ငါဆိုလို တာကို ... ၊ နင် နားလည်မယ် ထင်ပါတယ်။
Vol. 107 Ch. 1487
အန်းလျူယွင်က အံ့အားသင့် နေကာ၊ တုန်လှုပ် ချောက်ချားမှုကို ဖုံးကွယ် မထား နိုင်ဘဲ၊
“ ဒီနေရာမှာ တကယ်ပဲ ... ၊ သူတော်စင် အလင်း သစ်သီးတွေ ရှိနေ တာပဲ၊ ဒါက မယုံနိုင် စရာ ကောင်းလိုက်တာ ... ။ ”
-ဟု ညည်းတွား တော့သည်။
သစ်ပင် အနီးရှိ လူတိုင်းက သူမ ပြောသည်ကို ကြားသော အခါ၊ လှည့်ကြည့် လာ လေသည်။
အန်းလျူယွင် အလှကြောင့်၊ အကြည့်များ မလွှဲနိုင်ကြ တော့ချေ။ သူမက ပြုံးပြီး၊ ပြန်လည် စိုက်ကြည့် လိုက်မှ သာလျှင်၊ သတိ ဝင်ကုန်၏။
မကြည့် သင့်သည့် နေရာကို၊ စိုက်ကြည့် ခြင်းဖြင့်၊ မည်မျှ ရိုင်းစိုင်းကြောင်း သိလိုက် ကြ ကာ၊ မျက်နှာလွှဲ လိုက်ရသည်။
သို့တိုင် မျက်ဝန်း ထောင့်မှ ခိုးကြည့် ကြသေး၏။ ကြယ်ခြောက်ပွင့် ကျင့်ကြံမှု၌ ရှိသော၊ လူလတ်ပိုင်း အရွယ် ဖက်တီးက၊ မျက်ဝန်းများ ပျောက်ကွယ် သည် အထိ၊ ပြုံးလိုက်ကာ၊
“ မိန်းကလေး ... ၊ သူတော်စင် အလင်း သစ်သီးမှန်း သိပုံ ထောက်ရင် ... ၊ မင်း အရည် အချင်းက လျော့တွက်လို့ ရမယ် မထင်ဘူး။ ”
-ဟု စကား ဆိုလာသည်။
“ သူတော်စင် အလင်း သစ်သီးက၊ ငါတို့ ကမ္ဘာမှာ ရှားပါးပြီး၊ ကြယ်နယ်မြေ တေွမှာသာ တွေ့နိုင်တဲ့ အရာပဲ၊ သစ်သီး တစ်လုံး ရင့်မှည့်ဖို့ နှစ်ပေါင်း၊ ...
... တစ်ထောင် ကြာတယ်၊ ဒါကြောင့် စားသုံးရင် သူတော်စင် ရောင်ဝါကို သုံးရာ အထိ တိုးလာ စေတဲ့ အပြင်၊ ကြယ် တစ်လုံးလည်း တိုးစေ နိုင်တယ်။ ”
အန်းလျူယွန်မှ ပြောလိုက်သည်။ သက်လတ်ပိုင်း အရွယ် ဖက်တီးက ပြုံးပြီး၊
“ ဒါတော့ အမှန်ပဲ၊ ဒါပေမယ့် ကြယ် ခြောက်ပွင့်မှာ ... ၊ ရှိတဲ့ လူတွေ အတွက်တော့ ထိရောက်မှု မရှိ ပါဘူး၊ ဒါတောင် လူတိုင်းက လိုချင် နေကြ သေးတယ်။ ”
ဤအခိုက်တွင် ကြယ် နယ်မြေ တစ်ခု၊ မည်မျှ အဖိုးတန်မှန်း၊ လင်းယွန် တစ်ယောက် သိလာ တော့၏။
မိစ္ဆာဂိုဏ်းကြီး များတွင်၊ အချင်းချင်း ပဋိပက္ခများ ရှိကြ သဖြင့်၊ ကောင်းကင်ဘုံ ကြယ် ခန်းမမှ မျှဝေ လိုစိတ် မရှိ သည်မှာ၊ သဘာဝ ပေပင်။
လူလတ်ပိုင်း အရွယ် ဖက်တီးက အန်းလျူယွင်၏ ဖွံ့ထွားသော ရင်သား များထံ အကြည့် ရောက်သွားသည်။ ပြီးနောက် မျက်နှာ လွှဲကာ၊
