← Chapters

ကောင်းကင်ဘုံ သတ္တမ အလွှာ။

Vol. 106 Ch. 1484

ကောင်းကင်ဘုံ သတ္တမ အလွှာ။

Vol. 106 Ch. 1484

သူတို့ ခြောက်ဦး အနက် အကြီး အကဲ ချန်သည် အန်းလျူယွင်နှင့် လျှို့ဝှက်သော ဆက်ဆံရေး ရှိချေပြီ။

သူ့ အကြောင်းကို မည်သူမျှ မသိကြ သော်လည်း၊ အန်းလျူယွင် အတွက် အစောင့် တစ်ယောက် ဖြစ်မည်ဟု ယုံကြည်၏။

ဤခရီးစဉ် အတွက်၊ အသန်မာ ဆုံး လက် တစ်ဖက် ပေပင်။ လင်းယွန်မှ လွဲ၍ လူတိုင်းကို စစ်ဆေး ထိန်းချုပ်ရန်၊ ဝှက်ဖဲ ဖြစ်၏။

“ လူတိုင်း သိထား သင့်တဲ့ ... ၊ အကြောင်း အရာ အချို့ကို ရှင်းပြ ပေးမယ် ... ၊ ဒီတစ်ကြိမ် သံတမန် ငါးဦး ကိုပဲ ရွေးမှာ ဖြစ်လို့၊ ရက်စက်တဲ့ စမ်းသပ်မှု ဖြစ်မှာ သေချာတယ်၊ အဲဒါကို ...

... ကျော်ဖြတ် နိုင်ရင် ... ၊ ငါရဲ့ အာဏာနဲ့ အရင်း အမြစ်က ... ၊ ဆယ်ဆ တိုးလာ လိမ့်မယ်၊ ကောင်းကင်ဘုံ ကြယ်ခန်းမ ဆိုတာ၊ အရှေ့ပိုင်း ပျက်စီးခြင်း နယ်မြေရဲ့၊ တန်ခိုးကြီး မိစ္ဆာဂိုဏ်း ခုနစ်ခု ဂိုဏ်း အနက်က တစ်ခုပဲ၊ ...

... အုတ်မြစ် အရဆို ဓားဂိုဏ်းထက် လုံးဝ နိမ့်ကျခြင်း မရှိဘူး၊ ငါတို့က ပိုတောင် သန်မာ နိုင် သေးတယ်။ ”

ဓားဂိုဏ်းသည် မြင့်မြတ်မြေ အဖြစ်မှ ပြုတ်ကျ ပြီးနောက် ဆုတ်ယုတ် လာသည်မှာ အမှန် ဖြစ်သည်။

သက်တံဓား သူတော်စင် အပေါ်၊ တစ်ချိန်လုံး မှီခို နေရသည်။ ထို့ကြောင့် အန်းလျူယွင် စကား ကို၊ လင်းယွန်မှ တည်ငြိမ်စွာ နားထောင် နိုင် ခဲ့၏။

“ အဲဒီတော့ ဘယ်လောက် အန္တရာယ် ရှိတယ် ဆိုတာ ကိုလည်း၊ ရှင်းရှင်း လင်းလင်း ပြောပြမယ်၊ ထိပ်ဆုံး ငါးဦး အဆင့် ဝင်တဲ့၊ သံတမန် တေွက၊ ...

... နောက်ထပ် ခွဲတမ်း နှစ်ခုနဲ့ ... ၊ ကြယ်ကိုးပွင့် ကျွမ်းကျင်သူကို ခေါ်ခွင့် ရထား တယ်၊ ဒါကြောင့် သံတမန် တွေကြား တိုက်ပွဲ ဖြစ်ပွား လာရင်၊ သေဆုံးမှုတေွ ရှိလာမှာ အသေအချာပဲ။ ”

အကြီးအကဲ ချန်က ဝင်ပြော သည်။ သူ့စကားကြောင့် ပတ်ဝန်းကျင် လေထုမှာ အနည်းငယ် လေးလံ သွားပြီး၊ အားလုံး ငြိမ်သက် သွားကြ၏။

ယင်းက စိတ်ပျက်စရာ ကောင်းသည့် သတင်း တစ်ပုဒ် ဖြစ်သည်။ သို့သော် သဘောတူ ထားပြီး ဖြစ်သဖြင့်၊ မည်သူမျှ နောက်ဆုတ်ခြင်း မရှိ ကြချေ။

