← Chapters

အလှတရား လေးနဲ့ ခရီး သွားခွင့် ရတာက၊ ငါ့ကို ကံကောင်း စေ ပါတယ်။

Vol. 107 Ch. 1491

အလှတရား လေးနဲ့ ခရီး သွားခွင့် ရတာက၊ ငါ့ကို ကံကောင်း စေ ပါတယ်။

Vol. 107 Ch. 1491

လန်စီယုမှာ ထက်မြက်သူ တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ကြယ်ခန်းမ၏ သံတမန် (၁၃) ပါးကို ကောင်းစွာ လေ့လာ ထား၏။

၎င်းတို့ အနက် အန်းလျူယွန်မှ တစ်ဦး တည်းသော အမျိုးသမီး ဖြစ်သဖြင့်၊ သူမအား အချိန် အတော်ကြာ ကတည်း ကပင်၊ အာရုံ စိုက်ခဲ့သည်။

ဤတစ်ကြိမ် မိုးနတ်မင်းမှ သူ့ဆန္ဒကို ဖြည့်စည်း ပေးခဲ့ ပုံရသည်။ သို့သော် ဘေးတွင် ရပ်နေသော ကြည့်ကောင်း လွန်းသည့် လူငယ် ကြောင့်၊ အနည်းငယ် အလို မကျ ဖြစ်မိ၏။

“ နင်က ယဉ်ကျေးလွန်း ပါပြီ။ ”

အန်းလျူယွင်က ပြုံးလျက် တုန့်ပြန် လိုက်သည်။ ထိုအပြုံး တစ်ပွင့် ကပင်၊ သူ့အား ပို၍ သွေးဆူ လာစေ၏။

“ ငါတို့ ဒီမှာ ဆုံရတာ ကံကြမ္မာ ပါပဲ၊ သံတမန် အန်းလည်း ... ၊ ငါ့လို ... နဂါး သင်္ချိုင်း တောင်ကြားကို သွားချင် ဦးမှာ၊ မဟုတ် ဖူးလို့ ယုံကြည်တယ်၊ ဒါဆို ငါတို့ အတူတူ ခရီး ဆက်ကြ မလား။ ”

“ ဒါဆို ရင်တော့ ... ၊ ငါ့ မိတ်ဆေွကို အရင် မေးရ လိမ့်မယ်။ ”

အန်းလျူယွင်မှ ပြုံးကာ လင်းယွင်ကို လှည့်ကြည့်သည်။ သူမနှင့် ထိုလူငယ် ကြားတွင်၊ ထူးခြားသော ပတ်သတ်မှု ရှိမည်ကို၊ လန်စစ်ယု သိလိုက်သည်။

ထိုလူငယ်သည် ကြယ်ငါးပွင့် ၌သာ ရှိပြီး၊ အန်းလျူယွင် အတွက် များစွာ အသုံးဝင် မည်ဟု မထင်မိ ခဲ့ချေ။

သို့သော် ၎င်းနှင့် ယှဉ်ကာ၊ သူ့အား ငြင်းပယ်လိုက် သောကြောင့်၊ ဒေါသ ထွက်မိ သော်လည်း၊ ဟန်မပျက် ပြုံးနေ လိုက်သည်။

“ သံတမန် အန်း ... ၊ မင်း တကယ် ဟာသ ပြောတတ် တာပဲ၊ မင်းနေရာမှာ ... ငါသာ ဆိုရင်၊ အခု ထွက်သွား မိလိမ့်မယ်။ ”

လန်စစ်ယု ဘေးတွင် ရှိသော လူငယ်က ဝင်ပြော လာ၏။ သူတို့ (၂)ဦးသည် ငရဲ ကမ္ဘာမှ ဖိတ်ကြား ထားသော ဧည့်သည်များ ပေပင်။

ကြယ် ခုနစ်ပွင့် ရှိနေ ကြပြီး၊ ကြယ် ငါးပွင့်သာ ဖြစ်သော လင်းယွန်ကို ခေါင်းထဲ မရှိ ကြသည်မှာ သဘာဝ ပေပင်။

