ကျောက်စိမ်းဖြူ လှိုဏ်ဂူ။
Vol. 107 Ch. 1493
ဤလင်းယွန်သည် ကြယ်ခုနစ်ပွင့် ကျွမ်းကျင်သူ နှစ်ဦးကို၊ ဓားတစ်ချက် တည်းဖြင့် ခေါင်းဖြတ်ကာ၊ သူ့အား ဒဏ်ရာ ရစေ၏။
ငရဲ ကမ္ဘာ ခန်းမ၏၊ အမာခံ တစ်ပည့် တစ်ယောက် ဖြစ်သော သူ ဟူသည်၊ ထိုအဆင့် ကြယ်ခုနစ်ပွင့် ကျွမ်းကျင်သူ များထက်၊ များစွာ သန်မာ သည်။
ထို့ကြောင့် ဤသို့သော ကြယ် ငါးပွင့် အဆင့်မှ၊ ပုရွက်ဆိတ် တစ်ကောင်အား ရှုံးနိမ့် စရာ မရှိဟု ယုံကြည်၏။
အကြည့်များက လင်းယွန် လက်ထဲရှိ ဓားပေါ် ကျရောက် သွားပြီး၊ ယင်းကြောင့် ဖြစ် မည်ဟု ယူဆ လိုက်သည်။
ယခု အချိန်၌ သူတော်စင် ရူရ် (၄၀၀၀) တိုးလာပြီး၊ စုစုပေါင်း ရူရ် (၇၀၀၀) နီးပါး ဖြစ် လာသဖြင့်၊ လန်စစ်ယွီ အထင်မှာ မမှားချေ။
“ မင်း ... ဘယ်သူလဲ။ ”
သူ့ အနား ချဉ်းကပ်လာ သည်ကို လှမ်းကြည့်လျက်၊ လန်စစ်ယွီက ဒေါသ မီးများ တောက်လောင် သွားသည်။
“ လင်းတျန် ... ။ ”
“ အခု ... မင်း ဘာလုပ် မိလဲ ... ၊ မင်း သိလား။ ”
“ ဖြန်း ... ။ ”
“ ငါ ပါးရိုက် လိုက်တာ။ ”
ဓားဖျားဖြင့် ပါးရိုက်လျက် လင်းယွန်မှ ပြန်ဖြေသည်။ လန်စစ်ယွီ ခမျာ အံသွား အချို့ ကျိုးသွားကာ၊ သွေး တစ်လုတ် အန် သွား၏။
ဤရိုက်ချက်တွင် သူ့ အသက်အား ယူနိုင်သော စွမ်းအားမျိုး ပါရှိနေ သဖြင့်၊ ထိတ်လန့် သွား၏။
သူတော်စင် ချပ်ဝတ် မရှိ သော်လည်း၊ အဆောင် ရတနာ ဖြစ်သော သူတော်စင် ဆွဲသီး ပါရှိ သဖြင့်၊ ကံကောင်း သွားခြင်း ပေပင်။
ယင်းကြောင့် ချက်ချင်း ထရပ်ကာ၊ ကြောက်ရွံ့ စွာနှင့်၊ ထွက်ပြေးရန် ပြင်လေသည်။ ဘဝ တစ်လျှောက်တွင်၊ သူ့အား သတ်ပစ် လိုသော ရန်သူများ မကြုံ ဖူးချေ။