အန္တရာယ်များ လေလေ၊ ဆုလာဘ် ကြီးမား လေလေ ဖြစ်သည်။ ဤနေရာရှိ မည်သူ တစ်ဦး တစ်ယောက်မျှ၊ သေခြင်း တရား အပေါ်၊ စာဖွဲ့ နေသူများ မပါ ရှိချေ။ ဘဝနှင့် သေခြင်း အကြား လှည့်လည် သွားလာ ခဲ့ကြ သူများ ဖြစ်သည်။

“ စည်းမျဉ်း တွေကတော့ ... ရှင်းပါတယ်၊ ရတနာ များများ ရှာနိုင်တဲ့ သူက ... အောင်နိုင် သူပဲ။ ”

“ ဒါဆို ... တစ်စုံ တစ်ယောက်က ရတနာတွေ ကြိုပြီး ... ၊ ခိုးယူလာ ခဲ့ရင် ဘယ်လို လုပ်မလဲ။ ”

“ မဖြစ် နိုင်ဘူး၊ ကြယ် နယ်မြေက ... ရတနာ တွေမှာ၊ အရိုင်းဆန်တဲ့ ရောင်ဝါ ထူးထူး ခြားခြား ရောင်ဝါ ရှိတယ်၊ ဒါကြောင့် ဒီစမ်းသပ်မှုမှာ၊ ...

... ဘယ်သူ ကမှ လှည့်စား ထည့်သွင်းလို့ မရဘူး၊ ကဲ သွားကြ ရအောင်၊ ငါတို့ နောက်ကျ နေပြီ၊ အဲဒီကို ရောက်တဲ့ အခါ ထပ်ပြောမယ်။ ”

အန်းလျူယွင်မှ ပြန်ဖြေသည်။ အချိန် အနည်းငယ် အတွင်း ပြင်ဆင်မှုများ ပြုလုပ်ကာ၊ မြို့ပြင်သို့ လျင်မြန်စွာ ထွက်ခွာ လာမိသည်။

တောင်ကုန်း တစ်ခုသို့ ရောက်သော အခါတွင်၊ ကောင်းကင်မှ ကြယ်ငှက် တစ်ကောင် ဆင်းသက်သည်။ ၎င်းမှာ နဂါးသွေး လွှတ်ကြော နယ်ပယ်၊ ဘုရင် အဆင့် သားရဲ ဖြစ်၏။

( တော်ဝင် ငွေလင်းယုန်။ )

ခရမ်းငယ်က ဓားသေတ္တာ ထဲမှ သက်ပြင်းချကာ၊ အသိမှတ် ပြုလိုက်သည်။

( ဘာလို့လဲ ... ။ )

လင်းယွန်မှ ပြန်မေး မိ၏။

( ဘာမှ မဟုတ် ပါဘူး ... ၊ ငေွဖီးနစ် သွေးပါတဲ့၊ ယင်-စွမ်းအင် အထူးပြု ငှက်မျိုးကို၊ တွေ့လိုက် ရလို့၊ အံ့သြ သွားတာပါ။ )

( ဘာများ လဲလို့၊ အန်းလျူယွင်က ဒီလို ကြီးမားတဲ့ လုပ်ငန်း အပေါ၊ တာဝန် ယူထား ရတဲ့ အတွက်၊ ဒီလို အထောက်အပံ့ ရှိတာ သဘာဝ ပါပဲ။ )

ခရမ်းငယ်က ပြန်လည် တုန့်ပြန် ငြင်းခုန်ခြင်း မပြု တော့ချေ။

“ အပေါ် တက်ရအောင် ... ။ ”

အန်းလျူယွင် ခေါ်သံနှင့် အတူ လူတိုင်း ကောင်းကင်ပေါ် ခုန်တက်ကာ၊ ငေွ လင်းယုန် ကျောထံ ဆင်းသက် လိုက်၏။

ငွေရောင် အမွေး များမှာ သတ္တု ကဲ့သို့ မာကျောလျက်၊ အတောင်ပံသည် မီတာ တစ်ရာ ကျော် ရှည်လျား ပေ၏။ ထိုကြောင့် လူတိုင်း အတွက် ကျယ်ဝန်း လေသည်။

“ ဂီး ... ။ ”

