ကမ္ဘာဦး နတ်ဆိုး- သန့်စင်ခြင်း သစ်ပင်။
Vol. 107 Ch. 1497
“ နောက်ဆုတ် ... ။ ”
လင်းယွန်မှ ပြော၏။ နှစ်ယောက်သား နောက်ပြန်ဆုတ် လိုက်သည်နှင့်၊ သူတို့ ရှေ့မှ အရာ အားလုံး ပျောက်ကွယ် သွားသည်။
“ အဲဒါ ... ၊ ဘာလဲ ပုံရိပ်ယောင် တွေလား။ ”
အန်းလျူယွင်က အံ့သြစွာ ပြောသည်။ မယုံကြည် ဟန်ဖြင့်၊ ရှေ့ပြန်တိုး မိရာ နန်းတော် များကို ပြန်မြင် လာရ၏။
( နိဗ္ဗာန် ဆုံမှတ်ပဲ။ )
ခရမ်းငယ်မှ စိတ်လှုပ်ရှားစွာ အော်ပြော လိုက်သည်။
( ဘာ ဖြစ်တယ်။ )
( အတိတ်နဲ့ ပစ္စုပ္ပန်ကို ချိတ်ဆက်ပေး ထားတဲ့ ဆုံမှတ် တစ်ခုပဲ၊ ဒါကို နိဗ္ဗာ ဆုံမှတ်လို့ ခေါ်တယ်၊ အချိန်ကို ဖြတ်ပြီး အတိတ်ကို ပြန်သွား နိုင်တယ်၊ ဒါပေမယ့် ...
... အချိန်နဲ့ အာကာသမှာ တိုက်စား နိုင်စွမ်း ရှိတဲ့ အတွက်၊ အရမ်း အန္တရာယ်ကြီးတဲ့ နေရာပဲ၊ ကံဆိုးရင် ပိတ်မိ နေနိုင်တယ်။ )
ခရမ်းငယ်မှ ပြောပြ လာသည်။ အိုင်းရစ် ဓားသူတော်စင် အပြင်၊ နိဗ္ဗာန် ရည်ရွယ်ချက်ကို ဆုပ်ကိုင် နိုင်သူ တစ်ဦးအား၊ ပထမဆုံး အကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
ထို့အပြင် ဤကျွမ်းကျင် သူ၏ အရည် အချင်းသည် အိုင်းရစ် ဓားသူတော်စင် ထက် နိမ့်ကျခြင်း မရှိချေ။
ပို၍ပင် အားကောင်း နေခဲ့ လေသည်။ ရုတ်တရက် ဆိုသလို ကြောက်ရွံ့ စိတ်များ ဝင် လာပြီး၊
( ဒါက ... နတ်ဘုရား တွေရဲ့ စစ်တလင်းပဲ၊ ရွှေခေတ် စစ်မြေပြင် မဟုတ်ဘူး၊ နင် ဝင်သွားတဲ့ အခါ ... ၊ အချိန် လည်ပတ်မှု ကွာခြား သွားလိမ့်မယ်။ )
ထိုအချိန်တွင် နောက်ကျောမှ၊ အငွေ့ အသက်များ ရွေ့လျား လာ သဖြင့်၊ လှည့်ကြည့် လိုက်ရာ ကြက်သွေးရောင် မျက်လုံး များကို မြင်လိုက် ရသည်။
အများကြီး တွေးမနေ တော့ဘဲ ဓားသေတ္တာကို ထမ်းပိုးလျက်၊ ဤအမည် မသိ ဇုန် ထဲသို့၊ ဝင်ရောက် လိုက်သည်။
“ သွား စို့ ... ။ ”
သွေးသား စွမ်းအင် (၃၀%)သာ ပြန်၍ ရရှိထား သဖြင့်၊ ဤနဂါး သွေးမိစ္ဆာ များကို မတိုက်ခိုက်နိုင် သေးချေ။
ခြေတစ်လှမ်း လှမ်းလိုက် ရုံဖြင့်၊ ခမ်းနားသော ဘုံဗိမာန် များစွာ နောက် တစ်ကြိမ် ပေါ်လာသည်။
ကြီးမား လှသော ဝင်ပေါက် ကြေးတံခါး ကြီးကို ဖွင့်ပြီး လှမ်းဝင် လိုက်မိ သည်။ လေထု အတွင်း စွမ်းအင် များကို ရှူရှိုက်လျက်၊ မျက်လုံးပြူး သွား၏။
