← Chapters

နတ်နဂါး နန်းတော်။

Vol. 107 Ch. 1496

နတ်နဂါး နန်းတော်။

Vol. 107 Ch. 1496

ထိုမျက်ဝန်းများ ပေါ်လာသော အခါ ပတ်ဝန်းကျင်ရှိ အပူ ချိန်များ ချက်ချင်း ကျဆင်း သွားသည်။

နဂါး မျိုးရိုး၏ ခန္ဓာကိုယ် သန့်စင်သည့် နည်းစနစ်ကို လေ့ကျင့် ထားသော လင်းယွန်မှာ ကောင်းမွန်နေ သေး၏။

သို့သော် ဂူတစ်ခုလုံး ရုတ်တရက် မှောင်သွားကာ၊ နှလုံးခုန် သံမှ လွဲ၍ မည်သည့် အရာ ကိုမျှ မကြား ရတော့ချေ။

ဓားကို မျက်လုံး များဆီ သွန်းလောင်း လိုက်ပြီး အမှောင်ထဲ အာရုံခံ လိုက်ရာ၊ သူ့ ကျောရိုးများ အေးစက် သွားသည်။

မျက်မှောင် ကြုတ်လျက်၊ အသက် ပြင်းပြင်းရှူ လိုက်သည်။ ဤသည်မှာ သေွးနဂါး မိစ္ဆာ အလောင်းကို ပထမဆုံး အကြိမ် ကြုံဖူးခြင်း ဖြစ်၏။

ပုံသဏ္ဍာန်ကို သည်းသည်း ကွဲကွဲ မမြင်ရချေ။ အနက်ရောင် မြူများ အတွင်း ပျောက်ကွယ် နေသည်။

ရုတ်တရက် နူးညံ့ ပျော့ပျောင်းပြီး၊ နွေးထွေးသော အရာ နှစ်က သူ့ကျော လာဖိမိ သဖြင့်၊ သတိ ဝင်လာ၏။

“ နည်းနည်း အေးလာတယ် ... ။ ”

အန်းလျူယွင် နောက်ကေျာကို တိုးကပ် လာသည့် ထိုအထိ အတွေ့ အပေါ်၊ အကြောင်း ပြချက် ပေးလာ သဖြင့်၊ နောက်ပြန် ဆုတ်ရန် စိတ်ကူးအား စွန့်လွှတ် လိုက်ရသည်။

ထိုအချိန်တွင် အမှောင် ထဲရှိ ကြက်သွေးရောင် မျက်လုံး ပိုင်ရှင် များက သူ့ထံ စိုက်ကြည့်ပြီး၊ ဖြည်းဖြည်းချင်း ချဉ်းကပ် လာ၏။

ပန်းသင်္ချိုင်း ဓားကို ဆုပ်ကိုင် ထာသော လက်ဖဝါးတွင် ချွေးများ ရွဲလာသည်။ ဤကဲ့သို့ ကြောက်ရွံ့ မိသော အခြေ အနေမျိုး၊ ပထမဆုံး အကြိမ် ကြုံဖူးခြင်း ဖြစ်၏။

ရုတ်တရက် ကြက်သွေးရောင် မျက်လုံး ပိုင်ရှင်များက ခုန်ပေါက် လာပြီး၊ မီတာ တစ်ရာ အကွာသို့ အရောက်တွင်၊ ပျောက်ကွယ် သွားသည်။

“ ရွှပ် ... ။ ”

အန္တရာယ် ရှိသော အငွေ့ အသက်အား ခံစားရ သဖြင့်၊ ဓားကို မဆိုင်းမတွ လွှဲခုတ် ပစ် လိုက်သည်။

မီးပွားများ ပွင့်ထွက်ပြီး အနက်ရောင် ဓားတစ်လက် သူ့ရှေ့တွင် ပေါ်လာ တော့သည်။ ထိုဓားမှ ကြောက်မက်ဖွယ် ကောင်းသော ယင် စွမ်းအင် ရောင်ဝါများ ထုတ်လွှတ် လာသည်။

ဤဓားကို သူ၏ နဂါး ရူရ် များမှ ခုခံ နိုင်ခြင်း ရှိ-မရှိ မသိချေ။ ထိမိ ပါက အသက် အန္တရာယ် ရှိ သည်ကို ခံစား မိသည်။

နဂါးရူရ် များကို ရောင်ဝါ အဖြစ် ပြောင်းလဲ ထုတ်လွှတ် လိုက်ရာ၊ ပေ(၁၀၀) ရှိသော နဂါး တစ်ကောင် ဖြစ်ပေါ် လာသည်။

