ကောင်းပြီ။
Vol. 107 Ch. 1492
“ သခင်လေး လင်း ... ၊ နင် ဘာပြော လိုက် တာလဲ။ ”
“ အနှစ် တစ်သောင်း ပန်း ... ။ ”
လင်းယွန်က စကားကို ရပ်လိုက်ပြီး၊ အန်းလျူယွန်အား ပြုံးပြုံးကြီး ကြည့်နေလိုက် လေသည်။
“ အဲ့ဒီ မတိုင် မီက စကား ... ။ ”
“ မိန်းကလေး အန်းလို၊ အလှ ကလေးနဲ့ ခရီးသွားတာ ငါ့ကို ကံကောင်းစေ တယ်လို့ ပြော တာပါ။ ”
လင်းယွန်မှ ပြုံးကာ ထပ်ပြော လိုက်၏။
“ ဟဲ ဟဲ ... ။ ”
အန်းလျူယွန်မှ ကျေနပ်စွာ ပြုံးသည်။ သို့သော် မည်သည့် ရနံ့မှ သူမ မရသေး သဖြင့်၊ လင်းယွန်အား သံသယနှင့် ပြန်ကြည့်၏။
လင်းယွန်က မျက်လုံးများ မှိတ်လျက်၊ စိတ်ဝိညာဉ် နန်းတော် အတွင်းရှိ ရွှေကျီးကန်း သူတော်စင် ရူရ်ကို အသက် သွင်းသည်။
ပြောရမည် ဆိုသော်၊ သူသည်လည်း သူတော်စင် ဝိညာဉ် ရေးရာ ဆရာ သခင် တစ်ပါး ဖြစ်သည်။
ဝိညာဉ် စွမ်းအင်များ၊ စတင် ဖြန့်ကျက် လိုက်သော်လည်း၊ ပန်းကို မတွေ့နိုင် သေးချေ။ ထို့ကြောင့် ဓားကို စိတ်ဝိညာဉ် စွမ်းအင်နှင့် ပေါင်းစပ် လိုက်ရသည်။
သို့မှသာ သူ့အာရုံ ထဲသို့၊ ထူးခြားသော လှိုင်းအတက် အကျများ ဝင်ရောက် လာ၏။ မျက်လုံး ဖွင့်ကြည့်ကာ၊ ပန်းသင်္ချိုင်း ဓားကို ဆွဲလျက် ခုတ်ပိုင်း ချလိုက်သည်။
လေဟာနယ် အက်ကွဲကြောင်း တစ်ခု ပေါ်လာပြီး၊ ဆယ်မီတာ အမြင့် ရှိသော ရွှေပန်း တစ်ပွင့်ကို မြင်လိုက် ရ၏။
“ ရွှေမီးအိမ် ပန်း ... ။ ”
ဤပန်းကို ယခင်က ရဖူး သော်လည်း၊ နှစ်တစ်ထောင် သက်တမ်းသာ ရှိသည်။ ယခုမူ အနှစ် တစ်သောင်း ဖြစ်၏။
ထူးခြား ဆန်းပြား ရုံသာမက၊ ဉာဏ်ရည် ဉာဏ်သွေးနှင့် ခွန်အားကို ပိုင်ဆိုင် ထားသည်။ ထို့ကြောင့် ထွက်ပြေးရန် ကြိုးစား ချေ၏။
သို့သော် ပန်းသင်္ချိုင်း ဓားက အလွတ် မပေးဘဲ၊ ရနံ့များ အားလုံးကို စုတ်ယူ လိုက် သည်။
လင်းယွန်က ကူညီသည့် အနေဖြင့် ဓားဝိညာဉ် နှစ်ပါးကို ထုတ်ဖော်ကာ၊ အားဖြည့် ပေးမိ၏။
ထို့ကြောင့် ပန်းသင်္ချိုင်း ဓား၏ စုပ်ယူ နိုင်စွမ်းမှာ၊ ပို၍ တိုးလာ တော့သည်။ ပန်းရနံ့ကို ဝါးမျို နေစဉ်၊ တဖြည်းဖြည်း ထက်ရှ လာပြီး၊ အလင်းများ တောက်ပ လာတော့၏။
“ သူ့ နာမည်က ဘာလဲ။ ”
အန်းလျူယွင်က ထိုမြင်ကွင်းကို ကြည့်ကာ၊ စိတ်ဝင်စား သွားသည်။
“ ပန်း သင်္ချိုင်း ... ။ ”