ဤအရာသည် ယခင်က ကွယ်ပျောက် သွားခဲ့သော သူတော်စင် သစ်သီး များ၏ ရနံ့ များ ပေပင်။
သူတော်စင် သစ်သီးများ အားလုံး၊ ဤနေရာသို့ ရောက်လာ ကြပြီး၊ နန်းတော် များ ၏ ရောင်ဝါကို ပို၍ အေးစက်လာ စေသည်။
( ဒီနေရာက ဘာကြီးလဲ။ )
ခရမ်းငယ်ပင် အနည်းငယ် ကြောက်လန့် သွားပြီး၊ သူမ အသံမှာ တုန်တုန် ယင်ယင် ဖြစ် လာလေသည်။
ရွှေခေတ် ကတည်းက တိုက်ပွဲ များစွာ ဝင်ခဲ့ဖူးသော သူမ အတွက်၊ ကြောက်ရွံ့ခြင်း ဟူသည် မရှိ ခဲ့ချေ။ ထို့ကြောင့် လင်းယွန် တစ်ယောက် အတွေးနက် သွား၏။
နှစ်ယောက်သား လျှောက်လှမ်း လျက်မှ အန်းလျူယွင်က လက်ကို ဆန့်ကာ လေထဲရှိ ရေခဲ စွမ်းအင်အား ခံစား ကြည့်သည်။
“ သခင်လေး လင်း ... ငါ့ရဲ့ သူတော်စင် ရောင်ဝါ ဆယ်ဆတိုး လာတယ် ... ။ ”
သူမက အံဩ တုန်လှုပ် နေသည်။ အသက်ရှူသွင်း ရုံဖြင့် ဤမျှ သက်ရောက်မှု ရှိခဲ့ သည်မှာ လက်တွေ့ မဆန်ချေ။
“ လောလောဆယ် သူတို့ကို မစဉ်းစား နဲ့ဦး။ ”
ပန်းသင်္ချိုင်း ဓားကို ထုတ်ကိုင် ပြီး၊ ဘုံဗိမာန်များ ဆီသို့ ဦးတည် သွားလိုက်သည်။
“ အဲဒါ ဘာလဲ ... ။ ”
အန်းလျူယွင်က ပေတစ်ရာ အကွာက မြင့်မားသော သစ်ပင်ကြီး တစ်ပင်ကို ညွှန်ပြ လာ၏။
သစ်ပင်ကြီးမှာ အရွက်များ မရှိတော့ဘဲ ခြောက်သွေ့ နေသည်။ မီးဇာ ကုန်ခမ်း နေသော အဘိုးအို တစ်ဦးနှင့် တူ၏။
သို့သော် ထိုသစ်ပင်တွင် သွေးသား စွမ်းအင်များ ခမ်းခြောက်ကာ၊ တွဲလောင်း ကျနေသည့် အလောင်း အချို့ ရှိသည်။
ထိုအလောင်း များ၏ အသွင် အပြင်မှာ၊ ထူးထူး ဆန်းဆန်း ဖြစ်ပြီး၊ သူတို့ နဖူး ပေါ်တွင် သွေးကွက်များ ရှိနေ၏။
လက်များက သေးသွယ် ရှည်လျားကာ၊ နောက်ကျောတွင် အတောင်ပံ တစ်စုံ ပါရှိသည်။ ယင်းပုံ သဏ္ဍာန်က လူသား များနှင့် ကွာခြား ခေျ၏။
ထိုအလောင်း များကို မြင်ရ သည်ပင် စက်ဆုပ် ရွံရှာဖွယ် ကောင်းသည်ဟု ခံစားရ စေသည်။
တစ်ချက် ကြည့်ရုံဖြင့် လူသားများ မဟုတ်ဘဲ၊ နတ်မိစ္ဆာများ ဖြစ်မည်ကို ပြောနိုင် ချေ၏။
“ ဒါတွေက ကမ္ဘာဦး ဘီလူး တွေလား။ ”
ထိုအလောင်း များသည် သူတော်စင် နယ်ပယ်၌ ဖြစ်သောကြောင့် လင်းယွန် ခမျာ ထိတ်လန့် သွားသည်။
“ ဒါက ဝိညာဉ် နတ်ဆိုး မျိုးနွယ် စုပဲ၊ သူတို့က လူသား တွေကို ဖမ်းပြီး၊ တိရစ္ဆာန်တွေ သဖွယ်၊ ညှင်းပန်း နှိပ်စက် ကြတယ်၊ ဒီလို ...
