← Chapters

ကြယ် နယ်မြေ။

Vol. 106 Ch. 1481

ကြယ် နယ်မြေ။

Vol. 106 Ch. 1481

ဓားဂိုဏ်း အပြင်ရှိ မြို့ကို အပြာရောင် ကျောက်တုံး မြို့တော်ဟု ခေါ်သည်။ ထိုမြို့၌ ကောင်းကင် ဆေးအိုး ခန်းမ ရှိ၏။

အန်းလျူယွင်က လင်းယွန်အား မြင်သည်နှင့်၊ မကျေ မနပ်ဖြင့်၊

“ ပန်းသင်္ချိုင်း ... ၊ နင် လာဖို့ ဆန္ဒရှိ သေးတယ်နော်။ ”

-ဟု စီးကြို ပြောလိုက် တော့သည်။

သူမ၏ အမူ အရာကြောင့် လင်းယွန် ခမျာ သတိ ကပ်လိုက် ရ၏။ သတိ လက်လွတ် နေမိသော် မည်သို့ သေဆုံး သွားသည် ကိုပင် သိ လိုက်မည် မဟုတ်ချေ။

ပထမ အကြိမ် တွေ့ဆုံမှုတွင်၊ သူမ၏ ကျော့ကွင်း အတွင်း၊ သက်ဆင်း လုနီးပါး ဖြစ်ခဲ့ ရသည်။ လက်ရှိ ခွန်အား ဖြင့်ပင်၊ သူမကို သူ မမြင်နိုင် သေးချေ။

“ နတ်နဂါး အရိုး အတွက် ဆိုတော့ ... ၊ သဘာဝ အတိုင်း ကောင်းကောင်း ပြင်ဆင် နေ ရတယ်။ ”

လင်းယွန်က အန်းလျူယွင်၏ မျက်ဝန်း များကို ရေှာင်လျက်၊ တည်ငြိမ်စွာ ပြန်ပြော လိုက်သည်။

“ အိုး ... သခင်လေး လင်းက၊ ဘာတွေများ ဒီလောက်ထိ ပြင်ဆင် လာခဲ့လဲ၊ ငါ့ကို မျှဝေဖို့ ဆန္ဒ ရှိမလား။ ”

“ ဒီလောက်လည်း မဟုတ်သေး ပါဘူး။ ”

လင်းယွန်မှ ပြုံးကာ ငြင်းလိုက်သည်။ တစ်ဖက် လူမှ မျှဝေချင် စိတ် မရှိ သောကြောင့်၊ အန်းလျူယွင်က ထပ် မမေး တော့ဘဲ၊

“ သခင်လေး ကြည့်ရတာ ... ၊ အရမ်း တည်ငြိမ် နေတယ်၊ မြေကြီး အဆင့်မှာ ချန်ပီယံ ဖြစ်လာတဲ့ အကျိုးဆက်က ယုံကြည်ချက် ပိုတိုးလာ စေပုံ ရတယ်။ ”

“ မင်း ... ငါ့အပေါ်၊ အရမ်း ဂရုစိုက် နေသလိုပဲ။ ”

“ ဒါပေါ့ သခင်လေး လင်းက ... ၊ ငါ့ရဲ့ လုပ်ဖော် ကိုင်ဖက်ပဲ၊ မင်းကို ဂရုစိုက် မိတာ သဘာဝ မဟုတ် ဖူးလား၊ မင်းသာ တစ်ခုခု ဖြစ်သွားရင်၊ ငါပဲ ဝမ်းနည်း ရမှာ။ ”

“ မိန်းကလေး အန်းမှာ ... ၊ ငါ့လိုမျိုး လုပ်ဖော် ကိုင်ဖက်တွေ အများကြီး ရှိလိမ့်ဦး မယ်လို့ ... ၊ ငါ ယုံတယ်။ ”

“ လူတိုင်းမှာ ငါ့ရဲ့ လုပ်ဖော် ကိုင်ဖက် ဖြစ်လာဖို့၊ ခွန်အားနဲ့ စွမ်းရည်တွေ ရှိ မနေ ကြဘူး။ ”

အန်လျူယွင် အဖြေကြောင့် လင်းယွန်က သူမကို ပြန်ကြည့် မိသည်။ အဓိပ္ပါယ်မှာ အလွန် ရိုးရှင်း ပေ၏။

နတ်နဂါး အရိုးနှင့် ပတ်သက်သည့် သတင်းကို သူမ စောစော စီးစီး ရထားသည် ဟုပင် သံသယ ရှိလာသည်။

