← Chapters

ဆဠမမြောက် လူ။

Vol. 106 Ch. 1482

ဆဠမမြောက် လူ။

Vol. 106 Ch. 1482

နောက်ရက် များတွင် အန်းလျူယွင် တစ်ယောက် မကြာခဏ ဆိုသလို ပေါ်လာပြီး တောင်းပန်သည့် လေသံဖြင့် စကား စမြည် ပြောလာ တတ်သည်။

သည့်အပြင် ဤခရီးစဉ် အတွက် စိတ်လှုပ်ရှား နေကြောင်း သိသာ ပေ၏။ သူမ ထွက်ခွာ သွားသည်နှင့်၊ အမွှေးတိုင် ထွန်းကာ အခန်း အတွင်း၊ ပြန်၍ ကျင့်ကြံ မိသည်။

အန်းလျူယွင် မှလည်း၊ သူတော်စင် ဆေးလုံး မျိုးစုံကို၊ နေ့စဉ်နှင့် အမျှ အဆက် မပြတ် ပေးပို့ ထောက်ပံ့ လာသည်။

ကောင်းကင်ဘုံ ဆေးအိုး ခန်းမသည် မြို့တော်ရှိ အကြီးဆုံး ကုန်သွယ်ရေး အရောင်း ဆိုင် ဖြစ်သဖြင့်၊ အရင်းအမြစ် အများ အပြား ထုတ်ယူ နိုင်သည်မှာ၊ အံ့သြစရာ မဟုတ်ချေ။

ဓားနက်၏ ကြီးထွား နှုန်းမှာ၊ အလွန် မြန်ဆန်လာ ခဲ့သည်။ ကျင့်ကြံမှု သည်လည်း၊ (၇) ရက် အတွင်း ကြယ် သုံးပွင့်၌၊ တည်ငြိမ် သွား၏။

အကြမ်းဖျင်း တွက်ချက်မှု အရ၊ အမည်ခံ သူတော်စင် စွမ်းအင် ဆေးလုံးများ အပါအဝင်၊ နတ်ကြယ် ပုလဲပေါင်း သုံးသန်း နီးပါးခန့်၊ အန်းလျူယွင်မှ ပေးခဲ့ ရသည်။

သို့သော် နောက်ထပ် ခုနှစ်ရက် ကုန်လွန်သည် အထိ၊ သူမ ပေါ်မလာ တော့ချေ။ ယင်းအစား အစေခံ တစ်ယောက် ယောက်နှင့်၊ နတ်ကြယ် ပုလဲများ ပေးပို့ဆဲ ဖြစ်သည်။

သူမ ပြန်ရောက် လာချိန်၌၊ လင်းယွန်ကို ကြည့်ကာ မျက်လုံးပြူး သွားသည်။ အမှန်ပင် အံ့ဩသွား နေချေ၏။

“ သခင်လေး လင်း ... ၊ ကြယ်လေးပွင့် မရသေး ဖူးလား။ ”

အရင်း အမြစ် များစွာနှင့်၊ ဓားဂိုဏ်းမှ နာမည်ကြီး ဓားသုတ္တန်ကြောင့် ကြယ်လေးပွင့် သို့ ရောက်ရှိရန်၊ လင်းယွန် အတွက် ပြဿနာ မဖြစ် သင့်ချေ။

ပင်ကိုယ် စွမ်းရည်နှင့် နားလည် နိုင်စွမ်း လုံလောက်စွာ မရှိမှ သာလျှင်၊ ကြန့်ကြာ တတ် ကြခြင်း ဖြစ်သည်။

“ နည်းနည်းတော့ လိုနေ သေးတယ်၊ ဒါနဲ့ ကြယ်လေးပွင့် ရောက်တဲ့ အချိန်ထိ ...၊ စောင့်နေ တာတော့ မဟုတ်ပါ ဖူးနော်။ ”

“ ဒီခရီးစဉ်က ငါ့အတွက် အရမ်း အရေး ကြီးတယ် သခင်လေး လင်း၊ သခင်လေး ကိုတင် မဟုတ်ဖူး၊ ကျန်တဲ့ လူတွေ ကိုလည်း၊ ...

