← Chapters

မြင်စေ ချင်တဲ့ သူကိုပဲ ... ၊ ကြည့်စေချင် မိတယ်။

Vol. 107 Ch. 1490

မြင်စေ ချင်တဲ့ သူကိုပဲ ... ၊ ကြည့်စေချင် မိတယ်။

Vol. 107 Ch. 1490

သုံးနာရီ အတွင်း သူတော်စင် သစ်ပင် မျိုးစုံကို လိုက်လံ ရှာဖွေကာ ခူးယူသည်။ အချို့ နေရာ များတွင်၊ လူများ ရှိနေ သဖြင့်၊ ၎င်းတို့ ထွက်သွားသည် အထိ၊ စောင့်ဆိုင်း ခဲ့ရသည်။

မြေကြီး ဓားပုံစံ၏ ဆွဲငင်အား အပြင်၊ အဆိုပါ သူတော်စင် သစ်ပင် များ၏ တိုက်ခိုက် ခြင်းကို၊ ခံနိုင်ရည် ရှိစေရန်၊ သူတော်စင် နဂါး ခန္ဓာအား အသက်သွင်း ထားရသည်။

သူတော်စင် သစ်သီး ဆယ်မျိုး ရရှိ လာ၏။ တစ်မျိုးတွင် အလုံးရေ အနည်းဆုံး ဆယ်ဂဏန်း ခန့် ရှိပြီး၊ အခက် အခဲ များမှာလည်း ကွဲပြား လေသည်။

နှင်း လျှပ်စီး၏ ကဲ့သို့ ရှားပါးသော သစ်သီး ကိုမူ၊ ခုနစ်လုံးသာ ရရှိသည်။ ရေခဲ သို့မဟုတ် မီး ရည်ရွယ်ချက်သည်၊ သူတော်စင် နဂါး ခန္ဓာကို ချိုးဖြတ်ကာ၊ သူ့ အတွင်း အင်္ဂါ များအား၊ ဒဏ်ရာ ရစေ၏။

သတ္တမမြောက် ကောင်းကင် မီးတောက် သစ်သီးကို ခူးယူသော အခါတွင်၊ နဂါး ရူရ်များ ပျက်ပြယ် လုနီးပါး တိုက်ခိုက် ခံရသည်။

အဆုံးတွင် ကူကယ် ရာမဲ့ စွာဖြင့်၊ နောက်ဆုတ် လိုက်ရသည်။ သူ ပြန်လာသော အခါ၊ အန်းလျူယွင်မှ ဒေါသ ထွက်နေပြီ ဖြစ်၏။

“ သခင်လေး လင်း၊ မင်း ပြန်လာဖို့ ဆန္ဒ ရှိသေးတယ်နော်။ ”

လင်းယွန်မှ စကား မဆိုဘဲ၊ သူတော်စင် သစ်သီး များကို ထုတ်ယူကာ၊ ကမ်းပေး လိုက် လေသည်။

“ ရေလမင်း သစ်သီး၊ ရေခဲ သစ်သီး၊ မြကျောက်ရည် သစ်သီး၊ လေလျှပ်စီး သစ်သီး၊ ကောင်းကင် မီးတောက် သစ်သီး ... ၊ ဒါ ... ဒါတွေက ... ။ ”

“ မင်း အတွက်ပဲ ... ။ ”

လင်းယွန်က ပြုံးကာ ဖြေလိုက်၏။ သူ့ စကားကြောင့်၊ အန်းလျူယွင် မျက်နှာ နီရဲပြီး အသက်ရှူ နှုန်း မြန်လာ တော့သည်။

ထို့ကြောင့် သူမ ရင်ဘတ်မှာ၊ မို့ကြွ တုန်ခါလာ သဖြင့်၊ မြင်ရ သူတိုင်းကို သွေးဆူ စေသည်။

“ တကယ်ပဲ ... ဒါ ... ဒါတွေ အားလုံး ငါ့အတွက် ... ။ ”

“ ဒီနေရာမှာ မင်းက လွဲပြီး ... ၊ ဘယ်သူများ ရှိသေး လို့လဲ။ ”

“ အဲလို ပြောတာ မဟုတ်ဘူး ... ၊ ငါ့ကို အခုလိုမျိုး ဘယ်သူမှ လက်ဆောင် မပေးခဲ့ ဖူးဘူး။ ”