အဘယ်ကြောင့် ဆိုသော်၊ တောင်ထိပ် ငါးလုံးပြိုင်ပွဲ ပြီးမှ သာလျှင်၊ သူ့အား ဆက်သွယ် ခဲ့သည်။

ဆိုလိုသ ည်မှာ သူ့တွင် လုံလောက်သော အလား အလာနှင့် ခွန်အားမျိုး၊ ထိုပွဲ၌ မပြနိုင် ခဲ့ ပါက၊ အချက် အလက်များ သူ့ထံ ပေးပို့မည် မဟုတ်ချေ။

နဂါး အရိုးနှင့် ပတ်သက်သော မည်သည့် သတင်း မဆို၊ တန်ဖိုး ရှိသည်။ သို့သော် သူမ လုပ်ရပ် အပေါ်၊ အနည်းငယ် ဒေါသ ဖြစ်မိ၏။

“ မင်းရဲ့ သရုပ် အမှန်ကို ပြောပြဖို့ ... ၊ အချိန်တန်ပြီ ထင်တယ်။

ထို့ကြောင့် နတ်နဂါး အရိုး အကြောင်း မေးရန် အလျင် စလို မဟုတ်ဘဲ၊ အန်းလျူယွင် ထံ စိုက်ကြည့် လိုက်သည်။

“ ကောင်းပြီ ငါ့ကတိ အတိုင်း၊ မင်းကို ပြောပြမယ်၊ ဒါနဲ့ ... ငါတို့ အခု ဘယ်မှာ ရောက် နေလဲ၊ မေးပါ ရစေ။ ”

အန်းလျူယွင်က ပြုံးကာ မေးလာ၏။

“ ကောင်းကင်ဘုံ ဆေးအိုး ခန်းမ။ ”

ထိုမေးခွန်းမှာ စဉ်းစားစရာ မလို သဖြင့်၊ ချက်ချင်း ပြန်ဖြေ မိသည်။

“ ခစ် ခစ် ခစ် ... မဟုတ်ဖူး၊ အဲဒါက ... အတုပဲ၊ တကယ်ဆို ငါတို့ ရှိနေတာ ကောင်းကင် ကြယ်ခန်းမပါ။ ”

အန်းလျူယွင်က ရယ်လျက် ပြန်ဖြေ၏။ ထင်ထားသည့် အတိုင်း၊ မိစ္ဆာဂိုဏ်းကြီး ဖြစ်နေ သဖြင့်၊ လင်းယွန်မှာ အံ့ဩခြင်း မရှိချေ။

အပြာရောင် စံအိမ် နယ်မြေရှိ၊ နတ်မိစ္ဆာ နယ်မြေတွင် ကောင်းကင်ဘုံ ကြယ်ခန်းမ တစ်ခု ရှိသည်။

ခွန်လွန်၌ ထိုအင်အား စုသည်၊ မည်မျှ လက်တံ ရှည်ကြောင်း မြင်သာ လာစေသည်။ ယခုပင် ဓားဂိုဏ်း၏ မျက်စိ အောက်၌ အမည် မှန်ကို ဖုံးကွယ်ကာ၊ တည်ရှိ နေ၏။

ဓားဂိုဏ်း သည်လည်း၊ ကောင်းကင်ဘုံ ကြယ်ခန်းမ၏ သရုပ်မှန်ကို သိသည်။ ဤကမ္ဘာ ကြီးတွင် အဖြူနှင့် အမည်း ဟူသည်၊ ယှဉ်တွဲ နေသော အရာ ဖြစ်၏။

ထို့အပြင် အနက်ရောင် နယ်မြေ များ၌ လူတိုင်း အတွက်၊ ပွင့်ပွင့် လင်းလင်း ထုတ်ဖော် နိုင်ခြင်း မရှိသော ရတနာ များကို၊ ရောင်းဝယ် ဖောက်ကား နိုင်သည်။

“ ဒါဆို ကောင်းကင်ဘုံ ကြယ် ခန်းမမှာ၊ မင်းရဲ့ ရာထူးက ဘာလဲ။ ”

“ ကောင်းကင်ဘုံ ကြယ် ခန်းမက၊ (၁၃) ယောက်မြောက် သံတမန်ပဲ၊ သံတမန် တွေကို သခင်ငယ် ရာထူး အတွက်၊ ယှဉ်ပြိုင်ခွင့် ပေးထားတယ်။ ”