“ ဖောင်း ... ၊ ဖောင်း ... ။ ”
ထိုအချိန်တွင် မြစ်ကြမ်းပြင်မှာ၊ ပေါက်ကွဲ လာပြီး၊ ကြောက်မက်ဖွယ်ရာ အေးစက်သော ရှေးဟောင်း ရောင်ဝါများ ထွက်လာသည်။
သည့်နောက် ကျောက်စိမ်းဖြူ လှိုဏ်ဂူ တစ်လုံး၊ ရုတ်တရက် မြေပေါ် တိုးထွက် လာ၏။ လင်းယွန်က အာရုံ ပျံ့လွင့် သွားသည့် အခိုက် အတန့်တွင်၊ လန်စစ်ယွီမှာ ထွက်ပြေး တော့သည်။
“ မင်း သေပြီ ... ၊ ပြီးတော့ ... နင် အန်းလျူယွင်၊ သူ့ကို ကယ်တင်ဖို့ မစဉ်းစားနဲ့၊ နဂါး အကြွင်း အကျန် နယ်မြေက မင်းရဲ့ သင်္ချိုင်းပဲ။ ”
လန်စစ်ယွီ၏ အော်ဟစ် ခြိမ်းခြောက်သွား သံက၊ လေထဲ ပဲ့တင် ကျန်ရစ် ခဲ့သည်။ သို့သော် လင်းယွန်မှ သူ့ကို တစ်ချက်သာ လှည့်ကြည့်၏။
“ ဘာလို့ ... သူ့ကို ဒီအတိုင်း လွှတ်လိုက် တာလဲ။ ”
“ သတ်ဖို့ မလွယ်ဘူး ... ၊ သူ့မှာ ဆွဲသီး တစ်လုံး ရှိတယ်၊ အဲဒါက အနန္တ သူတော်စင် ရူရ် ပါတဲ့၊ ရှေးဟောင်း ပစ္စည်း မျိုးပဲ။ ”
“ အနန္တ သူတော်စင် ရူရ်လား ... ၊ အိုး ... လန်မိသားစုက တကယ် ကြွယ်ဝ ကြတာပဲ။ ”
အန်းလျူယွင်မှ ခေါင်းညိတ် မိ၏။
***
အဝေး တစ်နေရာရှိ၊ ကျင့်ကြံသူ များက သူတော်စင် အလင်း ရောင်၏ ဆွဲဆောင် မှုကို ခံရကာ၊ ဤနေရာသို့ ရောက်ရှိပြီး ဖြစ်သည်။
သို့သော် ကြယ်ခုနစ်ပွင့် ကျင့်ကြံသူ နှစ်ဦးကို ခေါင်းဖြတ်ကာ၊ လန်စစ်ယွီအား ထွက်ပြေး စေခဲ့ သည့်၊ လင်းယွန်၏ ခွန်အားကြောင့်၊ လုယူရန် မစဉ်းစား တော့ချေ။
“ ငရဲ ကမ္ဘာ ခန်းမ ဆိုတာ၊ သွေးလမင်း ဂိုဏ်းနဲ့ တူညီသော အဆင့်မှာ ရှိတယ်၊ သူတို့က အခြား အင်အားစု တွေထက် သာလွန်တဲ့ အဆင့်ပဲ၊ ဒီလို ...
