နဂါး အကြွင်း အကျန် နယ်မြေ၊ သူတော်စင် အလင်း သစ်သီး။
Vol. 107 Ch. 1486
စစ်သင်္ဘော ခြောက်စင်း ထံမှ၊ ကြောက်မက်ဖွယ် ရောင်ဝါနှင့် ဖိအား များ ကြောင့်၊ သံတမန် ဆယ့်သုံးပါး ခမျာ၊ စိတ် မသက် မသာ ဖြစ်လာသည်။
“ တစ်ခုခုတော့ ... မူ မမှန်ဘူး။ ”
ရှောင်ယွင်က တိုးတိုးလေး ပြောသည်။ လင်းယွန်နှင့် အခြား သူများ မှလည်း ၎င်းကို ခံစား မိချေ၏။
စစ်သင်္ဘော များထံမှ အကန့် အသတ်မဲ့၊ သတ်ဖြတ် လိုသော ရည်ရွယ်ချက်ကို ခံစား ရ လေသည်။ အမြှောက် အများ အပြားက သူတို့အား ချိန်ရွယ် ထား၏။
“ ငါတို့ ဘာလုပ် သင့်လဲ ... ။ ”
စန်းကျွယ်နှင့် အဖွဲ့မှာ၊ ကြောက်ရွံ့ မှုများ တိုးလာ ခဲ့သည်။ သူတို့မှာ ကြယ်ခန်းမနှင့် လုံးဝ မသက် ဆိုင်ချေ။
ထို့ကြောင့် ဘဝနှင့် ရင်းကာ ကူညီဖို့ စိတ်မဝင် သည်မှာ သဘာဝ ပေပင်။ အသက် ရှင်လျက် ထွက်သွား ရန်သာ၊ ဆန္ဒရှိ တော့သည်။
တစ်ဖက်တွင် လင်းယွန်မှာ ငြိမ်သက် နေခဲ့ပြီး၊ လက်ရှိ အခြေ အနေမှာ လုံခြုံ သည်ဟု ခံစား ရ၏။
မိစ္ဆာ ဂိုဏ်းခြောက် ဂိုဏ်းသည် ကောင်းကင်ဘုံ ကြယ်ခန်းမမှ အကြီး အကဲများ ထွက်လာ စေရန်၊ သံတမန် များကို ဓားစာခံ အဖြစ်၊ အသုံးပြု နေခြင်း ဖြစ်သည်။
“ ဝှစ် ... ။ ”
လူတိုင်း စိတ်ရှုပ် နေကြစဉ်၊ မိုးကုပ် စက်ဝိုင်းကို ဖြတ်သန်း လာသော ဥက္ကာခဲ များ သဖွယ်၊ လူ (၇)ဦး ထွက်ပေါ် လာ၏။
၎င်းတို့သည် ဓာတ်ငွေ့ အစိုင်အခဲ ကြီးကို စောင့်ကြပ် နေသော လောက နိယာမ နယ်ပယ် ကျွမ်းကျင် သူများ ပေပင်။
“ ဟဲ ဟဲ ...၊ အဖိုးကြီး ဖုန် ... ၊ မင်းကိုစောင့်ရတာ အရမ်း ကြာတယ်။ ”
ငရဲ ကမ္ဘာ စစ်သင်္ဘော ပေါ်မှ အမျိုးသား တစ်ဦးက ပြုံးကာ ပြောသည်။
“ မင်းတို့က ... ကြယ် နယ်မြေကို ... ၊ တကယ် လက်ဝါးကြီး အုပ်ချင် နေကြ တာပဲ၊ ကိုယ့်ကိုယ်ကို လွန်တယ် မထင် ဖူးလား။ ”
တစ္ဆေ တစ်ရာ တံခါးဝ စစ်သင်္ဘော ပေါ်ရှိ လူလတ်ပိုင်း အရွယ် အမျိုး တစ်ဦးက ပြုံးလျက် လှမ်းပြော လာသည်။
အဖိုးကြီး ဖုန် ဟူသည် ကာကွယ်သူ (၇) ပါး၏၊ ခေါင်းဆောင် ဖုန်ကျန်းယောင် ဖြစ်သည်။ ထိုကဲ့သို့ ရာထူးကြီးမားသော သူကို ဤနေရာ၌ တွေ့ခြင်းဖြင့်၊ တစ်စုံ တစ်ရာ ဖြစ်နေမှန်း အရူးပင် သိပေသည်။