“ ဒါပေမယ့် ... ငါက မင်းမှ မဟုတ်တာ၊ သွားရအောင် ။ ”

လင်းယွန်မှ ပြန်လည် တုန့်ပြန် စကား ဆို ပြီးနောက်၊ အန်းလျူယွင်အား ခေါ်ကာ ထွက်ခွာ လာခဲ့ တော့သည်။

မီးခိုးရောင် ဝတ် အဖော်က၊

“ သခင်လေး လန်၊ မင်းက ဘာလို့ သူ့ကို ဖယ်ရှားဖို့ ခွင့်မပြု ရတာလဲ၊ သူ့လို လူ အတွက်၊ ဓား တစ်ချက်ပဲ လိုတယ်။ ”

“ အလျင် စလို မလုပ်နဲ့ ... ၊ ဒီလူက ပုရွက်ဆိတ် တစ်ကောင်ပဲ၊ အန်းလျူယွင် အကာ အကွယ် အောက်ကနေ၊ ထွက်ချင်ပုံ မရဘူး၊ အခု ငါတို့ သူ့ကို သတ်လိုက်ရင် ... သံတမန် အန်းနဲ့၊ အဆင်မပြေ ဖြစ်လာ နိုင်တယ်။ ”

လန်စစ်ယုက မျက်လုံးလေး မှေးစင်းကာ၊ ပြုံးလိုက်သည်။ သူ ဟူသည် ငရဲ ကမ္ဘာ ခန်းမ၏ အမာခံ တပည့် ဖြစ်ရုံ သာမက၊ ရှေးဟောင်း သူတော်စင် မိသားစု မှလည်း ဖြစ်သည်။

ထို့ကြောင့် အဆိုပါ အန်းလျူယွင်မှ၊ လိုလို လားလား သူ့ထံ ဦးညွှတ် လာမည့် အချိန် ရှိလာ လိမ့်မည်ဟု ယုံကြည်၏။

အရှေ့ဘက် ပျက်သုဉ်းခြင်း မြေရှိ၊ လန် မိသားစုသည် မြင့်မြတ်မြေ တစ်ခုနှင့် ယှဉ်နိုင် သော အုတ်မြစ် ရှိသည်။

ကောင်းကင်ဘုံ ကြယ်ခန်းမှ သံတမန် တစ်ပါအား ဦးညွှတ် စေရန်၊ နည်းလမ်းပေါင်း တစ်ထောင် မက ရှိလေသည်။

သူ့ဘဝ တစ်လျှောက် အလှ တရားတိုင်း၊ အတွေး တစ်ချက် ရှိရုံဖြင့်၊ အနားရောက် လာရ သည်သာ ပေပင်။

လင်းယွန်နှင့် အန်းလျူယွင်မှာ ချိုင့်ဝှမ်း အပြင်သို့၊ လျင်မြန်စွာ ပျံသန်း နေခဲ့ ကြသည်။ ဤဒေသရှိ မြေမျက်နှာ သွင်ပြင်မှာ အမျိုးမျိုး ပြောင်းလဲ နေ၏။

ချောက်ကမ်းပါးများ၊ မြစ်များ၊ လွင်တီး ခေါင်များ၊ စိမ့်တောများ၊ သူတော်စင် အသီး အနှံ များ စသည်ဖြင့်၊ ပြည့်နှက် နေသည်။

“ သခင်လေး လင်း ... ၊ ငါနဲ့ ခရီးထွက် ရတာ နောင်တရ နေလား။ ”

“ မိန်းကလေး အန်းလို အလှ တရားနဲ့ ခရီးသွားတဲ့ အခါ၊ ဒီလို ပြဿနာတွေ ရှိလာတာ သဘာဝ ပါပဲ၊ ငါက ဒုက္ခ တွေကို မကြောက်တတ်ပါဘူး။ ”

“ သခင်လေး လင်းက ... ၊ လျူယွင် ထင် တာထက် ပိုမာန ကြီးတာပဲ၊ အဲဒီ လန်စစ်ယုက ငရဲ ကမ္ဘာ ခန်းမရဲ့၊ အမာခံ တပည့် ခုနစ်ဦး ထဲမှ တစ်ဦးပါ၊ သူ့ ခွန်အားက နောက်ဆုံးမှာ ဆိုပေမယ့်၊ လျှော့တွက် လို့ မရဘူး၊ ...

