မိုးပြာ နဂါး နေ-လ ထီး။
Vol. 108 Ch. 1500
လင်းယွန် တစ်ယောက် ရေကန် ထဲသို့ နစ်မြုပ် လာစဉ်၊ တိုး၍ တိုး၍ အေးစက်လာ တော့သည်။
သွေးများပင် အေးခဲ လာသဖြင့်၊ အဆင် မပြေဖြစ်လာ၏။ အဆုံးတွင် ကြယ် စွမ်းအင် များပင် လှည့်ပတ်၍ မရတော့ချေ။
ပေ (၂၀၀၀၀) ကျယ်သော ရောင်ဝါ သမုဒ္ဒရာသည် ရေခဲ ဖုံးလွှမ်း သွားပြီး၊ နှုတ်ခမ်း များ အရောင်ဖျော့ လာ၏။
“ ကြည့်ရတာ ဒီနဂါးဖြူ အရိုးက ... ၊ ငါ့အတွက် တကယ့်ကို မသင့်တော် ဖူးပဲ။ ”
စိတ်ထဲမှ ညည်းတွား လိုက်မိသည်။ နာရီဝက် အကြာတွင် နဂါးဖြူ အရိုး အနား ရောက်ရှိ လာ၏။
ကန်ရေမှာ အေးစက် နေသော်လည်း၊ အခြား အန္တရာယ် မရှိချေ။ ကြည့်ရ သည်မှာ အဘိုးအိုကို ကျော်ဖြတ် နိုင်သရွေ့ အောင်မြင်မည် ဖြစ်သည်။
သည့်စဉ် နဂါးဖြူ အရိုး နောက်၌၊ နတ် ရူရ်များ ရေးထွင်း ထားသော ကျောက်တံခါး တစ်ချပ် ရှိနေ သည်အား မြင်လိုက် ရသည်။
ထိုတံဆိပ်၏ စွမ်းအားသည် အလွန် ကြောက်စရာ ကောင်းသောကြောင့် ဦးရေပြား အနှံ့၊ တုန်ယင် လာစေ၏။
လင်းယွန်က အကြည့်ကို အမြန် ရုတ်လိုက်သည်။ ဤနေရာ၌ အသေ ခံရန် ရည်ရွယ်ချက် မရှိချေ။
ထို့ကြောင့် နဂါးဖြူ အရိုးကို ကောက်ယူကာ၊ ပြန်ထွက် လာခဲ့သည်။ ခန္ဓာကိုယ် ပေါ်တွင် ရေခဲ အလွှာ ပါးပါး ဖုံးလွှမ်း နေပြီး၊ မျက်ခုံး မွှေးများ ခဲနေ၏။
“ ရော့ ... ။ ”
သူကမ်းပေး သည်ကို၊ အန်းလျူယွင်မှ ချက်ချင်း မယူ သေးချေ။ အံကြိတ်လျက် ပြန် ကြည့်ကာ၊
“ ဒါကို လက်မခံ ပါရစေနဲ့ ... ၊ သခင်လေး လင်း ကိုယ်တိုင်ပဲ ယူလိုက်ပါ။ ”
“ ဒါဆို ငါပြန်ထား လိုက်မယ်။ ”
“ ညီအစ်ကို လင်း၊ မင်း လုပ်ဝံ့လား၊ ရေကန်ထဲက ရေခဲ ရည်ရွယ်ချက်ကို လူတိုင်း ရင်ဆိုင် နိုင်မယ်လို့၊ မင်း ထင်နေ တာလား။ ”
ရှောင်ယွင်က ထီးကို ကိုင်လျက် ဒေါသဖြင့်၊ အော်ဟစ် လိုက်သည်။
“ နင် ဘာအော် နေတာလဲ၊ သူတော်စင် ပစ္စည်းကို လင်းယွန်ဆီ ပြန်ပေးလိုက်၊ နင်နဲ့ မဆိုင်ဘူး။ ”
အန်းလျူယွန်က ရှောင်ယွင်အား လှည့်အော်သည်။ ထို့ကြောင့် အဆင် မပြေသော အပြုံးဖြင့်၊ ရှောင်ယွင်မှ ကမ်းပေး မိသည်။
ဤသည်မှာ ရတနာ တစ်ခု ဖြစ်၏။ အန်းလျူယွင်သာ မပြော ပါက၊ သူ ယူသွား မိပေမည်။
“ ဘုန်း ဝိညာဉ်တော် သူတော်စင် လက်ရာ။ ”
လင်းယွန်က ထီးကို ကြည့်ပြီး၊ အံ့သြ သွားသည်။ ဘုန်းတန်ခိုး ကြီးသော ဝိညာဉ်တော် များကို ရွှေ၊ သစ်သား၊ ရေ၊ မီး၊ မြေကြီး၊ နေ၊ လ ဟူ၍ ခုနစ်မျိုး ခွဲခြား ထားသည်။