လင်းယွန်က ဓားကို စိုက်ကြည့် လျက်မှ၊ ပြန်ဖြေသည်။ သူ့ ဓားနှစ်လက် ဝိညာဉ်၏ ပံ့ပို့မှု ကြောင့်၊ ရွှေမီးအိမ် ပန်းမှာ မလွတ်မြောက် တော့ချေ။
“ အကူ အညီလို သလား။ ”
ဤအခြေ အနေကို ဆက်ထိန်း ထားရန် လင်းယွန် အတွက်၊ တန်ဖိုး တစ်ခု ပေးရ မည်မှာ သေချာ သဖြင့်၊ အန်းလျူယွင်မှ မေးသည်။
“ အဆင် ပြေတယ်။ ”
လင်းယွန်က ခေါင်းခါသည်။ ပန်းသင်္ချိုင်း ဓား၏ စုပ်ယူမှုကြောင့်၊ ရွှေမီးအိမ် ပန်း အရွယ် အစားမှာ၊ တဖြည်းဖြည်း ကျုံ့လာ၏။
လေးနာရီကြာ ပြီးနောက်၊ အမြင့် (၁) မီတာ ခန့်သာ ရှိတော့၏။ ဤမြင်ကွင်းက လင်းယွန်ကို သက်သာရာ ရစေသည်။
ဓားနှစ်လက် ဝိညာဉ် များမှာ၊ စိတ်ဝိညာဉ် နန်းတော် အတွင်းသို့၊ ပြန်ဝင်လာ တော့သည်။ အသက်ရှူ ထုတ်လိုက်ပြီး၊ အရိယာ ဓားသုတ္တန် အား၊ အသက်သွင်း လိုက်၏။
ဤတစ်ကြိမ်တွင် ဓားနှစ်လက် ဝိညာဉ်ကို၊ ရှင်းလင်းစွာ မြင်လိုက် ရသဖြင့်၊ အဘယ်ကြောင့် လင်းယွန် တစ်ယောက် ဓားတာအို၌ အစွမ်း ထက်နေရ သည်ကို နားလည် လာသည်။
ယခင်က ၎င်းအား သတိ မထား မိချေ။ လင်းယွန်သည် ကောလ ဟာလများ ကဲ့သို့ ဒေါသ ကြီးပြီး၊ မောက်မာသူ တစ်ယောက် မဟုတ် သဖြင့်၊ ပြုံးလိုက် မိသည်။
“ ဘယ်လောက် တောင် အစွမ်းထက် လိုက်တဲ့ ဓားရောင်ခြည်လဲ၊ မြစ် ကြမ်းပြင်မှာ သူတော်စင် ဓားတစ်လက် ရှိရမယ်။ ”
ဝေးကွာသော အရပ် ဆီမှ လူရိပ် သုံးရိပ်၊ ပျံသန်း လာသည်။ ၎င်းတို့မှာ သူတို့၏ မိတ်ဆေွ ဟောင်းများ ဖြစ်နေ လေသည်။
လန်စစ်ယွီက အန်းလျူယွင်အား အဝေး မှပင် သတိထား မိသွားကာ၊ ဝမ်းသာ လာတော့ သည်။
“ ဝှစ် ... ။ ”
ထို့စဉ် လင်းယွန်က အန်းလျူယွင် ပခုံးကို ကိုင်လျက်၊ မီတာ ရာဂဏန်း အကွာထိ ပြန်၍ ဆုတ်ခွာ မိသည်။
ပန်းသင်္ချိုင်း ဓားသည် မြေပြင် အက်ကွဲကြောင်း အတွင်း၌၊ ပန်းရနံ များကို စုပ်ယူကာ၊ အဆင့်မြှင့် တင်လျက် ကျန်ရစ် ခဲ့၏။
လင်းယွန်က အန်းလျူယွင်အား ပခုံးကို ကိုင်လိုက် သည်ကြောင့် လန်စစ်ယွီ ခမျာ ဒေါသ ထွက်လာသည်။
သူ့ဘေးရှိ မီးခိုးရောင်ဝတ် လူရွယ်က ပန်းသင်္ချိုင်း ဓားကို ကြည့်ပြီး၊
“ သခင်လေး ... ၊ အဲဒီ ဓားကို ကြည့်စမ်း။ ”
-ဟု လောဘ တကြီး ညွှန်ပြ လေသည်။
“ ဒါ ... နတ်သစ်သားနဲ့ ... ၊ လုပ်ထားတဲ့ သူတော်စင် ဓားပဲ၊ ကြောက်စရာ ကောင်းတဲ့ သမိုင်းကြောင်း ရှိရမယ်၊ သူတော်စင် အလင်းရောင်တောင် မပျောက် သေးဘူး။ ”
