← Chapters

ထူးဆန်းသော သူတော်စင် သစ်သီးများ။

Vol. 107 Ch. 1494

ထူးဆန်းသော သူတော်စင် သစ်သီးများ။

Vol. 107 Ch. 1494

ရှောင်ယွင်မှ နဂါး အကြွင်း အကျန် ကြယ်နယ်မြေကို ဖော်ထုတ်နိုင် တည်း ကပင်၊ လင်းယွန်မှ ၎င်းခွန်အား အပေါ် သံသဝင်ပြီး ဖြစ်သည်။

ယင်းကို လက်ရှိ မြင်ကွင်းက သက်သေပြ နေ၏။ နှစ်တစ်သောင်း သက်တမ်း ဆေးဘက် ဝင် စိုက်ခင်း အတွင်း၊ ရှောင်ယွင်က အဖိုးအို တစ်ဦးနှင့် တိုက်ခိုက် နေသည်။

ဆေးဘက်ဝင် အပင်များ အားလုံးသည် ရေခဲစွမ်းအင် အထူးပြု ဆေးပင်များ ဖြစ်ပြီး၊ အသီးပေါင်း တစ်ထောင်ခန့် ရှိသည်။

အဘိုးအိုသည် ကြယ်ခုနစ်ပွင့် အဆင့် တွင်ရှိကာ၊ သူ့ကို မြူများ အဖြစ်သို့ ပြောင်းလဲ ပေးနိုင်သည့်၊ ထူးခြားသော ရွေ့လျားမှု ပညာရပ် တစ်ခု ပိုင်ဆိုင် ထား၏။

ရွေ့လျားမှု အရှိန်မှာ၊ မမြန် သော်လည်း၊ ထိုသို့ ထူးဆန်းနေ သဖြင့်၊ တိုက်ပွဲ အတွင်း၌၊ အားသာချက် အချို့ ရရှိ ထားသည်။

တိုက်ပွဲ မြေပြင် အနီးတွင်၊ သွေးများ ဖုံးလွှမ်းလျက်၊ လူ (၁၀) ယောက် သေဆုံး နေ၏။

သူတို့၏ ဒဏ်ရာများ အရ၊ ပေါင်တူ တစ်လက်နှင့် ထုခံထား ရသကဲ့သို့၊ ကျိုးကျေ နေသည်။

ဤမြင်ကွင်းက လင်းယွန်နှင့် အန်းလျူယွင်ကို အံ့အားသင့် စေသည်။ ထိုစဉ် မြူ အဖြစ် ပြောင်းလဲ တော့မည့် အဖိုးအိုထံ၊ ရှောင်ယွင် လက်သီး ကျရောက် သွား၏။

“ ဖောင်း ... ။ ”

ချက်ချင်းပင် အဖိုးအို ခန္ဓာ ကိုယ်မှာ၊ အပိုင်းပိုင်း ပေါက်ကွဲ ကုန်သည်။ ထိုလက်သီး၌ ရင်းနှီးသော အရိပ် အယောင် အချို့ ပါရှိ နေသဖြင့် လင်းယွန်က အံ့သြ သွား၏။

“ အိုး ... ၊ ညီအစ်ကို လင်း၊ သံတမန် အန်း၊ မင်းတို့ ရောက်လာ ပြီလား။ ”

“ သူတို့တွေ အားလုံးကို ... ၊ နင် သတ်လိုက် တာလား။ ”

အန်းလျူယွင်မှ မြေပြင်ကို လက်ညှိုး ထိုးပြပြီး မေးသည်။

“ ငါ့ အပြင် ဘယ်သူ ရှိသေး လို့လဲ၊ လူကြီးမင်းတို့ ... လိုအပ် သလောက် ယူနိုင် ပါတယ်၊ ဟဲဟဲ ... ငါတို့ ကံကောင်းတယ်၊ ဒီနဂါး အကြွင်း အကျန် ကြယ်နယ်မြေမှာ စိတ်ဝင်စား စရာတွေ အများကြီးပဲ။ ”

စကားဆုံး သည်နှင့် သူတို့ နှစ်ယောက်ကို လျစ်လျူရှုပြီး၊ ရှောင်ယွင်မှ ဆေးဘက်ဝင် အပင် များထံ၊ ပြေးလွှား သွား တော့သည်။