ဘုန်းရွှေ ဝိညာဉ် တော်သည် ကြောက်မက်ဖွယ် ကောင်းသော ထက်ရှမှု ရှိသည်။ အာကာသ၊ နေ၊ လနှင့် ကြယ်များ ကိုပင်၊ ပိုင်းဖြတ် နိုင်သော အစွမ်း ရှိ၏။
ဘုန်း သစ်သား ဝိညာဉ် တော်သည်၊ ဘဝတစ်ခု၏ နက်နဲသော ဥပဒေသကို လိုက်နာ ပြီး၊ ခြေ တစ်လှှမ်းတိုး နိုင်သော်၊ ဘဝ တာအိုသို့ ဆိုက်ရောက် နိုင်ပေမည်။
ထို့ကြောင့် အဆိုပါ ဘုန်း ဝိညာဉ်တော် ခုနစ်ပါးသည် နက်နဲ လှသဖြင့်၊ ၎င်းအား ပစ္စည်း များ၌ ထည့်သွင်း ထွင်းထု ခြင်းသည်၊ နတ်ရူရ် တစ်လုံး ရေးခြင်းထက် ခက်ခဲ ပေ၏။
၎င်းကို ဖန်တီးရန် ကြယ် တစ်လုံး၏ အနှစ်သာရ လိုလေရာ၊ နတ်ဘုရား အဆင့် ဝိညာဉ် ရေးရာ ဆရာ သခင် သာလျှင်၊ ပြီးမြောက် နိုင်မည်။
ဤနတ်နဂါး ခေတ်တွင်၊ ထိုအဆင့် ကျွမ်းကျင်သော နတ်ဘုရား ဝိညာဉ် ရေးရာ ဆရာ သခင်များ ရှိမည် မဟုတ်ချေ။
သူတော်စင် များနှင့်၊ ယှဉ်နိုင်သော ကောင်းကင် အဆင့် ဝိညာဉ် ရေးရာ ဆရာ သခင်များ သာလျှင် ရှိလေသည်။
ထို့ကြောင့် ရွှေခေတ် တွင်သာ ဤအဆင့် လက်ရာ မျိုးကို ဖန်တီးနိုင် မည်ဟု ပြောနိုင်၏။ အထက်ပါ ရှင်းပြချက် များကြောင့်၊ လင်းယွန် ခမျာ ထိတ်လန့် လာသည်။
“ ဟား ဟား ဟား ... ၊ ဒါက မင်း ကံကောင်းလို့ အနိုင်ရ ခဲ့တာ မဟုတ်ဘူး ညီအစ်ကို လင်း ... ၊ အဖိုးကြီးက ဒီထီးရဲ့ စွမ်းအားကို မထုတ်နိုင် လို့ပါ ... ။ ”
ရှောင်ယွင်မှ ရယ်လျက် ပြောသည်။ လင်းယွန်က ထီးကို ယူသွားသော အခါ၊ ရင်ထဲ လစ်ဟာ သွား၏။
“ ဝှစ် ... ။ ”
“ အရမ်း လေးတယ်။ ”
လေထဲ ထီးကို ကစား ကြည့်ပြီး၊ လင်းယွန်မှ ပြောသည်။
“ ဘုန်း ဝိညာဉ် တော်ကို သွန်းလောင်း ဖို့ဆိုရင်၊ ကြယ် တစ်လုံးရဲ့ ... ၊ အနှစ် သာရပါ ရမယ်၊ ကြယ် တစ်လုံးက ဘယ်လောက် လေးလဲ၊ မင်း ... တွေးကြည့်လေ။ ”
“ အဲဒီလောက် တောင်လား။ ”
“ ဘုန်း ဝိညာဉ်တော် ... ၊ သူတော်စင် လက်ရာ တွေက၊ အနည်းဆုံး ဆေးအိုးပေါင်း တစ်သောင်း အလေးချိန် ရှိတယ်၊ စွမ်းအား အပြည့် ထုတ်ချင် ခဲ့ရင်၊ မင်း သွေးအန်မှာ သေချာတယ်။
“ ..... ။ ”
အန်းလျူယွင်ပင် မျက်လုံးပြူး သွားသည်။ ဘုန်းဝိညာဉ်တော် သူတော်စင် လက်ရာ များကို သူမ သိသော်လည်း၊ ရှောင်ယွင် ကဲ့သို့ တိတိ ပပ မဟုတ်ချေ။
“ ဟဲဟဲ ... ၊ ဘုန်း သူတော်စင် ပစ္စည်း တစ်ခုရဲ့ အစွမ်း ... ၊ ဘယ်လောက် ပြင်းထန်လဲ မင်း သိလား။ ”
ရှောင်ယွင်က မနာလို ဟန်ဖြင့်၊ ထီးကို ကြည့်ကာ ဆက်ပြော လာသည်။
“ သူတို့ကို အမြင့်ဆုံး အဆင့် အထိ၊ သွန်းလုပ် နိုင်ရင်၊ အုပ်စိုးရှင် နက္ခတ် တွေရဲ့ စွမ်းအားတွေ ငှားယူ နိုင်တယ်၊ ...