... အရင်း အမြစ်တွေ ပေးခဲ့တယ်၊ ကြယ်နယ်မြေကို ခရီး မထွက်ခင်၊ ငါတို့ အားလုံး သန်မာ နေဖို့ လိုတယ်။ ”

လွန်ခဲ့သည့် ရက် အနည်းငယ် အတွင်း အန်းလျူယွင် တစ်ယောက်၊ ဤခရီးစဉ် အတွက် လူများ ထပ်မံ ခေါ်ယူ နေခြင်း ဖြစ်ကြောင်း နားလည် လိုက်သည်။

“ ဘာကိစ္စ ရှိလို့လဲ ... ၊ ငါ့ကို အခု ဖုံးကွယ် ထားဖို့ မလို တော့ဖူး မဟုတ်လား။ ”

လင်းယွန်မှ ထုတ်မေး လိုက်သဖြင့်၊ အန်းလျူယွင်မှ တွေဝေ သွားပြီး ခေါင်းငြိမ့် ပြကာ၊

“ ကောင်းကင်ဘုံ ကြယ်ခန်းမရဲ့ ... ၊ သခင်ငယ် ရွေးပွဲက ပြိုင်ဆိုင်မှု ပြင်းထန်ပြီး ရက်စက်တယ်၊ အရင် တုန်းက သံတမန် (၁၀၈)ပါး ရှိတယ်၊ အခု (၁၃) ဦးပဲ ကျန်တော့တယ်၊ ...

... ဒီခရီးစဉ်က ... ၊ အဲဒီ စမ်းသပ်မှု တွေ ထဲက တစ်ခုပဲ၊ ဒီတစ်ကြိမ် မှာတော့ (၈) ဦးကို ဖယ်ထုတ်မှာ ဖြစ်လို့၊ နည်းနည်းတော့ စိုးရိမ် မိတယ်။ ”

-ဟု ပွင့်ပွင့် လင်းလင်း ဆိုလာသည်။

သူမ စကားကြောင့် လင်းယွန်မှာ အတွေးနက် သွားခဲ့၏။ အန်းလျူယွင်မှ သူ့အား သက်တော်စောင့် အဖြစ် အသုံး ပြုရန် စီစဉ် ခဲ့ခြင်း ဖြစ်ပေသည်။

“ အထင် မမှား ပါနဲ့ ... သခင်လေး လင်း၊ ဒီလို ငါလည်း မမျှော်လင့် မထား ပါဘူး၊ အဲဒါကို ပြောပြ ရရင် ... ။ ”

အန်းလျူယွင်မှ အံကြိတ်ကာ တုံ့ဆိုင်း သွားသည် ။

“ ဆက် ပြော ပါ။ ”

“ ကောင်းကင်ဘုံ ကြယ်ခန်းမရဲ့ ... စည်းမျဉ်းတွေ အရ ... ၊ ငါနဲ့ အတူ လူ(၆)ဦး ကိုသာ၊ ခေါ်ဆောင်ခွင့် ရှိတယ်၊ အားလုံး ပင်မ နတ်ဘုရား နယ်ပယ် ကပဲ။ ”

“ ဒါဆို မင်းရဲ့ ... ၊ ခွဲတမ်း (၆)ခု ထဲက တစ်ခုက ငါ ... ပေါ့။ ”

အန်းလျူယွင်မှ မည်သည့် တုန့်ပြန် စကားကိုမှ မဆို သဖြင့်၊ လင်းယွန်က နားလည် သွားသည်။ ခွဲတမ်း တစ်ခုစီ တိုင်းသည်၊ တန်ဖိုး ရှိသဖြင့်၊ သူမ ခေါင်းကိုက် နေမည်မှာ သေချာ၏။

“ ခြောက်ယောက် ထဲမှာ၊ အမြင့်ဆုံး အဆင့်က ဘာလဲ။ ”