ငေွလင်းယုန်က ကောင်းကင် ပထမ အလွှာကို ဖြတ်ကျော် ပြီးနောက်၊ အရှိန် ပို၍ မြန် လာသည်။ မျက်စိ တစ်မှိတ် အတွင်း၊ ဆဋ္ဌမ အလွှာသို့ ရောက်ရှိ လာ၏။

ကောင်းကင် ဆဋ္ဌမ အလွှာတွင်၊ နတ်ဆိုး သားရဲ များ၏၊ အသက် ကိုပင် ခြိမ်းခြောက် နိုင် သော အရာများ ရှိသည်။

သို့သော် ၎င်းအား မြင်သည်နှင့်၊ ဖီးနစ် မျိုးဆက် သွေးမှ အငွေ့ အသက်ကြောင့်၊ အခြား သားရဲ များမှာ ရှောင်ဖယ် ကုန်၏။

ကောင်းကင် သတ္တမ အလွှာသို့ ရောက်သည်နှင့်၊ ငေွ လင်းယုန်၏ အဟုန်မှာ ပုံမှန် အတိုင်း ဖြစ်သွားသည်။

ဤနေရာရှိ နတ်ဆိုး သားရဲ များစွာ၏ ခွန်အားသည်၊ ၎င်းထက် မနိမ့် ကျသည့် အပြင်၊ ဖီးနစ် သွေးရောင်ဝါ ကိုလည်း၊ မကြောက် ကြချေ။

ပတ်ဝန်းကျင်၌ အမျိုး မျိုးသော ဖြစ်စဉ် များနှင့်အတူ၊ မိုးကြိုး မုန်တိုင်းများ၊ မီးမိုးများ မကြာ ခဏ ရွာကျ နေ၏။

လဝက် ကြာ ပြီးနောက်၊ နီးစပ်ရာ ဥက္ကာခဲ တစ်ခု ပေါ်တွင်၊ ခဏ ရပ်နား လိုက်သည်။ သူတို့ ရှေ့၌ မီးခိုးမြူ များက၊ တိမ်ပင်လယ် တစ်ခု အသွင် ဖြစ်တည် နေ၏။

ငွေလင်းယုန်မှာ ထိုပင်လယ်ကို မဖြတ်ဝံ့ချေ။ ၎င်းအတွင်းရှိ အဆိပ် များမှာ တိုက်စား နိုင်စွမ်း ပြင်း လေသည်။

“ အကြီး အကဲ ချန် ... ၊ ငါတို့ အကူ အညီ လိုပြီ။ ”

အန်းလျူယွင် စကားကြောင့်၊ အကြီးအကဲ ချန်မှ မျက်လုံးများ ဖွင့်ကြည့်ကာ၊ အနက်ရောင် မြှားတစ်စင်း အလား၊ မီးခိုးမြူ အတွင်း ပြေးဝင် သွားသည်။

နောက်အခိုက် အတန့်တွင်၊ မီးခိုး မြူ အလယ်၌ လျှပ်စီး လက်လာပြီး၊ အလင်းရောင် ထွက်ပေါ် လာတော့သည်။

ဤမြင်ကွင်းက လင်းယွန်၏ နှုတ်ခမ်း များကို တုန်ယင် သွားစေသည်။ အကြီအကဲ ချန်၏ ခွန်အားသည် ကြယ် ကိုးပွင့် အဆင့်ကို ရင်ဆိုင် နိုင်ပေ၏။

“ ဂျိန်း ... ။ ”

နာရီဝက် အကြာတွင်၊ ကျယ်လောင်သော မိုးခြိမ်းသံ တစ်သံနှင့် အတူ ပေါက်ကွဲမှု ဖြစ်ပွား လာပြီး၊ အဆိပ် ပြင်းသော မြူ ပင်လယ်ကြီး ပျောက်ကွယ် သွားသည်။

ထို့ကြောင့် ငွေလင်းယုန်မှာ နှောင့်နှေးမှု မရှိဘဲ ပြေးထွက် တော့သည်။ လမ်း တစ်ဝက်၌ အကြီး အကဲ ချန်နှင့် တိုးကာ ငွေလင်းယုန် အပေါ် ခုန်တက် လာသည်။

သူ့လက် ထဲရှိ သားရဲ အမြုတေကို အန်လျူယွင်ထံ ကမ်းပေး လိုက်၏။

“ ဒီမြွေကြီးက ... ၊ သူ့ရဲ့ အမြုတေကို ကြယ်မီးတောက် တွေနဲ့ ... သန့်စင် နေတာ။ ”

