← Chapters

နဂါးဖြူ ရေကန်။

Vol. 108 Ch. 1499

နဂါးဖြူ ရေကန်။

Vol. 108 Ch. 1499

ပြိုးပြိုး ပြက်ပြက် လင်းနေသော ဓါးရောင်ခြည်သည် ပန်းချီ ကားကို ခွဲကာ၊ နံရံ အတွင်း ဝင်သွားသည်။

“ ခရစ် ... ။ ”

သုံးဦးသား မလှုပ်ရှား နိုင်ခင်၊ နေရာ အနှံ့ လေဟာနယ် အက်ကွဲလာပြီး၊ သူတို့အား ဝါးမျို လာတော့၏။

အာရုံများ ပြန်လည် ရရှိ လာစဉ်၊ မှုန်ဝါးနေသော ပတ်ဝန်းကျင်၌ ပေါ်လာကာ၊ လှိုင်းပုတ်သံ ကြားလိုက် ရသည်။

ရေကန် အလယ်တွင် စင်မြင့် တစ်ခု ရှိပြီး၊ အဖိုးအို တစ်ယောက် ထိုင်နေ၏။ ဤအဖိုးအိုမှာ ပန်းချီကား ထဲတွင် ရှိနေသည့်၊ လူ မဟုတ်ဘဲ၊ အလောင်း တစ်လောင်း ဖြစ်သည်။

သို့သော် ထိုအလောင်းမှာ၊ ယိုယွင်း ပျက်စီးခြင်း မရှိချေ။ ယင်းအစား ၎င်းတို့ (၃) ယောက်အား၊ အသက်ရှူ ကြပ်စေသည့် နဂါး ရောင်ဝါကို ထုတ်လွှတ် ထားသည်။

လင်းယွန်၏ ရောင်ဝါသည်၊ လုံးလုံး လျားလျား ဖိနှိပ် ခံရပြီး၊ ကြောက်မက်ဖွယ် ခံစား ချက်များ ရရှိ စေ၏။

ရှောင်ယွင်နှင့် အန်းလျူယွင်မှာ၊ သူ့လို ဖိအားခံစား ရပုံ မပေါ်ချေ။ ဤအရာက သံသယ ဖြစ်စေ သဖြင့်၊ မျက်မှောင် ကြုတ်မိ၏။

ပတ်ဝန်းကျင်၌ ပျော်ဝင် နေသော သူတော်စင် အသီးအနှံ များ၏ ရောင်ဝါ များ ကိုလည်း မြင်နေ ရသည်။

“ အိုး ... ၊ ငါတို့ သုံးယောက်လုံး ရောက်လာ တာလား ... ။ ”

ရှောင်ယွင်က ရေရွတ် လိုက်သည်။ ထို့စဉ် ရေကန် ထဲ၌ နဂါးဖြူ တစ်ကောင်ကို ဖျပ်ခနဲ လင်းယွန်မှ တွေ့လိုက် ရ၏။

“ နဂါးတွေ ထဲမှာ ဘယ် နဂါးက အသန်မာဆုံးလဲ ... ။ ”

နဂါး များကို သွေးနှော နဂါး၊ စစ်မှန်သော နဂါး၊ နတ်နဂါး များနှင့် ကောင်းကင် နဂါးများ အဖြစ် ပိုင်းခြား ထားသည်။

သွေးနှော နဂါး များသည်၊ အင်အား အနည်းဆုံး နဂါးများ ဖြစ်ပြီး၊ ၎င်းတို့၏ သွေး သား စွမ်းအင်မှာ၊ မတူညီ ကြချေ။

ရေနဂါး ကဲ့သို့ အစွမ်းထက် သွေးသား ရှိသည့်၊ သွေးနှော နဂါးများ သည်သာ၊ စစ်မှန် သော နဂါး များကို ယှဉ်နိုင်သည်။

မိုးပြာ နဂါး၊ လျှပ်စီး နဂါးနှင့် ဝိုင်ဗန် နဂါးတို့သည်၊ စစ်မှန်သော နဂါး အမျိုး အစား တွင် ပါဝင်ပြီး၊ ပို၍ သန်မာ၏။

( ဝိုင်ဗန် နဂါး = ခြေထောက် နှစ်ချောင်းနှင့် တောင်ပံ တစ်စုံ ပါသော ဒဏ္ဍာရီလာ နဂါး။ )

