ၏။

ဤဓါးသည် စွမ်းအင် သက်သက်ဖြင့် ပေါင်းစပ် ထားခြင်း ဖြစ်သည်။ ၎င်းကြောင့် လင်းယွန် အသုံးပြု နိုင်သော စွမ်းအင် ပမာဏသည်၊ ဆယ်ဆ တိုးလာ၏။

အရေးအကြီး ဆုံးမှာ၊ ရောင်ဝါ သမုဒ္ဒရာ ငြိမ်သက် သွားခြင်း ဖြစ်သည်။ ဆေးအိုးကြောင့် ယခင်က ဤမျှလောက် ငြိမ်သက်ခြင်း မရှိ ခဲ့ချေ။

ယခုမူ ၎င်းနဂါး-ဖီးနစ် ကမ္ဘာဖျက် ဆေးအိုးမှာ၊ လုံးဝ ဖိနှိမ်ခံ လိုက်ရ သကဲ့သို့ သမုဒ္ဒရာ အောက်ခြေ၌ ဝပ်တွား သွား၏။

မျက်လုံးများ ဖွင့်လိုက်သော အခါ၊ ဓားသုတ္တန် နှစ်ပါးက ပေါင်းစပ် နေပြီ ဖြစ်သည်။ လက်ရှိ အချိန်၌ နဂါး-ဖီးနစ် ကမ္ဘာဖျက် ဆေးအိုးကို သုံးရ လွယ်လာ ချေပြီ။

“ ကျေးဇူး တင်ပါတယ် ဆရာ။ ”

လင်းယွန်က စိတ်လှုပ်ရှား စွာဖြင့် ပြော လိုက်သည်။ ဓားသုတ္တန် နှစ်ပါး ပေါင်းစည်း ခြင်းဖြင့်၊ ခွန်အား မည်မျှ တိုးလာ မည်ကို သူ အသိဆုံး ဖြစ်သည်။

သက်တံဓား သူတော်စင်က ပြုံးပြီး ခေါင်းညိတ် လိုက်သည်။

“ နတ်နဂါး အရိုးက ... ၊ နတ်နဂါး အင်ပါယာရဲ့ တားမြစ် ရတနာပဲ၊ သူတို့ကို ရယူဖို့ ကြိုးစား သူ မှန်သမျှ၊ မိစ္ဆာ ကျင့်ကြံသူ တွေပဲ၊ ဒါကြောင့် အသင့်ပြင် သွားပါ။ ”

“ ဟုတ်ကဲ့ပါ ဆရာ။ ”

သုံးရက် အကြာတွင် လိုအပ် သည်များ ပြင်ဆင် ပြီးနောက်၊ ယဲ့ဇီလင်၊ ကေျာက်ယန်နှင့် အခြား သူများထံ၊ စာများ ပေးပို့ လိုက်သည်။

ဤတစ်ကြိမ်တွင် သူ မည်မျှ ကြာအောင် ခရီးထွက် ရမည်ကို မသိ သေးချေ။ နဂါး အရိုး နှင့် ပတ်သက်သည့် အချင်း အရာ တိုင်းမှာ၊ အန္တရာယ် ရှိပေ၏။

ရှေးဟောင်း ပျက်သုဉ်း မြေသည် နတ်နဂါး အင်ပါယာမှ လက်အောက်၌ ရှိသဖြင့်၊ နတ် နဂါး အရိုး ရှာဖွေ ခြင်းသည် ပုန်ကန်ခြင်း မည်၏။

ရှေးဟောင်း လေ နယ်မြေ၊ မီးနယ်မြေ၊ ရေခဲနယ်မြေ၊ လျှပ်စီးနယ်မြေနှင့် သူတော်စင် နယ်မြေ တို့သည်၊ နတ်နဂါး အင်ပါယာ၏ အမာခံ နယ်မြေများ ဖြစ်သည်။