“ ငါ့ လူတွေကို အရင်လွှတ် ... ။ ”
ဖုန်ကျန်းယောင်က ဒေါသကို ထိန်းကာ ပြောလိုက်သည်။
“ အိုး ... ၊ မင်း ဘာလို့ ဒီလာပြီး စကား မပြော ရတာလဲ။ ”
ငရဲ ကမ္ဘာ စစ်သင်္ဘော ပေါ်ရှိ အမျိုးသားမှ၊ မျက်ခုံးပင့်ကာ တုန့်ပြန် လိုက်သည်။
“ ကာကွယ်သူ မဟာ အကြီးအကဲ သတိထားပါ။ ”
ကျန်ကာကွယ်သူ များ၏ မျက်နှာမှာ၊ ဤလူများ၌ မည်သို့ ကြံစည် နေသည်ကို မသိ သောကြောင့်၊ ပြောင်းလဲ သွားသည်။
“ ဝှစ် ... ။ ”
သို့သော် ဖုန်ကျန်းယောင်က တုံ့ဆိုင်း မနေဘဲ၊ ခြေလှမ်း တစ်လှမ်း တည်းနှင့် ငရဲကမ္ဘာ စစ်သင်္ဘောပေါ် တက်ရောက် လိုက်သည်။
“ ဝှစ် ... ၊ ဝှစ် ... ၊ ဝှစ် ... ။ ”
များမကြာမီ အခြားသော စစ်သင်္ဘောများ မှလည်း၊ လူရိပ်များ ပျံထွက် လာပြီး၊ ငရဲ ကမ္ဘာ စစ်သင်္ဘောပေါ် ဆင်းသက် လိုက်ကြ၏။
ထိုနောက် လူတိုင်း အပေါ် ကျရောက် နေသော စစ်သင်္ဘော ထံမှ ဖိအားများ ပျက်ပြယ် သွားတော့သည်။
သံတမန် ဆယ့်သုံးပါးနှင့် ကျွမ်းကျင် ပညာရှင် များက၊ ကျန်ရစ် ခဲ့သော ကာကွယ် သူများ အနား၊ ချက်ချင်း ပျံသန်း လိုက်၏။
“ မင်းတို့ အရင် ဆင်းနှင့်ကြ ... ။ ”
ကာကွယ်သူ များက ချက်ချင်း အမိန့်ပေး လာ၏။ ရလာဒ် မည်သို့ ဖြစ်လာ မည်ကို သူတို့ မသိ ကြချေ။ ညှိနှိုင်းမှု မအောင် မြင်သော် အန္တရာယ် ရှိချေ၏။
လူတိုင်း ဂြိုဟ်သိမ် ဂြိုဟ်မွှား တစ်ခုပေါ် ဆင်းသက်ပြီး စောင့်ဆိုင်း နေစဉ်၊ အန်းလျူယွင် မှာ စိတ်မသက် မသာဖြင့်၊ စစ်သင်္ဘော ခြောက်စင်းကို ကြည့်သည်။
“ စိတ်မပူ ပါနဲ့ ... ၊ ဒါက မင်း အတွက် သတင်းဆိုး ဖြစ်လာမယ်၊ မထင် ပါဘူး။ ”
လင်းယွန်က နှစ်သိမ့် လိုက်၏။
“ ရုတ်တရက် ဆိုတော့ စိုးရိမ်တယ်၊ ဘာပဲ ဖြစ်ဖြစ် သခင်လေး လင်းကို၊ ကြယ် နယ်မြေထဲ ဝင်ခွင့် ရအောင်၊ ငါ အစွမ်းကုန် ကြိုးစားမယ်။ ”
-ဟု အန်းလျူယွင်မှ ပြန်ပြော လာသည်။
လင်းယွန်က ခေါင်းညိတ်ကာ၊ စကား တစ်ခွန်းမှ ထပ်မပြော တော့ချေ။ သည့်စဉ် အသံလှိုင်း ရောက်လာ သဖြင့်၊ အန်းလျူယွင် မျက်နှာ ပြောင်းလဲ သွားသည်။
“ သံတမန် (၁၃) ဦးလုံးကို၊ ဆင့်ခေါ် ထားတယ်၊ ရလဒ် တစ်ခု ထွက်လာ ပုံပဲ၊ ခဏ စောင့် ... ၊ ငါ ပြန်လာ ခဲ့မယ်။ ”
“ သွား ပါ ... ။ ”