“ အဋ္ဌမ ကြယ် အဆင့် ... ၊ သခင်လေး လင်း ကိုသာ ထည့် မတွက်ရင်၊ အနိမ့်ဆုံး သူက ဆဠမ ကြယ် အဆင့်ပဲ၊ ဒါပေမယ့် ဒီလူက ဝိညာဉ် ရေးရာ ဆရာသခင် ဖြစ်လို့၊ သတ္တမ ကြယ်ကို ယှဉ်နိုင်တယ်။ ”

“ နား လည် ပြီ ... ။ ”

အန်းလျူယွင် အပေါ်၊ သူ နားလည်မှု လွဲနေမှန်း၊ သိလိုက် ရသည့် အတွက်၊ လင်းယွန် အမူအရာ လေးနက် လာခဲ့သည်။ ဤခရီးသည် သူမ အတွက် များစွာ အရေးကြီး ပေ၏

“ ဒီခွဲတမ်းကို ငါ လက်ခံဖို့ မဖြစ်နိုင် တော့ဘူး၊ ရိုးရိုး သားသား ပြောရရင်၊ လက်ရှိ ငါ့ ခွန်အားနဲ့၊ ဆဋ္ဌမကြယ် ကျွမ်းကျင် သူကို၊ အနိုင် ရဖို့ မသေချာဘူး။ ”

ဝှက်ဖဲများ မထုတ်လို သောကြောင့် လင်းယွန်မှ ပွင့်ပွင့် လင်းလင်း ထုတ်ပြော လိုက် လေသည်။

သို့သော် အန်းလျူယွင်က ပြုံးလိုက်ပြီး၊

“ ငါလည်း ရိုးရိုး သားသား ပြောရမယ် ဆိုရင်၊ ဒီတစ်ကြိမ် ကျရှုံး တာနဲ့၊ အနာဂတ်မှာ မင်းကို ကူညီနိုင် တော့မှာ မဟုတ်ဘူး၊ ...

... ဘာလို့လဲ ဆိုရင်၊ ကြယ်ခန်းမရဲ့ စည်းမျဉ်းတွေ အရ၊ ဖယ်ရှား ခံရတဲ့ သံတမန်က၊ ကျန်ရှိ နေတဲ့ သံတမန် တစ်ဦးကို ရွေးပြီး၊ တစ်သက်လုံး ကျွန်ခံ ရလိမ့်မယ်၊ ...

... ဒါကြောင့် မင်းကို ကတိ ပေးထားတဲ့ အတိုင်း ... ငါ ခေါ်သွားမယ်၊ သံတမန် ကြားက တိုက်ပွဲ တွေကို ... ၊ မင်း ဝင်ပါ စရာ မလိုဘူး၊ ...

... ကိုယ့် ဘာသာ နတ်နဂါး အရိုးကို ရအောင် ယူပါ၊ ဒါမှ မဟုတ်လို့ နောက်ပြန် ဆုတ်ချင်တယ် ဆိုလည်း ရတယ်။ ”

-ဟု ပြတ်ပြတ် သားသား ပြောလာ တော့သည်။

သူမ စကားကြောင့် လင်းယွန် ခမျာ မျက်ခုံးပင့်မိ သွား၏။ အန်းလျူယွင် အပေါ်၊ အမြင် ပြောင်းလာသည်။

သူမနှင့် အကြိမ် အနည်း ငယ်သာ ထိတွေ့ ဆက်ဆံဖူး ကြပြီး၊ တန်ဖိုးရှိသော ခွဲတမ်း တစ်ခု ကိုပင်၊ သူ့အတွက် ဖြုန်းတီးရန် ဆန္ဒ ရှိနေ၏။ မယုံနိုင် စရာ ပေပင်။

“ ဒါဆို ... ၊ တစ်ရက် ထပ်စောင့် ပေးလို့ ရမလား။ ”

လင်းယွန်က ချက်ချင်းပင် တုံ့ပြန် တော့သည်။ ဤတောင်းဆိုမှုသည် သူမ အတွက် အနည်းငယ် ခက်ခဲ သော်လည်း၊ အဆုံးတွင် ပြုံးကာ၊ သဘော တူလာ တော့သည်။