နတ်နဂါးများ ကိုမူ၊ ရောင်စဉ် ခုနစ်သွယ် နဂါးများ အဖြစ် ခေါ်ဆို ကြသည်။ ၎င်းတို့တွင် ရွှေ၊ အဖြူ၊ နက်ပြာ၊ အနီ၊ အပြာ၊ အစိမ်းနှင့် အနက်ရောင် နဂါးများ ဖြစ်သည်။

ကောင်းကင် နဂါး များသည်၊ အုပ်စိုးရှင် နဂါးများ ဖြစ်၏။ အထက်ပါ အကြောင်း အရာ များမှာ၊ အန်းလျူယွင်မှ ပြန်လည် ဝေမျှ လာသော အချက် အလက်များ ပေပင်။

“ ဒါကြောင့် ... ရောင်စဉ် ခုနစ်သွယ် နဂါးတွေ ထဲမှာ ဆိုရင်၊ ရွှေနဂါးက အသန်မာ ဆုံးပဲ ... ။ ”

“ ဟား ဟား ဟား ... ၊ ငါ ကတော့ နဂါးပြာ တွေက အသန်မာ ဆုံးပါ။ ”

ရှောင်ယွင်မှ ရယ်မောလျက် ငြင်းချက် ထုတ်လာသည်။

“ နတ်နဂါး အင်ပါယာမှာ၊ နတ် နဂါး မျိုးဆက်သွေး နိုးထစေ ခဲ့တဲ့ လူတွေ ရှိတယ်၊ ဒါပေမယ့် ဘယ်သူမှ နဂါးပြာ မနိုး ထဘူး။ ”

အန်းလျူယွင်မှ ပြန်ပြောသည်။ ထိုစကားကြောင့် ရှောင်ယွင်က ပြုံးရုံသာ ပြုံးပြီး၊ ငြင်းခုံခြင်း မရှိ တော့ချေ။

“ ညီအစ်ကို လင်း ... ၊ မင်း ဘာလို့ ရုတ်တရက် မေးရ တာလဲ။ ”

“ ဒီရေကန် ထဲမှာ ... ၊ နဂါးဖြူ တစ်ကောင် ကူးနေတာ ... ငါတွေ့ လိုက်တယ်၊ အမြင် မှား တာလည်း ဖြစ်နိုင်တယ်။ ”

လင်းယွန်မှ ပြန်ဖြေသည်။

“ နဂါးဖြူ အရိုး ... ။ ”

ရှောင်ယွင်၏ မျက်နှာသည် ပြောင်းလဲ သွားပြီး၊ သူတော်စင် ယင် မျက်လုံးကို ထုတ်ကာ ရေကန်ထဲ ကြည့်လိုက်၏။

ကြက်သွေးရောင် မျက်ဝန်း လေးလုံး ပေါ်လာပြီး၊ သူတော်စင် ရူရ် တစ်လုံး ကိုပင် မြင်ရ ပေသည်။

ထို့ကြောင့် ရေကန် အောက်ခြေတွင်၊ အဖြူရောင် တောက်ပြောင် နေသည့် နဂါး အရိုးကို မြင်လိုက် ရ၏။

ကြည့်နေဆဲ မှာပင်၊ နဂါးဖြူ တစ်ကောင်သည်၊ အရိုး ထဲမှ တိုးထွက် လာပြီး ပျံသန်း နေသည့်၊ ပုံရိပ်များ မြင်လာသည်။

“ အိုး ... တကယ် နဂါးဖြူ အရိုးပဲ၊ ဒါဆို ... ဒီနေရာက နဂါးဖြူ နန်းတော်ပေါ့ ... ၊ ဒါပေမယ့် ဒီအရိုးက ငါ့ အတွက် အသုံး မဝင် ပါဘူး၊ ဒီက မိန်းကလေး အန်းနဲ့ ... ၊ ပိုသင့်တော်မယ် ထင်တယ်။”

ထိုစကားကြောင့် အန်းလျူယန်မှာ တုန်ယင်သွား လေသည်။ အဆုံးတွင် မိစ္ဆာဂိုဏ်း ခုနစ် ဂိုဏ်းသည်၊ နတ်နဂါး အရိုးများ ရယူလို သဖြင့်၊ အချင်းချင်း ပူးပေါင်း လာခြင်း ဖြစ်သည်။