“ သူတော်စင် အလင်း သစ်သီးထက် အဖိုးတန်တဲ့၊ သူတော်စင် နှင်းလျှပ်စီး သစ်သီး ကိုတောင်၊ နဂါး သင်္ချိုင်းမှာ တွေ့နိုင် တယ်လို့ ငါကြားထားတယ်။ ”
“ သူတော်စင် နှင်းလျှပ်စီး သစ်သီးလား။ ”
ရေခဲနှင့် လျှပ်စီး ပေါင်းစပ် ထားသော သူတော်စင် အသီး များသည် ရှားပါးလှ သဖြင့် လင်းယွန် တစ်ယောက် စိတ်လှုပ်ရှား လာ၏။
၎င်းသည် နတ်နဂါး ဓားခန္ဓာနှင့် နှင်း သူတော်စင် မျိုးဆက် သွေး၊ ဆက်ခံ ထားသော ယဲ့ဇီလင်နှင့် ကိုက်ညီ ပေမည်။
လူတိုင်း၏ တုံ့ပြန်မှုကို မြင်သော အခါ ဖက်တီးက ပြုံးလိုက်သည်။ သည်အကြောင်းကို သူ ကြားစဉ်က၊ ဤသို့ပင် ထိတ်လန့် သွားဖူး၏။
“ အိုး ... သူတော်စင် အသီးတွေ ရှိနေ ရင်တောင် ... ၊ ခွန်အား မရှိသူ တစ်ယောက် အတွက်က၊ ရဖို့ မဖြစ်နိုင် ပါဘူး။ ”
ရုတ်တရက် သွေးမိုးတိမ် ခန်းမ ဝတ်ရုံဖြင့်၊ အလွန် လှပသော အမျိုးသမီး တစ်ဦးမှ ဝင်ပြော လာသည်။ သို့သော် ထိုအလှသည် အန်းလျူယွင် အလှနှင့် ယှဉ်ပါက၊ အရောင်ဖျော့ နေ၏။
ယင်းကြောင့် မိန်းမ သဘာဝ အရ၊ အန်းလျူယွင်အား မကျေနပ် လှချေ။ ၎င်းကို သိသော်မှ အန်းလျူယွင်က အပြုံး ဖြင့်သာ လျစ်လျူရှု လိုက်သည်။
“ သူတော်စင် အလင်း သစ်သီးကို ခူးရ ခက်လို့လား။ ”
လင်းယွန်က မေးမိသည်။ ထိုမေးခွန်းက အဆိုပါ အမျိုးသမီး အတွက်၊ လှောင်ပြောင် ခွင့် ရသွား စေ၏။
“ ငတုံးပဲ ... ၊ ဒါကို အလွယ် တကူ ခူးလို့ ရမှတော့ ... ၊ ငါတို့က အခုလို ရပ်ကြည့် နေမယ် ထင်နေလား၊ ဒီသစ်သီးက အရမ်း မြန်တယ်၊ မြန်လွန်းတဲ့ အဟုန်ရှိ နေရင်၊ ...
... ဆံချည်မျှဉ် တစ်မျှဉ် ကတောင်၊ နင့်ကို သတ်နိုင်တယ်၊ ငါပြောတာ မယုံရင် စမ်းကြည့် လိုက်ပါ။ ”
“ သူပြောတာ မှန်တယ် ညီအစ်ကို။ ”
လူလတ်ပိုင်း အရွယ် ဖက်တီးက ထောက်ခံ စကား ဝင်ပြောသည်။
“ သစ်ပင်ရဲ့ တိုက်ခိုက်မှုကို၊ ရှောင်တိမ်း နိုင်ခဲ့ရင်တောင် ... ၊ သစ်သီး တွေက လေထဲမှာ ပုန်းကွယ် သွားနိုင်တယ်၊ ဒါကြောင့် သူ့ထက် ပိုမြန် ရမယ်။ ”
လေထဲ၌ ၎င်း၏ မွှေး ရနံ့များ အဘယ်ကြောင့်၊ ဤမျှ ပြင်းပြ နေသည်ကို ချက်ခြင်း နားလည် လာသည်။
