နဂါး သွေးမိစ္ဆာ အလောင်းကောင်။
Vol. 107 Ch. 1495
လန်စစ်ယွီနှင့် အဖွဲ့သည် အစီရင် သုံးထပ် ခင်းကျင်း ပြီးနောက်၊ စိတ်လက် ပေါ့ပါး သွား လေသည်။
အစီရင် အလယ်တွင် လန်စစ်ယွီက ထိုင်ချလိုက်ကာ၊ ပတ်ဝန်းကျင်အား လှည့်ပတ် ကြည့်သည်။
“ ဒီနေရာက အရမ်း အေးတယ် ... ၊ ယင်စွမ်းအင် ကလည်း ထူးဆန်း နေတယ်၊ ဘာဖြစ် နေတာလဲ မင်းတို့ သိလား။ ”
ဆံပင်ဖြူ အဘိုးအို တစ်ဦးက၊
“ ဒီလှိုဏ်ဂူရဲ့ ယင်စွမ်းအင်က ... ၊ နဂါး သင်္ချိုင်း တောင်ကြားနဲ့ ဆင်တူတယ်၊ ဒါကြောင့် သခင်လေး ရှက ... ၊ ဒီမှာ နဂါး သွေးမိစ္ဆာ အလောင်းတွေ ရှိနိုင် တယ်လို့ ယူဆ ထားတယ်။ ”
“ နဂါး သွေးမိစ္ဆာ အလောင်း တွေလား။ ”
လန်စစ်ယွီ၏ မျက်လုံးများ တောက်ပ လာသည်။ ရှဖုန်သည် သူ့အား တစ်စုံ တစ်ခုကို ဖုံးကွယ် ထားချေ၏။
“ အင်း ... ၊ နဂါး သင်္ချိုင်း တောင်ကြား မှာလည်း ... ၊ အလားတူ ရောင်ဝါမျိုး ရှိတယ်၊ သူတို့က မီးနဲ့ လျှပ်စီး ကိုတောင် တိုက်စား နိုင်တယ်၊ နဂါးတွေ ကွယ်လွန် ပြီးတဲ့နောက် ဒါက ကျန်ရစ် ခဲ့ဖွယ် ရှိတယ်။ ”
နောက်လူ တစ်ယောက်က ဆက်ပြောသည်။
“ ဒါပေမယ့် စိတ်မပူ ပါနဲ့ ဒီနေရာက အန္တရာယ် ကင်းနိုင် ပါတယ်။ ”
စကား စမြည် ပြောနေ ကြစဉ်၊ ဂူ ခေါင်မိုး ပေါ်၌ ဓားသေတ္တာ တစ်လုံး ပေါ်လာ သည်ကို သူတို့ သတိ မထားမိ ကြချေ။
၎င်းမှ လှိုင်းအချို့ လှုပ်ခတ် လာပြီး၊ လူနှစ်ယောက် ထွက်လာ၏။ ထိုလှိုင်းအား အဖွဲ့ အတွင်းမှ ဆံပင်ဖြူ အဘိုးအိုက၊ သတိ ထားမိ သွားသည်။
“ လှုပ်ရှားမှု ရှိတယ် ... ။ ”
လန်စစ်ယွီ ခမျာ ချက်ချင်း နိုးကြား လာတော့၏။ သူ့ရင်ဘတ်ရှိ ဆွဲသီးကို အသက် သွင်းလိုက်သော အခါတွင်၊ စွမ်းအင် လှိုင်းတစ်ခု ပေါ်လာပြီး၊ သူ့ခန္ဓာကိုယ် ထဲသို့၊ ပေါင်းစပ် သွားလေသည်။ တစ်ချိန်တည်း မှာပင် သူတော်စင် ဓား တစ်လက်ကို ထုတ်ပြီ အသင့်ပြင် လိုက်၏။
“ စိတ်မပူနဲ့ ... ၊ ငါတို့က အစီရင် ထဲမှာမို့၊ နဂါး သေွးမိစ္ဆာ အလောင်း ကောင်တွေ တကယ် ရောက်လာ ရင်တောင်၊ ကြောက်နေ စရာ မလိုဘူး ... ။ ”