ဖုန်ကျန်းယောင်က ငရဲ ကမ္ဘာ စစ်သင်္ဘောမှ ထွက်ခွာ လာပြီး၊ သံတမန် (၁၃) ပါးကို စုဝေးစေ လိုက်သည်။
များမကြာခင် အန်းလျူယွင် ပြန်ရောက် လာ၏။
“ ဘာတဲ့လဲ ... ။ ”
“ စမ်းသပ်မှု ဖျက်သိမ်း လိုက်ပြီ ... ၊ ကာကွယ်သူ မဟာ အကြီးအကဲ ဖုန်က၊ သူတို့ (၆) ဦးရဲ့၊ ဖိအားကို မခံ နိုင်ဘူး၊ ဒါကြောင့် မျှဝေဖို့၊ ဆုံးဖြတ် လိုက်ရတယ်။ ”
အန်းလျူယွင်က သက်ပြင်း ချကာ ပြန်ဖြေသည်။
“ ဒါဆို ... ၊ ငါတို့ အတွက် ကကော။ ”
စန်းကျွယ်နှင့် အဖွဲ့က စိုးရိမ်စွာ ထပ်မေးသည်။
“ ဒါက ... နဂါး အကြွင်း အကျန် ကြယ်နယ်မြေ ဖြစ်လို့၊ နဂါး သွေးလွှတ်ကြော နယ်ပယ်က ကျွမ်းကျင် သူတွေ ဝင်လို့ မရဘူး၊ ဒါကြောင့် နင်တို့ အားလုံး အဆင် ပြေတယ်၊ ဒါပေမယ့် ကြယ် နယ်မြေမှာ ...
... ရသမျှ တစ်ဝက် ကိုတော့ လွှဲပေးရ လိမ့်မယ်၊ တခြား ဂိုဏ်းတွေ မှာလည်း ... ၊ ပြင်ပ အကူ အညီ ခေါ်ထားတယ်၊ သူတို့က ဒီစည်းမျဉ်းကို လက်ခံတယ်။ ”
မိစ္ဆာဂိုဏ်းကြီး ခုနစ် ဂိုဏ်းလုံးမှ၊ ဆုံးဖြတ် ခဲ့သဖြင့်၊ ယင်းသည် အလျှော့ အတင်း မရှိဟု ဆိုလိုခြင်း ဖြစ်သည်။
“ ငါတို့ရဲ့ အသက်ကို စွန့်စားပြီး ရသမျှကို တစ်ဝက် ပေးရ မှာလား၊ မင်းတို့ ကြယ် ခန်းမရဲ့ အစေခံ ဖြစ်လာ တာနဲ့ မခြားတော့ ပါဘူး။ ”
စန်းကျွယ်က စိတ် မချမ်းသာ စွာဖြင့် ပြောလိုက်သည်။ စမ်းသပ် စစ်ဆေး ခြင်းကို ဖျက်သိမ်း လိုက်သဖြင့်၊ သံတမန် များ၏ တန်ဖိုးများ ကျဆင်း သွားကာ၊ ကတိများ အပေါ်၊ မဖြည့်ဆည်း နိုင်တော့ချေ။
“ မဟုတ်ဘူး ... နင်တို့ ပေးရမှာ၊ ငါတို့ ကြယ်ခန်းမကို မဟုတ်ဘူး၊ ယာယီ မဟာမိတ် မိစ္ဆာဂိုဏ်း ခုနစ် ဂိုဏ်းကို။ ”
သူမ စကားကြောင့် လူတိုင်း တိတ်ဆိတ် သွားကြ၏။ လူအများ အပြားမှာ တုံ့ဆိုင်းသွား သော်လည်း၊ နောက်ဆုံး၌ သဘောတူ လာတော့သည်။
မကျေနပ်ကြ သော်လည်း၊ သူတို့ လုပ်နိုင်သည့် အရာများ မရှိချေ။ သည်အခွင့် အရေး မျိုးမှာ ရခဲ ပေ၏။
လင်းယွန်က စကား တစ်ခွန်းမှ မပြောဘဲ တိတ်ဆိတ် နေသည်။ သူ့ အတွက် နတ်နဂါး အရိုးသာ လို၏။
၎င်းကို မထိ သရွေ့၊ ရရှိ သမျှ ရတနာ တစ်ဝက်ကို၊ လွှဲပြောင်း ပေးအပ် ရမည် ဆိုက လက်ခံ နိုင်သည်။