သူမ ထွက်ခွာသွား ပြီးနောက်၊ ခရမ်းငယ်က ဓားသေတ္တာ ထဲမှ ထွက်ပေါ် လာကာ၊ လင်းယွန် ထံ ကြည့်လျက်၊

“ ငါ သူ့ကို နားလည်မှု လွဲသွားတယ်။ ”

-ဟု ဆိုလာ၏။

“ အဲဒီ အကြောင်း ခဏ ထားဦး ... ၊ ကြယ်လေးပွင့် အဆင့်ကို ငါတို့ တတ်ရအောင် ခရမ်းငယ်။ ”

“ အ ... ၊ ဒီလောက် အရင်း အမြစ် အများကြီးကို ဘယ်က ရမှာလဲ။ ”

ဤလင်းယွန်၏ အခြေခံ အုတ်မြစ်သည် အလွန် နက်ရှိုင်းကြောင်း သူမ သိသောကြောင့် ညည်းတွား မိသည်။

ဓားသုတ္တန် နှစ်ခုကို တပြိုင် နက်တည်း ကျင့်ကြံထား သဖြင့်၊ ကြောက်မက်ဖွယ် ကောင်း သော အာသီသ ရှိပေ၏။

သို့သော် ရုတ်တရက် သူမ မျက်နှာ ဝင်းပလာပြီး၊ ‘သွေ့ရော် နက်ရှိုင်းခြင်း သော့၊’ ဟု အော်ဟစ် လိုက်သည်။

၎င်းတွင် စုစုပေါင်း တံဆိပ် (၉)ခု ပါရှိပြီး၊ တံဆိပ်ကို ဖြုတ်လိုက်တိုင်း၊ သန့်စင်သော နေ၊ လနှင့် ကြယ်တို့၏ အနှစ် သာရ အမြောက် အမြား၊ ရရှိ နိုင်မည်။

“ သေချာ စဉ်းစား ရအောင် ... ၊ ဒါက နင့်အတွက် နောက်ဆုံး အရင်း အမြစ်နော်၊ နင့် ခရီးက အဝေးကြီး ကျန်သေးတယ်၊ ဒီပင်မ နတ်ဘုရား နယ်ပယ်မှာ ထပ်ပြီး ဖြုန်းတီး ဦးမို့လား။ ”

“ စဉ်းစား ပြီးပြီ၊ သူက ငါ့ အပေါ် ... ၊ ရိုးသားတဲ့ အတွက်၊ သဘာဝ အတိုင်း ငါလည်း ရိုးသား ရမယ်၊ ဘာမှ လုပ်မပေး နိုင်ဘဲနဲ့၊ သူ့ရဲ့ အကျိုး အမြတ်ကို မယူ ချင်ဘူး၊ ...

... ငါ့ကို အစီရင် ခင်းပေး ပါဦး၊ သွေ့ရော် နက်ရှိုင်းခြင်း သော့ရဲ့ ... ၊ စွမ်းအင်တွေ မပေါက် ကြား စေနဲ့။ ”

“ ကောင်းပြီ ... ။ ”

ခရမ်းငယ်က သူ့ လက်ကို လေထဲ လှိုင်းသဏ္ဍာန် ဝှေ့ယမ်းလျက်၊ အကာ အကွယ် အစီရင် တစ်ခုအား ခင်းကျင်း ပေးသည်။

ထို့နောက် လင်းယွန်မှ တင်ပျဉ်ခွေ ထိုင်ပြီး၊ ဒုတိယ တံဆိပ်ကို ချိုးဖျက် လိုက်၏။ နှလုံးသား ထဲရှိ ရွှေသော့မှ စွမ်းအင် အချို့ ထွက်လာပြီး၊ သူ့ခန္ဓာကိုယ် အနှံ့၊ စီးဆင်း တော့သည်။

၎င်းသည် နတ်ကြယ် ပုလဲ များထက် (၁၀)ဆခန့် ပိုမို သန့်စင်ပြီး၊ သွေ့ရော် မဟာ သူတော်စင်မှ၊ လက်ဆောင် ဖြစ်သည်။