ကျန်ရှိ နေသော ပိန်ပိန်နှင့် လူလတ်ပိုင်း အရွယ် အမျိုးသား မှလည်း၊ ရွှင်မြူးသော အပြုံး ထုတ်ဖော်လျက်၊
“ သခင်လေး လန် ... ၊ ဒါက အရင်ခေတ် တည်းက ကျန်ရစ် ခဲ့တဲ့ ရတနာ ဖြစ်မယ်၊ အရမ်း ကံကောင်း တယ်၊ ဂုဏ်ယူပါတယ် သခင်လေး လန်။ ”
၎င်းတို့ နှစ်ဦး၏ စကားကြောင့်၊ လန်စစ်ယွီက ပန်းသင်္ချိုင်း ဓားထံ အာရုံရောက် လာပြီး၊
“ ဒါက ... ငါ့ ကံကြမ္မာပဲ၊ ကောင်းကင်က ငါ့ကို ကူညီ နေတယ်။ ”
-ဟု ပြောလိုက် တော့သည်။
အန်းလျူယွင်က ထိုလူ များ၏ စကားကို နားထောင်ကာ၊ လင်းယွန် အတွက် စိတ်ပူသွား လေသည်။
ထို့ကြောင့် ခြေတစ်လှမ်း လှမ်းတက်ကာ၊ ရှင်းပြရန် ပြင်မိ သော်လည်း၊ လင်းယွန်မှ သူ့ကို တားလာ၏။
“ ဟား ... ဟား ... ဟား ... ၊ စန်းမူ ဘာလုပ်နေ တာလဲ ... ၊ ငါ့အတွက် အဲဒီ ဓားကို သွားယူလေ။ ”
လန်စစ်ယွီက ပြုံးလျက် ပြောသည်။ လင်းယွန်ကို သူ့ မျက်လုံးထဲ ထားပုံ မရချေ။ ဤမျှ အရှက် ကင်းမဲ့စွာ ပြုမူ တတ်သော၊ လူ တစ်ယောက် ရှိနေ သည်အား၊ အန်းလျူယွင် မှပင် မယုံ နိုင်ချေ။
“ သခင်လေး လင်း ... ၊ စိတ်မဆိုး ဖူးလား၊ ပန်းသင်္ချိုင်းက သခင်လေးရဲ့ ဓားပဲ။ ”
အန်းလျူယွင်မှ တိုးတိုးလေး မေးသည်။
“ ငါ့ဓား ဖြစ်တဲ့ အတွက် ... ၊ ဘယ်သူမှ ငါ့ဆီက မယူ နိုင်ပါဘူး၊ ဒါကြောင့် စိတ်မပူ ပါနဲ့ စောင့်ကြည့် နေ ... ။ ”
လင်းယွန်မှ တည်ငြိမ်စွာ ပြန်ဖြေသည်။ မီးခိုးရောင် ဝတ် စန်းမူ ဆိုသော ဓားသမားက၊ ပန်းသင်္ချိုင်း ဓားအနား တိုးကပ် သွားသည်။
သူတော်စင် ရူရ် (၅၀၀၀)နှင့် အပြာရောင် အဆင်း ရှိသော ဓားကိုယ်ထည်အား ကြည့်ကာ၊ ပို၍ လောဘ ဖြစ်လာ၏။
“ တကယ့် ရတနာပဲ။ ”
စန်းမူမှ လက်လှမ်း လိုက်ရာ၊ သူတော်စင် ရူရ်များက သူ့လက်အား ပြန်၍ ခုခံ လိုက်သည်။ ထို့ကြောင့် ပြတ်ရှ ရာထံ ငုံကြည့်ပြီး၊
“ စိတ်ဝင်စားဖို့ ... ကောင်းတယ် ။ ”
-ဟု ပြောလျက် ပြုံးလိုက်၏။
သို့သော် ရူရ် များကို နှိမ်နင်းရန် မလွယ်ကြောင်း သတိပြုမိ လာပြီး၊ မျက်နှာ ပျက်ယွင်း သွားသည်။
“ မင်းရော ဘာလုပ် နေတာလဲ၊ သွားပြီး သူ့ကို ကူညီလေ။ ”
ပိန်ပိန်နှင့် လူလတ်ပိုင်း အရွယ် ကျွမ်းကျင်သူကို လှည့်ကာ၊ ငေါက်ငမ်း လိုက် လေသည်။
ဤပုဂ္ဂိုလ်သည် ထူးကဲသော စိတ်နေ စိတ်ထားကို ထုတ်ဖော် ထားကာ၊ မြစိမ်းရောင် သူတော်စင် ချပ်ဝတ် ဆင်မြန်း ထား၏။