လန်စစ်ယွီက စိတ်မသက် မသာဖြင့်၊ လှည့်ပတ် ကြည့်ပြီး သူ့ကိုယ် သူနှင့် အခြား လူများကို နှစ်သိမ့်ရန် ကြိုးစား တော့သည်။
သည့်စဉ် အနက်ရောင် အငွေ့ လှိုင်းများ ထွက်ပေါ် လာကာ၊ အစီရင်အား လျင်မြန်စွာ တိုက်စား လေသည်။
“ လူတိုင်း ... ငါ့ နားမှာ နေ ... ၊ လူစု မကွဲ စေနဲ့၊ ငါတို့မှာ လူအင်အား ရှိတယ်။ ”
သူ့၏ အမိန့်ပေး စကားသံ ဆုံးသည်နှင့်၊ ပုံရိပ် တစ်ရိပ် ပျံသန်း လာပြီး၊ ထိုအစီရင်အား လက်သီးဖြင့် ထိုးခွဲ လိုက်ရာ၊ စုဝေး နေကြသူ အားလုံး လွင့်စဉ် သွားသည်။
“ လူစု မကွဲစေနဲ့ ... ။ ”
သည်စကား ကိုပင်၊ ထပ်ခါ တလဲလဲ၊ အော်လိုက်သည်။ ဤသည်မှာ နဂါး သွေးမိစ္ဆာ အလောင်း ကောင် ဖြစ်သည့် အတွက်၊ စိုးရိမ် စရာ ဖြစ်၏။
သို့သော် လူတိုင်းက ထွက်ပြေး ရန်သာ အာရုံစိုက် နေကြ သဖြင့်၊ အမိန့်ကို မည်သူမှ လိုက်နာခြင်း မရှိ တော့ချေ။
ရုတ်တရက် ပလွေ သံကို ကြားလိုက် ရသည်။ ပလွေသံ အတွင်း အကန့် အသတ်မဲ့ ဓားရည်ရွယ်ချက် ပါ၀င်ကာ၊ သူတို့အား ဖုံးလွှမ်း လာသည်။
“ ချွင် ... ။ ”
ထို့ကြောင့် ထွက်ပြေးခြင်းကို ရပ်ကာ၊ သူတို့၏ လက်နက်များ ဆွဲထုတ်လျက်၊ အသံ လှိုင်းအား ခုခံ လိုက် ကြ၏။
ခုနစ်ယောက်သား နက္ခတ် များပင် ဆင့်ခေါ်ပြီး၊ ခုခံ လိုက်ကြ သော်လည်း၊ ဖီးနစ် တေးသွားကို အန်မတု နိုင်ချေ။
အရေး အကြီး ဆုံးမှာ ပလွေ ရှင်ကို ရှာမတွေ့ခြင်း ဖြစ်သည်။ လကမ္ဘာပေါ် ရောက်ရှိ နေ သကဲ့သို့ ဓားလှိုင်းနှင့် ပလွေသံ ကိုသာ ကြားနေ ရသည်။
“ နဂါး သွေးမိစ္ဆာ အလောင်း ကောင်က ပလွေ မှုတ်တတ် စရာ အကြောင်း မရှိဘူး။ ”
ဆံပင်ဖြူ အဖိုးအို့က သတိ ဝင်လာပြီး၊ မျက်မှောင် ကြုတ် မိ၏။ ထို့ကြောင့် လှပသော ပန်းချီကား တစ်ချပ် ကဲ့သို့၊ လပေါ်တွင် ထိုင်ကာ ပလွေမှုတ် နေသော ငွေရောင် လူရိပ် တစ်ရိပ်ကို သတိ ထားမိ လာသည်။
“ သူ ဟိုမှာ ... ဝေါ့။ ”