ရှေးဟောင်း ကောင်းကင် နယ်မြေ၊ ရှေးဟောင်း မြေကြီး နယ်မြေ၊ ရှေးဟောင်း တော်ဝင် နယ်မြေနှင့် ရှေးဟောင်း ပျက်သုဉ်း မြေ တို့သည်၊ အရပ်လေး မျက်နှာတွင် ရှိပြီး၊ အာဏာ စက်နှင့် အလှမ်း ဝေးသည်။

ရှေးဟောင်း ပျက်သုဉ်းမြေ ဟူသည်၊ နတ်နဂါး အင်ပါယာ အရှေ့ ဘက်ရှိ၊ ပျက်စီးခြင်း နယ်မြေ ကြီး၏ (၃၀%)ကို ပိုင်ဆိုင် ထားသည်။

၎င်း၌ ဓားဂိုဏ်း တည်ရှိပြီး၊ အခြားသော တန်ခိုးကြီး ဂိုဏ်း (၇) ဂိုဏ်းလည်း တည်ရှိပေ ၏။

အစောပိုင်း နှစ်များ၌ အင်ပါယာသည် အရှေ့ဘက် ပျက်စီး နယ်မြေကို ထိန်းချုပ်ရန်၊ ရေှးဟောင်း ပျက်သုဉ်း မြေ၌၊ သူ့ အင်အားကို ထားရှိ ခဲ့သည်။

သို့သော် နှစ်များ ကြာလာ ချိန်၌၊ အုပ်ချုပ်မှုမှာ တဖြည်းဖြည်း ဖရိုဖရဲ အားနည်း လာသဖြင့်၊ လူတိုင်းက အင်ပါယာကို ဂရု မစိုက် တော့ချေ။

ထို့ကြောင့် နတ်နဂါး အရိုးကို လိုချင် နေသည့်၊ သူ့တပည့် လင်းယွန်အား သက်တံဓား သူတော်စင်မှ၊ မတား မြစ်ခြင်း ဖြစ်သည်။

“ ခရမ်းငယ် အဆင်သင့် ဖြစ်ပြီလား။ ”

အနန္တ လျှပ်စီး ရူရ်ကို၊ သူ အလွယ် တကူ၊ အသုံးပြု နိုင်ရန်၊ ၎င်းမှ ပြင်ဆင်ပေး နေခြင်း ဖြစ်သည်။

“ ပြီးပြီ ... ၊ နင် လိုအပ်တဲ့ အချိန် ချက်ချင်း သုံးလို့ရတယ်၊ နဂါး သွေးလွှတ်ကြော နယ်ပယ် ကျွမ်းကျင်သူ ကိုတောင် ... ၊ ဂရုစိုက် နေစရာ မလို တော့ဘူး၊ ဒါပေမယ့် ... စောင့်ဦး နဂါးလေးက အိပ်ပျော် နေတုန်းပဲ။ ”

“ ငါ စောင့်လို့ မရ တော့ဘူး၊ ဒီနေ့ အရောက် သွားရမှာ။ ”

လင်းယွန်က ဓားသေတ္တာကို ထမ်းပိုး လိုက်ပြီး၊ တိမ်ပျံ တောင်ထိပ် ပေါ်မှ ဆင်းသက် လာတော့သည်။

သို့သော် သူ့လမ်းအား မူချင်းချင်းမှ ပိတ်ကာ ရပ်နေ ခဲ့၏။

“ အစ်ကို လင်း ... ၊ သွားတော့ မို့လား။ ”

ထိုမေးခွန်းကြောင့် ပဟေဠိ ဖြစ်သွားသည်။ သူ သွားမည့် အကြောင်းအား သူ့ဆရာမှ လွဲ၍ မည်သူ့ ကိုမျှ မပြော ထားချေ။ ယဲ့ဇီလင်တို့ ကိုပင် အခုမှ စာပို့ ထားခြင်း ဖြစ်သည်။