“ ချွင် ... ။ ”
သူတို့ နှစ်ယောက် ပူးပေါင်း လိုက်သော အခါတွင်၊ ပန်းသင်္ချိုင်း ဓားမှာ ပို၍ပင် တုန်ခါ လာပြီး၊ ဂီတ သံများ မြည်လာသည်။
ထိုအသံကြောင့် လန်စစ်ယွီမှာ ပြုံးသည်။ အန်းလျူယွင် နောက်တွင် ပုန်းကွယ် နေသော လင်းယွန်ထံ တစ်ချက် ကြည့်ကာ၊ နှာခေါင်းရှုံ့ လိုက်၏။
သူ့ အမြင်တွင် ရတနာများ၊ သူ ရယူ နေသည်ကို၊ လင်းယွန်မှ မိန်းမ တစ်ယောက် နောက်တွင် ရပ်လျက်၊ ကြည့်ရုံသာ တတ်နိုင် ပေမည်။
အန်းလျူယွင်မှာ အမှိုက်ကို မိတ်ဆွေဖွဲ့ ထားမိပုံ ရသည်။ ထို့ကြောင့် ဤဓားကို ယူပြီး သည်နှင့်၊ လင်းယွန်အား ကိုင်တွယ်ရန် အကြံထုတ် နေမိ၏။
“ ဘာဖြစ် တာလဲ။ ”
“ ငါ့ ခြေထောက် ... ။ ”
ထိုအချိန်တွင် လူ လတ်ပိုင်း အရွယ် ကျွမ်းကျင်သူနှင့် ဓားသမားမှာ၊ မျက်နှာများ ပြောင်းလဲ သွားသည်။
သူတို့ ကိုယ် ခန္ဓာသို့၊ မြူများ ဖုံးလွှမ်း လာသည်ကို သတိထား မိ၏။ ကြယ်စွမ်းအင်နှင့် သွေးလည်ပတ်မှု အေးခဲ ကုန်သည်။
ထူးခြားမှု ဆို၍၊ မြစ်ကြမ်းပြင် အက်ကွဲ ကြောင်းမှ ထွက်လာသော အငွေ့ အသက် အချို့ သာ ရှိသည်။
ယင်းက ထူးထူး ခြားခြား မဟုတ် သဖြင့်၊ စန်းမူနှင့် ပိန်ပိန် ပါးပါး လူရွယ်အား အေးခဲ သွား စေသည့် အပေါ်၊ နားမလည်နိုင် ဖြစ်မိသည်။
နှစ်ယောက်သား ဓားကို ဂရု မစိုက်နိုင် တော့ဘဲ၊ ထိုအငွေ့ အသက် အတွင်းမှ ရုန်းထွက် ရန်၊ နည်းလမ်း အမျိုးမျိုးဖြင့်၊ ကြိုးပမ်း လာမိ သည်။
“ သခင်လေး လန်၊ ငါတို့ကို ကယ်ပါဦး။ ”
မျက်နှာများ ပြောင်းလဲလျက် အော်ဟစ် အကူအညီ တောင်းလေသည်။ အန်းလျူယွင်ပင် အံ့ဩ သွား၏။
ထို့ကြောင့် သူမကို ဆုပ်ကိုင်ကာ၊ ဆုတ်ခွာလာ ခဲ့သော လင်းယွန်ထံ ပြန်ကြည့် မိသည်။ ၎င်းမှ ဤသို့ ဖြစ်လာ မည်ကို ကြိုသိ ခဲ့ပုံ ရသည်။ အဆိုပါ အငွေ့ အသက်သည်၊ အနည်းငယ် ထူးခြားချေ၏။
“ သေစမ်း ... လူယုတ်မာ၊ မင်း ဒါကို နောက်ကွယ် ကနေ လုပ်နေတာ မဟုတ်လား။ ”
“ မင်း ဘာတွေ ပြောနေ တာလဲ ... ၊ ငါ နားမလည်ဘူး။ ”
လင်းယွန်မှ ခေါင်းယမ်း ပြသည်။
“ သခင်လေး လန် ... ၊ နင် နောက်နေ တာလား၊ နင် ပြောတော့ ... ဒါ နင့်ရဲ့ ကံကြမ္မာ ဆို၊ ဒါဆို ... ငါတို့နဲ့ ဘာဆိုင် လို့လဲ။ ”