သို့သော် ဓားလှိုင်း တစ်လှိုင်းက ရင်ဘတ် လာမှန် သဖြင့်၊ စကား ဆုံးအောင် မပြော နိုင်ဘဲ သွေးအန် လိုက်ရသည်။
သည့်စဉ် ပလွေ သံမှာ ပြောင်းလဲ သွားပြန်၏။ ဖီးနစ် ချီးမွမ်း ခဏ်း၏ နောက်ဆုံး အပိုဒ် ရောက် လာပြီ ဖြစ်သည်။ ထို့ကြောင့် ကျွမ်းကျင်သူ အားလုံး ဒဏ်ရာ ပြင်းထန်စွာ ရရှိ ကုန်ပြီ ဖြစ်၏။
“ သူ့ကို သတ် ... ။ ”
သူတော်စင် ဓားဖြင့် ညွှန်ပြလျှက် လန်စစ်ယွီက ထိတ်လန့် တကြား အမိန့်ပေး လိုက်လေသည်။
ကျွမ်းကျင်သူ နှစ်ယောက်က လင်းယွန်ထံ ချဉ်းကပ် လာ၏။ သို့သော် ပလွေကို သိမ်းလျက် ပန်းသင်္ချိုင်းဓား ထုတ်ယူကာ၊ ၎င်းတို့ နှစ်ဦး ခေါင်းအား ဖြတ်ချ လိုက်သည်။
ကြယ်ခုနစ်ပွင့် ကျင့်ကြံသူ နှစ်ဦးသည်၊ ထိုကဲ့သို့ ပျောက်ကွယ် သွား သည်ကို မယုံကြည် နိုင်သောကြောင့်၊ လန်စစ်ယွီ ခမျာ မျက်လုံးများ ပြူးကျယ် လာတော့၏။
“ ဝှစ် ... ။ ”
ကျန်ငါးယောက် မှာ ချက်ချင်း လှည့်ပြေး လေသည်။ သို့သော် ငွေွရောင် အရိပ်က အနား ရောက်လာ သဖြင့်၊ အမျိုးသား တစ်ဦးမှာ၊ နောက်ပြန် လှည့်ပြီး တိုက်ခိုက် မိ၏။
ခွန်အားကို သိသိ သာသာ မြှင့်တင်ထား နိုင်သည့်၊ တားမြစ် လက်သီး နည်းစနစ် တစ်ရပ် အား၊ အသုံးပြု ခဲ့သည်။
ထို့ကြောင့် မယုံနိုင် လောက်အောင် အစွမ်းထက် စေပြီး၊ သူတာ်စင် ဂီတ သံများ လိုက်ပါ လာ၏။
သို့သော် လက်သီး လမ်းကြောင်းတွင်၊ နဂါးရူရ်များ ပေါ်လာပြီး၊ ထင်သလို ဖြစ်မလာ ခဲ့ချေ။
လက်သီးမှာ ရပ်တန့်သွား သဖြင့် လူလတ်ပိုင်း အရွယ် အမျိုးသားမှ တုန်လှုပ် ခြောက်ခြား သွားသည်။
“ ဒါ ... နဂါး မျိုးနွယ်စုရဲ့၊ ကျော်ကြား လှတဲ့ ခန္ဓာကိုယ် သန့်စင်ခြင်း ပညာရပ်ပဲ ... ၊ မင်း ... မင်း ဘယ်သူလဲ။ ”
လင်းယွန်က သူ့ မေးခွန်းကို ပြန် မဖြေဘဲ၊ ဓားဖြင့် ခုတ်ပိုင်း ပစ်သည်။ သုံးကြိမ် ပြည့်ချိန်၌ ထိုသူ၏ ကြယ်စွမ်းအင် အကာ အကွယ်မှာ လုံးဝ ပျောက်ကွယ် သွားသည်။
“ ရွှပ် ... ။ ”
၎င်းက မှင်တတ် နေစဉ်၊ စတုတ္ထမြောက် ဓားမှာ ကျရောက် လာပြီး၊ မရှောင်နိုင် တော့ဘဲ နှစ်ခြမ်းခွဲ ခံလိုက် ရတော့သည်။