... အင်အားစုရဲ့ အမာခံ တပည့် တစ်ယောက်ကို တကယ် သတ်ဖို့၊ ကြံစည် ဝံ တယ်လား။ ”
“ ကြည့်ရတာ လန်စစ်ယွီက ... ၊ သူ့ရဲ့ စီနီယာ အစ်ကိုတွေကို တိုင်ဖို့ သွားတာ နေမယ်၊ အဲဒီ ခြောက်ယောက် လုံးက ရက်စက် ကြမ်းကြုတ် သူတွေပဲ။ ”
အချင်းချင်း ဆွေးနွေးလျက် လှိုဏ်ဂူကို စိတ်ဝင် တစား ကြည့်ကာ ထွက်လာ ကြသည်။ သို့သော် ခေါင်းပြတ် နေသော အလောင်းကို မြင်ချိန်၌ ရပ်တန့် သွား၏။
လင်းယွန်နှင့် အကွာ အဝေး တစ်ခု ခြားလျက်၊ ကြယ်စွမ်းအင်ကို အသင့် ပြင်ကာ၊ နေရာ ရွေ့လိုက် တော့သည်။
လင်းယွန်မှ မလှုပ်ရှား သည်ကို မြင်ချိန်၌၊ တစ်ယောက်ပြီး တစ်ယောက် ကျောက်စိမ်းဖြူ လှိုဏ်ဂူထဲ၊ ဝင်သွား ကြသည်။
“ ငါတို့ ဝင်မှာလား။ ”
အန်းလျူယွင်မှ လင်းယွန်အား ကြည့်ကာ မေးသည်။
“ ဒီဂူထဲမှာ ... ထူးဆန်းတာ တစ်ခုခု ရှိနေတယ်။ ”
လင်းယွန်က တုံ့ဆိုင်း စွာဖြင့် ပြောပြ လိုက်သည်။
“ ဒါဆို ... အကြီးအကဲ ချန်နဲ့ အခြား သူတွေကို ခေါ်လိုက် ကြမလား။ ”
“ သူတို့ ရောက်တဲ့ အချိန်ဆို အရမ်း နောက်ကျ သွား နိုင်တယ်၊ နည်းလမ်း တစ်ခု ခုတော့ ရှာတွေ့ မှာပါ။ ”
ရတနာကို လိုချင်သည်မှာ မှန်သော်လည်း၊ အချည်းနှီး မသေ လိုချေ။ ထို့စဉ် ကောင်းကင်မှ လူရိပ် တစ်ရိပ် ဆင်းသက် လာပြီး၊ လှိုဏ်ဂူထံ လျှောက်လှမ်း သွားသည်။
သို့သော် ရုတ်တရက် ရပ်လျက်၊ နောက်ပြန် လှည့်ကြည့် လာရာ၊ လင်းယွန်နှင့် အန်းလျူယွင် ကို မြင်ချိန်ကာ၊ အံ့ဩ ပြုံးရွှင် သွား၏။
“ ညီအစ်ကို လင်း ... ၊ သံတမန် အန်း ... ၊ မင်းတို့ အတူတူ ခရီးထွက် နေတာလား ... ၊ ငါ့ရဲ့ ယင် မျက်လုံး အရ ဆိုရင်၊ အထဲမှာ ရတနာ တွေ ရှိတယ်။ ”
ဤနေရာသည် အနှစ် တစ်သောင်း သက်တမ်း ရှိသော ပန်းပွင့်ကို မွေးဖွား ပေးနိုင် သောကြောင့်၊ ယင်းက အမှန် ဖြစ်နိုင်သည်။
“ အတူတူ သွားရအောင်။ ”
ရှောင်ယွင်မှ အကြံပြု လိုက်၏။
“ အင်း ... သွားကြမယ်။ ”
လင်းယွန်က ခေါင်းညိတ်ပြ မိသည်။ သဲကန္တာရ အတွင်း တစ်နေရာတွင် လန်စစ်ယွင် မှ၊ အမာခံ တပည့် အဆင့်(၆) နေရာ၌ ရှိသော ရှဖုန်နှင့် တွေ့ဆုံ နေသည်။
ရှဖုန်သည် ကြံခိုင်သော ခန္ဓာကိုယ် ရှိပြီး၊ အတောင်ပံ တစ်စုံ ပါရှိသည့်၊ ငွေရောင် ချပ်ဝတ် တစ်ထည်ကို ၀တ်ဆင် ထား၏။