အန်းလျူယွင်က သစ်သီး များကို သိမ်းဆည်းလျက်၊ သက်ပြင်း ချကာ ပြောပြ လာသည်။

“ မင်းကို ... ၊ အဖြူ- အမည်း ... ၊ ဘယ်သူမဆို မိတ်ဖွဲ့ချင် နေကြ တယ်လို့၊ ငါ ကြားပါတယ်၊ ရီချင်းလီလို လူတောင် အလင်း သစ်သီး ပေးခဲ့တယ်၊ မဟုတ် ဖူးလား။ ”

ထိုစကားကို ကြားသော အခါ အန်းလျူယွင်မှ လှောင်ပြောင် ရယ်မော လိုက် လေသည်။

“ အဟား ... အဲဒီ လူယုတ်မာက၊ ငါ့ကို နတ်ကြယ် ပုလဲ လေးသန်းလောက် ပေးစရာ ရှိတယ်၊ ခြောက်လလောက် ရှိနေပြီ။ ”

“ ထား တော့ ... ၊ ငါတို့ ဒီသူတော်စင် အသီး တေွကို ... ၊ အရင် စမ်းကြည့် ကြ ရအောင်။ ”

“ ဒီအကြံ ကောင်းတယ် ... ။”

နဂါး အကြွင်း အကျန် ကြယ်နယ်မြေသို့ ကျွမ်းကျင်သူ များစွာ ဝင်ရောက် လာပြီး၊ ၎င်းတို့ အားလုံးသည် နဂါး သင်္ချိုင်းသို့ ဦးတည်သွား နေကြသည်။

လင်းယွန်နှင့် အန်လျူယွင် မှာမူ ၎င်းတို့နှင့် ဆန့်ကျင်ဘက် ဖြစ်သော၊ လူသူ ကင်းရှင်းသည့်၊ ချိုင့်ဝှမ်း တစ်နေရာ၌၊ သူတော်စင် သစ်သီး ခြောက်လုံးကို၊ သန့်စင် ပြီးခဲ့သည်။

သည့်နောက် မျက်လုံးကို ဖွင့်ကာ လင်းယွန်က အသက် ပြင်းပြင်း ရှူလိုက်၏။ ခန္ဓာ ကိုယ်တွင် သူတော်စင် ရောင်ဝါများ ဖုံးလွှမ်း နေသည်။

“ ကြယ်ငါးပွင့် ကောင်းကင် အဆင့် ... ၊ ရောင်ဝါ သမုဒ္ဒရာက ပေ (၂၀,၀၀၀)နဲ့၊ ရောင်ဝါ ကြိုးက (၂,၀၀၀)၊ မဆိုး ပါဘူး ... ။ ”

ကျေနပ်သော အသွင်ဖြင့် လင်းယွန်က ရေရွတ် လိုက်သည်။ ဤသည်မှာ နဂါး အကြွင်း အကျန်၊ ကြယ်နယ်မြေသို့ ဝင်ရောက် လာသည့်၊ ပထမ နေ့သာ ရှိသေးသည်။

စန်းကျွယ်နှင့် အခြား သူများ ပြောသည့် စကားမှာ မမှားချေ။ မတူးဖော် ရသေးသော ကြယ် နယ်မြေသည်၊ အခွင့် အလမ်း များနှင့် ပြည့်နှက် နေသည်။

ဤနေရာ၌ နတ်နဂါး အရိုးကို ရှာမတွေ့ လျှင်ပင်၊ အခွင့် အရေး များမှာ တန်ဖိုးရှိ နေဆဲ ဖြစ်သည်။

သို့သော် ကြယ်နယ်မြေ တိုင်းက၊ ထိုသို့ အကျိုး ကျေးဇူး များနှင့် ပြည့်နှက် နေကြသည် မဟုတ်ချေ။

မည်သည့် အရင်း အမြစ်များ မရှိသည့် အပြင်၊ အန္တရာယ်များ ရောပြွန်း နေသော နယ်မြေ များလည်း ရှိသေးသည်။