“ အဟဲ ... အဖေ ငါ့ကို ပြောပြ လို့ပါ ... ၊ အစ်ကို လင်းက ဘာလို့ ငါ့အဖေ့ကို နှုတ်ဆက် မသွားရ တာလဲ၊ သူက အစ်ကိုလင်း ဆရာ ပြောလို့ သိရတာ။ ”

ဤကိစ္စ အတွက် သူ့တွင် အမှန်ပင် အပြစ်ရှိနေ သောကြောင့် လင်းယွန်မှ ရှက်ရွံ့စွာ ပြုံးလိုက် မိသည်။

သို့သော် ဂိုဏ်းချုပ်သည် ရာထူး မြင့်မား လွန်းသဖြင့် ဂိုဏ်းမှ ထွက်ရန် အကြောင်းအား၊ အသိ ပေးရန် မလိုဟု ယူဆ ထားသည်။

“ ဘယ်လောက် ကြာ မှာလဲ။ ”

“ အနည်းဆုံး သုံးလ ကနေ ... ၊ အများဆုံး ခြောက်လ။ ”

ဤသည်မှာ ခန့်မှန်းချက် ဖြစ်သည်။ အန္တရာယ်များ လွန်းသဖြင့်၊ အချိန် အတိ အကျ သူ မပြော နိုင်ချေ။

“ ဒါဆို ... ၊ ကောင်းကင် ရေကန် တွေ့ဆုံပွဲကို မီအောင် ပြန်လာပါ။ ”

“ ကောင်းကင် ရေကန် တွေ့ဆုံပွဲ၊ အဲ့ဒါက ဘာလဲ။ ”

“ ရှေးဟောင်း ပျက်သုန်း မြေက ... တန်ခိုးကြီးဂိုဏ်း ရှစ်ဂိုဏ်းရဲ့ ... ၊ မျိုးဆက်သစ် လူငယ်တွေ စုဝေး ကြတဲ့ ပွဲပဲ၊ အဲဒီ ... အချိန်ဆို သူတော်စင် တပည့် တွေတောင်၊ ထွက်လာ ကြတယ်။ ”

ဤသည်မှာ ရေနွေးကြမ်း သောက်ပွဲ ကဲ့သို့ ပွဲတော် တစ်ခု ဖြစ်မည်ကို လင်းယွန်မှ နားလည် သွားသည်။

“ အဲဒါက ငါနဲ့ ဘာဆိုင်လို့ ... ၊ ငါ့ကို သတိပေး ရတာလဲ၊ အရေး ကြီးတာ တစ်ခုခု ရှိနေ လို့လား။ ”

“ ပြန်လာတဲ့ အခါ ... သိလိမ့်မယ်။ ”

“ ကောင်းပြီ ... ၊ ဒါဆို ငါသွား တော့မယ် ဂျူနီယာ ညီမ မူ။ ”

“ အကျိုးဆောင် ခန်းမ အတွက်၊ ဘာ တာဝန်မှ မထမ်းဆောင် ရသေး ဖူးလို့၊ အဖေ ပြောတယ်၊ ဒါကြောင့် ဘေးကင်းစွာ ပြန်လာပါ၊ နောက် တစ်ခုက အစ်ကို လင်းမှာ၊ ရန်သူတွေ အများကြီး ရှိတယ် ဆိုတာကို မမေ့ ပါနဲ့။ ”

မူချင်းချင်းက စိုးရိမ်သော လေသံနှင့် သတိပေး လာသည်။ လင်းယွန်မှ ခေါင်းညိတ် ပြလိုက်၏။

ပြီးနောက် အန်းလျူယွင်နှင့် တွေ့ဆုံရန်၊ ကောင်းကင်ဘုံ ဆေးအိုး ခန်းမသို့ ထွက်ခွာ လာ ခဲ့သည်။ သူ ထွက်ခွာ လာသည့် သတင်းသည် ဓားဂိုဏ်း မှတဆင့် ပြင်ပသို့ လျင်မြန်စွာ ပေါက်ကြား သွားသည်။

