← Chapters

သူတော်စင် လျှပ်စီး သစ်သီး။

Vol. 107 Ch. 1488

သူတော်စင် လျှပ်စီး သစ်သီး။

Vol. 107 Ch. 1488

အန်းလျူယွင် မအောင်မြင်ခဲ့ သော်လည်း၊ သူမ သန်မာ သည်ကို မည်သူ မဆို မြင်နိုင်၏။ ထို့ကြောင့် ဂိုဏ်း တစ်ဂိုဏ်း၏ ထူးထူး ခြားခြား ပါရမီရှင် တစ်ပါး ဖြစ်ရ မည်ဟု၊ ကောက်ချက် ချလိုက် ကြသည်။

ထိုအချိန်တွင် လင်းယွန်မှ စမ်းကြည့် ချင်ကြောင်း၊ ပြောသော အခါတွင်၊ လူတိုင်း အာရုံပြောင်း သွားတော့၏။

အန်းလျူယွင်နှင့် ယှဉ်တွဲ နေခြင်းဖြင့်၊ ရိုးရှင်းမည် မဟုတ်ကြောင်း ပြောနိုင် ပေမည်။ ထို့ကြောင့် မည်မျှ သန်မာ မည်ကို သိချင်၏။

သွေးမိုးတိမ် ခန်းမမှ အမျိုးသမီးက၊

“ သူ့လို ကြယ်လေးပွင့်ပဲ ရှိတဲ့ လူက၊ သူတော်စင် အလင်း သစ်သီးကို ယူနိုင်တယ် ဆိုတာ ငါ မယုံဘူး။ ”

-ဟု မဲ့ရွဲ့ကာ ဝေဖန် လိုက်သည်။

သူမ စကားကို အန်းလျူယွင်နှင့် လင်းယွန်က လျစ်လျူရှုသည်။ အန်းလျူယွင်က ပြုံးပြီး၊

“ နင်သာ လှုပ်ရှားရင် ယူနိုင်မှာ သေချာတယ်။ ”

-ဟု ပြောလိုက်သည်။

“ ဒီလောက်တောင် ငါ့ကို ယုံလား။ ”

“ ဒါပေါ့ နင်က ... ၊ ငါ ရွေးထားတဲ့ လူပဲ။ ”

အန်းလျူယွန်က အဓိပ္ပါယ် များစွာ ပါသော စကားကို ဆိုလိုက်သည်။ ဤအရာက လင်းယွန် အပေါ်၊ လူတိုင်း ပို၍ စိတ်ဝင်စား လာစေ၏။

“ ညီအစ်ကို ... သေချာလှ ချည်လား ... ၊ မင်းမှာ အဆင့်မြင့် သူတော်စင် ချပ်ဝတ်ရှိနေ လို့လား၊ ငါ ခဏ ငှားပေး ရမလား။ ”

ဖက်တီးက လင်းယွန်ကို စူးစမ်း လိုက်သည်။

“ ငါ အရင် စမ်းကြည့် လိုက်မယ်။ ”

လင်းယွန်က ပြန် မဖြေဘဲ၊ ပြုံးပြ လိုက်သည်။ သူ ထွက်သွား သည်နှင့် အားလုံးက နီးစပ် ရာသို့၊ တိုးကပ် လာ၏။

ခြေလှမ်း ခုနစ်လှမ်း အလိုတွင်၊ လင်းယွန်မှ ရပ်သွားသည်။ နောက်တစ်လှမ်း လှမ်းမိ ရုံဖြင့်၊ သစ်ပင်၏ အာရုံခံ ဧရိယာ အတွင်း၊ ရောက် ရှိမည် ဖြစ်သည်။

သစ်ပင် ပေါ်မှ အသီး များကို ကြည့်ကာ၊ အသက် ပြင်းပြင်း ရှူလိုက်သည်။ သူတော်စင် အလင်း သစ်သီးသည်၊ ကြယ် တစ်လုံး ရသည် အထိ၊ မြှင့်တင် ပေး နိုင်ကြောင်း သိထား၏။

“ ရွှပ် ... ။ ”

ကောင်းကင်ပေါ်၊ ပျံတက်ကာ ဧရိယာ အတွင်း လှမ်းဝင် လိုက်သည်နှင့်၊ အရွက် ဒါဇင် ပေါင်း များစွာက၊ အလင်း တန်းများ သဖွယ်၊ သူ့ထံ ပြေးဝင် လာတော့သည်။