လင်းယွန်က ရှောင်ယွင်အား ကြည့်သည်။ ဤလူငယ်သည် ရတနာများ အပေါ်၊ တပ်မက် စိတ် ပြင်းထန် ပေ၏။

ထို့ကြောင့် ဤနတ်နဂါး တစ်ပါး ဖြစ်သော၊ နဂါးဖြူ အရိုးကို မလိုချင် သည်မှာ အံ့ဩ စရာ ပေပင်။

“ မင်းတို့ နှစ်ယောက်က ... ၊ ဘာလို့ ငါ့ကို ကြည့်နေ တာလဲ၊ နဂါးဖြူ အရိုးကို ငါ တကယ် မလိုဘူး၊ မိန်းကလေး အန်းသာ လိုချင်ရင်၊ ယူပါ။ ”

ရှောင်ယွင်မှ ပြုံးကာ ထပ်ပြော လိုက်သည်။

“ ငါတို့ သုံးယောက် လုံးမှာ၊ လျှို့ဝှက်ချက် ကိုယ်စီ ရှိတယ်၊ ဒါကြောင့် ငါတို့ ... ဒီအဝေးကို ရောက်နေပြီ ဆိုတော့ ... ၊ အချင်းချင်း ဖုံးကွယ် မထား ပါနဲ့၊ ရှောင်ယွင် မင်း တွေ့ခဲ့ တာကို ပြောပြ နိုင်တယ်။ ”

လင်းယွန်မှ ပြောလေသည်။ ထို့ကြောင့် ရှောင်ယွင်မှာ မျက်နှာ ပြောင်းပြီး၊ အပြုံးများ ပျောက်ကွယ် သွားကာ၊

“ ကောင်းပြီ ... ၊ ဒါဆို ငါ ရိုးရိုး သားသား ပြောမယ်၊ ငါ မင်းကို ယုံပေမယ့်၊ သူ့ကို မယုံဘူး၊ ပြီးတော့ နဂါးဖြူ အရိုး ကိုလည်း ... ၊ တကယ် မလိုအပ်လို့၊ လိုအပ်တဲ့ သူကို ပေးတာပါ။ ”

-ဟု အန်းလျူယွင်အား ကြည့်ကာ ပြောလိုက် တော့သည်။

“ မင်းက ... ငါ့ထက် အန်းလျူယွင်ကို အရင်သိခဲ့တာ မဟုတ်လား၊ ဒါဖြင့် ဘာလို့ သူ့ကို မယုံရ တာလဲ။ ”

လင်းယွန်က ပြန်မေး လိုက်သည်။ ရှောင်ယွင်သည် တစ်စုံ တစ်ခုကို ရှာဖွေ တွေ့ရှိ ထားကြောင်း၊ သူ ခံစား မိ၏။

“ အဲဒါကို မင်း ... သိစရာ မလိုပါဘူး၊ အမျိုးသမီးတွေ အထူး သဖြင့် ... ၊ မိန်းကလေး အန်းလို လှပတဲ့၊ အမျိုးသမီး တစ်ဦးက၊ ဒုက္ခ ပေးနိုင်တယ်၊ သူက ကြယ်ခန်းမရဲ့ သံတမန် တစ်ဦး မျှသာ မဟုတ်ဘူး၊ ဒါဆို ငါတို့ သူ့ကို ဘယ်လို ယုံရ မလဲ။ ”

အန်းလျူယွင်က ဖြေရှင်းရန် စိတ်မဝင် စားချေ။ ရှောင်ယွင်သည် သူမ ဖိတ်ခေါ် ထားသူ တစ်ဦးသာ ဖြစ်ပြီး၊ တစ်ဦးနှင့် တစ်ဦး အသုံးပြု နေခြင်း ဖြစ်၏။

ထို့ကြောင့် သေတူ ရှင်မကွာ မျှဝေ စရာ မလိုချေ။ ဤသို့ ပူးပေါင်းနေ သည်မှာ နတ်နဂါး အရိုးနှင့် သူတော်စင် သစ်သီးများ အတွက်သာ ဖြစ်သည်။