တိမ်များ သိုင်းခြုံ ထားသော၊ ဝိညာဉ် စွမ်းအင်များ ပြည့်လျှံ နေသည့် တောင်တန်းကြီး တစ်ခုတွင်၊ ချင်းကန် တစ်ယောက် တရား ထိုင်နေသည်။

သူ့ ပတ်ဝန်းကျင်၌ ရွှေရောင် အလင်းမြူ များက ကြောက်မက်ဖွယ် ကောင်းသော နဂါး တစ်ကောင် အလား လွင့်မျော နေ၏။

ထိုအချိန်တွင် ရွှေရောင် အ၀တ် အစား ဆင်မြန်း ထားသော၊ အဖိုးအို တစ်ဦး ဆင်းသက် လာသည်။

“ သခင်ငယ် ... ၊ လင်းယွန် ဓားဂိုဏ်းက ထွက်လာပြီ။ ”

အဖိုးအိုသည် ကောင်းကင်ယံ ဂိုဏ်း၏ လောက နိယာမ နယ်ပယ် အကြီး အကဲ တစ်ပါး ဖြစ်သည်။

သို့သော် သူ ဟူသည်၊ ငရဲ နတ်ဘုရား မိသားစုမှ ကျေးကျွန် ဖြစ်သဖြင့်၊ ချင်းကန် အပေါ်၊ ရိုရို သေသေ ဆက်ဆံ ရသည်။

“ သူ ထွက်လာ ပြီလား၊ ခုနစ်လတောင် ကြာသွား ပြီနော်။ ”

ချင်းကန် မျက်လုံးများ ဖွင့်လာပြီး ပြောသည်။ ထို့နောက် ထရပ် လိုက်ကာ၊

“ ဘာအတွက် ထွက်လာ တာလဲ ဆိုတာ သိလား၊ သူ့နောက်မှာ တစ်ယောက် ယောက် ပါလာ သေးလား။ ”

ရွှေနဂါး အရိုးကို ပိုင်ဆိုင်ထား ချိန်တွင်၊ မျိုးဆက်တူ အတွင်း၊ လူတိုင်းကို လျစ်လျူရှု နိုင်ခဲ့၏။

သို့သော် လင်းယွန် လက်၌ ၎င်းကို ဆုံးရှုံးရပြီး၊ လုံးဝ ဒုက္ခိတ တစ်ဦး အဖြစ် ရောက်ရှိ လာသည်။

ကံကောင်း ထောက်မ စွာဖြင့်၊ ကောင်းကင်ဘုံ သူတော်စင် သခင်မှ တပည့် အဖြစ် ခေါ်ယူ ခဲ့သည်။

“ ဘာ အတွက်လဲ ဆိုတာတော့ ... ၊ ကျွန်တော် မသိသေး ပါဘူး၊ သူ တစ်ယောက် တည်း လာတာတော့ သေချာ ပါတယ်။ ”

“ သေချာ တယ်နော်။ ”

“ ဟုတ်ကဲ့ သေချာ ပါတယ်။ ”

“ အခု ... သူက ကြယ်နှစ်ပွင့် ကောင်းကင် အဆင့် မှာပဲ မဟုတ်လား။ ”

တန်ခိုးကြီး ဂိုဏ်း (၈) ဂိုဏ်းသည် အချင်းချင်း မျက်ချေ မပြတ် စေရန်၊ သူလျှိုများ ထားရှိ ကြ သည်။ ယင်းကြောင့် လင်းယွန် သတင်း ရရှိရန် မခက် ခဲချေ။

“ ဟုတ်ပါတယ်၊ ဒါပေမယ့် ကြယ် ငါးပွင့် အဆင့်၊ ပြိုင်ဘက် နှစ်ယောက်ကို အနိုင် ယူပြီး၊ ကောင်းကင် တပည့် ဖြစ်လာ ပါတယ်။ ”