နောက်ထပ် တစ်လှမ်း လှမ်းနိုင် ရုံဖြင့်၊ ကောင်းကင်ဘုံ ကြယ် ခန်းမ၏ သခင်ငယ် ဖြစ် လာမည် ဖြစ်သောကြောင့်၊ လင်းယွန်မှ အနည်ငယ် တုန်လှုပ် သွားသည်။

တစ်ချိန်တည်း မှာပင် ထိုအဆင့်သို့ ရောက်ရန်၊ လွယ်မည် မဟုတ် ကြောင်းလည်း၊ နားလည် ထား၏။

“ ငါ့ရဲ့ သရုပ် မှန်ကို ... ၊ လူတော်တော် များများက မသိ ကြဘူး၊ သခင်လေး လင်းကို ... ၊ ယုံကြည်လို့ ရတယ် မဟုတ်လား။ ”

အန်းလျူယွင်မှ ပြုံးပြီး၊ ကြည့်လာ၏။ လူနှစ်ဦး ပူးပေါင်း ဆောင်ရွက် လိုသော် ရိုးသား ရပေမည်။ မရိုးသား ကြသော်၊ ပူးပေါင်း ဆောင်ရွက်၍ ရမည် မဟုတ်ချေ။

“ နတ်နဂါး အရိုး ... ဘယ်မှာလဲ။ ”

လင်းယွန်က ခေါင်းညိတ် လျက်၊ ပြောင်ပြောင် တင်းတင်း မေး လိုက်သည်။

“ ကောင်းကင် ရှစ်လွှာရဲ့၊ မဖွံ့ဖြိုး သေးတဲ့ ကြယ် နယ်မြေမှာ၊ ဒါပေမယ့် ကျိန်းသေပေါက် ရှိ လိမ့်မယ်လို့ ... ၊ ငါ အာမ မခံ နိုင်ဘူး။ ”

အန်းလျူယွင် စကား အရ၊ ကောက်ရိုးပုံ အတွင်း၊ အပ် တစ်ချောင်းကို ရှာဖွေ နေသကဲ့သို့ ဖြစ်နေ ချေ၏။

“ ဒါပေမယ့် စိတ် မပူပါနဲ့ ... ၊ ငါလည်း မင်းနဲ့ အတူ လိုက်ခဲ့မယ်၊ နေရာ အတိ အကျ ကိုတော့၊ အခု ငါ မင်းကို မပြောနိုင် သေးဘူး။ ”

“ မင်းရော လိုက်ခဲ့ မို့လား ... ။ ”

လင်းယွန်မှ အံ့သြ သွားသည်။

“ ဟုတ်တယ် ... ၊ မဖွံ့ဖြိုး သေးတဲ့ ကြယ်နယ်မြေမှာ၊ အခွင့် အလမ်းတွေ ရှိတယ်၊ ဒါကြောင့် နတ်နဂါး အရိုး မရှိ ရင်တောင်၊ သွားရောက် သင့်တဲ့ နေရာပါ၊ ဒီခရီးစဉ်က ငါ့အတွက် အရမ်း အရေး ကြီးတယ်။ ”

“ ဒါဆို ... ငါတို့ ဘယ်တော့ ထွက်မှာလဲ။ ”

“ နောက်ထပ် လူ အချို့ကို စောင့်ရဦးမယ်၊ ငါ့အခန်းမှာ ရက် အနည်းငယ် လောက် အနား ယူပါ။ ”

“ အဆင် ပြေတယ်၊ ငါသာ နတ်နဂါး အရိုး ရခဲ့ရင် ... ၊ မင်း အပေါ် အကြွေး ကြီးကြီး တင် သွားမှာ သေချာတယ်။ ”

လင်းယွန်မှ ကတိ ပေးလိုက်သည်။

“ ဒီလောက်လည်း ... အလေး အနက် ထားမနေ ပါနဲ့၊ ကဲ ... အရင်ဆုံး အနားယူ လိုက် ပါဦး။ ”

အန်းလျူယွင်က ပြုံးပြီး ဦးညွှတ်ကာ ထွက်ခွာ သွားတော့သည်။ သို့သော် ဦးညွှတ် လိုက်သော အခါတွင်၊ ‘မသိစိတ်’ ရင်အုံကို လှိုင်းထ လာအောင်၊ ညှစ်ပစ် လိုက်မိ၏။

လင်းယွန် တစ်ယောက်၊ ကမ္ဘာဖျက် ကပ်ဘေး တစ်ခုနှင့် ကြုံလိုက်ရ သကဲ့သို့၊ အာခေါင် ခြောက်သွားသည်။