... ကြောက်စရာ ကောင်းတဲ့ မိစ္ဆာ တွေက ဘာလို့ ဒီသစ်ပင်မှာ၊ ပိုမွှားတွေလို သေဆုံးကုန် ရတာလဲ။ ”
အန်းလျူယွင်က စိတ်ထွေး လာဟန်ဖြင့် ပြောသည်။ နေနှင့် လ၏ စွမ်းအင်များ စိတ်ကူး မယဉ် နိုင်လောက်အောင် ပါဝင်သည့်၊ အသီး အနှံ များစွာကို၊ လင်းယွန်မှ လှမ်းကြည့်၏။
၎င်းတို့သည် ပြင်ပမှ ရရှိ ထားသော သူတော်စင် အသီး များထက် များစွာ တန်ဖိုး ရှိလေသည်။
( လူမိုက် ... ၊ ဒါက ကမ္ဘာဦး နတ်ဆိုး သန့်စင်ခြင်း သစ်ပင်ပဲ၊ နင် ဘာတွေ တွေးနေ တာလဲ၊ အဲဒီ သစ်သီး တွေကို လုံးဝ မထိနဲ့။ )
သစ်ပင် အဖျားရှိ သစ်သီး များထံ အာရုံရောက် နေသော လင်းယွန်ကို ခရမ်းငယ်မှ သတိပေး စကား ဆိုသည်။
ကမ္ဘာဦး နတ်ဆိုး- သန့်စင်ခြင်း သစ်ပင်။ ယင်းကို ပယင်း ကမ္ဘာ၏ ဓားဂိုဏ်း နယ်မြေသို့ သွားစဉ်၊ တစ်ကြိမ် ကြုံဖူးကြောင်း သတိ ရကာ၊ လင်းယွန် မျက်နှာ ပြောင်းလဲ သွား၏။
“ သခင်လေး လင်း၊ ဟိုမှာ ကြည့်စမ်း ... ။ ”
အန်းလျူယွင်က အော်သည်။ မြေပြင် ပေါ်တွင်၊ လူသေ အလောင်း နှစ်လောင်း ရှိနေ ၏။ ၎င်းတို့သည် ရှဖုန်၏ ကြယ်ရှစ်ပွင့် ငယ်သား နှစ်ဦး ဖြစ်သည်။
မည်သို့ မည်ပုံ သေဆုံးသွား သည်ကို မတွက်ဆ နိုင်သဖြင့်၊ သစ်ပင်ထံ မော့ကြည့်ကာ၊ ပို၍ ကြောက်ရွံ့ လာသည်။
“ ရှဖုန်တို့ ... ဝင်လာ တာပဲ။ ”
“ ဒါဆို ... ရှောင်ယွင်လည်း ရှိမှာပေါ့။ ”
နန်းတော် များကို မျှော်ကြည့်ပြီး နှစ်ယောက်သား တိတ်ဆိတ် သွား၏။ နတ်နဂါး အရိုးကို လိုချင် တပ်မက်မှုများ၊ လျော့နည်း သွားမှန်း၊ လင်းယွန် သတိ ထားမိ လာသည်။
“ ဝူး ... ဟူး ဟူး ။ ”
ရုတ်တရက် ထိတ်လန့် ဖွယ်ရာ၊ ရယ်မောသံများ ထွက်ပေါ် လာသည်။ ကမ္ဘာဦး နတ်ဆိုး သန့်စင်ခြင်း သစ်ပင် ပေါ်မှ၊ တွဲလောင်း ကျနေသည့် အလောင်းကောင် များမှာ၊ စတင် လှုပ်ယမ်း လာလေသည်။
ယင်းကြောင့် အန်းလျူယွင်က လင်းယွန် အနား တိုးကပ်ကာ လက်ကို ကိုင်လိုက် မိသည်။ အလောင်း များက သူတို့ နှစ်ဦးအား စိုက်ကြည့် နေသည်ဟု သူမ ခံစားလာ ရ၏။
သူတင် မက လင်းယွန် သည်လည်း ချွေးများ ရွဲနစ် လာသည်။ သည်မျှ ကြောက်စရာ ကောင်းသော အရာမျိုး မရှိ တော့ဟု ထင်၏။
တစ်ချိန်တည်း မှာပင် ဘုံဗိမာန် များမှ ထုတ်လွှတ်သော အလင်း ရောင်သည် ဖယောင်း တိုင် မီး ကဲ့သို့၊ တဖြည်းဖြည်း မှိန်ဖျော့ လာခဲ့သည်။
ကြောက်မက်ဖွယ် ကောင်းသော တစ်စုံတစ်ရာ ပေါ်လာ တော့မည် ကဲ့သို့၊ ခံစား လာရ၏။
“ ဝူး ဟူး ဟူး ... ။ ”
စိတ်ထဲတွင် ထူးထူး ဆန်းဆန်း ရယ်မော သံများ ပို၍ ဆူညံ လာပြီး၊ လက် တစ်ဖက်က ပခုံးအား လာကိုင်သည်။
ရုတ်တရက် ဖြစ်သဖြင့်၊ ထိတ်လန့်စွာဖြင့်၊ ဒူးတစ်ဖက် ထောက်လျက် မြေပြင်ပေါ် ညွှတ်ကျ သွားသည်။
ပန်းသင်္ချိုင်း ဓားဖြင့် မြေပြင်ကို ထောက်လျက်၊ ပြန်လှည့်ကြည့် လိုက်ချိန်တွင် ပြုံးပြ နေသည့် မျက်နှာ တစ်ခုအား၊ မှုန်ဝါးဝါး တွေ့လိုက် ရသည်။
သည့်နောက် အမြင် အာရုံများ မှုန်ဝါး လာကာ၊ သဘာဝ အတိုင်း တောင့်မခံ နိုင် တော့ဘဲ၊ မြေပြင်ပေါ် လဲကျ သွားသည်။
***