အဆုံးတွင် သူတော်စင် အသီး အနှံများ အတွက်၊ ရယူရန် ကြိုးစား သူများကို ၎င်းမှ သတ်ဖြတ် မောင်းထုတ် ခဲ့သည်။

“ ဟား ... ဟား ... ဟား ... ။ ”

ထို့ကြောင့် သူ့စကားကို မယုံ ဝံ့ဘဲ၊ အန်းလျူယွင် ခမျာ တွေဝေ သွား၏။ သို့သော် လင်းယွန်က သူမအား ခေါင်းညိတ် ပြပြီး၊ စိုက်ခင်းထံ လှမ်းသွား လိုက်သည်။

သူတော်စင် အသီး အနှံ များကို ခူးယူပြီး၊ သို့လှောင် လက်ကောက်ထဲ ထည့်လိုက်သည်။ ထည့်မရ တော့ သဖြင့်၊ သုံးယောက်သား မျက်မှောင်ကြုတ် သွား၏။

“ ဘာလဲဟ ... ။ ”

ရှောင်ယွင် မျက်နှာ ပြောင်းလဲ သွားသည်။ ကြည့်နေစဉ် မှာပင် သူတော်စင် အသီး အနှံများ အားလုံး၊ အလင်းများ ဖြာလျက်၊ ဖုန်မှုန့် အဖြစ် ပြောင်းလဲ ကုန်ပြီး၊ စွမ်းအင် များမှာ ဂူ အတွင်း ထဲသို့ စီးဝင် သွားတော့သည်။

ယင်းကြောင့် ရှောင်ယွင် ခမျာ ဒေါသ အရမ်း ထွက်လျက်၊ ပါးစပ်မှ သွေးများစီး ထွက်လာခဲ့ လေသည်။

လင်းယွန် သည်လည်း လက်ထဲရှိ အမှုန့် များကို ကြည့်ကာ၊ တွေးတော နေမိသည်။ ထို အချိန်တွင် ဂူအတွင်း ဝင်လာသော၊ လူအုပ် ကြီး၏ အငွေ့ အသက်ကို ရရှိ လိုက်၏။

“ ဒီကောင်တွေ ... ၊ မမှတ် သေးဖူး ထင်တယ်၊ ညီအစ်ကို လင်း ခဏစောင့် ငါ ပြန်လာ ခဲ့မယ်။ ”

ဆုံးရှုံး မှုကြောင့် ဒေါသ ထွက်နေသည့် ရှောင်ယွင်က၊ ချက်ချင်းဆို သလိုပင် ပြေးထွက် သွားလေသည်။

“ ခဏ ... ။ ”

လင်းယွွန်မှ လှမ်းတား လိုက်သော်လည်း မမီ လိုက်ချေ။

“ ဘာဖြစ် လို့လဲ ... ။ ”

လင်းယွင် မျက်နှာတွင် စိုးရိမ်သော အရိပ် အယောင်များ ပေါ်လာ သဖြင့်၊ အန်းလျူယွင်မှ မေးမိသည်။

“ အဟက် ... ၊ အဲဒီ လူတွေကို ... ၊ သူ ရိုက်နှက်ပြီး ပြန်လာ နိုင်လိမ့် မယ်လို့ ... ၊ မင်း တကယ် ထင်လား။ ”

လင်းယွန်၏ မေးခွန်ကြောင့် အန်းလျူယွင်မှ မျက်လုံးပြူး သွားသည်။

“ ငရဲ ကမ္ဘာ ... ။ ”

“ ဟုတ်တယ် ... ၊ လန်စစ်ယွီက အကူ ခေါ်လာပုံ ရတယ်။ ”

လင်းယွန်က သက်ပြင်း ချကာ ဖြေသည်။

“ ဒါဆို ရှောင်ယွင်က ... ။ ”

ငရဲ ကမ္ဘာ ခန်းမသည် လွယ်ကူ သူများ မဟုတ်ချေ။ လန်စစ်ယွီ မှလွဲပြီး အမာခံ တပည့် တိုင်းမှာ၊ ကြမ်းကြုတ် သူများ ဖြစ်ချေ၏။

“ ဝှစ် ... ။ ”