ထိုနဂါးသည် ရောင်ဝါ မျှသာ ဖြစ်သော်လည်း၊ ကောက်ကြောင်းမှာ ထင်ရှား ပြတ်သား လေသည်။

အကြေးခွံများ ပါရှိပြီး၊ ခြေသည်း များ၌ လေနှင့် မိုးကြိုး စွမ်းအင်များ ဖုံးအုပ် ထားသည်။ ဤအချိန်တွင် သူ့ခန္ဓာ ကိုယ်မှာ၊ အကာ အကွယ်မဲ့ နေပြီ ဖြစ်သည်။

အရပ် လေး မျက်နှာမှ၊ ဝင်လာသော ထိုအလောင်းကောင် များ၏ တိုက်ခိုက်မှုကို နဂါး ရောင်ဝါက ကာကွယ် ပေးသည်။

ဝိုင်းရံ ခြင်းမှ လွတ်မြောက် သည်နှင့်၊ ရောင်ဝါ နဂါးမှ ချက်ချင်း ပြိုကွဲ သွားပြီး နဂါး ရူရ် ပုံစံဖြင့်၊ သူ့ခန္ဓာထံ ပြန်ရောက် လာ၏။

“ လာ ... ။ ”

သည့်နောက် ဂူ မျက်နှာ ကြက်တွင် တွယ်ကပ် နေသေ ဓားသေတ္တာကို ခေါ်ယူပြီး၊ ရွှေအတောင်ပံ တစ်စုံအား ဖွင့် လိုက်၏။

“ ဖရူး ... ။ ”

အန်းလျူယွင်အား တစ်ဖက်မှ ဆွဲကာ ဓားသေတ္တာကို ကိုင်ဆွဲလျက် အမြန် ထွက်ပြေး တော့သည်။

သို့သော် ကြက်သွေးရောင် မျက်ဝန်း တစ်စုံက သူ့အား ကန့်သတ် ထားဆဲ ဖြစ်သည်။ မည်မျှပင် ကြိုးစား အားထုတ် စေကာမူ၊ သူတို့ မထွက်နိုင် ခဲ့ခေျ။

အန်းလျူယွင်က ရေခဲ မီးတောက်ကို ထုတ်ကာ၊ ပစ်လိုက်သည်။ ရေခဲ မီးတောက်က လှံအသွင် ပြောင်းလဲ ပြေးဝင် သွား၏။

သူတော်စင် အဆင့် မီးတောက် ဖြစ် ပေသည်။ သို့သော် ရေခဲ မီးတောက် လှံက နဂါး သွေးမိစ္ဆာ အလောင်း ကောင် များမှ ကန့်သတ် ထားသည့် အလွှာ ပေါ်သို့၊ ကျရောက် သော အခါ ငြိမ်းသွားသည်။

“ ဒါက ဘယ်လို ဖြစ်ရ တာလဲ၊ တစ္ဆေ သရဲ တွေလား။ ”

အန်းလျူယွင်၏ ဦးရေပြားများ ထုံကျင် သွားသည်။ ဤအခြေ အနေမျိုး တစ်ခါမျှ မကြုံ ဖူးချေ။

“ မ ဟုတ် လောက် ပါဘူး။ ”

လင်းယွန်က ပြောမိ၏။ တစ်ဖက် သားမှ၊ မဆုတ်မနစ် လိုက်လံ ဖမ်းဆီး နေခြင်းက သူ့ကို အနည်းငယ် စိတ်အနှောင့် အယှက် ဖြစ်စေ သည်။

ဤကမ္ဘာတွင် တစ္ဆေ သရဲများ ရှိသည်ကို မယုံချေ။ ထို့ကြောင့် ပြန်လည် တိုက်ခိုက်ရန် ဆုံးဖြတ် လိုက်သည်။

၎င်းတို့အား သတ်ပစ်လို ပါက၊ ဤအနက်ရောင် မြူများ အတွင်းရှိ၊ ရုပ်ခန္ဓာ အစစ်ကို ရှာရ ပေမည်။

နဂါး မျက်လုံးကို သုံးလိုက် သဖြင့်၊ သူ့ မျက်လုံးများ အတွင်းမှ၊ ရွှေရောင် မီးလျှံများ တောက်လောင် လာပြီး၊ အရာ အားလုံး၊ မြင်လာရ တော့သည်။