အတောင်ပံတွင် ငွေရောင် အရိုးစုနှင့် ကြက်သွေးရောင် ငှက်မွှေး ပါရှိပြီး၊ နက်မှောင် သော အငွေ့ အသက်များ ပြည့်နေသည်။
သူ့တွင် ဧည့်သည် လက်ပါးစေ နှစ်ဆယ်ကျော် ရှိကာ၊ ထိုသူ တစ်ဦး စီသည် လန်စစ်ယွီထက် များစွာ အားကောင်း၏။
ကြယ်ရှစ်ပွင့် (၅) ယောက် ပါကာ၊ ကြယ်ကိုးပွင့် (၁) ယောက် ပါသည်။ ထို့ကြောင့် နဂါး သင်္ချိုင်း တောင်ကြားမှ ဆုတ်ခွာ လာသည့်၊ လမ်း တစ်လျှောက်၌ သူတို့အား မည်သူမျှ ရင်ဆိုင် ဝံခြင်း မရှိ ကြချေ။
ကြယ်ကိုးပွင့် ကျွမ်းကျင် သူသည် ကြမ်းကြုတ်သော စိတ်နေ စိတ်ထား ပိုင်ဆိုင် ထားသည့် အဘိုးအို တစ်ဦး ဖြစ်၏။
သူသည် ပင်မ နတ်ဘုရား အဆင့် သတ်မှတ်ချက်၌၊ အဆင့် (၈၀၆) ၌ ရှိပြီး၊ အမည်မှာ ခူရင် ဖြစ်သည်။
အသက် နှစ်ရာကျော် ရှင်သန် ထားပြီး ဖြစ်သောကြောင့်၊ သူ၏ ရက်စက် ကြမ်းကြုတ် လှသည့် နှလုံးသားကို၊ မျက်ဝန်း များမှ တဆင့် မြင်နေ ရသည်။
သူ ကဲ့သို့ တစ်စုံ တစ်ယောက်သည်၊ သက်တမ်း မကုန်ဆုံးခင်၊ နဂါး သွေးလွှတ်ကြော နယ်ပယ်သို့၊ တက်ရောက် နိုင်မည် ဖြစ်၏။
လန်စစ်ယွီ၏ တိုင်ကြား ချက်ကို နားထောင် ပြီးနောက်၊ ရှဖုန်မှာ ကြောက်စရာ ကောင်းသော အပြုံးအား ထုတ်ဖော် လာသည်။
“ လင်းတျန် ... ၊ ဒီနာမည်မျိုး ငါ တစ်ခါမှ မကြားဖူးဘူး၊ သူက ငါရဲ့ ငရဲ ကမ္ဘာ ခန်းမက လူ တစ်ယောက် သတ်ဖို့ ကြံဝံ့ တာလား၊ ဒါဆိုရင် သူ့ နာမည်က အတုပဲ။ ”
ငရဲ ကမ္ဘာ ခန်းမသည် ၎င်းတို့၏ ရက်စက်မှုကြောင့် လူသိ များသည်။ ယေဘူယျ အားဖြင့် ဤလင်းတျန် ကဲ့သို့၊ အမည်မဲ့ တစ်ဦးမှ ပြုလုပ် ဝံ့စရာ အကြောင်း မရှိချေ။
“ သူ့မှာ ရှေးဟောင်း သူတော်စင်ဓား တစ်လက်လည်း ရှိတယ်၊ နတ် သစ်သားနဲ့ ပြုလုပ် ထားတဲ့၊ ရှားပါး ရတနာပဲ။ ”
“ နတ်သစ်သား လား၊ ဘယ်လို ... အမျိုးအစားလဲ၊ မြင့်မြတ်သော နတ်သစ်သား၊ နတ်နဂါး သစ်သား၊ သွေးဖီးနစ် နတ်သစ်သား၊ ရွှေကျီးကန်း နတ်သစ်သား၊ ခွန်ဝူ နတ်သစ်သား ဒါမှ မဟုတ် သတ္တု သစ်သားလား။ ”
“ ဒါ ... ဒါကိုတော့ ... ၊ ရှင်းရှင်း လင်းလင်း မမြင် နိုင်ခဲ့ဘူး။ ”
လန်စစ်ယွီက ရှက်ရွံ့စွာ ဖြေသည်။ လက်ရှိ သူ့ အဆင့်ဖြင့်၊ ၎င်းအား မည်သို့မျှ အတည်ပြု နိုင်ခြင်း မရှိချေ။
“ ဒါဆို သွားကြည့် ရမယ်ပေါ့ ... ၊ အဲဒီမှာ လှိုဏ်ဂူ တစ်လုံးပေါ် လာတာလား၊ စိတ်ဝင်စား စရာ ကောင်းလာပြီ၊ အန်းလျူယွန် ကလည်း ...
