← Chapters

လျှို့ဝှက် ဆန်းကြယ်သော နန်းတော်။

Vol. 107 Ch. 1498

လျှို့ဝှက် ဆန်းကြယ်သော နန်းတော်။

Vol. 107 Ch. 1498

လင်းယွန် နိုးလာသော အခါတွင်၊ ခမ်းနားသော နန်းတော် တစ်ခုထဲ၊ ရောက်ရှိ နေကြောင်း သိလိုက် ရသည်။

ဤနန်းတော်သည် ရှေးကျပြီး၊ နံရံတွင် နဂါးမျိုးနွယ် များ၏ ပုံများဖြင့် ထည်ဝါစွာ အလှ ဆင်ထားသည်။

သို့သော် အာရုံစိုက် ကြည့်ချိန်တွင် ပုံများ မှုန်ဝါး သွားတော့သည်။ ထူးခြားသော ဝိညာဉ် ရေးရာ ရူရ် များဖြင့်၊ ရေးထိုး ထားခြင်း ဖြစ်ပုံ ရချေ၏။

ဘေးတွင် ပန်းသင်္ချိုင်း ဓားကို မြင်လိုက် မှသာ၊ စိတ် သက်သာရာ ရသွားသည်။ ကမ္ဘာဦး နတ်ဆိုး သန့်စင်သော သစ်ပင်မှ၊ ရယ်မော သံနှင့် ပြုံးနေသော မျက်နှာ ပိုင်ရှင်ကို ရုတ်တရက် သတိရ လာ၏။

အန်းလျူယွင်မှာ သတိလစ် နေဆဲ ဖြစ်သည်။

“ ညီအစ်ကို လင်း နိုးပြီလား။ ”

ရင်းနှီးသော အသံကြောင့် မော့ကြည့် လိုက်ရာ၊ သူ့ထံ လျှောက်လှမ်း လာနေသည့်၊ ရှောင်ယွင်ကို တွေ့လိုက် ရသည် ။

“ ဟဲ ဟဲ ... ၊ မိန်းကလေး အန်းနဲ့ မင်းရဲ့ ဆက်ဆံရေးက ဒီလောက် အထိ ခရီး ရောက်နေ လိမ့်မယ်လို့၊ ငါ မမျှော်လင့် ထားဘူး၊ သူ့လက် ကန မင်းကို မနည်း ခွာထုတ် လိုက်ရတယ်။ ”

ထိုစကားကို ကြားသော အခါတွင်၊ အံ့အားသင့် သွားပြီး၊ ချက်ချင်းပင် အန်းလျူယွင် ထံ လှည့်ကြည့် မိ၏။

သတိ မလစ်ခင် ပြုံးနေသော မျက်နှာ ပိုင်ရှင်သည်၊ ရှောင်ယွင် ဖြစ်ပုံ ရပြီး၊ ၎င်းကို မသိ သဖြင့် အလွန် ကြောက်ရွံ့ကာ၊ သူ့ လက်ကို ဆုပ်ကိုင် ထားပုံ ရသည်။

“ ဒီနေရာက ဘာလဲ ... ။ ”

လင်းယွန်မှ မေးမိသည်။

“ ဒါက နဂါး မိသားစုရဲ့ ရှေးဟောင်း နန်းတော် ဖြစ်ပုံပဲ၊ ဒါပေမယ့် အသေ အချာတော့ အတည် မပြုနိုင် သေးဘူး။ ”

ရှောင်ယွင်သည် တစ်စုံ တစ်ရာကို သိနေပုံ ရသည်ဟု ခံစားလာ မိ၏။

“ ကမ္ဘာဦး နတ်ဆိုး သန့်စင်ခြင်း သစ်ပင် အကြောင်း မင်း သိလား၊ ပြီးတော့ အလောင်း တွေက၊ ဘယ်လိုလုပ် အသက် ပြန်ရှင် လာရ တာလဲ။ ”

သူ့ဓားဖြင့် အသက်ပေါင်း များစွာကို သတ်ဖြတ်ခဲ့ ဖူးသည်။ ထို့ကြောင့် နှလုံး သားမှာ တော်ရုံ တန်ရုံ တုန်လှုပ်မည် မဟုတ်ချေ။

သို့သော် ယခုမူ ပြန်တွေး မိတိုင်း ကြောက်ရွံ့ စေသည်။ ရှောင်ယွင်က ပြုံးလိုပ်ပြီး၊

“ မင်း အကြောက် လွန်ပြီး ... ၊ သတိလစ် သွားတာတော့ မဟုတ် ပါဖူးနော်၊ ဟား ဟား ဟား ... ။ ”

