ငါတို့ ... သူ့ကို ရွေ့စိုက် သင့်လား။
Vol. 107 Ch. 1489
ထို့စဉ် ကြက်သွေးရောင် ချပ်ဝတ်ကို ရွှေကြိုးများဖြင့် အလှဆင် ထားသော လူငယ် တစ်ဦး ကောင်းကင်မှ ဆင်းသက် လာသည်။
“ သွေးမိုး တိမ်ခန်းမရဲ့ အမာခံ တပည့်ပဲ၊ သူက နဂါး သင်္ချိုင်း တောင်ကြားကို သွားရမှာ မဟုတ်လား၊ ဘာလို့ ဒီရောက်လာ တာလဲ။ ”
လူအုပ်က တိုးတိုးလေး ပြောပြီး၊ ကြောက်ရွံ့ ကုန်ကြသည်။
“ ဝမ်းကွဲ ... ။ ”
ထိုအမျိုးသမီးက ဝမ်းသာ အားရ ရေှ့လှမ်းထွက် လာ၏။ ထိုလူငယ်က ပေါ့ပေါ့ ပါးပါး ခေါင်းညိတ် ပြလိုက်သည်။
“ ဘာလို့ ... ၊ နောက်ကျ နေတာလဲ။ ”
ထိုအမျိုးသမီးက အပစ်တင် စကား ဆို၏။
“ နဂါး သင်္ချိုင်း တောင်ကြားမှာ၊ အခြား ဂိုဏ်းတွေနဲ့ ပြဿနာ တချို့ကြုံ နေလို့ ... ၊ ငါနောက်ကျ နေရတာ။ ”
လူငယ်က သစ်ပင်ထံ လျှောက်လှမ်း သွားလျက်မှ ပြန်ဖြေ၏။ မရေ မတွက် နိုင်သော အရွက်များ ပျံဝဲလာ သော်လည်း၊ သူ့ ချပ်ဝတ်ကို တိုးမပေါက်ချေ။
သည့်နောက် သူတော်စင် အလင်း သစ်သီး တစ်လုံးကို ခူးယူကာ ထိုအမျိုးသမီး ပြန်လာပြီး ကမ်းပေး လိုက်သည်။
“ ဝမ်းကွဲ ... ၊ အဲဒီ လူက သူတော်စင် အလင်း သစ်သီး နှစ်လုံး ရထားတယ်၊ သူ့အမျိုး သမီး ကလည်း၊ ငါ့ကိုတောင် ကြိမ်းမောင်း ခဲ့ သေးတယ်။ ”
“ ငါ့ ... မိန်းကလေးကို၊ ဘယ်သူ ပြောရဲ တာလဲ၊ အသက် ရှင်ရတာ ပင်ပန်း နေပြီလား။ ”
လူငယ်၏ မျက်ဝန်း များ၌ သတ်ရန် ရည်ရွယ်ချက်များ တောက်လောင် လာသဖြင့်၊ ပတ်ဝန်းကျင် အပူချိန် ရုတ်တရက် ကျဆင်း သွားသည်။
“ ရီချင်းလီ မတွေ့တာ ကြာပြီနော်။ ”
လူငယ်က လှည့်ကြည့် လာချိန်တွင်၊ အန်းလျူယွင်က ပြုံးကာ နှုတ်ဆက် လိုက်သည်။ သူမအား မြင်သည်နှင့်၊ ရီချင်းလီ အမည် ရှိသော လူငယ် ထံမှ သတ်ဖြတ် အငွေ့ အသက်များ ပျောက်ကွယ် သွားသည်။
“ သံတမန် အန်း ... ၊ မင်း ဒီမှာ ဘာလုပ် နေတာလဲ။ ”