သည့်စဉ် ရှောင်ယွန် တစ်ယောက် ဒရောသောပါးနှင့် ပြန်လည် ပြေးဝင် လာသည်။

“ အိုး ... မင်းက၊ ငါ့ လက်ဖဝါးကို ခံယူ ပြီးမှတော့ လွတ်မြောက် နိုင်မယ် ထင်နေ တာလား ... ။ ”

အဝေးမှ ကြောက်စရာ ကောင်းသော သတ်ဖြတ် လိုခြင်း ရည်ရွယ်ချက်များ ပါသည့်၊ အသံ တစ်သံ ထွက်ပေါ် လာသည်။

“ သူ့ကို သတ် ... ၊ အချိန် ဖြုန်းမနေနဲ့ ... ။ ”

နောက်ထပ် အသံ တစ်သံ ကပ်လျက် ထွက်ပေါ် လာပြန်၏။ ဤအသံ ရှင်သည် တစ်စုံ တစ်ရာကို အလိုလို မုန်းတီးနေ သကဲ့သို့၊ သွေးဆာ နေပုံ ရ၏။

“ ခူရင်နဲ့ ... ၊ ရှ ဖိန် ... ။ ”

အန်းလျူယွန်က ထိတ်လန့်စွာ အော်သည်။

“ သေလိုက် ပါလား ... ၊ မင်းတို့ စောင့်နေ ငါ ပြန်လာမယ်။ ”

ရှောင်ယွင်က လှည့်ကာ ကျိန်ဆဲလျက်၊ လင်းယွန် တို့အား သတိ မရ တော့ဘဲ၊ ဘေးမှ ဖြတ်ကျော်ပြီး ဂူအထဲသို့ ပြေးဝင် သွားသည်။

“ အခု ... ၊ ငါတို့ ဘာလုပ် သင့်လဲ။ ”

အန်းလျူယွင်က ကြံရာ မရ စွာဖြင့် မေးသည်။

“ ပုန်း ... ။ ”

“ ဟမ် ... ဘယ်လို ... ။ ”

ဤနေရာသည် ရိုးရှင်းသော လှိုဏ်ဂူ ဖြစ်သဖြင့်၊ ပုန်းအောင်း ရန်မှာ ပြောသလောက် မလွယ် ကူချေ။

“ ဝှစ် ... ။ ”

သို့သော် သူမ၏ တုံ့ပြန်မှုကို မစောင့်ဘဲ လင်းယွန်က ပခုံးမှ ဆွဲကိုင်ကာ ကောင်းကင်ပေါ် ပျံတက် လိုက်သည်။

လက်တစ်ဖက် မှလည်း၊ ခရမ်းရောင် သူတော်စင် တံဆိပ်အား ဖွဲ့စည်း လိုက်သည်။ တစ်စက္ကန့် အတွင်း နှစ်ယောက်သား ပျောက်ကွယ် သွား၏။

သူတို့ ပြန်ပေါ် လာသော အခါတွင်၊ ထူးခြားသော ပတ်ဝန်းကျင် ဖြစ်နေ သဖြင့်၊ အန်းလျူယွင်မှ ထိတ်လန့်စွာ လှည့်ပတ် ကြည့်မိသည်။

“ ငါတို့ ... ဘယ်ရောက် လာတာလဲ။ ”

“ ခရမ်းရောင် လျှို့ဝှက် နယ်မြေ ... ၊ ဒါကို နောက်မှ ပြောရအောင် ... ။ ”

လင်းယွန်က ဖီးနစ် သစ်ပင် ဆီသို့ လျှောက်လှမ်း သွားပြီး။

“ ဧကရီ ... ၊ အပြင်မှာ ဘာတွေ ဖြစ်နေလဲ ဆိုတာ ကြည့်လို့ ရမလား။ ”

-ဟု မေးလိုက်၏။

“ ဟမ့် ... ၊ နင် တကယ်ပဲ အပြင်လူ တစ်ယောက်ကို၊ ခေါ်လာ ခဲ့တာလား၊ ဒီနေရာရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ် ခဲ့ရင်၊ နင့်ကို ငါ သတ်ပစ်မယ် ဆိုတာ မသိ ဖူးလား။ ”