အပြာရောင် စက်လုံး တစ်လုံးလို ဖြစ်နေသော အမြုတေကို ကြည့်ပြီး၊ စန်းကျွယ် တစ်ယောက် အံ့သြ သွားသည်။

“ အသူရာ မိုးကြိုး မီးတောက်။ ”

အသူရာ မိုးကြိုး မြွေကြီးအား သတ်ပြီးနောက်၊ ကျန်ခရီးမှာ ချောမွေ့ လာ သည်။

ခုနစ်ရက် အတွင်း၊ ခါးပတ်လမ်း ပေါ်ရှိ ကြက်သွေးရောင် ဂြိုဟ်သိမ် ဂြိုဟ်မွှား တစ်ခု ဆီသို့၊ ရောက်ရှိ လာသည်။

ဂြိုဟ်သိမ် ဂြိုဟ်မွှား များကို၊ ကောင်းကင် သတ္တမ အလွှာ၌ အတေွ့များပြီး၊ သူတို့ သွားမည့် ကြယ်နယ်မြေမှာ ဤလမ်းကြောင်း ပေါ်၌ ရှိနေကြောင်း၊ အန်းလျူယွင်မှ ရှင်းပြသည်။

ဟိုမှ- သည်မှ မီးလျှံများ ထတောက် နေသည့်၊ ကြက်သွေးရောင် ဂြိုဟ်သိမ် ဂြိုဟ်မွှား တစ်ခုထံ၊ ဆင်းသက် လိုက်သည်။

ငွေလင်းယုန် အကာ အကွယ်မှ ထွက်လိုက်ရပြီ ဖြစ်သောကြောင့်၊ လူတိုင်း အသက်ရှု ကြပ်ကုန်သည်။ အရပ် ရပ်မှ ဖိအားများပင် ခံစား လာရ၏။

ကောင်းကင် သတ္တမ အလွှာ၏ ပတ်ဝန်းကျင်သည် ကြမ်းတမ်း လှလေသည်။ သို့သော် ပုရွက်ဆိတ်များ အလား ဥဒဟို သွားလာ နေသည့် လူရိပ်များ ရှိနေ၏။

“ လူတွေ အများကြီး ပါလား ... ။ ”

တင်းလီက ထိုသူများထံ ကြည့်ကာ၊ အံ့သြ တကြီး ဆိုသည်။ နတ်မိစ္ဆာ သွေးရှိ သဖြင့်၊ သူက ဤပတ်ဝန်းကျင် အပေါ်၊ သိပ် ဂရုစိုက် စရာ မလိုခဲ့ချေ။

“ သူတို့ အားလုံးက ကောင်းကင်ဘုံ ကြယ်ခန်းမရဲ့၊ အမာခံ တပည့် တွေပဲ၊ ဂြိုဟ်သိမ် ဂြိုဟ်မွှား တွေမှာ၊ ရှာတွေ့တဲ့ အရာ တွေနဲ့ အရင်း အမြစ် တွေကို၊ ပြန်ပြီး လဲလှယ်လို့ ရတယ်။ ”

“ ဒါနဲ့ ... ငါတို့ သွားရမဲ့ ကြယ်နယ်မြေက ဘယ်မှာလဲ။ ”

ရှောင်ယွင်က ပတ်ပတ် လည်ကို ရှာဖွေလျက်မှ မေးလိုက်သည်။

“ နတ်နဂါး အင်ပါယာရဲ့ (Scarlet) တပ်ရင်းက၊ ကောင်းကင်ဘုံ သုံးဆယ့်ခြောက် လွှာကို ကင်းလှည့် နေတယ်၊ သူတို့သာ အဲ့ဒါကို တွေ့သွားရင်၊ ငါတို့ ထိခွင့်ရ တော့မှာ မဟုတ်ဘူး။ ”

အကြီးအကဲ ချန်က ရှင်းပြသည်။ ထိုအမည်ကြောင့် စန်းကျွယ်၊ တင်းလီနှင့် ချန်ယန်က ကြောက်ရွံ့ လာသော်လည်း၊ ရှောင်ယွင်က ဂရု မစိုက်ချေ။

“ ဒါဆို ... ဘာဆက်လုပ် ကြမှာလဲ။ ”