“ တစ်စုံ တစ်ယောက်က ... ၊ နင့်ရဲ့ လက်ချောင်း တွေက၊ အရမ်း အစွမ်း ထက်တယ် လို့၊ အခုတင် ငါ့ကို ပြော နေတယ်၊ ဒါနဲ့ နင့်ရဲ့ သတ်ဖြတ် လိုတဲ့ ရည်ရွယ်ချက်က၊ တကယ်ကို ထိတ်လန့် စရာ ကောင်းတာပဲ။ ”
“ ငါ့ မိန်းကလေးက ... ၊ မသိ နားမလည်လို့ ဒီလို ပြောမိ တာပါ၊ ရော ... ဒါကို ယူပါ။ ”
ရီချင်းလီက ရှက်ရွံ့စွာ ပြုံးလိုက်ပြီး၊ ထိုအမျိုးသမီးထံ ပေးထားသော သစ်သီးကို ပြန်ယူကာ အန်းလျူယွင်ထံ ပစ်ပေး သည်။
“ တောင်းပန် ပါတယ် ... ၊ ငါ့ကို ခွင့်ပြု ပါဦး။ ”
“ ဝမ်းကွဲ ... ဒါ ဘာလုပ် တာလဲ၊ အဲဒီ သစ်သီးကို ငါ ပိုင်တယ်လေ။ ”
“ ဖြန်း ... ။ ”
ထိုအမျိုးသမီးက စိုးရိမ် တကြီး အော်လိုက်သည်။ သို့သော် သူ့ဝမ်းကွဲက သူ့အား ပါးရိုက် လာပြီး၊
“ ပါးစပ် ပိတ်ထား၊ ငါ့ ဆုံးဖြတ်ချက်ကို မင်းဝင်စွက်ဖက် စရာ မလိုဘူး၊ ဒါ သူတော်စင် အလင်း သစ်သီး လေးပဲ၊ ငါ မင်း အတွက် ထပ်ခူး ပေးမယ်။ ”
ဤမြင်ကွင်းကြောင့် လင်းယွန်မှ စိတ်ပျက် သွားပြီး၊ လှည့်ထွက်လာ မိ၏။ အန်းလျူယွင်က သူတော်စင် အလင်း သစ်သီးကို သိမ်းလျက်၊ နောက်မှ လိုက်ပါ လာသည်။
အမျိုး သမီး ခမျာ၊ စကား တစ်ခွန်းမျှ မပြောဝံ့ တော့ဘဲ၊ အန်းလျူယွင် နောက်ကျော ထံ မုန်းတီးစွာ ခိုးကြည့်လျက်၊ သူ့ဝမ်းကွဲ နောက်သို့၊ လိုက်သွား တော့သည်။
“ ဒါဆို သူမက သံတမန် အန်းလျူယွင်ပေါ့၊ ရီချင်းလီ မျက်နှာသာ ပေးတာ အံ့သြ စရာ မရှိတော့ ပါဘူး။ ”
“ သူ့မှာ ကြွယ်ဝတဲ့ အရင်း အမြစ်တွေ ရှိတယ်လို့ ငါ ကြားတယ်၊ ဒါကြောင့် ... ကျင့်ကြံ သူတိုင်းက၊ သူမနဲ့ မိတ်ဖွဲ့ လိုကြတယ်။ ”
လူအုပ်ကြီးမှာ အန်းလျူယွင်ကို မျှော်ကြည့်လျက်၊ ဝေဖန် သုံးသပ် နေကြ တော့ သည်။
တစ်နာရီ အကြာတွင် လင်းယွန်က မျက်လုံးများ ဖွင့်ကာ အသက်ရှူ ထုတ်လိုက် သည်။
သူတော်စင် အလင်း သစ်သီးကို စားသုံး ပြီးနောက်၊ ရောင်ဝါ သမုဒ္ဒရာမှာ ပေ (၁၇၀၀၀) အထိ ကျယ်ပြော လာကာ၊ ရောင်ဝါ ကြိုး သည်လည်း၊ (၁,၇၀၀) အထိ ရရှိ လာ၏။