ဤနေရာ အရောက်တွင် ကျေးကျွန် အဖိုးအိုမှာ အံကြိတ် လိုက်သည်။ အယုတ် တမာ ကောင်လေးသည်၊ သူ့မျက်စိ ရှေ့မှာပင် သခင်ငယ် များကို သတ်ပစ် ခဲ့ဖူးသည်။

သည့်အပြင် သူ့အား သတ်မည် ဟုပင်၊ လူသိရှင်ကြား ထုတ်ဖော် ကြေငြာ သွားခဲ့သည်။ ထို့ကြောင့် သူ့ အမုန်း တရားမှာ ချင်းကန်ထက် ပို၏။

“ သူ့ အသက်ကို ... ၊ ကျွန်တော် သွားယူ လိုက်ပါမယ်။ ”

ဤအဖိုးအိုမှာ နဝမမြောက် ကောင်းကင် လမ်းတွင်၊ စည်းမျဉ်း ချိုးဖြတ်ကာ၊ လင်းယွန်ကို သတ်လို ခဲ့သော ကျင်းကျွယ် ဖြစ်သည်။

“ မင်းက ကောင်းကင်ယံ ဂိုဏ်းက အဆင့်မြင့် အကြီးအကဲ တစ်ယောက် ဆိုတာကို၊ မမေ့ ပါနဲ့ ... ။ ”

ချင်းကန်က မျက်နှာ ပြောင်းလဲ သွားပြီး၊ သတိ ပေး စကား ဆိုသည်။ ဤအဖိုး ကြီးတွင် ဦးနှောက် မရှိချေ။

အကယ် ၍သာ ၎င်းအထောက် အထားကို ဖော်ထုတ် နိုင်ခဲ့ ပါက၊ ဓားဂိုဏ်းနှင့် စစ်ပွဲကြီး ဆင်နွှဲ ရ ပေမည်။

အထူး သဖြင့် ကောင်းကင်ယံ ဂိုဏ်း၏ မျိုးဆက်သစ် ပါရမီရှင်များ ကျိန်းသေပေါက် လုပ်ကြံ ခံရမည် ဖြစ်၏။

ဂိုဏ်းကြီး များကြား၊ သဘော တူညီချက် ပျက်ပြယ်ကာ၊ အပြန်အလှန် လုပ်ကြံ သတ်ဖြတ် ကြပေ တော့မည်။

ယင်းကို သိသော်မှ ငရဲ နတ်ဘုရား မိသားစု၏ ကေျးကျွန် ဖြစ်သဖြင့်၊ ကျင်းကျွယ်မှ နောက်မဆုတ် လိုသေးချေ။

“ သူက ပင်မ နတ်ဘုရား နယ်ပယ်က ပုရွက်ဆိတ်လေး တစ်ကောင်ပါ၊ ဒါကို ခြေရာ လက်ရာ မကျန်အောင် လုပ်လို့ ရပါတယ်၊ နတ်နဂါး အင်ပါယာက ...

... ကျွန်တော်တို့ ငရဲ နတ်ဘုရား မိသားစုကို ၊ သူတော်စင် မိသားစု တေွရဲ့၊ အကြီးအကဲ ရာထူး ပေးအပ် ထားတယ်၊ ဒါကြောင့် ... သူ့ကို မသတ် နိုင်ရင် ... ၊ ကျွန်တော်တို့ အတွက် အမည်းစက် ဖြစ်ရ ပါလိမ့်မယ်။ ”

-ဟု ထပ်လောင်း ပြောလိုက်သည်။

“ သခင်ငယ်တွေ ... သေဆုံးမှု အတွက်၊ မင်းက အပြစ်သား ဖြစ်နေ တာကြောင့်၊ သူ့ကို သတ်ချင် နေတာ ငါ သိပါတယ်၊ ဒါပေမယ့် သူ့နောက်မှာ ဘယ်သူမှ၊ ...