တစ်နာရီကြာ ပြီးနောက်၊ ကြယ်ခန်းမ အကြီးအကဲ များက၊ သူတို့ ဖုံးကွယ် ထားသည့် အစီရင်ကို ဖွင့်လိုက်သည်။
ဓာတ်ငွေ့ အစိုင် အခဲကြီး တစ်ခု လူတိုင်း မြင်ကွင်းထဲ ပေါ်လာ၏။ ယင်းက မိစ္ဆာဂိုဏ်းကြီး ခြောက်ဂိုဏ်းကို၊ ရုတ်ရုတ် သဲသဲ ဖြစ်လာ စေသည်။
“ ဒါက ... နဂါး အကြွင်း အကျန် ကြယ်နယ်မြေလား၊ ဘယ်သူမှ ခြေ မချရ သေးတာ သေချာတယ်။ ”
“ ဒီနယ်မြေရဲ့ သူတော်စင် ရောင်ဝါက ထင်ထား တာထက် ပိုထူထပ် နေတယ်၊ အဲဒီမှာ သူတော်စင် အသီး အနှံတွေ ... ၊ ဘယ်လောက်တောင် များလိုက် မလဲ။ ”
“ ကောင်းကင်ဘုံ ကြယ် ခန်းမက ဘယ်လိုများ ရှာတွေ့ခဲ့ တာလဲ၊ သူတို့ တကယ် ကံကောင်းတယ်။ ”
“ ဟား ဟား ဟား ... သူတို့ ကံကောင်းတာက၊ ငါတို့ အတွက်ပဲ ဟုတ်လး။ ”
ကြယ် နယ်မြေကို မြင်ပြီးနောက်၊ ဂိုဏ်း ပေါင်းစုံမှ ထိပ်တန်း အရာရှိများ တုန်လှုပ်ကုန် ကြသည်။
“ ဝှစ် ... ။ ”
နောက်တစ်စက္ကန့်တွင် မရေ မတွက် နိုင်သော လူရိပ်များ၊ စစ်သင်္ဘော ခြောက်စင်းမှ ထွက်ခွာ လာတော့၏။ အနည်းဆုံး ထောင် ဂဏန်းခန့် ရှိပေမည်။
“ သွား ကြ ရအောင်။ ”
စန်းကျွယ်နှင့် အဖွဲ့မှာ၊ လျင်မြန်စွာ ပြေးထွက်သွား ကြသည်။ လင်းယွန်နှင့် အကြီး အကဲ ချန်သာ၊ အန်းလျူယွင် အနား ရပ်လျက် ကျန်ရစ် ခဲ့၏။
“ အကြီး အကဲ ချန်၊ မင်းလည်း ... အရင်ဝင် သွားလို့ ရတယ်။ ”
အန်းလျူယွင် စကားကြောင့်၊ အကြီးအကဲ ချန် သည်လည်း၊ ခေါင်းညိတ်ကာ ထွက်ခွာ သွား တော့၏။
စမ်းသပ်မှု ဖျက်သိမ်း လိုက်ပြီ ဖြစ်သဖြင့် အန်းလျူယွင် အနား၊ သူ ဆက်နေရန် မလိုအပ် တော့ချေ။
“ မင်း ... ၊ ငါနဲ့ အတူ သွားချင်လား။ ”
လင်းယွန်က မေးသည်။
“ ဘာလို့လဲ ... မသွားချင် ဖူးလား။ ”
“ မဟုတ် ပါဘူး။ ”
“ ဒါဆို သွား ရအောင်။ ”
နှစ်ယောက်သား လူအုပ်ကြီး နောက်မှ လိုက်ကာ ဓာတ်ငွေ့ မြူအတွင်း ပျံသန်းလျက်၊ ရေဝဲ အတွင်း ဝင်သွား လိုက်ကြသည်။
အချိန် အတော်ကြာ ပြီးနောက်၊ ဧရာမ တောင်ကုန်း တစ်ခု ပေါ်လာသည်။ အတိ အကျ ပြောရမည် ဆိုသော် တောင်ကုန်း တစ်ခု အသွင် ဆောင်သည့်၊ ကမ္ဘာငယ် တစ်ခု ဖြစ်၏။
ယင်းက နဂါး အကြွင်း အကျန် ကြယ် နယ်မြေ ဖြစ်သည်။ ဆင်းသက်ပြီး ကြုံရာ လမ်း ကြောင်းထံ ရွေးလိုက် ကြ၏။
