ရုတ်ခြည်း တိုက်ပွဲ။
Vol. 107 Ch. 1485
ဤကာလ အတွင်း သံတမန်များ ပိုမို ရောက်ရှိ လာပြီး၊ ရုတ်ရုတ် သဲသဲ ဖြစ်လာ တော့သည်။
တစ်နာရီ အကြာတွင် ရှောင်ယွင်၏ မျက်လုံးများ ရုတ်တရက် ပွင့်လာကာ၊ လင်းယွန် အနား လျှောက်လှမ်း လာ၏။
“ အစ်ကို လင်း၊ မင်းလည်း စိတ်ဝင်စား လာပြီ မဟုတ်လား၊ လာ ... ငါတို့ သွားရအောင်။ ”
ယင်းမှာ အမှန် ဖြစ်သည်။ ပေးချေ ရမည့် စျေးနှုန်း မည်သို့ပင် ရှိစေ ကာမူ၊ နတ်နဂါး အရိုး ရယူရန်၊ လင်းယွန်မှ စိတ်ပိုင်း ဖြတ်ထား၏။
သို့သော်မှ ကောင်းကင်ဘုံ ကြယ်ခန်းမ၏ အကြီးအကဲ များက သေချာပေါက် စောင့်ကြပ် နေမည်မှာ သေချာသည်။
အစောင့် အကြပ် တစ်ယောက်မှ မရှိခဲ့ လျှင်ပင်၊ ဝင်ရန် စိတ်ကူး မရှိခေျ။ အန်းလျူယွင် ၏ အကျိုး စီးပွားကို၊ ထည့်သွင်း စဉ်းစား ရမည် ဖြစ်သည်။
တုံ့ဆိုင်း နေစဉ် ရှောင်ယွင်က သူ့ကို လက်ဆွဲကာ၊ လေထဲ ပျံတက် လိုက်သည်။
“ ဟဲ ဟဲ ... ၊ မင်း ... စိတ် မဝင်စား ဖူး လို့သာ ပြောတယ်၊ အလွယ်လေး လိုက်လာ ပါလား။ ”
ရှောင်ယွင်မှ လင်းယွန်အား ကြည့်ပြီး၊ ရယ်မော လိုက်၏။ ယင်းက အမှန် ဖြစ်သဖြင့်၊ လင်းယွန်မှ မငြင်း တော့ချေ။
“ မင်း သေချာ လို့လား ။ ”
ရှောင်ယွင်အား လှည့်ကြည့်ကာ မေးမိသည်။
ကောင်းကင်ဘုံ ကြယ်ခန်းမ သည်၊ တစ်ချိန်က ကောင်းကင် လျှို့ဝှက် ဂိုဏ်းနှင့် ပတ်သတ် ခဲ့ပြီး၊ ဝိညာဉ် ရေးရာ ရူရ်များကို နားလည် တတ်ကျွမ်းလာ ကြသည်။
ထို့ကြောင့် နောက်ပိုင်း ကောင်းကင် လျှို့ဝှက် ဂိုဏ်း၏ အစွမ်းထက်သော အမွေ အပိုင်း အစ အချို့ကို၊ ရယူထား နိုင်ခဲ့သည်။
“ တကယ်လို့ ကောင်းကင်ဘုံ လျှို့ဝှက် ဂိုဏ်းရဲ့ ... ၊ ပြီးပြည့် စုံတဲ့ အစီရင် တစ်ခု ဆိုရင်၊ အဲဒါကို ငါရှာ နိုင်မှာ မဟုတ်ဘူး၊ ဒါပေမယ့် အခုက အပိုင်းအစ လေးပါ၊ အဟဲ ... ။ ”
ရှောင်ယွင်က ရယ်မောလျက် ပြန်ဖြေ လာ၏။
“ ဒါပေမယ့် ... မပြည့် စုံတဲ့ အစီရင် ဖြစ်နေရင် တောင်မှ၊ သာမာန် ဝိညာဉ် ရေးရာ ဆရာ သခင် တစ်ယောက် တတ်နိုင်တဲ့ အရာ မဟုတ် ပါဘူး၊ ကံကောင်း တာက ... ငါက သာမာန် မဟုတ် တာပဲ ... ၊ ငါ့မှာ သူတော်စင် ယင် မျက်ဝန်း တစ်စုံ ရှိတယ်။ ”
ရုတ်တရက် ပျံသန်း ခြင်းကို၊ ရပ်လိုက်ပြီး၊ ရှောင်ယွင်က၊
“ ဒီမှာ ဖြစ်မယ်။ ”
-ဟု ပြော လာသည်။
၎င်းညွှန် ပြသည့် လမ်းကြောင်း အတိုင်း လင်းယွန်မှ ကြည့်လိုက် သော်လည်း၊ ဂြိုဟ်သိမ် ဂြိုဟ်မွှား အပိုင်းအစ များနှင့် မိုးကြိုး တိမ်တိုက် များမှ လွဲ၍၊ မည်သည့် အရာမျှ မရှိချေ။