... လန် မိသားစု ဆိုတာ၊ ရှေးဟောင်း သူတော်စင် မိသားစု ဖြစ်ပြီး၊ သူက မိသားစုရဲ့ အမွေခံ မျိုးဆက် တစ်ယောက် ... ။ ”

“ ရှေးဟောင်း သူတော်စင် ... ၊ မိသားစု တွေက၊ မိစ္ဆာ ဂိုဏ်းတွေ ကိုလည်း ... ၊ ဝင်ကြ တာလား။ ”

လင်းယွန်မှ အံ့သြသော လေသံဖြင့် မေးလိုက်သည်။

“ ဘာလို့ မဝင်နိုင် ရမှာလဲ ... ၊ ငါတို့က နတ်နဂါး အင်ပါယာရဲ့ အာဏာစက် အောက်မှာ လုံးလုံး မရှိဘူး၊ ဒါက အရှေ့ဘက် ပျက်စီးခြင်း နယ်မြေပဲ။ ”

“ ဒါနဲ့ ... ၊ နဂါး သင်္ချိုင်း တောင်ကြားက ဘာလဲ၊ ဘာလို့ မိန်းကလေး အန်းက ရှောင်နေ ရတာလဲ။ ”

လင်းယွန် အမေးကို၊ အန်းလျူယွင်မှ ရှင်းပြလာသည်။ နဂါး အကြွင်း အကျန် ကြယ် နယ်မြေကို၊ အပိုင်း ငါးပိုင်း ခွဲထားသည်။

နဂါး သင်္ချိုင်း တောင်ကြားသည် ၎င်းတို့ အနက်၊ အန္တရာယ် အရှိဆုံး နယ်မြေ ဖြစ်သည်။ သို့သော် လင်းယွန် လိုချင်သော နတ်နဂါး အရိုးကို ထိုနေရာ၌ တွေ့နိုင်သည်။

ကျန်ဒေသကြီး လေးခုမှာ၊ အရှေ့ဘက် ဒေသ၊ အနောက်ဘက် ဒေသ၊ တောင်ဘက် ဒေသ၊ မြောက်ဘက် ဒေသ၊ ဟူ၍ ပိုင်းခြား ထားသည်။

သူတော်စင် အသီး အနှံများ ပေါက်ရာ လက်ရှိ ဒေသသည်၊ အရှေ့ ဖြစ်၏။ အနောက် ဘက်တွင် သဲ ကန္တာရ လွင်ပြင်ကြီး ရှိသည်။ ထူးခြား ဆန်းပြားသော ပန်း မျိုးစိတ်များ၊ ထိုနေရာ၌ ပေါက်၏။

တောင်ဘက်သည် မီးလျှံများ ဖုံးလွှမ်း နေသော ပျက်သုဉ်းမြေ ဖြစ်သည်။ ၎င်းသို့ ပင်မ နတ်ဘုရားများ မဝင်ရောက် နိုင်သဖြင့်၊ တားမြစ် နယ်မြေ အဖြစ် သတ်မှတ် ထားသည်။

မြောက်ဘက် တွင်မူ၊ နာကြည်းမှုများ၊ သတ်ဖြတ်လို စိတ်များ ပြည့်နှက် နေသော လူသတ်ကုန်း ဖြစ်သည်။

မိစ္ဆာ ဂိုဏ်းသား ကျင့်ကြံ သူများ အတွက်၊ ကျင့်ကြံရန် အဖိုးတန် ရတနာ နယ်မြေ ပေပင်။ သို့သော် အန္တရာယ် များ လွန်း၏။

လန်စစ်ယု ပြောသော နဂါး သင်္ချိုင်း တောင်ကြား မှာမူ၊ ကြယ်ကိုးပွင့် ကောင်းကင် ပင်မ နတ်ဘုရား သည်ပင်၊ သတိထား ရသော ဒေသ ဖြစ်သည်။