ပြီးသည်နှင့် လင်းယွန်က ကျန်သူများ နောက်သို့ ဆက်လိုက် သွားမိသည်။ ဂီတ တာအို ကြောင့်၊ လူတိုင်း ဒဏ်ရာ ရရှိ နေပြီဖြစ် သဖြင့်၊ သူ့ဓားချက် များကို ခုခံနိုင်စွမ်း မရှိတော့ချေ။
အရိယာ ဓားသုတ္တန်တွင်၊ သေခြင်း၏ ရည်ရွယ်ချက် ပါဝင် နေပြီး၊ ၎င်းစွမ်းအင်ကို မိစ္ဆာ ကျင့်ကြံသူ များ၏ သွေးဆာ နေသော ရောင်ဝါ နှင့်၊ နှိုင်းယှဉ် နိုင်စရာ အကြောင်း မရှိချေ။
ထို့ကြောင့် လန်စစ်ယွီ၏ လက်ပါးစေ၊ ဧည့်သည် ခြောက်ဦး အသက် ဆုံးရှုံး သွားသည်။ လန်စစ်ယွီ မှာမူ လှည့် မကြည့်ဘဲ၊ ဂူပေါက်ဝထံ တစ်ချိုးတည်း ခြေသုတ်တင် တော့၏။
အလင်း ပျပျကို မြင်ချိန်၌၊ ဝမ်းသာ သွားသည်။ သို့သော် လူရိပ် တစ်ရိပ်မှ ထိုအလင်းကို ကျောပေး လျက် သူ့အား စောင့်နေ သဖြင့် အံသြ သွားမိ၏။
“ သံတမန် အန်း ... ၊ ငါတို့ မြန်မြန် သွားမှ ရမယ်၊ နဂါး သွေးမိစ္ဆာ အလောင်း ကောင်တွေ လိုက်လာ နေပြီ။ ”
သို့သော် အန်းလျူယွင်မှ စကား တစ်ခွန်းမျှ မပြောဘဲ၊ သတ်ဖြတ် လိုသော ဆန္ဒ ထုတ်ဖော် လာ သောကြောင့်၊ တစ်စုံ တစ်ရာ သံသယ ဝင်လာပြီး၊ လှည့်ကြည့် လိုက်မိသည်။
“ မင်း ... ။ ”
ငွေလမင်း မျက်နှာ ဖုံးကို ချွတ်လျက်၊ လင်းယွန်းက သူ့ထံ လျှောက်လှမ်း လာသည်။
“ ဒါဆို ... ၊ မင်းတို့ နှစ်ယောက် လက်ချက်ပေါ့။ ”
“ မင်းက လန် မိသားစုရဲ့ တိုက်ရိုက် မျိုးဆက်လား။ ”
လင်းယွန်က မေးသည်။ ထို့ကြောင့် လန်စစ်ယွီ မျက်နှာတွင် မျှော်လင့်ချက်များ ပေါ်လာပြီး၊
“ ဟုတ်တယ်... ၊ ငါက အရှေ့ဘက် ပျက်စီးခြင်း မြေက လန် သူတော်စင် မိသားစု ကပဲ၊ အခု ငါ့ကို သိပြီ ဆိုတော့ လွှတ်လိုက်ပါ၊ မင်းကို စိတ်ကူး မယဉ် နိုင်တဲ့ အကျိုး ကျေးဇူးတွေ ပေးမယ်။ ”
“ ဘယ်လို အကျိုး ကျေးဇူးလဲ။ ”
“ မင်း လိုချင်တဲ့ ဘာဖြစ်ဖြစ် ... ။ ”
လန်စစ်ယွီက အနည်းငယ် စိတ်သက်သာ သွားပြီး၊ ညှိနှိုင်းမှု စတင် မိသည်။ တစ်ဖက် လူ အနေဖြင့်၊ ဆန္ဒ ရှိပါက၊ မည်သည့် အရာ မဆို၊ ပေး နိုင်သည်။