အကျိုး သက်ရောက် မှုသည် အံ့ဖွယ် ကောင်းချေပြီ။ အမှန်ပင် အစွမ်း ထက်သော ရတနာဟု ယူဆ နိုင်၏။
သို့သော် သူ့ ကျင့်ကြံ မှုသည် ပိတ်ဆို့ နေသေးကာ၊ ကောလာ ဟလများ အတိုင်း ကြယ် တစ်ပွင့်ကို မပေးစွမ်း ခဲ့ချေ။
“ ကြည့်ရတာ ကောလဟာလ တွေက မမှန်ဖူး ထင်တယ်။ ”
လင်းယွန်က အန်းလျူယွင်ထံ ကြည့်ပြီး ပြောလိုက်သည်။ ထိုစကားကို ကြားသော အခါ သူမ စိတ်ရှုပ် သွား၏။
ကြယ်ခြောက်ပွင့် အောက်ရှိ၊ မည်သူ မဆို သူတော်စင် အလင်း သစ်သီးကို စားပါက ကြယ် တစ်ပွင့် တိုးလာ မည်မှာ အမှန်ပင်။
“ သခင်လေး လင်းရဲ့ ... ၊ ရောင်ဝါ သမုဒ္ဒရာ နဲ့၊ သူတော်စင် ကြိုးက ... ၊ သူတော်စင် အလင်း သစ်သီး မစားခင်၊ ဘယ်လောက် ရှိလဲ။ ”
“ ပေ (၁၆၀၀၀) နဲ့ ... ၊ ကြိုး (၁၄၀၀)။ ”
“ အာ... သခင်လေး လင်းက တကယ့် ဘီလူးပဲ၊ သာမန် ကြယ်ခြောက်ပွင့် ကျွမ်းကျင် သူမှာ၊ ပေ (၁၀,၀၀၀)နဲ့ ကြိုး (၁၀၀၀)ပဲ ရှိတယ်၊ ဒါကြောင့် ဒီသစ်သီး အစွမ်းက မထိရောက် နိုင်တော့ တာပေါ့။ ”
“ ဒီလိုလား ... ၊ ဒါဆို ငါ့ကို ဒီမှာ ခဏ စောင့်နေဦး ပြန်လာမယ်။ ”
“ ဘယ်သွား မလို့လဲ သခင်လေး လင်း ... ၊ ငါ့လို အားနွဲ့တဲ့ ... မိန်းကလေး တစ်ယောက်ကို ပစ်ထားခဲ့ ချင်တာလား။ ”
အန်းလျူယွင် ရင်ဘတ်ကို ပုတ်ပြကာ ငြီးတွား ပြသဖြင့် လင်းယွန် အကြည့် ကျရောက် သွားသည်။
သူ့ အမြင်၌ မည်သည့် နေရာမှ အား မနည်းကြောင်း သေချာသည်။ ငြိတွယ် နေသော မျက်ဝန်း များကို သတိရ သွားပြီး၊ ပြန်ရုတ် လိုက်၏။
နာရီဝက် အကြာ၌၊ သူတော်စင် အလင်း သစ်ပင် ရှိရာသို့ ပြန်ရောက် လာပြီး၊ သစ်ပင်ထံ မော့ကြည့် လိုက်သည်။
သစ်သီး အရေ အတွက်မှာ၊ (၄၀) ခန့်သာ ကျန်ရှိ တော့၏။ ၎င်းအား ရယူရန် နည်းလမ်း မရှိ သဖြင့်၊ လူတိုင်း ထွက်ခွာ သွားကြသည်။
သစ်ပင်ကို ဖုံးအုပ် ထားသည့် အလင်းတွင်၊ အာရုံခံ စွမ်းအင် ပါရှိပြီး၊ ထိုဧရိယာ အတွင်း ဝင် သူတိုင်းကို တိုက်ခိုက်မည် ဖြစ်သည်။