“ ဟမ့် ... ၊ ဒီတိရိစ္ဆာန် မ ... ။ ”

ခရမ်းငယ်က ကျိန်ဆဲလျက်၊ ဓားသေတ္တာ အတွင်းမှ ဒေါသတကြီး ထွက်လာ၏။ လင်းယွန် မှာမူ ငြိမ်သက် နေခဲ့သည်။

“ လင်းယွန်၊ သူ နင့်ကို လာရှုပ် နေတယ်။ ”

“ အဲဒီ လိုလည်း မဟုတ် သေးပါဘူး၊ ကြယ်နယ်မြေရဲ့ တည်နေရာကို ပြောပြဖို့ ဆန္ဒ မရှိ တာက၊ ငါ သူ့ကို ထားခဲ့ ကြောက်နေလို့ ဖြစ်နိုင်တယ်။ ”

လင်းယွန်မှ တွေးတွေး ဆဆဖြင့် ပြန်ဖြေသည်။

“ မဟုတ်ဘူး၊ သူ ... နင့်ကို မယုံတာ ... ။ ”

“ ကောင်းတာပေါ့... ၊ ငါလည်း သူ့ကို မယုံဘူး၊ အဲဒါကို ခဏ ထားပါဦး၊ ကောင်းကင် (၃၆)လွှာ အကြောင်း ရှင်းပြ ပါလား။ ”

“ ဒါက ရှင်းရှင်း လေးပါ။ ”

ခရမ်းငယ်က လက်ကို မြှောက်ကာ၊ လေထဲတွင် ပုံသဏ္ဍာန် တစ်ခု အသွင် ရေးဆွဲ လိုက်သည်။

ရွှေစက်လုံး တစ်လုံး ပေါ်လာပြီး၊ ၎င်းပတ်ပတ် လည်၌၊ အလင်း စက်ကွင်းများ တစ်ခုပေါ် တစ်ခု၊ အထပ်ထပ် ဖြစ်တည် လာသည်။

“ ဒီစက်လုံးက ခွန်လွန်ဘုံပဲ ...၊ ဒါက ပထမ ကောင်းကင် အလွှာ ဖြစ်ပြီး၊ စုစုပေါင်း (၃၆)လွှာ ရှိတယ်၊ ဒီအလွှာ တွေက ခွန်လွန်ကို အစီရင် တစ်ခုလို ကာကွယ် ပေးထား တာ ... ။ ”

“ သူ ပြောခဲ့တယ်၊ အဋ္ဌမ အလွှာက ကြယ်နယ်မြေ ဆိုတာ၊ ဒီနေရာမှာ ရှိတယ်၊ ဒါပေမဲ့ ... အဋ္ဌမ အလွှာက ကျယ်ပြောတဲ့ အတွက်၊ သြဒိနိတ် အတိ အကျ မသိရင် ရှာတွေ့ဖို့ မလွယ်ဘူး။ ”

အဋ္ဌမမြောက် အလင်းလွှာ တစ်ခုလုံးကို ညွှန်ပြပြီး ခရမ်းငယ်မှ ရှင်းပြ လာသည်။

“ ထားတော့ ငါ သိချင် တာက၊ နတ်နဂါး အရိုးကို... အဲဒီ ကြယ်နယ်မြေမှာ ရှာလို့ တွေ့နိုင် ပါ့မလား။”

“ တကယ်တော့ ကြယ်တွေ ဆိုတာ၊ တစ်ချိန်တုန်းက ဂြိုဟ်တွေရဲ့ အပိုင်း အစပဲ၊ နတ်နဂါး ခေတ်နဲ့ ဘာမှ မဆိုင်ဘူး၊ ဒါကြောင့် နတ်နဂါး အင်ပါယာ လက် မရောက် သေးတဲ့ နယ်မြေ တွေမှာ ရှိနိုင် ပါတယ်။ ”

“ ဒီလို ဖြစ်ဖို့ပဲ ... မျှော်လင့် ရတာပဲ။ ”

လင်းယွန်က တိုးတိုးလေး ရေရွတ်သည်။ နတ်နဂါး အရိုး အပေါ် ရူးသွပ် မတတ် စွဲလမ်း နေပြီ ဖြစ်သည်။

ထို့ကြောင့် အန်းလျူယွင် သည်သာ သူ့ကို လှည့်ဖြား ခဲ့ခြင်း ဖြစ်ပါက၊ ရက်စက်သူ အဖြစ် အပြစ် မတင် သင့်ချေ။

***

All Chapters