အန်းလျူယွင်မှ ပြုံးကာ ဝင်ပြော မိ၏။ ထိုစကားကြောင့် လန်စစ်ယွီမှာ ပို၍ ဒေါသ ဖြစ် လာပြီး၊
“ အမှိုက်ကောင် သူတို့ကို သွားကယ်စမ်း၊ မဟုတ်ရင် ငရဲ ကမ္ဘာ ခန်းမက၊ မင်းကို ခွင့်လွှတ် မယ် မထင်နဲ့ ... ။ ”
-ဟု အော်ဟစ် ကြိမ်းမောင်း လိုက်သည်။
သို့သော် လင်းယွန်က စကား တစ်ခွန်းမှ မပြောဘဲ၊ လေးလေး နက်နက် တွေးနေ ဟန် ငြိမ်သက် သွားသည်။
“ မင်း ... လုပ်နိုင်ရင် ... ၊ ဒီသူတော်စင် ဓားကို၊ ငါ စွန့်လွှတ် လိုက်မယ်။ ”
လန်စစ်ယွီက အေးစက်သော အကြည့်ဖြင့် ပြောလာ ပြန်သည်။ ထိုအချိန်၌ မိုင်ရာဂဏန်း အကွာမှ၊ ပုန်းလျှိုး ကွယ်လျှိုး လာနေသည့်၊ ရောင်ဝါအား ခံစား လိုက်ရသည်။
“ အမှိုက်ကောင် ... ၊ မင်း ဘာလို့ မလှုပ်တာလဲ၊ ငါ့ ... ငရဲ ကမ္ဘာ ခန်းမကို မကြောက် ဖူးလား။ ”
ကြယ်ခုနစ်ပွင့် ရောင်ဝါအား ထုတ်ဖော်ကာ၊ သတ်ဖြတ်ရန် ရည်ရွယ်ချက်ကို ပြသ လာသည်။ တစ်ချိန်တည်း မှာပင် နဖူးရှိ၊ သွေးနီရောင် အမှတ် အသားက အသက်ဝင် လာ၏။
သူမသည် ငရဲ ကမ္ဘာ ခန်းမကို ကြောက်နေသေး သောကြောင့်၊ အန်းလျူယွင် ခမျာ မျက်နှာကို၊ ပြောင်းလဲ သွားစေသည်။
“ ကောင်းပြီ ... ။ ”
လင်းယွန်က ကောင်းကင်ပေါ် ခုန်တက် လိုက်ပြီး၊ လက်ဝှေ့ ယမ်းကာ ပန်းသင်္ချိုင်း ဓား ကို၊ လှမ်းခေါ် မိ၏။
ထို့နောက် လှည့်ကာ၊ ပန်းသင်္ချိုင်း ဓားဖြင့် ခုတ်ချ လိုက်သည်။ ကြယ်ခုနစ်ပွင့် ကောင်းကင် အဆင့် ကျွမ်းကျင်သူ နှစ်ဦးမှာ၊ တစ်ချက် တည်းနှင့် ခေါင်းပြတ် သွား တော့၏။
“ မင်း ... ။ ”
လန်စစ်ယွီမှ ခေတ္တမျှ အံဩ သွားပြီး၊ တိုက်ခိုက်ရန် ပြေးဝင် လိုက်သည်။ ထိုအချိန်မှာ ပင်၊ ပန်းသင်္ချိုင်း ဓားက သူ့ထံ လှည့်လာ၏။
အရိယာ ကောင်းကင် ဓားနှင့်၊ ခရမ်းရောင် နန်းတော် အတွင်းရှိ၊ သူတော်စင် ရောင်ဝါ ကြိုး (၂၀၀၀)ကို၊ ပေါင်းစပ် ထားသည်။
“ ထန် ... ။ ”
ခွန်အားကို အပြည့် သုံးထား သဖြင့်၊ လန်စစ်ယွီမှာ ဤတိုက်ခိုက်မှုကို ခံနိုင်ရည် မရှိ ခဲ့ချေ။
ပါးစပ် ထောင့်မှ သွေးများ စီးကျလာပြီး၊ မျက်လုံးများ မှေးစင်း သွားသည်။ ထိုအချိန်တွင် နောက်ဆက်တွဲ ဓားချက် (၇)ချက် ထပ်မံ ထိမှန် လာရာ၊ လန်စစ်ယွီ တစ်ယောက် လွင့်စဉ် သွား တော့၏။
“ ဒါက ... မဖြစ် နိုင်တာ။ ”
လန်စစ်ယွီက မြေပြင် ပေါ်မှ ကုန်ရုန်း ထကာ၊ ထိတ်လန့် တကြား အော်ဟစ် လိုက် လေသည်။
***