ရှေးဟောင်း သူတော်စင် မိသားစု၏ အထောက် အထားသည်၊ ဤနေရာ၌ များစွာ အသုံး ဝင်ပေ၏။
“ ရွှပ် ... ။ ”
ထို့စဉ် မှာပင် ပန်းသင်္ချိုင်းဓား တောက်ပ လာပြီး၊ သူ့ ဆွဲသီးအား နှစ်ခြမ်း ခွဲပစ် လိုက် လေသည်။
“ မင်း ... ။ ”
လန်စစ်ယွီ တစ်ယောက် အံ့သြ သွားစဉ် ပန်းသင်္ချိုင်း ဓားက၊ သူ့နဖူး အလယ် ဗဟိုသို့ တိုးဝင် လာတော့၏။
သည့်နောက် အလောင်း များမှ သိုလှောင် အိတ်များနှင့် သိုလှောင် လက်ကောက် များကို သိမ်းဆည်း လိုက်သည်။
၎င်းတို့တွင် သန်းပေါင်း များစွာသော နတ်ကြယ် ပုလဲများ၊ သူတော်စင် ဆေးလုံးနှင့် သူတော်စင် အသီး အနှံ များစွာ ပါရှိ၏။
လှိုဏ်ဂူ အတွင်း မီးလျှံများ ရုတ်တရက် တောက်လောင် လာသဖြင့်၊ စစ်ဆေး ခြင်းကို ရပ်ကာ မော့ကြည့် လိုက်သည်။
အန်းလျူယွင်က ခြေရာ လက်ရာ မကျန်စေရန်၊ သူ၏ ရေခဲ မီးတောက်ကို သုံးလျက်၊ အလောင်း များအား ‘ပြာ’အဖြစ် ပြောင်းလဲ နေခြင်း ဖြစ်သည်။
ထိုအချိန်တွင် ဂူထဲမှ ကြောက်စရာ ကောင်းသော ရောင်ဝါ တစ်ခု တိုးထွက် လာ သဖြင့်၊ ပို၍ အေးစက် လာတော့သည်။
အန်းလျူယွင်က လင်းယွန် အနားသို့ ရောက်ရှိ လာပြီး၊ တုန်လှုပ် ခြောက်ခြား စွာဖြင့်
“ ဒီမှာ သေွးနဂါး မိစ္ဆာ အလောင်းတွေ တကယ် ရှိတယ် ထင်တယ်။ ”
-ဟု ဆိုလေသည်။
နဂါး သွေးမိစ္ဆာ အလောင်း ကောင်များ မည်မျှ ကြောက်စရာ ကောင်းကြောင်း၊ သူမ ကြားသိ ထားဖူးသည်။
“ ဒါတော့ ... မသိဘူး၊ ဒါပေမယ့် ဒီဂူက ထူးဆန်း တာတော့ သေချာတယ်၊ နဂါး သွေး မိစ္ဆာ အလောင်းတွေ မရှိ ရင်တောင်၊ နဂါး အရိုးတော့ ...
... ရှိရမယ်၊ ဒါကြောင့် မင်း အပြင် ကနေ စောင့်နေ၊ ရှောင်ယွင်ကို ကယ်လို့ ရ-မရ ... ငါ သွား ကြည့်လိုက် ဦးမယ်။ ”
“ စိတ်မကောင်း စရာဘဲ၊ ငါ အခု ထွက်သွားလို့ မရတော့ဖူး ထင်တယ်။ ”
ကြက်သွေးရောင် မျက်ဝန်း တစ်စုံက အမှောင်ထဲမှ လှမ်းကြည့် နေသည်ကို သတိ ထားမိ လာသောကြောင့်၊ အန်းလျူယွင် ခမျာ မျက်နှာ ဖြူဖျော့ သွားတော့သည်။
***