ထို့ကြောင့် ဤသို့ အခွင့်အလမ်းများ ပြည့်နှက် နေသည့်၊ ဂြိုဟ် တစ်လုံးကို ရှာတွေ့ ရန်မှာ မလွယ် ကူချေ။ ကံကောင်းခြင်း အပေါ် များစွာ မူတည်သည်။

မဝေး ကွာသော အရပ်၌ အန်းလျူယွင်မှ သူတော်စင် အသီးအနှံ များကို သန့်စင် နေဆဲ ဖြစ်သည်။

သူမ၏ အမြန် နှုန်းသည် သူ့အား မမီ သော်လည်း၊ လွှမ်းခြုံထားသော သူတော်စင် အလင်း ရောင်မှာ၊ ပိုမို တောက်ပ၏။

ထို့ကြောင့် သူတော်စင် သစ်သီး များကို ထုတ်ယူကာ ရေတွက် နေမိသည်။ မျိုးခွဲပေါင်း (၁၃)မျိုး ရှိကာ၊ အရေအတွက် (၁၀၀) ခန့် ကျန်၏။

၎င်းအတွင်း သူ မသန့်စင် ရသေးသော သူတော်စင် သစ်သီး မျိုးကွဲ ခုနစ်မျိုးသာ ကျန်ရှိ တော့သည်။

သူတော်စင် အသီး အနှံ တိုင်းသည် စားသုံးရာ၌ ပထမ အကြိမ်သာ ထိရောက်မှု ရှိချေ၏။

ထို့ကြောင့် ဓားဂိုဏ်း ပြန်ရောက်သော်၊ ၎င်းတို့အား ယဲ့ဇီလင်နှင့် အခြားသော သူများထံ ပေးရန်၊ စိတ်ကူး ရလာသည်။

နှင်းလျှပ်စီး သစ်သီးမှာ၊ ယဲ့ဇီလင် အတွက် အသင့်လျော်ဆုံး ဖြစ်၏။ ထို့ပြင် လေ လျှပ်စီးနှင့် ကောင်းကင် မီးတောက် သစ်သီး သည်လည်း၊ အသုံးဝင် နိုင်မည်။

၎င်းတို့သည် ပြင်ပ ကမ္ဘာ၌ ရှားပါး ချေ၏။ တစ်နာရီ ကုန်လွန် ပြီးနောက်၊ အန်းလျူယွင်၏ အငွေ့ အသက်များ ပြောင်းလဲ သွားသည်။

ကြယ် ခုနစ်ပွင့် ကောင်းကင် ပင်မ နတ်ဘုရား အဆင့်သို့၊ အောင်မြင်စွာ ထိုးဖောက် ဝင်ရောက် နိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် သူမ ထံမှ ညှို့အားသည် ယခင်ထက် များစွာ ပြင်းလာ၏။ အသား အရည် မှာ၊ အပြစ် ကင်းစင်သော ကြာပန်း တစ်ပွင့်နှင့် တူပြီး၊ ဆွဲဆောင်မှု ရှိလွန်း လှသည်။

သည့်အပြင် ကြော့ရှင်း ဖွံ့ထွားသော ကိုယ်ဟန်အား သူမမှ ဖုံးကွယ် ထားရန်၊ ဆန္ဒ မရှိ သဖြင့်၊ သာ၍ သေွးဆူ စေသည်။

စီနီယာ အစ်မ ရှင်းယန် သည်လည်း၊ ဤကဲ့သို့ ဖွံ့ထွား စွဲမက်ဖွယ် ကောင်းသည်။ သို့သော် အလှ တရား များကို လှစ်ဟ ပြသော ဝတ်စား ဆင်ယင်မှုမျိုး မလုပ်ချေ။

ထို့ကြောင့် အန်းလျူယွင် အနား နေရ သည်မှာ၊ ချောက်ကမ်းပါး ပေါ် လမ်းလျှောက် နေရ ခြင်းနှင့် တူလာသည်။ အသည်း တအေး အေးဖြင့်၊ အချိန် မရွေး ပြုတ်ကျ နိုင်၏။

“ ဘာကြည့် နေတာလဲ ... ။ ”

လင်းယွန်က အကြည့် လွှဲခါ နီးတွင်၊ အန်းလျူယွင်မှ မြင်သွားပြီး၊ ပြုံးလျက် အမိဖမ်း လိုက်တော့သည်။