သူနှင့့် အန်းလျူယွင် မရောက်မီ၊ ဤလူ များကြောင့် သစ်သီး အများ အပြား လေထဲ၊ ပုန်းကွယ် သွားပုံ ပေပင်။
“ ဟိုမှာ ကြည့် စမ်း ... ။ ”
အန်းလျူယွင်က လက်ညှိုး ထိုးပြသည်။
သစ်ပင် တစ်ဖက်တွင် အလောင်း အများ အပြားကို တွေ့လိုက် ရသည်။ အချို့မှာ ဦးခေါင်း ထက်ခြမ်း ကွဲထွက် နေ၏။
အများစုမှာ ကိုယ်ခန္ဓာ အစိတ် အပိုင်းများ ပြတ်တောက် နေသည်။ ပြတ်ရှရာ များသည် တိကျ လှသဖြင့်၊ လင်းယွန် တစ်ယောက် မျက်လုံးပြူး သွား၏။
ဤကဲ့သို့ တိကျသော ပြတ်ရှမှုမျိုး ဖန်တီး လိုပါက သူ၏ အမည်ခံ ကောင်းကင် အမိုးဓား ကို သုံးရမည် ဖြစ်သည်။
အလောင်းများ ကြား နဖူးတွင်၊ သစ်ရွက် တစ်ရွက် စိုက်နေသော အလောင်း ကောင်ကို သတိထား မိလာသည်။
( သစ်ရွက်လေး တစ်ရွက်က လူကို သတ်နိုင် တာလား။ )
ဆိုလို သည်မှာ ထိုသစ်ရွက် လေသည်၊ ဤလူ၏ အသက်ကို ယူဆောင် သွားနိုင်သည် အထိ၊ လုံလောက်အောင် အရှိန် ရှိနေသည်။
“ ဒီက ညီအစ်ကိုတွေ အားလုံး ... ၊ သနားစရာ ကောင်းတဲ့ သေခြင်းနဲ့ ... ရင်ဆိုင် လိုက်ရတယ်၊ သူတို့ အားလုံးက သူတို့ရဲ့ အမြန် နှုန်းကို ယုံကြည် ကြပြီး၊ အများ စုမှာ စတုတ္ထ တန်း လေ ရည်ရွယ်ချက် တောင် ရှိကြတယ်။ ”
လူလတ်ပိုင်း အရွယ် ဖက်တီးက သက်ပြင်းချကာ ရှင်းပြ ပေးသည်။
“ ညီအစ်ကို နာမည် ဘယ်လို ခေါ်လဲ ... ။ ”
လင်းယွန်က မေးသည်။
“ ဖက်တီး မိုလီ၊ သဏ္ဍာန်မဲ့ နန်းတော် ခုနစ်လုံးရဲ့ ဧည့်သည်ပဲ။ ”
သက်လတ်ပိုင်း အရွယ် ဖက်တီးက ပြုံးကာ ပြန်ဖြေ၏။ မိုလီသည် သူ့ကဲ့သို့ အပြင်လူ တစ်ဦး ဖြစ်သဖြင့်၊ လင်းယွန်မှ မျက်ခုံးပင့် မိသည်။
ဤအခင်း အကျင်း အရ၊ မိစ္ဆာဂိုဏ်း များသည်၊ ကြယ်နယ်မြေကို စောလျင်စွာ တည်းကပင်၊ သိရှိထား ပုံရသည်။
အစပိုင်းတွင် လင်းယွန်မှ သူတော်စင် အလင်း သစ်သီးကို စမ်းကြည့်ချင် ခဲ့မိသည်။ သို့သော် မြေပြင် ပေါ်ရှိ၊ အလောင်း များကို မြင်သော အခါတွင်၊ တုံ့ဆိုင်း သွား၏။
“ ဟား ... ဟား ... ဟား ... ။ ”
အစောပိုင်း အမျိုး သမီးက၊ အန်းလျူယွင်ကို ကြည့်ပြီး၊
“ မင်းရဲ့ လူကို ... ၊ တစ်ခုခုများ စွမ်း မလားလို့ တွေးနေတာ၊ အထင်ကြီး စရာလည်း မရှိ ပါလား၊ ငါ့ ဝမ်းကွဲက၊ ...