ထိုစဉ်က ရယ်မော သံမှာ၊ လင်းယွန် စိတ်ကို ရှုပ်ထွေး စေခဲ့သည်။ သည့်နောက် ရှောင်ယွင်မှ ထိုရယ်သံ အကြောင်း ရှင်းပြ လာ၏။

နတ်ဆိုး အလောင်း များသည် အသက် ပြန်ရှင် လာခြင်း မဟုတ်ချေ။ ၎င်းတို့၏ မေးရိုး များမှာ လေတိုက် ခြင်းကြောင့် တဆတ်ဆတ် တုန်ခါလျက်၊ အသံများ မြည်ခြင်း ဖြစ်သည်။

အမှတ် တမဲ့ ဆိုက ရယ်မော သံများ အဖြစ် အထင် မှားခြင်း ဖြစ်သည်။ အထူး ကြောက်စရာ ကောင်းသည့် အရာ မဟုတ်ပေ။

သို့သော် ထိုအသံ များသည် နတ်ဆိုး ဂီတသံစဉ် များနှင့် ယှဉ်နိုင် သောကြောင့်၊ လှည့်ဖျား နိုင်စွမ်း ရှိသည်။

ဆိုလို သည်မှာ အချိန် အကြာကြီး နားထောင်မိ ပါက၊ နှလုံးသား၌ အကြောက် တရား မွေးဖွားလာ မည်မှာ အမှန် ပေပင်။

“ ဒီအလောင်း တွေက အန္တရာယ် မပေး နိုင်ပါဘူး၊ တကယ့် ကြောက်စရာ ကောင်းတဲ့ အလောင်း တွေက၊ သက်သက် ရှိတယ်။ ”

ရှောင်ယွင်က လေးနက်သော အမူ အရာ မျိုးနှင့် ရှင်းပြ လာသည်။ ရှင်းလင်းချက် များမှ တစ်ဆင့် ဖြစ်ပျက် နေသည့် အရာ များကို နားလည် လာမိ၏။

ညဘက်တွင် နန်းတော် များမှ ထုတ်လွှတ်သော အလင်းရောင် သည်လည်း မှိန်သွားမည် ဖြစ်သည်။

ထိုအချိန်တွင် လေတိုက် လာသဖြင့်၊ ရယ်မော သံများ ကဲ့သို့ ထိုအသံများ ထွက်လာ ပေမည်။

သည့်အပြင် နဂါး သွေးမိစ္ဆာ အလောင်း ကောင်များ ကလည်း ည အချိန်တွင်၊ ထွက်ခွာ လာကြ သဖြင့်၊ ဤနန်းတော် အဖြူ သည်သာ လုံခြုံ သည်။

“ မိန်းကလေး အန်းရော အဆင်ပြေ ရဲ့လား။ ”

ရေှာင်ယွင်က အန်းလျူယွင်ကို ကြည့်ကာ မေးလိုက်သည်။

“ ပြေတယ် ... ။ ”

အန်းလျူယွန်တွင် မည်သည့် ဒဏ်ရာမျှ ရရှိထားခြင်း မရှိချေ။ ဒဏ်ရာ ရထား သည်မှာ သူ သာလျှင် ဖြစ်သည်။

ပြည်လည် ဖြည့်တင်းခြင်း ဆေးလုံးကို သောက်လျက်၊ အရိယာ ဓားသုတ္တန်အား ဖြန့် ကျက်ကာ ကုစား မိသည်။

လေးနာရီကြာ ပြီးနောက် (၇၀%) ခန့် ပြန်လည် ကောင်းမွန် လာပြီး၊ တည်ငြိမ်လာ ခဲ့သည်။

သို့သော် အထွတ် အထိပ် ခွန်အားမျိုး ပြန်လည် ရရှိရန် ဝေးကွာ နေသေးသည်။ နဂါး မျက်လုံးနှင့် ချွမ်ချီ ကျားသည်၊ လက်ရှိ ခွန်အားဖြင့် အသုံး ပြုသော်၊ တန်ဖိုး တစ်ခု ပေးအပ် ရမည် ဖြစ်သည်။

ရှောင်ယွင်က နန်းတော် အပြင် ဘက်သို့ သတိထားပြီး ကြည့်နေသည်။ အမှောင်ထု ထဲ၌ နဂါး သွေးမိစ္ဆာ အလောင်းများ တရွေ့ရွေ့ လာနေ သည်ကို၊ မြင်နေ ရသည်။

“ ဒါက နည်းနည်း ကြောက်စရာ ကောင်းတယ်။ ”

အန်းလျူယွင် သတိရ လာပြီး သူတို့ အနား တိုးကပ် လာသည်။

“ နန်းတော် ထဲမှာ နေရင်တော့ ... ၊ အဆင် ပြေပါတယ်။ ”