ခြေတစ်လှမ်း လှမ်းလိုက် သည်နှင့်၊ သစ်ပင်က သူ့ ရောင်ဝါကို မှတ်မိ သွားလေ သည်။
“ ရွှပ် ... ။ ”
ချက်ချင်းပင် ရာနှင့် ချီသော သစ်ရွက် များဖြင့် ပစ်ခတ် လာ၏။ အကိုင်း အခက်များ မှလည်း ယိမ်းထိုးကာ ရိုက်နှက် လေသည်။
အတွေး တစ်ချက်ဖြင့်၊ နဂါး ရူရ် ရှစ်ထောင်အား ချပ်ဝတ် အဖြစ် ဖွဲ့စည်း လိုက်သည်။
“ ထန် ... ။ ”
ထို့ကြောင့် အကိုင်း အခက် များနှင့် သစ်ရွက်များမှာ သူ့ထံ ရောက်မလာ တော့ဘဲ၊ မီးပွားများ ပွင့်ကာ ပြန်လည် လွင့်စဉ် ကုန် တော့သည်။
“ အပူပင် ကင်းသော ဓား (၉) ကွက်၊- မြေကြီး ဓားပုံစံ။ ”
ပန်းသင်္ချိုင်း ဓားကို ဆင့်ခေါ်ပြီး၊ ဓားချက်ပေါင်း (၇၂) ချက်အား ထုတ်လွှတ် ပစ် လိုက်သည်။
“ ဝှစ် ... ဝှစ် ဝှစ် ။ ”
ဓားရောင်ခြည်များ လင်းလက် သွားကာ သူတော်စင် အလင်း သစ်သီးများ အားလုံး ကြွေ ကျလာ တော့၏။
သစ်သီး များက အလင်းများ ဖြာလျက်၊ ချက်ချင်း ထွက်ပြေးသည်။ သို့သော် မြေကြီးဓား ပုံစံ၏ ဆွဲငင် အားကြောင့်၊ လွန်စွာ နှေးကွေး ကုန်၏။
“ နဂါး ထွက်သက် ... ။ ”
ဓားကို သိမ်းပြီး လက်ဖြင့် လှမ်းကုပ်ယူ လိုက်ရာ၊ စုပ်ဝဲ တစ်ခုက အသီး (၃၆) လုံးကို ချက်ခြင်း ဆွဲယူ လေသည်။
ထို့ကြောင့် သစ်ပင်၌ အသီး များသာ မက၊ အရွက်ပင် မကျန်ရစ် တော့ချေ။ နောက်သို့ ခြေ တစ်လှမ်း ဆုတ်ပြီး၊ သစ်ပင်၏ အာရုံခံ ဧရိယာ အတွင်းမှ ထွက်လိုက်သည်။
ပြောင်သလင်းခါ သွားသော သစ်ပင်ကို ကြည့်လျက်မှ၊
“ ခရမ်းငယ် ဒီသစ်ပင်က အဖိုးတန် သေးသလား၊ ငါတို့ ခရမ်းရောင် နယ်မြေ ထဲကို ရွှေ့ရင် ကောင်းမလား။ ”
-ဟု မေးလိုက် မိသည်။
ပါးစပ်မှ ထုတ်မေးခြင်း ဖြစ်သဖြင့်၊ သူတော်စင် သစ်ပင်မှ ကြားသွားပြီး၊ တုန်ယင် လာကာ၊ အမြစ်ကို နှုတ်ယူလျက် ချက်ချင်း ထွက်ပြေး သွားတော့သည်။
ဤမြင်ကွင်းကြောင့် ခရမ်းငယ် ခမျာ နှုတ်ခမ်းများ တွန့်တတ် သွားပြီး၊
“ နင်က ... အရိုင်း အစိုင်းပဲ။ ”
-ဟု ကျိန်ဆဲ လိုက်မိ လေသည်။
***