လန်စီယု ဟူသည် ငရဲ ကမ္ဘာ၏ အမာခံ တပည့် ခုနစ်ယောက် အနက်၊ အား အနည်းဆုံး ဖြစ် သဖြင့်၊ သဘာဝ အတိုင်း နဂါးသင်္ချိုင်း တောင်ကြားသို့ မသွားဝံ့ သေးချေ။

ထို့ကြောင့် အန်းလျူယွန်မှာ၊ ထိုနေရာသို့ သွားရန် ရည်ရွယ်ချက် မရှိသေးဘဲ အခြား ဒေသ များတွင်၊ ကံစမ်းချင် နေသည်ဟု၊ လန်စစ်ယုမှ အပိုင်တွက် ထားခြင်း ဖြစ်သည်။

အမှန်အတိုင်း ဝန်ခံ ရပါမူ၊ အန်လျူယွင် မသွားရသည့် အကြောင်း ရသည့်မှာ၊ လင်းယွန် အသက် အန္တရာယ် ရှိလာ မည်ကို စိုးရိမ် သောကြောင့် ဖြစ်သည်။

လုံလောက်သော ခွန်အား ရမှသာ လင်းယွန်ကို ထိုပါရမီရှင် များနှင့် ယှဉ်ပြိုင်ရန် အခွင့် အရေး ပေးမည် ဖြစ်သည်။

“ ငါ့ရဲ့ လက်ရှိ ခွန်အားက ... ၊ မိစ္ဆာဂိုဏ်း ခုနစ် ဂိုဏ်းရဲ့ ... ပါရမီရှင် တွေနဲ့ ... ၊ မယှဉ်နိုင် သေးဖူးလို့၊ ပြောချင် တာလား။ ”

လင်းယွန်မှ မေးသည်။ အန်းလျူယွင်က ခေါင်းညိတ် လိုက်၏။ လင်းယွန်သည် သန်မာ သော်လည်း၊ ကြယ် ငါးပွင့် တွင်သာ ရှိနေ ခဲ့သည်။

မိစ္ဆာဂိုဏ်း များ၏ ဉာဏ်ကြီးရှင် ခေါင်းဆောင် များသည်၊ အနည်းဆုံး ကြယ် (၈) ပွင့်၊ ရှိကြ၏။

ထို့အပြင်၊ သူတို့ ပတ်ဝန်းကျင်၌ ကြယ် ကိုးပွင့် အဆင့် ကျွမ်းကျင်သူ များပင် ရှိနေပြီး၊ ၎င်းတို့မှာ နှစ်ရာနှင့်ချီ နေထိုင် ခဲ့သော ဘီလူးများ ဖြစ်သည်။

“ ဘာလို့လဲ ... ၊ ငါ ထင်တာ မှားနေလား။ ”

အန်းလျူယွင်မှ ပြုံးကာ မေးသည်။ လင်းယွန်က ပြန် မဖြေချေ။ နဂါး သင်္ချိုင်း တောင်ကြား၌၊ အမှန်ပင် ကြောက်မက်ဖွယ် ကောင်းသည့် အရာများ ရှိနေ မည်ကို သိ၏။

လူတိုင်း ဝင်ရောက် နိုင်သော နေရာ မဟုတ်ချေ။ ထို့ကြောင့် သူတော်စင် အသီး အနှံ များနှင့်၊ ရတနာ များကို၊ ရက် အနည်းငယ် ကြာအောင်၊ ထပ်မံ ရှာဖွေ ရပေ ဦးမည်။

ဤကာလ အတွင်း ရှေးဟောင်း ပစ္စည်း အများ အပြား တွေ့ရှိခဲ့ ကြသော်လည်း၊ နတ်ရူရ် နှင့် သူတော်စင် ရောင်ဝါမှာ၊ အချိန်၏ တိုက်စား နိုင်စွမ်းကြောင့် ယို့ယွင်း ကုန်သည်။