... နာမည်ကြီး တစ်ယောက်ပဲ ... ၊ ဓားတစ်လက်၊ ဂူ တစ်လုံးနဲ့ သံတမန် တစ်ပါး၊ ဘယ်လို အရသာ ရှိမလဲ၊ သိချင် ပါသေးတယ်။ ”
လန်စစ်ယွီသည် အမှိုက် တစ်စသာ ဖြစ်ကြောင်း သူ သိသဖြင့်၊ ၎င်းအား ရိုက်နှက် ခဲ့သော လင်းယွန်ကို၊ ထည့် မတွက် ခဲ့ချေ။
ရှေးဟောင်း သူတော်စင် မိသားစုမှ မဟုတ်သော်၊ လန်စစ်ယွီ ဟူသည် ဤအဆင့်သို့၊ ရောက်နိုင်မည် မဟုတ်ကြောင်း သူ သိသည်။
“ ရှဖုန် ... ၊ ငါ မင်းကို သတိပေး လိုက်မယ်၊ အန်းလျူယွင်က ငါ့ အတွက်ပဲ။ ”
လန်စစ်ယွီမှာ ကြောက်ရွံ့ စိတ်များ ပျောက်ကွယ် သွားပြီး၊ ရှဖုန်ကို အေးစက်စွာ ပြော လိုက်လေသည်။
သူ့စကားကြောင့် ရှဖုန်မှာ ဒေါသ ထွက်သွား၏။ သို့သော် ချက်ချင်း ပြုံးလျက်၊
“ စိတ် လျှော့ ထား ပါ ... ၊ ငါ မင်းနဲ့ မပြိုင်ပါဘူး၊ ကဲ ... မင်းရဲ့ သံတမန် အန်း ဆီကို သွားကြစို့။ ”
-ဟု ပြောလိုက် တော့သည်။
“ ဒါ အကောင်းဆုံးပဲ။ ”
လန်စစ်ယွီ လေသံမှာ အေးစက် နေဆဲ ဖြစ်လေသည်။ ရှဖုန်နှင့် သူ့ လူများက ငယ်သေး သည့်၊ လန်စစ်ယွီကို ကြည့်ကာ၊ ပြုံးလိုက် မိ၏။
***
လှိုဏ်ဂူ အတွင်း၌ ကြယ် စွမ်းအင်များ ပြည့်နှက် နေသော်လည်း၊ အအေးဓာတ်မှာ ကြောက်ခမန်း လိလိ ပြင်းထန် နေသည်။
သူတော်စင် ရောင်ဝါနှင့်၊ ဆေးဘက်ဝင် အသီးအနှံများ၏ ရနံ့များ အတွင်းဘက် ဆီမှ ပျံ့လွင့် လာသည်။
ယခင် သူတို့ ရရှိခဲ့သော ထိုသူတော်စင် သစ်သီး များထက် များစွာ သက်တမ်း ရင်ကြာ နေပုံ ရ၏။
“ ထူးဆန်းတယ် ... ။ ”
ဆေးဖက်ဝင် အပင် များ၏ ရနံ့သည် စွဲမက်ဖွယ် ကောင်းသော်လည်း၊ ရှူရှိုက် လိုက် သော အခါ၊ ယင် အငွေ့ အသက်များ ရရှိ လာသည်။
ယင် အငွေ့ အသက်သည် အဆိပ်သင့် စေဖြင့်၊ လူတိုင်း အသက်အောင့် လိုက်ကြသည်။ မည်သူမျှ ထပ်မရှူ ရဲတော့ချေ။
စိမ်မဝင် စေရန် အတွက်၊ ချွေးပေါက် များကိုပင်၊ ပိတ်ထား လိုက်ကြသည်။