နယ်မြေ တစ်ခုလုံး မြူခိုးများ ထူထပ် နေသဖြင့်၊ ပတ်ဝန်းကျင် အပေါ်၊ သည်းသည်း ကွဲကွဲ မမြင်ရ တော့ချေ။
အချိန် အတော်ကြာ ခရီးဆက် ပြီးနောက် မြူများ ရှင်းသွားကာ၊ ရှေးဟောင်း သစ်ပင်ကြီး တစ်ပင်၊ သူတို့ရှေ့ ပေါ်လာသည်။
သစ်ပင် ကြီးမှ အလင်းရောင် ဖျော့ဖျော့များ ထုတ်လွှတ်လျက် အနက်ရောင် အရွက် များဖြင့် ဖုံးလွှမ်း နေ၏။
“ ဒီသစ်ပင်က နှစ်သောင်းချီ သက်တမ်း ရှိပုံရတယ်၊ အရွက် တွေကို ရေနွေးကြမ်းထဲ ခတ်သောက် လို့ရမယ်။ ”
“ သာမန် ပါရမီရှင်တွေ အတွက်သာ ထိရောက် မှာပါ၊ ငါ တို့လို လူတွေ အတွက် အသုံး မဝင်ဘူး၊ သူ့ တန်ကြေးက နတ်ကြယ် ပုလဲ ရာဂဏန်း လောက်ပဲ ရှိတယ်။ ”
အန်းလျူယွင်က ကုန်သည် တစ်ယောက် ပီသစွာဖြင့်၊ တန်ဖိုးနှင့် အသုံးဝင် မှုကို ချက်ချင်း တွက်ချက် ပြသည်။
ဆက်လျှောက် လာလျက်မှ၊ ပတ်ဝန်းကျင်အား တဖြည်းဖြည်း ရှင်းလင်း စွာမြင် လာရသည်။
ပြိုကျ နေသော ဘုံဗိမာန် များနှင့် အပျက်အစီးများ၊ နေရာ အနှံ့ ပျံ့ကျဲ နေ၏။ မြေပြင်မှာ မီးသင့်ထား သကဲ့သို့၊ ပြာမှုန်များ ဖုံးလွှမ်း နေသည်။
မြေဆီလွှာကို လက်ဖြင့် ဆုပ်ကိုင် ကြည့်လိုက်ရာ၊ မီးပွင့် အချို့နှင့် မွန်မြတ်သော ရောင်ဝါ ပါရှိနေ သည်ကို မြင်လိုက် ရ၏။
“ ဒါက ဘယ်လို မီးတောက် တွေလဲ။ ”
လင်းယွန်က အံဩသော လေသံဖြင့် ပြောသည်။
“ အဲဒါကို ... ပုံရိပ်ယောင် ဘုရား မီးတောက်လို့ ခေါ်တယ်၊ နတ်ဘုရား တွေက စစ်ပွဲမှာ သေဆုံး ကုန်ပြီး၊ သူတို့ရဲ့ မီးတောက် တေွက၊ အရာ အားလုံးကို လောင်ကျွမ်း ချုပ်ငြိမ်း စေခဲ့ တာပဲ။ ”
အန်းလျူယွင်မှ ရှင်းပြသည်။ သူတို့ ဆက်လျှောက် လာရာ၊ မကြာခင် မှာပင် လူ အချို့နှင့် ဆုံလာ တော့၏။
ထူးခြားသော သစ်ပင်ကြီး တစ်ပင် အနားတွင်၊ လူပေါင်း များစွာ စုဝေး နေသည်။ ဤသည်မှာ သူတော်စင် သစ်ပင် ဖြစ်၏။
၎င်း၌ သူတော်စင် သစ်သီးပေါင်း တစ်ရာကျော် ရှိနေပြီး၊ တစ်လုံးချင်း စီသည် အလွန် လှပ နေပေသည်။
လေထု ထဲရှိ ရနံကို ရှူရှိုက် လိုက်ရုံဖြင့်၊ သက်တောင့် သက်သာ ခံစား လာရ စေသည်။
“ သူတော်စင် အလင်း သစ်ပင်။ ”
အန်းလျူယွင်က ဝမ်းသာ သွားသည်။ ၎င်းအကြောင်းကို လင်းယွန် မသိ သော်လည်း၊ သူမ လေသံ အရ၊ သာမန် မဟုတ်ကြောင်း နားလည် လိုက်၏။
***