ရှောင်ယွင်က ပြုံးပြီး ပြောလာ၏။

“ မင်း ... ထူးထူး ခြားခြား နေရာတွေ ... ၊ တွေ့မိ သေးလား။ ”

လင်းယွန်က အနည်းငယ် စဉ်းစား ပြီးနောက် မေးလိုက်သည်။

“ ဘယ်လို ထူးခြားတဲ့ နေရာလဲ။ ”

“ အချိန်နဲ့ အာကာပြင် ကွဲလွဲ နေတဲ့ နေရာမျိုး ... ၊ ဒါမှ မဟုတ် ... လေဟာနယ် အက်ကြောင်း မျိုး ။ ”

“ မတွေ့ဘူး ... ၊ ရတနာတွေ ရှာဖို့ပဲ အာရုံစိုက် ခဲ့တာ၊ ဒီမှာ သူတော်စင် သစ်ပင်တွေ ရှိတယ်၊ အဲဒီ ...

... အသီး အနှံ တွေက တန်ဖိုး ကြီးပြီး၊ အန္တရာယ်လည်း ပိုများတယ်၊ အခု ချိန်ထိ အသီး အနှံ သုံးမျိုးပဲ ရထား သေးတယ်။ ”

လင်းယွန်မှ ခေါင်းယမ်းလျက် ထပ်မမေး တော့ဘဲ၊ နန်းတော်ကို တိုက်ခိုက်ရန် ကြိုးစား လာသော အလောင်းကောင် များထံ ကြည့် မိသည်။

“ ဒီကောင်တွေ တခြား နေရာကို သွားသင့်တယ်၊ အခုတော့ ဒီနန်းတော် ကိုပဲ စုပြုံလာ နေတယ်၊ ဘာလို့လဲ။ ”

“ ဟား ဟား ဟား ... ၊ မေးခွန်း ကောင်းတယ် ညီအစ်ကိုလင်း၊ ငါလည်း ဒါကို စဉ်းစား နေတာ ... ၊ ဒီနန်းတော်မှာ ရတနာတွေ ရှိတယ်လို့၊ ...

... ပြောဖို့ ကြိုးစား နေတာ များလား၊ ဒါပေမယ် အကြိမ် ပေါင်း များစွာ ရှာဖွေ ခဲ့ပြီးပြီ၊ ဘာ တစ်ခုမှ မတွေ့ဘူး။ ”

ထိုအဖြေကြောင့် လင်းယွန်မှာ၊ နန်းတော်ကို စတင် ရှာဖွေ တော့သည်။ ရှောင်ယွင် ပြောသည့် အတိုင်း၊ အခန်း များစွာ ရှိသော နန်းတော် အတွင်း၊ မည်သည့် အရာမျှ မရှိချေ။

နာရီဝက် အကြာတွင်၊ ပင်မ နန်းဆောင် အတွင်း ထဲရှိ ပန်းချီကားများ ရှေ့၌ ရပ်လျက်၊ အတွေးထဲ နစ်မျော သွားသည်။

“ ..... ။

လက်ကို ဝှေ့ယမ်း လျက် ပန်းချီကား ပေါ်ရှိ ဖုန်မှုန့်များကို ရှင်းပစ် လိုက်၏။

“ သာမာန် ပန်းချီကား တွေပါပဲ ... ၊ ငါစစ်ဆေး ပြီးပြီ၊ ဘာမှ ထူးထူး ခြားခြား မရှိဘူး။ ”

ရှောင်ယွင်က ဘေးနား လာရပ်ပြီး ပြောသည်။

“ ဒီအဖြူဝတ် ထားတဲ့ လူကိုရော စစ်ဆေးပြီး ပြီလား။ ”

“ ဘယ် အဝတ်ဖြူနဲ လူလဲ ... ၊ ဟမ့် သူက ... ။ ”

ရှောင်ယွင်က အံ့အားသင့် သွားသည်။ နဂါးများ ဝိုင်းရံ နေသော လူ တစ်ယောက်အား သတိထား မိလာ၏။

၎င်းသည် အဖြူရောင် ဝတ်ရုံနှင့် ပန်းချီကား အပြည့် နေရာ ယူထား သောကြောင့်၊ နောက်ခံ အလား ထင်မှားကာ၊ သတိ မထား မိခြင်း ဖြစ်သည်။

ထိုသူ့ ခါးတွင် ဓားတစ်လက် ချိတ်ဆွဲ ထားပြီး၊ နတ်ဘုရား တစ်ပါး အလား၊ မြတ်သော ရောင်ဝါကို ပေးစွမ်း နေသည်။

ရှောင်ယွင်၏ အမူအယာသည် အနည်းငယ် ထူးဆန်းနေ သဖြင့်၊

“ သူ့ကို မင်း သိနေ တာလား။ ”

-ဟု မေးလိုက် မိသည်။

“ မသိဘူး။ ”