မိုးကြိုး တိမ်တိုက် များမှာ၊ ပါးလွှာ လှသဖြင့်၊ နက္ခတ် နယ်မြေ တစ်ခု လုံးကို ဖုံးကွယ်ရန်၊ မလုံ လောက်ဟု ထင်မိသည်။
“ အိုး ... တွေ့ပြီ၊ ကြည့် စမ်း ... ။ ”
ရှောင်ယွင်၏ မျက်ဆန် အတွင်း၌ ကြက်သွေးရောင် မျက်ဝန်း (၇)လုံး ပေါ်လာ လေသည်။
သည့်နောက် လင်းယွန် မျက်ဝန်းကို သူ့လက်ဖြင့် ပုတ်ကာ၊ ဦးတည်ရာ တစ်ရပ်ထံ ညွှန်ပြ လာ၏။
မျက်ဝန်း အတွင်း ကျယ်လောင်သော ပေါက်ကွဲသံ များကြောင့်၊ လင်းယွန် ခမျာ ထိတ်လန့် သွားသည်။
သူတို့နှင့် မိုင်ထောင် ဂဏန်း အကွာ၌ ဓာတ်ငွေ့ အစိုင်အခဲကြီး တစ်ခုကို၊ အနက်ဝတ် လူပေါင်း ရာဂဏန်း ခန့်မှ၊ စောင့်ကြပ် နေကြ သည်ကို မြင်လိုက် ရသည်။
လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ ခုနစ်ဦးပင် ရှိနေ၏။ သူတို့ ထံမှ မယုံနိုင် စဖွယ် အစွမ်း ထက်သော ရောင်ဝါများ ဖြာထွက် နေသည်။
ရုတ်တရက် သူတော်စင် နဂါး ခန္ဓာက၊ အလိုအလျောက် အသက်ဝင် လာပြီး၊ သွေးများ ပွက်ပွက်ဆူ လာတော့သည်။
သတိထား စိုက်ကြည့်ရန် ပြင်လိုက်စဉ် မြင်ကွင်းမှာ ပျောက်ကွယ် သွားပြီး၊ သွေးများ ပြန်လည် ငြိမ်သက် ကုန်သည်။
“ ဘယ်လောက် တောင် ... ၊ အံဩ စရာ ကောင်းလိုက်တဲ့ နည်းလမ်းလဲ။ ”
မျက်လုံးများ မှေးစင်း သွားပြီး၊ ကောင်းကင်ဘုံ ကြယ်ခန်းမအား အမြင် သစ်နှင့် ၊ ရှုမြင် လာမိသည်။
“ ဘယ်လိုလဲ ဟုတ်တယ် မလား။ ”
ရှောင်ယွင်က ဂုဏ်ယူစွာဖြင့် ပြောလာသည်။
“ နင်တို့ နှစ်ယောက်က တကယ့်ကို အထင်ကြီး စရာပဲ၊ ကြယ်နယ်မြေရဲ့ တည်နေရာ ကို၊ ငါတောင် မသိဘူး။ ”
ရုတ်တရက် အန်းလျူယွင်က အပြုံးဖြင့် သူတို့ အနား ရောက်လာသည်။ ဤနေရာကို ရှာတွေ့ ခြင်းသည် သူ့ အစွမ်းအစ မဟုတ် သောကြောင့်၊ လင်းယွန်မှ ပခုံးတွန့် မိ၏ ။
“ ဒါက ဒီလောက်လည်း မဟုတ်သေး ပါဘူး ။ ”
ရှောင်ယွင်က အန်းလျူယွင်အား ပြုံးပြ လိုက်သည်။ သို့သော် ရုတ်တရက် မျက်လုံးပြူး သွားပြီး၊
“ မိန်းကလေး အန်းတောင် မသိဖူး ဆိုတော့က၊ ကျန်တဲ့ သံတမန် အကုန် လုံးလည်း မသိဖူး ဆိုတဲ့ သဘောပေါ့၊ ဒါဆို ငါတို့ ဘာလို့ အရင် မဝင် ရတာလဲ။ ”
-ဟု ဆိုမိသည်။
“ ဒါက စည်းကမ်းနဲ့ ဆန့်ကျင် နေတယ်၊ အကြီး အကဲ တွေက ငါတို့ကို ဝင်ခွင့် ပေးမယ် မထင်ဘူး။ ”
“ အဟီး ... ၊ မကြိုးစားဘဲ ဘယ်လို သိတာလဲ၊ စည်းမျဉ်းတွေ ဆိုတာ လူတိုင်း တန်းတူ အခွင့်အရေး ရအောင်၊ ရေးထား ကြတာပါ၊ ...