လင်းယွန်က ခေါင်းကို ခါယမ်းလျက်၊ အသူရာ နဂါး မျက်လုံးဖြင့်၊ ရေကန်ထဲ ထပ်မံ ကြည့်မှုရန် စီစဉ် လိုက်သည်။

“ မလုပ်နဲ့ ... ၊ မျက်စိကန်း သွားရင် ဘယ်လို လုပ်မှာလဲ။ ”

အန်းလျူယွင်မှ ဟန့်တား လာ၏။ နတ်နဂါးဖြူ အရိုးသည် သူမနှင့် လိုက်ဘက် လေသည်။ လင်းယွန် မှာမူ၊ လေနှင့် လျှပ်စီး ပါဝင်သည့်၊ မိုးပြာ နဂါး ဖြစ်၏။

ထို့ကြောင့် ရေခဲ ရည်ရွယ်ချက် ပါသော ဤအရိုးအား ယူရန်၊ ရှေ့လှမ်းတက် လာသည်။

“ ငါ ယူပေးမယ် ... ။ ”

သူမနှင့် စာသော် သူ့တွင်၊ ဝှက်ဖဲများ ရှိသဖြင့်၊ လင်းယွန်က ငြင်းဆန်ပြီး၊ အလင်း အသွင် ပြောင်းလဲကာ၊ ရေကန် ဆီသို့ ပျံသန်း သွားမိသည်။

“ ဟေး ... ။ ”

“ မလုပ်နဲ့ ... ။ ”

နှစ်ယောက်သား အော်ဟစ် လိုက် သော်လည်း၊ မြန်လွန်း သောကြောင့် မည်သူမျှ ဟန့်တား နိုင်ခြင်း မရှိ ခဲ့ခေျ။

“ ဖျစ် ... ။ ”

ရေကန်ထဲ ဝင်တော့မည့် အချိန်တွင်၊ အလောင်းကောင်မှာ ရုတ်တရက် မျက်လုံး ပွင့် လာပြီး၊ လျှပ်စီးများ လက်လာ တော့၏။

လက်ကို ဆန့်လိုက် သည်နှင့်၊ ခရမ်း-ရွှေရောင် ထီး တစ်လက်သည်၊ အလောင်း ကောင်၏ လက်စွပ် အတွင်းမှ၊ ပျံထွက် လာသည်။

“ ရေကန်ထဲ ဝင်ချင်တဲ့ လူတိုင်း ... ၊ ငါ့ စမ်းသပ်မှုကို ခံကြရ လိမ့်မယ်။ ”

ထီးကို ကိုင်လျက် အဖိုးအိုက တိုက်ခိုက် လာသည်။ ၎င်းမှ ထွက်လာသော ရောင်ဝါသည် သူ့နှင့် အကြမ်းဖျင်း တူညီ နေ သည်ကို၊ လင်းယွန်က သတိ ပြုမိ လိုက်သည်။

အဓိက ခြိမ်းခြောက်မှုမှာ၊ အဘိုးအို မဟုတ်ဘဲ၊ သူ ကိုင်ဆောင် ထားသော ဤထီး ဖြစ်၏။

၎င်းသည် နဂါး မျိုးရိုး၏ သူတော်စင် လက်ရာ ပစ္စည်း ဖြစ်ပြီး၊ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအား ရှိသည်။

ဝှေ့ယမ်း လိုက်ရုံနှင့်၊ လျှပ်စီးများ သူ့အပေါ် ဖုံးလွှမ်း လာကာ၊ လှုပ်ရှားရ လေးလံ သွားသည်။ ယင်းက မြေကြီး ဓား ပုံစံဖြင့်၊ ဆင်တူ၏။

“ ရွှပ် ... ။ ”

သို့သော် ၎င်း အတွင်း ပါရှိသော ဆွဲငင် အားမှာ ကွဲပြား လေသည်။ ထို့ကြောင့် ရင်ဆိုင်ရ ခက်ခဲ သဖြင့်၊ ဓားကို ဆွဲလိုက် ရ၏။

အန်းလျူယွင်နှင့် ရှောင်ယွင်မှ ကူညီရန် အလျင် အမြန် ပြေးလာ ခဲ့ကြသည်။ သို့သော် အဖိုးအို၏ နဂါး ရောင်ဝါကြောင့်၊ ချက်ချင်း ပြန်ဆုတ် လိုက်ရသည်။