“ ကြည့်ကောင်းလို့ ... ကြည့်မိတယ်။ ”

“ ခစ် ခစ် ခစ် ... ။ ”

လင်းယွန် အဖြေကြောင့်၊ အန်းလျူယွင်က ကျေနပ်စွာ ရယ်၏။ လှစ်ဟ ဖော်ပြ ထားသော အရာ များထံ၊ အမျိုးသားများ ကြည့်လာ ချိန်တွင်၊ စက်ဆုပ် ရွံ့ရှာ မိ၏။

လင်းယွန်မှ ယခု ကဲ့သို့ ရိုးရိုး သားသား ပြန်ဖြေ လာသော အခါတွင်၊ ဘဝ တလျှောက် ထိုသူများကို မုန်းတီး ရသည့်၊ အဓိပ္ပါယ်အား ရုတ်တရက် နားလည် သွားသည်။

သူမ ကြည့်စေလို သည်မှာ၊ ထိုသူများ မဟုတ်ချေ။ ( ဆိုလို သည်မှာ လင်းယွန် ကြည့် သည်ကို၊ ကျေနပ် သည်ဟု အဓိပ္ပါယ် ရ၏။ )

“ ဒါပေမယ့် သခင်လေး လင်း ... ၊ အခု မကြည့်သင့် တော့ဘူး ... ၊ ဒီကို တစ်ယောက် ယောက် လာနေပြီ၊ ခစ် ခစ် ခစ် ... ။ ”

အန်းလျူယွင်က ညစ်ကျယ်ကျယ် ရယ်လျက်၊ ပြောလာ သဖြင့်၊ လင်းယွန် မျက်နှာ ပြောင်းလဲ သွားလေသည်။

“ ဝှစ် ... ။ ”

များမကြာခင် လူသုံးယောက် ရောက်ရှိ လာသည်။ အန်းလျူယွန် အဆင့် တက်စဉ်က ရောင်ဝါကြောင့်၊ သည်နေရာ၌ ရတနာ တစ်ခု မွေးဖွား လာသည်ဟု ထင်လျက်၊ အပြေး အလွှား လာခဲ့ ကြခြင်း ဖြစ်သည်။

သုံးယောက် အလယ်တွင် ရှိသော လူငယ်သည်၊ ခန္ဓာကိုယ် သေးသွယ်ကာ ချောမော လှပသည့် ရုပ်ရည် ရှိ၏။

အသား အရည်မှာ အမျိုးသမီး တစ်ဦးပင် မနာလိုဖွယ် ဖြစ်စေသည့်၊ ပန်းသွေးရောင် မျိုး ဖြစ်လေသည်။

၎င်းက ကြယ်ခုနစ်ပွင့် ရောင်ဝါအား ထုတ်ဖော်လျက်၊ အန်းလျူယွင်ကို မြင်သောအခါ အံ့ဩ ပြုံးရွှင် သွားတော့သည်။

“ ဒါဆို ... သံတမန် အန်းက၊ ဒီမှာ သူတော်စင် သစ်သီးကို သန့်စင် နေတာပေါ့၊ ငရဲ ကမ္ဘာက လန်စစ်ယွီပါ၊ မင်းရဲ့ ဂုဏ်သတင်းကို ကြားဖူး နေတာ ကြာပြီ၊ အဲဒါက ချဲ့ကား နေတာ မဟုတ် ဖူးပဲ။ ”

ငရဲ ကမ္ဘာ ဟူသော အမည်ကို ရည်ညွှန်းသော အခါတွင် လန်စစ်ယွီ မျက်နှာ၌ ဂုဏ်ယူ ဝင့်ကြွား ရိပ်များ ရှိနေ ခဲ့၏။

အဆုံးတွင် ငရဲ ကမ္ဘာ၏ အုတ်မြစ်မှာ၊ အခြားသော အင်အားစု များထက် ပိုမို နက်ရှိုင်း လေသည်။

ထို့ကြောင့် ၎င်းတို့အား ဦးဆောင်ကာ ကြယ်ခန်းမကို တွေဝေခြင်း မရှိဘဲ၊ တိုက်ခိုက် ဝံ့ခြင်း ဖြစ်သည်။

***

All Chapters