“ ဒီနေရာက မဆိုး ပါဘူး၊ ရတနာတွေ သေချာပေါက် ရှိလိမ့်မယ်။ ”
ရှောင်ယွင် မျက်နှာမှာ ဝင်းပ သွားသည်။ အထဲသို့ ဝင်လေလေ၊ လှိုဏ်ဂူမှာ ကျယ်ပြော လေလေ ဖြစ်သည်။
နံရံများ အားလုံးသည် ကျောက်စိမ်းတုံး တစ်တုံး အလား အလင်းများ ထုတ်လွှတ်သည်။ သာမန် သူတော်စင် လက်ရာ များထက် သာ၏။
၎င်းကို ထွင်းယူသွား ရုံဖြင့်၊ ချမ်းသာ သွားနိုင်သည်။ မြူများက တဖြည်းဖြည်း ထူထပ် လာသည်။ ယင်းကြောင့် ရှောင်ယွင်မှာ မျက်လုံးပြူ သွား၏။
“ ငါ့ရဲ့ တော်ဝင် ယင် မျက်လုံး တွေ ကိုတောင် ဒီမြူတွေက ကန့်သတ် ထားတယ်၊ တစ်ခါမှ မကြုံ ဖူးဘူး၊ ဒါ ပထမဆုံးပဲ။ ”
ရှောင်ယွင်က စိတ်လှုပ်ရှား နေပြီး၊ အန္တရာယ် များကို စိုးရိမ်ပုံ မပေါ်ချေ။
“ ညီအစ်ကို လင်းနဲ့၊ သံတမန် အန်း၊ ဆေးဖက်ဝင် အပင်ရဲ့ ရနံ့ကို ... ၊ ကြည့်ရတာ သေချာပေါက် ရတနာ ဂူပဲ၊ လာ မြန်မြန်။ ”
တစ်နာရီကြာ ပြီးနောက် ရှောင်ယွင်အား သူတို့ မျက်ချေ ပြတ်သွားသည်။ အန်လျူယွင်နှင့် လင်းယွန်က တစ်ယောက်ကို တစ်ယောက် ပြန်ကြည့် မိ၏။
ရုတ်တရက် ဒဏ်ရာ များဖြင့် ဖုံးလွှမ်း နေသော လူတစ်စု ပြေးထွက် လာသည်။ နီးစပ်ရာ လူ တစ်ယောက်ကို ဖမ်းဆွဲကာ၊
“ ဘာဖြစ် လာတာလဲ။ ”
-ဟု မေးမိ၏။
“ ရှေ့မှာ ... ဆေးဖက်ဝင် အပင်တွေ အများကြီး ရှိတယ်၊ သူတို့ အားလုံးက နှင်းလို့ သတ်မှတ် နိုင်တဲ့၊ သဘာဝ ရတာ တွေပဲ၊ ဒါပေမဲ့ လူငယ် တစ်ယောက် ဝင်လာပြီး၊ ငါတို့ကို ရိုက်နှက် မောင်းထုတ် လိုက်တယ်။ ”
( ရှောင်ယွင်လား။ )
ရှောင်ယွင်တွင် ကြယ်ခြောက်ပွင့် ရှိပြီး၊ ဝိညာဉ် ရေးရာ ဆရာသခင် တစ်ဦးသာ ဖြစ် သဖြင့်၊ ဤမျှ ကြောက်ရွံ့ နေစရာ မလိုဟု ထင်၏။
“ သွား ကြည့် ရ အောင်။ ”
လင်းယွန်က ဦးဆောင်လျက်၊ အန်းလျူယွင်နှင့် အတူ၊ လှိုဏ်ဂူ အတွင်းသို့၊ ပျံသန်း လိုက် တော့သည်။
***