... တည်နေရာကို ရှာဖွေ တွေ့ရှိနိုင် တာကြောင့်၊ အကြီးအကဲ တွေက မိန်းကလေး အန်းကို၊ ကွဲပြားတဲ့ အမြင်နဲ့ ကြည့်လာ နိုင် ပါတယ်၊ သူတို့က ...
... ခွင့် မပြုဖူး ဆိုရင်တောင် ငါတို့ အတင်းဝင်လို့ ရပါတယ်၊ မင်းက ကြယ်ခန်းမမှာ နောက်ခံ မရှိဖူး လို့တော့ မငြင်းနဲ့ ... ။ ”
ရှောင်ယွင် စကားကြောင့် အန်းလျူယွင်မှ အနည်းငယ် စဉ်းစားကာ၊ ခေါင်းယမ်း လျက်ဖြင့်၊
“ တော်ပြီ ပြန်ကြ ရအောင်၊ ငါတို့ ဒီမှာ အကြာကြီးနေ နေမယ် ဆိုရင်၊ သံသယ ဖြစ်လာ ကြလိမ့်မယ်။”
-ဟု ပြောကာ လှည့်ထွက် သွားသည်။
ယင်းကို ကြည့်ပြီး ရှောင်ယွင်မှာ၊ စိတ်ပျက်သွား မိသည်၊ အန်းလျူယွင်သည် သူရဲဘောကြောင် လွန်းချေ၏။
ထို့ကြောင့် သံတမန် များ ကြားတွင် အောက်ဆုံး ရောက်နေ ရခြင်း ဖြစ်ပေမည်။ ခရီးစဉ်သည် အန္တရာယ် များလှ သဖြင့်၊ အရန် အစီ အစဉ်များ ထားရှိရန်၊ လင်းယွန်ကို သူ ပြောပြပေး ခဲ့ဖူးသည်။
သို့သော် ဦးတည်ရာ တစ်ရပ်ထံ ပြန်လှည့် ကြည့်ကာ၊ မျက်နှာ အမူအရာ ပြောင်လဲ သွား လေသည်။
“ ဘာဖြစ် လို့ လဲ ... ။ ”
“ ကြည့်ရတာ ... ဒီနေရာကို ကြယ်ခန်းမ တစ်ခု တည်းက သိနေတာ မဖြစ် နိုင်ဘူး၊ ငရဲ ကမ္ဘာ အလံနဲ့၊ သင်္ဘော တစ်စင်း လာနေပြီ၊ ငါသာ မမှားရင် သူတို့က နတ်မိစ္ဆာနယ်မြေရဲ့ တန်ခိုး ကြီးဂိုဏ်း တစ်ဂိုဏ်းပဲ။ ”
ရှောင်ယွင် စကားကြောင့် လင်းယွန်က ထိုနေရာသို့ လိုက်ကြည့်သည်။ မည်သည့်သ င်္ဘော ကိုမျှ မမြင် ရချေ။
သို့သော် သူတော်စင် ယင် မျက်လုံးကို ပြန်သတိရ လာပြီး၊ အတွေးနက် သွားတော့၏။ ကြယ်ခန်းမ အနေြဖင့်၊ ဤနယ်မြေကို စမ်းသပ် ကွင်း အဖြစ်၊ အသုံးပြု ချင်သည် ဖြစ်ရာ၊ လျှို့ဝှက် ထားမည်မှာ သေချာသည်။
ထို့ကြောင့် အန်းလျူယွင် နောက်သို့၊ အမီလိုက်ကာ၊ ရှောင်ယွင် တွေ့ရှိ မှုကို၊ မျှဝေ ပေး လိုက်သည်။
“ မဖြစ် နိုင်တာ ... ။ ”
အန်းလျူယွင်က မျက်မှောင်ကြုတ်ကာ ငြင်းဆန် တော့သည်။
“ မင်း ငါ့ကို မယုံ ဖူးလား ... ။ ”
ရှောင်ယွင်က စိတ်မဆိုးဘဲ ပြုံးလျက် ပြန်မေး လိုက်၏။ အန်းလျူယွင် ပြန်၍ အဖြေ မပေး နိုင်ခင်၊ အလင်းတန်း တစ်စ ရုတ်တရက် ဖြတ်သန်း လာပြီး၊ ဂြိုဟ်သိမ် ဂြိုဟ်မွှားများ ဆီသို့၊ ရောက်ရှိ သွားသည်။
“ ဝုန်း ဝုန်း ဝုန်း ... ။ ”