သာမန် မျက်စိနှင့် လိုက် မကြည့် နိုင်လောက်အောင် မြန်ဆန်၏။ ထိုအရှိန်နှင့် အတူ၊ ပင်မ နတ်ဘုရား တစ်ပါးကို သတ်ရန် လုံလောက်သော စွမ်းအား ပါရှိ နေသည်။

မျက်စိဖြင့် မမြင်ရ လေရာ၊ စိတ် ဝိညာဉ် အားကိုးလျက်၊ ရွှေကျီးကန်း အသွင် ပြောင်းခြင်း ကိုးမျိုးကို၊ ကန့်သတ်ချက်ထိ တွန်းပို့ လိုက်သည်။

ထို့ကြောင့် အရွက် များ၏၊ တိုက်ခိုက်မှု များမှ လွတ်မြောက် သွားသဖြင့်၊ လူတိုင်းက အံ့သြ လာတော့၏။

“ ရွှပ် ... ။ ”

သစ်ပင် အနား ရောက်သော အခါ၊ ဓားအလင်းဖြင့် တောက်ထုတ်ပြီး သစ်သီးအား ပစ်ချ လိုက်သည်။

သစ်သီးမှာ အညှာမှ လွတ်သည်နှင့်၊ အလင်းတန်း အဖြစ်သို့ ပြောင်းလဲ သွားကာ၊ ထွက်ပြေး လေသည်။

ချက်ချင်းပင် ရွှေကျီးကန်း တောင်ပံ တစ်စုံအား ဆင့်ခေါ်ပြီး၊ အရှိန်ကို တိုးမြင့် လိုက် ရ၏။

“ သူ ... ၊ ရသွားပြီ။ ”

လင်းယွန်ကို မယုံကြည် နိုင်စွာဖြင့်၊ လူတိုင်းမှ ပြန်ကြည့်လျက် အာမေဋိတ် သံများ ထွက်ပေါ် လာသည်။

ဤမျှဖြင့် မရပ် သေးသည်။ နောက်ထပ် သစ်သီး တစ်လုံးထံ၊ လင်းယွန်မှ ဦးတည်လိုက် ပြန်သည်။ ထို့ကြောင့် သစ်ပင်မှ သူ့အပေါ် ရန်လိုမှု တိုးလာ၏။

ထိုခံစားချက်က လင်းယွန်ကို ပျော်ရွှင် စေသည်။ ကျယ်လောင်သော ကြုံးဝါးသံ ပြု လျက်၊ မိုးပြာ နဂါး ရောင်ဝါကို၊ ကန့်သတ် ချက်သို့ တွန်းထုတ် လိုက်၏။

“ ဂျိန်း ... ။ ”

မိုးကြိုး မုန်တိုင်း တစ်စင်း ပေါ်လာပြီး၊ လျှပ်စီး လေဆင် နှာမောင်း အဖြစ်၊ သူ့ အပေါ် ဖုံးအုပ် သွားသည်။

အရွက် များမှာ၊ လေဆင် နှာမောင်း အတွင်းသို့၊ တိုးဝင် မလာနိုင် သဖြင့်၊ သူတော်စင် အလင်း သစ်သီးအား ခူးယူ နိုင်ခဲ့၏။

သို့သော် သစ်ပင် အကိုင်း အခက် (၁၈)ကိုင်း တို့သည်၊ လေဟာနယ်ကို ခွဲလျက် လမ်းကြောင်း အသီး သီးမှ၊ ဝင်ရောက် လာသည်။

“ ဝှစ် ... ။ ”

လက်များကို ဘေးသို့ ခွဲထုတ်ကာ၊ ရွှေကျီးကန်း တစ်ကောင် အလား၊ ချက်ချင်း ဆုတ်ခွာ လိုက်သည်။

သည့်နောက် မျက်စိ တစ်မှိတ် အတွင်း၊ အန်းလျူယွင်ရှေ့ ပြန်ရောက် လာကာ၊ တောင်ပံ များကို ရုတ်သိမ်း ပစ်သည်။

လူတိုင်းက လင်းယွန် လက်ထဲရှိ၊ ဒုတိယ သစ်သီးထံ လှမ်းကြည့်ကာ၊ ချက်ချင်း ရုတ်ရုတ် သဲသဲ ဖြစ်လာ၏။