ခရမ်းငယ်က ဒေါသတကြီး စိုက်ကြည့် ကြိမ်းမောင်း လာသည်။

“ သူက စိတ်ချ ရတယ်။ ”

“ ဟွန်း ... ။ ”

ယင်းက ခရမ်းငယ်ကို ဒေါသ ထွက်စေ သော်လည်း၊ လင်းယွန်အား ကူညီရန် လက်ကို စက်ဝိုင်း သဏ္ဍာန် ဝှေ့ယမ်း လိုက်သည်။

သည့်နောက် အလင်း စက်ဝိုင်းကြီးပေါ် လာကာ၊ ဆေးစိုက်ခင်း ရှိရာ ဂူအတွင်း ပိုင်းကို မြင်လာ ရသည်။

လူအုပ်ကို ဦးဆောင်လျက် လန်စစ်ယွီက ဦးစွာ ဝင်လာသည်။

“ စောစောက ဒီမှာ လူနှစ်ယောက် ရှိနေ ပါတယ် ... ။ ”

သူ့နောက်ရှိ ရှဖုန်နှင့် ခူရင်က ဆေးစိုက်ခင်းထံ တစ်ချက် ကြည့်ကာ၊ ပတ်ဝန်းကျင်ကို စူးစမ်း တော့သည်။

အတောင်ပံများ ပါရှိသော သူတော်စင် ချပ်ဝတ်ကို ဝတ်ဆင် ထားသည့် ရှဖုန်သည်၊ မရိုး ရှင်းကြောင်း လင်းယွန် ခံစား မိသည်။

“ ဒီနေရာက သီးခြား ကမ္ဘာ တစ်ခု လိုပဲ။ ”

ခူရင်က သုံးသပ်သည်။

“ သူတော်စင် အသီး အနှံ တွေကို၊ သေချာပေါက် သူတို့ သုံးယောက် ယူသွားတာ ဖြစ်မယ်၊ ငါတို့ လိုက်ရအောင်။ ”

လန်စစ်ယွီက ဂူအတွင်းသို့ မျှော်ကြည့်ကာ ဆိုလိုက်သည်။ သို့သော် ၎င်းမှ လာသော အငွေ့ အသက် ကြောင့် ကျောချမ်း သွား၏။

“ ကြယ်ရှစ်ပွင့်နဲ့ အထက် လူတိုင်း၊ ငါနဲ့ လိုက်လာပါ၊ ကျန်တဲ့ လူတွေက ဘယ်သူမှ ဝင် မလာအောင်၊ ဒီကနေ စောင့်ပြီး တားထား ပေး၊ ဒီနေရာက နဂါး သင်္ချိုင်း တောင်ကြားထက် မနိမ့်ဘူး။ ”

ရှဖုန်မှ အမိန့်ပေး လိုက်သည်။

“ ဘာ ... ၊ ဘာလို့ ငါက နေခဲ့ ရမှာလဲ။ ”

လန်စစ်ယွီက အနည်းငယ် ကြောက်ရွံ့ လာသည်။ ရှဖုန် မရှိ ချိန်၌ သူ့အပေါ်၊ တစ်ခုခု လုပ်လာ မည်ကို စိုးရိမ်၏။

“ ညီလေး ... မင်းက၊ လန် မိသားစုရဲ့ တိုက်ရိုက် ဆင်းသက်လာ သူပဲ၊ မင်း ဒီမှာ သေခဲ့ရင်၊ ငါ ရှင်းပြ နိုင်မှာ မဟုတ်ဘူး။"

ရှဖုန်မှ ပြုံးပြီး လှည့်ကာ ပြောကြည့်သည်။

“ ဟမ့် ... ရှဖုန် ... ၊ မင်း ဘာတွေ တွေးနေခဲ့လဲ ဆိုတာ၊ ငါ မသိ ဖူးလို့ မထင် လိုက်နဲ့။ ”

လန်စစ်ယွီက မကျေမနပ် ပြန်ပြော လိုက်သည်။

“ ကောင်းပြီ ... ၊ ဒါဆို ... ငါ ဒီမှာ စောင့်နေ ရစ်မယ်၊ မင်း ... ခူရင်ကို ခေါ်ပြီး ဆက်သွား ပါ။ ”