“ စောင့်ရမယ် ... ၊ ဒီကြယ် နယ်မြေကို၊ ကောင်းကင်ဘုံ ကြယ်ခန်းမရဲ့ ... ၊ အကြီး အကဲ တွေက အစီရင်နဲ့ ဖုံးကွယ် ပေးထားတယ်၊ လူစုံရင် သူတို့ ဖွင့်ပေး မှာပါ။ ”

“ အိုး ... ဒါနဲ့၊ (Scarlet) စစ်တပ် ဆိုတာက ဘယ်လို အင်အားစု မျိုးလဲ။ ”

“ ကြက်သွေးရောင် စစ်သူရဲ တွေကို ကြောက်စရာ အကောင်းဆုံး နည်းလမ်း တေွနဲ့ နတ်နဂါး အင်ပါယာက လေ့ကျင့်ပေး ထားတယ်၊ ...

... သူတို့က အင်ပါယာရဲ့ ဓားတွေပဲ၊ မိစ္ဆာ ကျင့်ကြံသူတွေ အတွက် သေမင်း ... ၊ ဒါပေမယ့် အခု မင်းတို့က မိစ္ဆာတေွ မဟုတ်ဘူး၊ ဒါကြောင့် မစိုးရိမ် ပါနဲ့။ ”

“ အင်ပါယာရဲ့ ဓားတွေလား၊ စိတ်ဝင် စားစရာ ကောင်းလိုက်တာ။ ”

ရှောင်ယွင် စကားကြောင့် လူတိုင်းက စူးစူး ရဲရဲ ပြန်ကြည့် လိုက်ကြသည်။ ထို့နောက် အချိန် တစ်ခု စောင့်ဆိုင်း ရမည် ဖြစ်ရာ၊ အန်းလျူယွင် ဦးဆောင်ပြီး၊ လူတိုင်း တရား ထိုင်တော့၏။

သို့သော် ရှောင်ယွင် မပါချေ။ သူက လင်းယွန် အနား လျှောက်လာပြီး၊

“ ညီအစ်ကို လင်း ... ၊ မင်း ... လျှောက်သွားဖို့၊ စိတ်ကူး မရှိ ဖူးလား။ ”

-ဟု ဖျားယောင်း တော့သည်။

လမ်းခရီးတွင် ရှောင်ယွင်နှင့် သူအား တစ်ဆင့် နိမ့်သကဲ့သို့ စန်းကျွယ်တို့မှ ဆက်ဆံ ကြသဖြင့်၊ နှစ်ဦးသား အလိုလို ရင်းနှီးလာ ကြသည်။

“ ကြယ်နယ်မြေက ... ၊ ဘယ်လို နေရာ မျိုးလဲ ဆိုတာ မသိချင် ဖူးလား။ ”

သူ့အား ပြန် မဖြေသော လင်းယွန်ကို၊ လေသံ တိုးတိုးဖြင့်၊ ထပ်မံ သွေးဆောင် ပြန်၏။ ယင်းစကားကြောင့် လင်းယွန်မှ အံ့သြ သွားပြီး၊

“ ကောင်းကင်ဘုံ ကြယ် ခန်းမရဲ့ ... ၊ အစီရင်ကို မင်း မြင်နိုင် လို့လား။ ”

-ဟု မေးလိုက် မိသည်။

“ နည်းနည်းတော့ မျှော်လင့်ချက် ရှိတယ်။ ”

ရှောင်ယွင်က ဂုဏ်ယူစွာ ပြန်ပြောသည်။ သို့သော် ဤလုပ်ရပ်သည် အသုံး မဝင် သဖြင့်၊

“ မင်း ... ဝရုန်းသုန်းကား ဖြစ်အောင် မလုပ်တာ ပိုကောင်းမယ်၊ မဟုတ်လို့ အခြား သံတမန် တွေဆီ ရောက်သွားရင်၊ ဘယ်သူမှ မင်းကို လာကယ်မှာ မဟုတ်ဘူး။ ”

-ဟု သတိပေး လိုက်သည်။

“ ဝါး ... ၊ ပျင်းစရာ ကောင်းလိုက်တာ။ ”

ရှောင်ယွင်က စိတ်ပျက် လက်ပျက်ဖြင့် ကျေောက်တုံး တစ်တုံးကို မှီလျက် အိပ်ပျော် သွား တော့သည်။

***

All Chapters