“ ရော့ ... မင်း အတွက် ... ။ ”

လင်းယွန်မှ ပြုံးကာ ကမ်းပေး လိုက်သည်။ အန်းလျူယွင်က ရှက်ရွံ့စွာဖြင့် ငြိမ်သက် နေခဲ့ လေသည်။

“ အိုး ... တကယ် အံ့သြ စရာ ပါပဲလား ညီအစ်ကို။ ”

ဖက်တီး မိုလီမှ ထအော်သည်။

“ ငါ ... ထပ်ခူးရင် ရနိုင် သေးတယ်။ ”

လင်းယွန်က သစ်ပင်ကို လှည့် ကြည့်ပြီး ပြောလိုက်သည်။

“ မလုပ်နဲ့ ညီအစ်ကို ... ၊ ငါ ပြောတာကို လိုက်နာပါ၊ တစ်လုံး ခူးလိုက်တိုင်း၊ အခက် အခဲ နှစ်ဆ တိုးလာ လိမ့်မယ်၊ သစ်ပင်က မင်းရဲ့ အရိပ် အာဝါသကို မှတ်မိတယ်၊ ...

... ဒါကြောင့် အခက် အခဲ တွေက တိုးလာမယ်၊ ပြီးတော့ ပထမဆုံး စားသုံးတဲ့ သစ်သီး ကသာ၊ ထိရောက်မှု ရှိတာပါ။ ”

ဖက်တီး မိုလီက ရှင်းပြ၏။

“ နားလည် ပါပြီ ... ။ ”

လင်းယွန်က ခေါင်းညိတ်ကာ ထပ်မပြော တော့ချေ။

“ ဘယ်လောက် တောင် အစွမ်းထက် လိုက်လဲ၊ သူ့ ကျင့်ကြံမှုကို ဖုံးကွယ် ထားတာ ဖြစ်နိုင် မလား။ ”

“ ဒါက ကျင့်ကြံမှုနဲ့ မဆိုင်ဘူး ... ၊ ရွှေတောင်ပံ တွေမှာ၊ သူတော်စင် ရူရ်တောင် ရှိနေတယ်၊ သူ့တောင်ပံက ကြယ်စွမ်းအင်နဲ့ ဖန်တီးတဲ့၊ တောင်ပံထက် သာတယ်။ ”

“ ဘာပဲ ဖြစ်ဖြစ် ... ၊ သူက မရိုးရှင်းဘူး။ ”

ပတ်ဝန်းကျင်၌ အာမေဋိတ် သံများ ညံလာ တော့၏။

“ ညီအစ်ကို ... ၊ ငါ မင်းကို ဘယ်လို ခေါ်ရမလဲ။ ”

လူလတ်ပိုင်း အရွယ် ဖက်တီး မိုလီက၊ လင်းယွန်၏ ခွန်အားကို မြင်ပြီးနောက် မိတ်ဖွဲ့ ချင်ပုံ ရသည်။

“ သူ့ နာမည်က လင်းတျန် ... ၊ ကြယ်ခန်းမရဲ့ ဧည့်သည်။ ”

အန်းလျူယွင်မှ လင်းယွန် အစား၊ ဝင်ဖြေသည်။

“ ကောင်းကင်ဘုံ ကြယ်ခန်းမရဲ့၊ ဧည့်သည်လား။ ”

ထိုအမည်ကို မရင်းနှီး သဖြင့်၊ မိုလီမှ အံ့သြ သွားသည်။ လင်းယွန် သည်လည်း အံဩ စွာဖြင့် အန်းလျူယန်ထံ လှည့်ကြည့် လိုက်သည်။

သွေ့ရော် နက်ရှိုင်းခြင်း သော့၊ သူ့ လက်ထဲတွင် ရှိနေကြောင်း၊ လူ အများ သိထား သဖြင့်၊ သူမမှ ဖုံးကွယ် ထားစေ လိုပုံ ရ၏။

မဟုတ်သော် ဤနေရာ၌ မိစ္ဆာ ကျင့်ကြံသူ အများ အပြား ရှိလေရာ၊ ၎င်းတို့၏ လောဘများ ကို၊ ရှောင်တိမ်းရန် ခက်ခဲ ပေမည်။

***

All Chapters