အတွင်း အင်္ဂါများ၊ သွေး၊ အရိုး နှင့် ခရမ်းရောင် နန်းတော်ရှိ ကြယ် သုံးပွင့်ထံ စွမ်းအင်များ စီးဝင် လာ၏။

နာကျင် လွန်းသော ဝေဒနာ အောက်တွင် ကြယ်တစ်ပွင့် ထပ်ရရန် အတွက်၊ စွမ်းအင်အား အလော တကြီး ဝါးမြို တော့သည်။

မနက် အရုဏ် မတတ်ခင်၊ အန်းလျူယွင် ရောက်ရှိလာ ချိန်၌၊ ကြယ်လေးပွင့် ရရှိ နေပြီ ဖြစ်သည်။

ထို့ကြောင့် အံ့ဩစွာဖြင့် အန်းလျူယွင်က လင်းယွန်အား ကြည့်မိသည်။ ၎င်းမှ လာသော ဖိအားမှာ၊ ကြယ်ငါးပွင့် ကျွမ်းကျင် သူများ ထက်ပင် ခံ့ညားပြီး၊ အားကောင်း နေ၏။

တစ်ဖက် လူသည် အခြေခံ အုတ်မြစ် ခိုင်မာ သဖြင့်၊ ဤအဆင့် ရောက်ရန်၊ တစ်ည တည်းနှင့် အရင်း အမြစ်များ၊ မည်သည့် နေရာမှ ရယူခဲ့ သည်ကို၊ မသိ တော့ချေ။

“ သွား ရ အောင်၊ မိန်းကလေး အန်း၊ ငါ့ကြောင့် နောက်ကျ နေပြီ။ ”

“ အိုး ... အဆင် ပြေပါတယ် ... ၊ ဒါနဲ့ သခင်လေး လင်း ... ၊ မင်း ဘယ်လို နည်းလမ်း သုံးလိုက် တာလဲ။ ”

“ ရှူး ... ။ ”

စိတ်အခြေ အနေ ကောင်းနေ သဖြင့်၊ လင်းယွန်က ပြုံးလျက်၊ နှုတ်ခမ်းတွင် လက်ညှိုး ထောင်ပြ လိုက်သည်။

လင်းယွန်မှ မျှဝေလို စိတ် မရှိမှန်း သိသည်နှင့်၊ အန်းလျူယွင်မှ ဆက်မေးရန် စိတ်ကူး မရှိ တော့ချေ။

ခန်းဆောင် တစ်ခုသို့ ခေါ်ဆောင် လာခဲ့ သည်။ လူအချို့ ထိုနေရာ၌ ရှိနှင့်ပြီး၊ ရောင်ဝါ ဖိအားကို ထုတ်လွှတ် ထား ကြ၏။

၎င်းတို့ အားလုံးသည် မိစ္ဆာ လမ်းစဉ် ကျင့်ကြံသူများ ဖြစ်သဖြင့်၊ ဂိုဏ်းသား များထက် ပို၍ ကြမ်းကြုတ်သော ရောင်ဝါ ရှိသည်။

ထိုစဉ် အခန်း ထဲသို့ အရူး တစ်ယောက် ကဲ့သို့၊ လူငယ် တစ်ယောက် ပြေးဝင် လာပြီး၊ လင်းယွန်ထံ ကြည့်ကာ၊

“ ဒီကောင်က ငါ့ နေရာကို လုယူ သွားတဲ့ ကောင်လား။ ”

-ဟု မေးလာသည်။

ထိုမေးခွန်းကြောင့် ကျန်သူ များက ပြုံးလိုက် ကြ၏။ မသွားခင် ရှိုးပွဲ တစ်ပွဲ ကြည့်ရ ပေတော့မည်။

ကြယ်လေးပွင့် အဆင့်သာ ရှိသော၊ ဤပုရွက်ဆိတ် တစ်ကောင် ကြောင့်သာ မဟုတ် ပါက၊ အချိန် တစ်ရက် ဖြုန်းမိမည် မဟုတ်ချေ၊ ခရီး အတော် ရောက်နေ နိုင်ပြီ ဖြစ်သည်။

***

All Chapters