ရှောင်ယွင်က အဘိုးအိုကို အချိန် အတော်ကြာ ကြည့်ပြီး၊ ကူကယ်ရာ မဲ့စွာ ပြုံး လိုက်သည်။

“ အစ်ကို လင်းက ... ၊ တကယ် ရိုးသား တာပဲ။ ”

အန်းလျူယွင်က ရှောင်ယွင်ကို လှည့်ကြည့်ပြီး၊ အေးစက်သော အသွင်ဖြင့်၊

“ သူ ... တစ်ခုခု ဖြစ်သွားရင် ... ၊ နင် ဘယ်သူပဲ ဖြစ်စေ ... ၊ ဒီကြယ်နယ်မြေ ထဲကနေ အသက် ရှင်လျက်၊ မထွက်နိုင် စေရဘူး။ ”

အသက် (၁၀)ရှိုက် အကြာတွင်၊ အဖိုးအိုက လင်းယွန် ဓားကို ထီးနှင့် ရိုက်ဖယ်ပြီး၊ ရင်ဘတ် ထံ ထိုးချ လိုက်၏။

ဤတိုက်ခိုက်မှုသည်၊ နဂါး တစ်ကောင် ဖြစ်ပေါ် လာစေကာ၊ သူတို့ နှစ်ဦးကို လှည့်ပတ် တော့သည်။

ထို့ကြောင့် အထဲတွင် ဖြစ်ပျက် နေသည် များကို၊ မည်သူမျှ မမြင်နိုင် တော့ချေ။ ဂူ တစ်ခု လုံး တုန်လှုပ် လာသည် ကိုသာ ခံစား ရသည်။

ဤအရာက အန်းလျူယွင်အား စိုးရိမ် ပူပန်မှုဖြင့် မျက်နှာ ပြောင်းလဲ သွားစေ၏။

“ ညီအစ်ကို လင်း အဆင်ပြေ မှာပါ။ ”

ရှောင်ယွန်မှ ပြန်ပြော လိုက်၏။ သို့သော် အန်းလျူယွင်က အေးစက်စွာ လှည့်ကြည့် လာ သဖြင့်၊ ကျောရိုးများ အေးစက် သွားသည်။

လျှပ်စီး ကြောင်းများ၊ ပျောက်ကွယ် သွားသော အခါ၊ နဂါး ပျောက်ကွယ် သွားပြီး၊ သူတော်စင် နဂါး ချပ်ဝတ်နှင့် လင်းယွန်ကို မြင်လိုက် ရ၏။

ချပ်ဝတ်တွင် ရွှေရောင် လျှပ်စီးများ စီးဆင်းနေ သကဲ့သို့၊ နဂါး အကြေး ခွံများ အထပ်ထပ် ဖြစ်ပေါ် နေသည်။

အဘိုးအိုမှာ သဲစီးကြောင်း ကဲ့သို့၊ ပျောက်ကွယ် သွားတော့သည်။ ထို့စဉ် ရေကန် အတွင်းမှ စုပ်ယူမှု တစ်ခု ထွက်ပေါ် လာပြီး၊ လင်းယွန်ကို ဝါးမျို လေသည်။

“ ဝှစ် ... ။ ”

ဤအရာက အန်းလျူယွင်အား စိတ်သက်သာရာ ရသွား စေ ခဲ့သည်။ ထီးက ရှောင်ယွန် အနား လွင့်စင် လာ၏။

ရှောင်ယွင်က ထီးကို ကောက်ယူ စစ်ဆေး ကြည့်ပြီးနောက်၊ အံ့သြ တုန်လှုပ် သွားသည်။

“ ဒါက တကယ့်ကို တန်ခိုး ကြီးတဲ့၊ သူတော်စင် ရှေးဟောင်း ပစ္စည်းပဲ၊ သေလွန် သူ ဖြစ်လို့၊ ဒီထီးရဲ့ စွမ်းအားကို အပြည့် အ၀ အသုံး မချ နိုင်တာ၊ ညီအစ်ကို လင်း အတွက် ကံကောင်း သွားတယ်။ ”

အန်းလျူယွင်က ထီးကို မကြည့်ဘဲ ရေကန်ထဲ ဆွဲယူ ခံနေ ရသော လင်းယွန် ထံသာ၊ အာရုံစိုက် ထားလေသည်။

***

All Chapters