ရေှာင်ယွင်မှ ချက်ချင်း ခေါင်းခါ ၏။

“ သူ လိမ်နေတာ။ ”

အန်းလျူယွင်က အနား ရောက်လာပြီး ဝင်ပြောသည်။ ၎င်းတို့ နှစ်ယောက်မှ သိကာ၊ သူ မသိ သဖြင့်၊ စိတ်ဝင်စား လာမိ၏။

“ နတ်နဂါး အင်ပါယာမှာ၊ ဘယ်သူမှ သူ့အမည်ကို ထုတ်ပြောခွင့် မရှိဘူး၊ တားမြစ် ထားတယ်၊ အဲဒါကို နောက်မှ ပြောပြမယ်။ ”

“ ကောင်းပြီ ... ။ ”

လင်းယွန်က ပန်းချီကား ထံကိုသာ အာရုံစိုက် လိုက်၏။ ဤပန်းချီကားတွင် တစ်စုံ တစ်ရာ ထူးခြားမှန်း သိသော်လည်း၊ မမြင်နိုင် သေးချေ။

ခြေလှမ်း များစွာ ပြန်ဆုတ် လျက်၊ အသူရာ နဂါး မျက်လုံးအား အသက်သွင်း လိုက်သည်။

“ မလုပ်နဲ့ ... ။ ”

ဤမြင်ကွင်းက အန်းလျူယွင်အား စိုးရိမ် လာစေသည်။ ၎င်းလျှို့ဝှက် နည်းစနစ်ကို အသုံး ပြုစဉ်က၊ မျက်ဝန်းမှ သွေးများ စီးကျနေ သဖြင့်၊ မျက်စိ ကွယ်နိုင် သည်ဟုပင်၊ ထင်ခဲ့ မိသည်။

“ စိတ်မပူ ပါနဲ့ ... ။ ”

လင်းယွန်က အသက် ပြင်းပြင်း ရှူလျက် နှစ်သိမ့် လိုက်သည်။ နဂါး မျက်လုံးကို အသုံးပြု ခြင်းသည် အန္တရာယ် ရှိသော်လည်း၊ နဂါး အရိုး အတွက် စွန့်စား ရပေမည်။

“ တွေ့ပြီ ... ။ ”

အချိန်အနည်းငယ် အကြာတွင်၊ မျက်လုံး ထောင့်စွန်းမှ သွေးများ စီးကျလာ ချိန်၌၊ ၎င်းကို ရပ်ကာ ပြုံးလျက် ပြောလိုက် တော့သည်။

မျက်လုံးအား မှိတ်ချ လိုက်ပြီး၊ ကြယ် စွမ်းအင် များကို လှည့်ပတ်လျက်၊ ပြန်လည် ကောင်းမွန်လာ စေရန် ကြိုးစား မိသည်။

မျက်လုံး ပြန်ဖွင့် လိုက်သော အခါ သူ့အသား အရည်မှာ ပုံမှန် ဖြစ်လာသည်။ နဂါး မျက်လုံးကို သုံးခြင်းသည် နက္ခတ် ခေါ်ခြင်းလောက် အခက် အခဲ မရှိချေ။

အန်းလျူယွင်က အနား လျှောက်လှမ်း လာပြီး၊ လက်ကိုင် ပုဝါ တစ်ထည်ဖြင့် သုတ်ပေး လေသည်။

လက်ကိုင် ပုဝါတွင် မည်သို့သော ဆေးစွမ်းများ ပါသည် မသိ၊ နာကျင် ကိုက်ခဲမှုမှာ ချက်ချင်း သက်သာ လာတော့သည်။

“ အဲဒါ ဘာလဲ ... ။ ”

ထို့ကြောင့် အံ့သြစွာ မေးလိုက် မိသည်။

“ လျှို့ဝှက်ချက် ... ။ ”

အန်းလျူယွင်မှ ပြန်မဖြေချေ။

“ အဟမ်း ... ၊ မင်းတို့ နှစ်ယောက် ... ဒီမှာ တခြား တစ်ယောက် ရှိနေ သေးတယ် ဆိုတာ၊ မေ့သွား တာလား။ ”

ရှောင်ယွန်မှ ချောင်းဟန့်ကာ အသံပေး လာတော့သည်။ လင်းယွန်က ပြုံးပြီး လေထဲ ပျံတက်လျက် ပန်းချီကားထံ လက်လှမ်း လိုက်၏။

“ ခရစ် ... ။ ”

နဂါးရူရ် များက အကြေးခွံ အလား၊ သူ့ လက်မောင်း တစ်လျှောက် ဖွဲ့တည် လာသည်။ ထို့နောက် ပန်းချီကားထဲ ဖောက်ဝင် သွား တော့၏။

***

All Chapters