ထို့ကြောင့် အမှောင် ထဲရှိ ပုံသဏ္ဍာန် လေးခုကို မြင်လာ ရသည်။ ထိုပုံသဏ္ဍာန် သည်၊ အရည် များဖြင့် ဖွဲ့စည်း ထားပြီး၊ နှလုံးသား နေရာ၌ အနက်ရောင် မီးတောက် တစ်ခု ရှိနေသည်။

ထိုမီးတောက် များသည် အခြားသော ရှေးဟောင်း အပျက်အစီး နယ်မြေ များတွင် သူ မြင်ခဲ့ ဖူးသည့် နတ်ဆိုး အလောင်း များနှင့် ဆင်တူ၏။

သို့သော် ဤအရည် ပုံသဏ္ဍာန် လေးခုမှာ၊ ထိုနတ်ဆိုး များထက် ပို၍ ဉာဏ်ကောင်း လှပြီး၊ ထူးခြား ချေသည်။

လင်းယွန်ထံ ဦးတည် လာသော ကြက်သွေးရောင် မျက်ဝန်း (၄) စုံကို မြင်လိုက် ရသဖြင့်၊ အန်းလျူယွင်မှာ စိုးရိမ် သွား၏။

သို့သော် လင်းယွန်မှ သူမကို တွန်းဖယ် လိုက်လေရာ၊ ခပ်ခွာခွာ ဆုတ်ပေး လိုက်ရသည်။ သည့်စဉ် ပန်ချီကား နှစ်ချပ် ဆက်တိုက် ထွက်ပေါ် လာ၏။

ကြမ်းကြုတ် ရိုင်းစိုင်းသော ကမ္ဘာဦး သားရဲကြီး တစ်ကောင် ကဲ့သို့၊ ကြောက်မက် ဖွယ် ရောင်ဝါများ ထွက်လာသည်။

“ အသူရာ နဂါး၊ ချွမ်ချီ ကျား။ ”

ဒုတိယမြောက် ပန်းချီကား ထွက်ပေါ် လာသည်နှင့် အန်းလျူယွင်မှာ၊ မျက်လုံးပြူး သွား လေသည်။

“ အုပ်စိုးရှင် နက္ခတ် ... ။ ”

ထိုအဆင့် နက္ခတ်ကို၊ ရှေးဟောင်း သူတော်စင် မိသားစုနှင့် မြင့်မြတ် မြေများ၏ ထိပ်တန်း ပါရမီရှင်များ ထံ၌၊ မြင်ခဲ့ ဖူးသည်။

“ ဝှစ် ... ဘုန်း ဘုန်း ဘုန်း။ ”

သူမ မှင်တတ် နေဆဲ မှာပင်၊ လင်းယွန်က ခြေလှမ်း ကျဲကျဲနှင့် လှမ်းတက်ကာ၊ အမေှာင်ထဲ လက်သီး လေးချက် ထိုးချ ပစ်လိုက်၏။

“ ဘောင်း ... ။ ”

ကျယ်လောင်သော ပေါက်ကွဲ သံများ နှင့်အတူ၊ နဂါး သေွးမိစ္ဆာ (၄)ကောင်၏ အရည် ပုံသဏ္ဍာန်များ ပေျာ်ကျ ကုန်ကာ၊ ပုပ်ပွ နေသည့် အလောင်း (၄)လောင်း ပေါ်လာသည်။

“ ဝှစ် ... ။ ”

အနံ့ အသက်တွင်၊ ကြောက်စရာ ကောင်းသော အဆိပ် ပါရှိ သဖြင့်၊ အန်းလျူယွင် အား ဖမ်းဆွဲပြီး၊ အမြန် ပြန်ဆုတ် မိ၏။

ခပ်ဝေးဝေး ရောက်ချိန်၌ စိတ်ကို လျော့ချ လိုက်ရာ ပါးစပ်မှ သွေးများ စီးထွက် လာသည်။

မျက်ဝန်းများ အထဲရှိ ကြက်သွေးရောင် မီးတောက်များ ငြိမ်းသွားပြီး၊ နက္ခတ် နှစ်လုံးမှာ၊ သူ့ခန္ဓာ ကိုယ်သို့ ပြန်ရောက် လာ၏။

“ လင်းယွန် အဆင်ပြေ ရဲ့လား ... ။ ”

အန်းလျူယွင်က စိတ်ပူ သွားသည်။ သူမ မေးခွန်းကို သူတော်စင် ဆေးလုံး သောက်နေ သော လင်းယွန်မှ၊ ပြန် မဖြေနိုင် သေးချေ။