... မပါဖူး ဆိုတာ သေချာလား၊ သူ့ကို ကာကွယ် ပေးမယ့် လူ ... ၊ မရှိရင် တောင်မှ သက်တံဓား သူတော်စင်က၊ အကာ အကွယ် တစ်ခု ပေးလိုက်မှာ သေချာ ပါတယ်၊ ...

... မင်းရဲ့ ဝက်ဦး နှောက်ကို တွေးခေါ်တဲ့ နေရာမှာ သုံးပါ ... ၊ သက်တံဓား သူတော်စင်ရဲ့ တပည့်ကို လွယ်လွယ် သတ်လို့ ရနေရင်၊ ဓားဂိုဏ်း ပြီးသွားတာ ကြာပြီပေါ့။ ”

ကျင်းကျွယ် ခမျာ စကား တစ်ခွန်းမျှ ထပ်မပြောဝံ့ တော့ဘဲ၊ ချင်းကန် ကြိမ်းမောင်း သမျှ ခံနေရ လေသည်။

“ အခု ငါမှာ အောင်မြင်မှု၊ ရယူ ခါနီး ဖြစ်နေတယ်၊ မဟုတ်ရင် ... ငါ သူနဲ့ တွေ့ချင် ပါသေးတယ်။ ”

ချင်းကန်က အဖြေ ရှာနေ သကဲ့သို့၊ ငြိမ်သက်သွား၏။ လင်းယွန်အား မည်သူမျှ မသိဘဲ၊ သတ်ရန် ခက်ခဲ ချေပြီ။

နောက်ဆုံးတွင် သက်တံဓား သူတော်စင် တပည့် ဟူသော ဂုဏ်ပုဒ်သည်၊ ကြီးမား လှချေ ၏။

ကျင်းကျွယ် အကြံ ပြုသည့် အတိုင်း လုပ်ဆောင် မိသော်၊ တရားခံအား ရှာတွေ့ သွား ပါက၊ ဓားဂိုဏ်းမှ လက်စားချေ လာကြ မည်မှာ သေချာ၏။

“ ဒါကို ... မင်း စိတ်ထဲက ထုတ်လိုက်ပါ၊ ငါ ... ဆရာနဲ့ ဆွေးနွေး လိုက်မယ်၊ ဓားဂိုဏ်း ကနေ ထွက်သွား ရတဲ့၊ သူ့ ရည်ရွယ်ချက်ကို သိဖို့ လိုတယ်။ ”

ပြောပြီး သည်နှင့်၊ ချင်းကန် ထွက်သွား တော့၏။ သူ လုံးဝ ပျောက်ကွယ် သွား ချိန်တွင်၊ ကျင်းကျွယ် မျက်နှာမှာ ပြောင်းလဲ လာသည်။

ချင်းကန်၏ ဆုံးဖြတ်ချက် အပေါ်၊ မကျေနပ်ချေ။ လင်းယွန်ထံ ရှုံးနိမ့် ပြီးနောက်၊ ချင်းကန်၌ တိုက်ပွဲဝင် ဆန္ဒများ ပျောက်ဆုံး သွားပေသည်။

ပင်မ နတ်ဘုရား နယ်ပယ်၊ ပုရွက်ဆိတ် တစ်ကောင်ကို သတ်ရန်၊ ပြတ်ပြတ် သားသား ဆုံးဖြတ်ချက် မချ နိုင်ချေ။

သက်တံဓား သူတော်စင် တပည့် ဖြစ်လျှင်ပင်၊ ဓားဂိုဏ်း၏ လက်တံ အောက်မှ လွတ်ပါက၊ သတ်ရန် နည်းလမ်းပေါင်း တစ်ရာ မက ရှိသည်။

လိုအပ် သည်မှာ ပြတ်သားသော ဆုံးဖြတ်ချက် ဖြစ်သည်။ ထို့ကြောင့် သတ်ဖြတ် လိုသော ရည်ရွယ်ချက်များ ပြသလျက်၊ ဂိုဏ်းမှ ချက်ချင်း ထွက်ခွာလိုက် တော့သည်။

***

All Chapters