ပေါက်ကွဲမှုများ ဖြစ်ပေါ် လာကာ၊ အားကောင်းသော စွမ်းအင် အတက် အကျ လှိုင်းသည်၊ ဂြိုဟ်သိမ် ခါးပတ် လမ်းကြောင်း တစ်လျှောက်၊ ပျံ့ကျဲ သွား၏။
ကြယ်ခန်းမ၏ အမာခံ တပည့် များမှာ၊ မည်ကဲ့သို့ ဖြစ်ပျက် နေသည်ကို မသိ လိုက်မီ၊ ဒါဇင်နှင့် ချီကာ သေဆုံး ကုန်သည်။
ဒဏ်ရာ ရသူ အရေ အတွက် သည်ပင် မနည်းလှခေျ။ ထို့စဉ် နောက်ထပ် အလင်း တန်း ခြောက်သွယ်၊ ထပ်မံ ကျရောက် လာ ပြန်၏။
“ ဝုန်း ဝုန်း ဝုန်း ... ။ ”
သင်္ဘော ခြောက်စင်း ရှေ့ဆင့် နောက်ဆင့် မြင်ကွင်းထဲ ရုတ်ချည်း ပေါ်လာ၏။ တစ်စင်း စီ တိုင်းကို၊ တောက်ပသော အလင်း များဖြင့် ဖုံးအုပ် ထားသည်။
ငရဲ ကမ္ဘာ အပြင်၊ သဏ္ဍာန်မဲ့ နန်းတော် ခုနစ်လုံး၊ သွေးမိုးတိမ် ခန်းမ၊ နတ်ဘီလူးဂိုဏ်း၊ သွေးလမင်း ဂိုဏ်းနှင့်၊ တစ္ဆေ တစ်ရာ တံခါးဝ ဂိုဏ်း တို့၏ အလံများ၊ တလူလူ လွှင့်လျက်၊ ထွက်ပေါ် လာသည်။
ကောင်းကင် ကြယ်ခန်းမပါ၊ ထည့်ထွက် ရသော်၊ နတ်မိစ္ဆာ နယ်မြေ၏ တန်ခိုးကြီး ဂိုဏ်း (၇)ဂိုဏ်း စုံနေပြီ ဖြစ်ပေ၏။
စစ်သင်္ဘော များ၏ တိုက်ခိုက်မှုကြောင့် နောက်ထပ် ဂြိုဟ်သိမ်-ဂြိုဟ်မွှား ကြီး တစ်လုံး ပျက်စီး သွားသည်။
အထက် တန်းလွှာ အများစု သေဆုံး ကုန်သော်လည်း၊ သံတမန် (၁၃) ပါးနှင့် ၎င်း၏ အဖွဲ့များ၊ အန္တရာယ် ကင်းနေ ခဲ့သည်။
အကြီးအကဲ ချန်၊ တင်းလီ၊ စန်ကျွယ်၊ ချန်ရန်နှင့် ကျန်သူ များက အာကာသ အတွင်း ပျံတက်လာ၏။
“ ဘာတွေ ဖြစ်နေ တာလဲ။ ”
“ ဂိုဏ်းကြီး ခုနစ် ဂိုဏ်းလုံး ရောက်လာ တာလား။ ”
စန်းကျွယ်က ကြောက်လန့် တကြား အော်သည်။ တင်းလီနှင့် ချန်ရန် တို့ မှလည်း အန်းလျူယွင်ကို ပြန်ကြည့် လာ၏။
သူမက ခေါင်းခါ ပြပြီး၊
“ ဘာတွေ ဖြစ်နေလဲ ... ငါလည်း မသိဘူး။ ”
-ဟု ဝန်ခံလာ တော့သည်။
ကြယ်နယ်မြေ သတင်း ပေါက်ကြား သွားပုံရသည်။ သို့သော် တည်နေရာကို မရှာနိုင် သေးသဖြင့်၊ ဤသို့ ဝင်တိုက်ခြင်း ဖြစ်သည်။
“ ဒီလိုပဲ တိုက်ချင် သလို တိုက်လို့ ရတာလား၊ ရက်စက် လိုက်ကြတာ။”
အစောပိုင်း အချိန်၌၊ တတ်ကြွ နေသော ရှောင်ယွင်မှာ သည်မြင်ကွင်းကြောင့်၊ အနည်း ငယ် ထိတ်လန့် သွားသည်။
သို့သော် ထိုလူ များသည် ကြယ်နယ်မြေ၏ သြဒိနိတ်ကို မသိ သဖြင့်၊ ဤနည်းလမ်း သုံးကာ ကြယ်ခန်းမမှ တာဝန် ရှိသူများ ထွက်လာ စေရန်၊ ကြံရွယ် လိုက်ခြင်း ဖြစ်သည်။
***