သို့သော် ကံကောင်း ထောက်မစွာ၊ သူတော်စင် အသီး အနှံ များစွာကို ထပ်မံ ရရှိ လာခဲ့သည်။

အရှေ့ဘက် ဒေသကို ရှာဖွေ ပြီးနောက်၊ အနောက်ဘက် ဒေသရှိ၊ သဲကန္တာရ အတွင်းသို့၊ ခရီး ဆက်ရန် ပြင်ဆင်ခဲ့ ကြသည်။

နှစ်ယောက်သား ခန်းခြောက် နေသည့် မြစ်ကြမ်းပြင် ပေါ်တွင်၊ လျှောက်လှမ်း နေမိ လေသည်။

ဤကာလ အတွင်း၊ အခြား မိစ္ဆာဂိုဏ်း များ၏၊ ဧည့်သည် ကျင့်ကြံသူ များနှင့်၊ တွေ့ဆုံရ သဖြင့်၊ နဂါး သင်္ချိုင်း တောင်ကြား၏၊ အချက် အလက် များစွာကို၊ ထပ်မံ ရရှိ ခဲ့သည်။

ထိုဒေသကို လွှမ်းခြုံ ထားသော နဂါး ရောင်ဝါ အောက်တွင်၊ လူတိုင်း၏ ခွန်အားမှာ သိသိ သာသာ ကန့်သတ် ခံနေ ရ၏။

၎င်းအပြင် သွေးမိစ္ဆာ နဂါး အလောင်းများ ကဲ့သို့၊ ကြောက်မက် ဖွယ်ရာ အမျိုး မျိုးသော တည်ရှိမှု များလည်း၊ ရှိနေ သေးသည်။

သူတို့သည် နဂါး မျိုးဆက်သွေး အချို့ ရရှိ ထားသော၊ ရှေးဟောင်း သားရဲ အလောင်းများ ဖြစ်၏။

ထို့ကြောင့် ခွန်အား အနည်းဆုံး၊ သွေးမိစ္ဆာ နဂါး အလောင်းကောင် သည်ပင်၊ ကြယ် ရှစ်ပွင့် ခွန်အား မျိုး ရှိလေသည်။

သို့သော် ကံကောင်းစေ သည်မှာ၊ ထိုအလောင်း ကောင် များသည်၊ နဂါး သင်္ချိုင်း တောင်ကြားမှ မထွက်ခွာ နိုင်ခြင်း ပေပင်။

“ ဝှစ် ... ။ ”

နှစ်ဦးသား ခန်းခြောက် နေသော မြစ်ကြမ်းပြင် ပေါ်တွင်၊ လျှောက်လှမ်း နေရာမှ၊ ရွေ့လျားမှု နည်းစနစ် သုံးကာ ပျံသန်း လိုက်ကြသည်။

“ ..... ။ ”

သည့်စဉ် ဓားသေတ္တာ အတွင်းမှ၊ ပန်းသင်္ချိုင်းဓား တုန်ခါ သွား သောကြောင့်၊ ရုတ်တရက် ရပ်လိုက် မိသည်။

ဤနေရာတွင် ထူးခြား ဆန်းပြားသော ပန်းမျိုးစိတ် ရှိနေပြီ ဖြစ်ကြောင်း၊ ပန်းသင်္ချိုင်း ဓားမှ အချက်ပြ လာလေပြီ။

မျက်လုံးများ မှိတ်ချကာ၊ ဓားကို ဖြန့်ထုတ်လျက် အာရုံခံ လိုက်၏။ ပါးလျသော လှိုင်းအချို့ ဖမ်းမိကာ၊ ချက်ချင်း ပျောက်ကွယ် သွားသည်။

“ ဘာ ဖြစ် တာလဲ။ ”

အန်းလျူယွန်က အရှိန်လွန် သွားရာမှ ပြန်လှည့် လာပြီး၊ သူ့အား မေးလေသည်။

“ တကယ်ပဲ ... မိန်းကလေး အန်းလို အလှတရား တစ်ပါးနဲ့ ... ၊ ခရီးသွား ရတာ ငါ့ကို ကံကောင်း စေပါတယ်၊ အနှစ် တစ်သောင်း ပန်း မျိုးစိတ် တစ်ခုကို၊ ငါ ရှာတွေ့ပြီ ထင်တယ်။ ”

***

All Chapters