ဤသည်မှာ ပြန်လည် ဖြည့်တင်းခြင်း ဟုခေါ်သော သူတော်စင် စွမ်းအင် ဆေးလုံး ဖြစ်သည်။

သို့သော် ကုန်ဆုံး သွားသော သွေးသား စွမ်းအင် ပမာဏမှာ၊ များပြား လွန်း သဖြင့် ချက်ချင်း သက်သာ လာခြင်း မရှိချေ။

“ မင်း ... ငါ့ကို တွဲခေါ် ရမယ် ထင်တယ်။ ”

လင်းယွန်က တိုးဖျော့သော လေသံဖြင့် ပြောသည်။ လက်ရှိ အခြေအနေမှာ နှုန်းချိနေ ပြီး၊ စိတ်ပျက်ဖွယ် ကောင်းလျက်၊ မျက်လုံး များမှ သွေးများ စီးကျ လာ၏။

ဤအခိုက် အတန့်တွင်၊ နဂါး သင်္ချိုင်း တောင်ကြား ထဲသို့၊ မည်သူမျှ မဝင် ဝံ့ရသည့် အကြောင်း ရင်းအား၊ နားလည် သွားသည်။

သူ သည်ပင် နဂါး သွေးမိစ္ဆာ အလောင်းကောင် လေးကောင် အတွက်၊ ဝှက်ဖဲ များ ထုတ်ခဲ့ ရ၏။

အန်းလျူယွင် တွဲခေါ်ရာ လိုက်နေ လျက်မှ သူတော်စင် ဆေးလုံးများ ဆက်၍ သန့်စင်နေ မိသည်။

“ အဲဒီ ... သွေးမိစ္ဆာ အလောင်း ကောင်တွေ အကြောင်း သိလား။ ”

များမကြာခင် လင်းယွန် မျက်နှာ၌ သွေးရောင် လွှမ်းလာပြီး၊ စကား ပြောလာ နိုင် တော့သည်။

“ ရှေးဦးခေတ် တုန်းက၊ ကမ္ဘာဦး ဘီလူးတွေ ဖြစ်မယ်၊ သူတို့ကို ကြယ်နယ်မြေ တွေမှာ မကြာ မကြာ တွေ့ရ တတ်တယ်။ ”

အန်းလျူယွင်မှ ရှင်းပြသည်။

“ ကမ္ဘာဦး ဘီလူး တွေလား။ ”

လင်းယွန်မှာ အံ့သြ သွား၏။

“ ဟုတ်တယ်... ၊ သူတို့က အရမ်း ကြောက်စရာ ကောင်းတဲ့ မိစ္ဆာ တေွပဲ၊ ရှေး သူတော်စင် မိသားစုရဲ့ ... ၊ မှတ်တမ်း တွေမှာ သူတို့ အကြောင်း ပါတယ်၊ ...

... ဖရိုဖရဲ ခေတ်ကြီး ငြိမ်သက် သွားတဲ့ အချိန် မှာတောင်၊ ဒီဘီလူး တေွက တားမြစ်ဇုန် တေွမှာ တွယ်ကပ် နေကြ တုန်းပဲ။ ”

ရှေးဟောင်း သူတော်စင် မိသား စုများ သည်သာ၊ ကမ္ဘာဦး ဘီလူးများ အကြောင်းကို သိနိုင်ကြ သဖြင့်၊ အန်းလျူယွင်မှာ ရိုးရှင်းပုံ မရချေ။ ရှေးဟောင်း သူတော်စင် မိသားစု တစ်စုမှ ဖြစ်ပုံ ရသည်။

နတ်နဂါး အင်ပါယာ၏ တရား စီရင် ပိုင်ခွင့်အောက်တွင် မရှိ သောကြောင့်၊ မည်သည့် သူတော်စင် မိသားစု မဆို၊ ကြိုက်ရာ အင်အားစု များဖြင့် ပူးပေါင်း နိုင်သည်။

“ ငါတို့ ဘယ်ကို ရောက်လာ တာလဲ။ ”

အန်းလျူယွင်က ရပ်လိုက်ပြီး အံ့သြစွာ ဆိုသည်။ သူတို့၏ အရှေ့တွင် နဂါး ရောင်ဝါများ ဖုံးလွှမ်း နေသည့်၊ ဘုံဗိမာန်များ ထွက်ပေါ် လာသည်။

တစ်ချိန်က နတ်နဂါး များ၏ အိမ် ဖြစ်ပုံ ရချေ၏။ ထို့ကြောင့် နှစ်ယောက်သား တုန်ယင် လာတော့သည်။

***

All Chapters