... သွေးမိုးတိမ် ခန်းမရဲ့၊ အမာခံ တပည့် တစ်ယောက်ပဲ၊ သူ အနားမှာ ရှိရင်၊ ငါ့ အတွက် တစ်လုံး ယူပေးမှာ သေချာတယ်။ ”
-ဟု ပြောလာ တော့သည်။
ယင်းကြောင့် လင်းယွန်က စိတ်ပျက် သွား၏။ အန်းလျူယွင်နှင့် သူ့ ပတ်သက် မှုသည် ဤအမျိုးသမီး ထင်ထား သကဲ့သို့၊ မဟုတ်ချေ။
“ ငါ ... ၊ စမ်းကြည့် ဦးမယ်။ ”
အန်းလျူယွင်က ပြုံးပြီး ပြောလိုက်သည်။
“ သခင်လေး လင်းလည်း၊ လျူယွင်ရဲ့ ခွန်အားကို သိချင် နေတယ် ဟုတ်လား၊ ငါတို့ တစ်ခါမှ မတိုက်ခဲ့ ဖူးဘူးလေ။ ”
ထိုစကားကြောင့် လင်းယွန်က၊ စကား မဆိုတော့ချေ။ အန်းလျူယွင်၌ ကောင်းကင်ဓား ပိုင်ဆိုင် ထားပြီး၊ လှည့်စား နိုင်စွမ်း ရှိသည်။
“ သူတော်စင် ချပ်ဝတ် တစ်ထည် လောက်တော့ ... ၊ ဝတ်ဆင် ထားသင့်တယ် မိန်းကလေး၊ မတော် တဆ ဖြစ်ခဲ့ ရင်တောင် ဒါက မင်းအသက်ကို ကယ်တင် လိမ့်မယ်။ ”
ဖက်တီး မိုလီက အကြံပေးသည်။
“ ဟား ဟား ဟား ... ၊ ကြည့်ချင် ပါသေးတယ်။ ”
သွေးမိုးတိမ် ခန်းမ ကပင်၊ ဝင်ရောက် လှောင်ပြောင် လာသည်။ သူမက အန်းလျူယွင် စိတ်ပြောင်း သွား မည်ကို၊ စိုးရိမ် နေပုံ ရ၏။
လင်းယွန်က တားရန် စိတ်ကူး မရှိချေ။ အန်းလျူယွင်တွင် ဝှက်ဖဲများ ရှိကြောင်း ခံစား နိုင်သည်။
အဆုံးတွင် အန်းလျူယွင် ဟူသည်၊ သံတမန် ဆယ့်သုံးပါး အနက်၊ တစ်ပါး တည်းသော အမျိုး သမီး ဖြစ်၏။
“ ဝှစ် ... ။ ”
အန်းလျူယွင်က အလင်းတန်း သဖွယ် သစ်ပင်ဆီ ပျံသန်း လိုက်၏။ နှင်း ဖြူရောင် အသား အရည်နှင့်၊ ကောက်ကြောင်းက လူတိုင်းကို၊ ငေးမော လာမိ စေသည်။
သို့သော် ထိုမြင်ကွင်းက ခဏသာ ခံ လေသည်။ သစ်ပင်နှင့် နီးကပ် သွားသော အခါ သစ်ပင်က လှုပ်ယမ်းလျက်၊ အရွက် များဖြင့် ပစ်ခတ် တော့၏။
သစ်ရွက် များ၏ အရှိန်မှာ၊ မျှော်လင့် ထားသည်ထက် ကျော်လွန် သဖြင့်၊ လင်းယွန် တစ်ယောက် မျက်လုံးပြူးကာ အော်ဟစ်လု နီးပါး ဖြစ်လာသည်။
ရပ်ကြည့် နေသူများ မှလည်း၊ ပါးစပ်ကို လက်ဖြင့် အမြန် ပိတ်လိုက် ကြသည်။ သို့သော် အန်းလျူယွင်က မုန်တိုင်း အတွင်း ဖြတ်ပျံနေ သော ငှက်မွှေး တစ်မွှေး ကဲ့သို့၊ ရှောင်တိမ်း သွားသည်။
“ ဝှစ် ... ။ ”
နောက်ဆုံးတွင် လေထဲ တစ်ပတ် ပြည့်အောင် လှည့်ကာ၊ သစ်ရွက် တစ်ရွက်ကို ကိုက်ပြီး၊ ဖမ်းယူ လိုက်သည်။
“ အရမ်း ကြည့်ကောင်းတယ်။ ”
ဖက်တီး မိုလီက သူမ၏ အလှကို လွှတ်ခနဲ ချီးကျူး လာသည်။ သတိထား ကြည့်ပါက၊ သူမ လှုပ်ရှား သွားသမျှသည်၊ ကကြိုး တစ်ခု ဖြစ်၏။
“ ရွှပ် ... ။ ”
သည့်နောက် ထိုသစ်ရွက်ကို သူတော်စင် အလင်း သစ်သီး တစ်လုံးထံ ထွေးထုတ် ပစ်ချ လိုက်သည်။