“ တော်ပြီ ... ၊ မင်းပဲ သွားလိုက်၊ အန်းလျူယွင်ကို လုံးဝ မထိနဲ့။

“ ဟား ဟား ဟား ... ။ ”

ရှဖုန်က သူ့အား ဂရု မစိုက် တော့ဘဲ၊

“ သွား ရအောင် ... ။ ”

-ဟု သူ့လူ များကို ပြောလိုက် တော့သည်။

ထို့ကြောင့် ကြယ်ရှစ်ပွင့် အောက်ရှိ ကျွမ်းကျင်သူ ခြောက်ဦးသာ လန်စစ်ယွီ အနား ကျန်ခဲ့သည်။

၎င်းတို့တွင် သူတော်စင် ဝိညာဉ် ရေးရာ ဆရာ သခင် တစ်ပါး ပါသဖြင့်၊ အစီရင် (၃) ထပ်၊ ချက်ချင်း ခင်းကျင်း လိုက်သည်။၊

“ ကြည့်ရတာ မင်းကို လက်လွှတ် မခံနိုင် သေးဖူး ထင်တယ်၊ မိန်းကလေး အန်း။ ”

“ မဟုတ်တာ မပြောနဲ့၊ ငါ သူ့ကို စိတ်မဝင် စားဘူး။ ”

အန်းလျူယွင်က မျက်နှာသည် နီရဲ သွားပြီး၊

“ သခင်လေး လင်း ... ၊ အခု ... ငါတို့ ဘာလုပ် ကြမလဲ၊ ရှောင်ယွင် အန္တရာယ် ရှိမှာ သေချာတယ်။ ”

“ ကြယ်ကိုးပွင့် ကျွမ်းကျင်သူ ဆီက ... ၊ လက်ဝါး တစ်ချက်ထိ တာတောင်၊ သူ ပြေးနိုင် သေးတယ်၊ စိတ်မပူနဲ့ ... အခု လောလောဆယ် ဒီလူတွေကို ဘာလုပ် သင့်လဲ စဉ်းစား ရအောင်။ ”

အဆိုပါ စကားကြောင့်၊ အန်းလျူယွင် မျက်လုံးပြူး သွားသည်။ လင်းယွန်သည် ကြယ် ကိုးပွင့် ကျွမ်းကျင် သူကို ဂရုစိုက်ပုံ မရချေ။

“ သခင်လေး လင်းက ... ဘာလုပ်ချင် လို့လဲ။ ”

“ ဒီကမ္ဘာ ကြီးကနေ ဖယ်ထုတ် ချင်တယ်။ ”

သတ်ဖြတ် လိုသော ရည်ရွယ်ချက်များ ထွက်ပေါ် လာပြီး၊ လင်းယွန်မှ ပြန်ဖြေသည်။

“ ဒါပေမယ့် ... ဒီလူတွေ အားလုံးက ကြယ်ခုနစ်ပွင့်မှာ ရှိနေ ကြတယ်၊ သူတို့ကို ငရဲ ကမ္ဘာ ခန်းမက ပျိုးထောင်ပေး ထားတာမို့၊ အခြား မိစ္ဆာ ကျင့်ကြံသူ တွေထက် သန်မာတယ်။ ”

“ မင်း ... ၊ ကူညီရင် ဖြစ်နိုင် ပါတယ်။ ”

လူ ခုနစ်ဦး တိတိ ရှိနေသဖြင့် အချို့မှာ၊ သူ့အာရုံမှ လွတ်ကာ၊ ထွက်ပြေး လွတ်မြောက် သွား နိုင်သည်။

“ ဘယ်လို ကူညီရ မှာလဲ။ ”

“ ထွက်ပြေးဖို့ ကြိုးစားတဲ့ လူတိုင်းကို တားပေးပါ၊ ကျန်တာတော့ ... ငါပဲ ကြည့်လုပ် လိုက်မယ်။ ”

စကားဆုံး သည်နှင့် လင်းယွန်က ခရမ်းငယ်အား အချက်ပြ လိုက်၏။ ဤသည်မှာ ငရဲ ကမ္ဘာ ခန်းမ၏ အမာခံ တပည့်ကို၊ သတ် ခြင်းမည် သဖြင့်၊ အန်းလျူယွင် တစ်ယောက် တုန်လှုပ် လာတော့သည်။

***

All Chapters