သစ်ရွက်က ဓား တစ်လက် ကဲ့သို့၊ သူတော်စင် သစ်သီး အညှာကို ဖြတ်ချပစ်သည်။ သစ်သီးမှာ ပြုတ်ကျနေ လျက်မှ၊ အလင်းများ ဖြာထွက် လာပြီး၊ ထွက်ပြေးရန် ကြံရွယ်၏။
“ ဝှစ် ... ။ ”
ထို့ကြောင့် အန်းလျူယွင်ကဦ အဝတ်စ တစ်စကို ထုတ်ယူပြီး၊ သစ်သီးထံ လှမ်းပစ်ကာ ဖမ်းယူ လိုက်သည်။
“ ဝှီး ... ။ ”
အကိုင်း အခက်များ ချက်ချင်း အသက် ဝင်လာကာ၊ ကြာပွတ်များ ကဲ့သို့ တိုက်ခိုက်လာ သဖြင့်၊ ရှောင်တိမ်း လိုက်ရ၏။
အဝတ်စက သစ်သီးထံ ရောက်ချိန်၌၊ သူတော်စင် အလင်း သစ်သီးမှာ၊ ပျောက်ကွယ် သွားပြီ ဖြစ်သည်။
“ နှမျော စရာပဲ ... ၊ နည်းနည်းပဲ လိုတော့တယ်။ ”
သူတော်စင် အလင်း သစ်သီးကို ရရှိရန် အလွန် နီးစပ် ခဲ့သဖြင့်၊ ပတ်ဝန်းကျင်ရှိ ပရိသတ် များက သက်ပြင်း ချကာ၊ ညည်းတွား လိုက်ကြသည်။
အန်းလျူယွင်က လက်လျော့ပြီး ပြန်လာ၏။
“ ငါ မအောင် မြင်ခဲ့ဘူး။ ”
“ ဟား ဟား ဟား ... ။ ”
သွေးမိုးတိမ် ခန်းမမှ အမျိုးသမီးက ရယ်သည်။ အစောပိုင်း အချိန်က အန်းလျူယွင် မရ စေရန်၊ စိတ်ထဲမှ ဆုတောင်း နေမိသည်။
“ အဆင်ပြေ ပါတယ်။ ”
လင်းယွန်က ပြုံးကာ အန်းလျူယွင်အား ခေါင်းညိတ်ပြ လိုက်သည်။ သူမ၏ စစ်မှန်သော ခွန်အားကို ချန်ထားမှန်း နားလည် ၏။
သို့သော် သူမ၏ ‘အက’သည် ရိုးရှင်းမည် မဟုတ် ကြောင်းနှင့်၊ ခိုင်မာသော မူလဇစ်မြစ် ရှိကြောင်း၊ သူ ပြောနိုင်သည်။
“ နင့်လူက တကယ် အသုံး မကျ ပါလား၊ ငါ့ဝမ်းကွဲရဲ့ လက်ချောင်း တစ်ချောင်း နဲ့တောင် ယှဉ်လို့ မရဘူး။ ”
“ သူ ... အသုံး ကျသလား၊ မကျ သလား ဆိုတာ၊ နင့်ထက် ငါ ပိုသိတယ်၊ အသုံး မကျတဲ့ ယောကျ်ား တွေသာ၊ လက်ကို သုံးကြတယ် ... ၊ ငါ ဆိုလို တာကို ... ၊ နင် နားလည်မယ် ထင်ပါတယ်။ ”
ဤတစ်ကြိမ်တွင် အန်လျူယွင် အလေးအနက် ပြုံးကာ၊ ချက်ချင်း တုန့်ပြန် လိုက်တော့သည်။
“ ခွိ ... ။ ”
“ အဟိ ... ဟိ ... ။ ”
ပတ်ဝန်းကျင်မှ ကြိတ်ရယ် သံများ ထွက်ပေါ်လာ၏။ သွေးမိုးတိမ် ခန်းမမှ၊ အမျိုး သမီး မျက်နှာမှာ နီရဲ သွားပြီး၊ ပါးစပ်ပိတ် ကျသွားသည်။
ဖက်တီး မိုလီက လင်းယွန် ပုခုံးကို ပုတ်ပြီး၊
“ ဟား ဟား ဟား ... ညီ အစ်ကို၊ မင်းရဲ့ အမျိုးသမီးက တကယ်ကို မလွယ် ဖူးပဲ ... ၊ မင်း ကံကောင်းတယ်။ ”
-ဟု အားကျစွာ ပြုံးရယ် လိုက်တော့သည်။
သို့သော် လင်းယွန်က သစ်ပင်ကို လှမ်းကြည့်ပြီး၊ ထိုစကားကို မကြားချင်ယောင် ဆောင်လျက်၊
“ ငါ စမ်းကြည့် လိုက်ဦးမယ်။ ”
-ဟု ပြောလိုက်သည်။
အားနည်းချက် အနည်းငယ်ကို ရှာတွေ့ ထားသဖြင့်၊ သူ၌ (၉၀%) ယုံကြည်ချက် ရှိလာ တော့သည်။
***