... ဒီအဆင့် ဘုန်း သူတော်စင် ပစ္စည်း တွေကို၊ အုပ်စိုးရှင် သူတော်စင် ပစ္စည်း များလို့ ခေါ်တယ်၊ ဒါပေမယ့် ...
... ဒီလို အုပ်စိုးရှင် သူတော်စင် ပစ္စည်း တစ်ခုကို တွေ့ဖို့ ဆိုတာ ... ရွှေခေတ် မှာတောင် မလွယ်ဘူး၊ ရှိခဲ့ရင်လည်း အဲ့ဒီ သူတော်စင်က ပြိုင်ဘက် ကင်း လိမ့်မယ်။ ”
အနှစ်ချုပ် ဆိုရသော် နတ်ဘုရား အဆင့် ဝိညာဉ် ရေးရာ ဆရာ သခင် များသာ၊ ယင်းကို သွန်းလုပ် နိုင်မည်။
အဘယ့်ကြောင့် ဆိုသော် ၎င်းလက်ရာ များသည်၊ ကြယ်တစ်လုံး၏ အနှစ် သာရကို ထည့်သွင်း ရသောကြောင့် ဖြစ်၏။
( ဧကရီ ... ၊ သူ့ စကားတွေ အပေါ်၊ ဘယ်လို ထင်လဲ။ )
( သူ မမှားဘူး ... ၊ အရင်က အုပ်စိုးရှင် သူတော်စင် ရှေးဟောင်း ပစ္စည်း ... တော်တော် များများကို ငါ မြင်ဖူးတယ်၊ ...
... ဒါပေမယ့် ... အဲဒီ လက်နက် ပိုင်ရှင်၊ သူတော်စင် တစ်ယောက်က ပြိုင်ဘက် ကင်း တယ်၊ ဆိုတာ ကိုတော့ လက်မခံဘူး ... ။ )
( ဘာလို့လဲ ... ။ )
( အိုင်းရစ် ဓား သူတော်စင် ကသာ ... ၊ အုပ်စိုးရှင် သူတော်စင် လက်နက်ကို ကိုင်ဆွဲရင်၊ သူ ပြောသလို ပြိုင်ဘက်ကင်း ပါတယ်၊ ဒါပေမယ့် အမှိုက်တွေ ...
... လက်ထဲ မှာတော့၊ စွမ်းအား အပြည့် မထုတ် နိုင်လို့၊ အိုင်းရစ် ဓား သူတော်စင် သတ် တာကို ခံရ ဦးမှာပဲ ... ၊ အဲဒီ တုန်းက ...
... အမှိုက် တချို့က၊ သူတို့ရဲ့ အုပ်စိုးရှင် သူတော်စင် လက်ရာ တွေကို အားကိုးပြီး၊ ငါတို့ အပေါ် အနိုင်ယူ နိုင်မယ်လို့ ထင်ခဲ့ ကြတယ်၊ ...
... ဒါပေမယ့် ... သူတို့ အားလုံးကို ငါ့ သတ်ပစ် ခဲ့တယ်၊ မဟုတ်ရင် အုပ်စိုးရှင် အဆင့် သူတော်စင် ပစ္စည်း တွေကို၊ ငါ ပိုင်လာ စရာ အကြောင်း မရှိဘူး၊ ...
... ငါက နတ်ဘုရား အဆင့် ... ၊ ဝိညာဉ် ရေးရာ ဆရာ သခင် တစ်ဦး ဖြစ်နေ ရင်တောင်၊ ဒီအဆင့် လက်နက် တစ်ခုကို သွန်းလုပ်ဖို့ ဆိုတာ၊ ခက်ခဲ နေသေးတယ်၊ ...
... အုပ်စိုးရှင် သူတော်စင် လက်နက် တစ်ခုရဖို့ ဆိုရင်၊ နှစ်ပေါင်း ရာနဲ့ချီ အချိန်ပေး ရတယ်၊ ဒါက စွမ်းအား အပြည့် မထုတ် နိုင်ခဲ့ ရင်တောင်၊ ငါ့ကို သတ်နိုင် ခဲ့ကြ သေးတယ်။ )
“ ဒါဆို ဒီထီးက ဘယ် အဆင့်လဲ ... ၊ အုပ်စိုးရှင် နက္ခတ် တွေကို၊ ဆင့်ခေါ်နိုင် သလား။ ”
အန်းလျူယွင်က ဝင်မေးသည်။ လင်းယွန်မှ အုပ်စိုးရှင်း နက္ခတ် များကို ဆင့်ခေါ်ခဲ့ သည်အား မြင်ထား ဖူး၏။ ထို့ကြောင့် ဤထီဖြင့် ၎င်းကို လုပ်နိုင်မည် လောဟု တွေးမိ လာသည်။
အလားတူ နက္ခတ်မျိုး၊ အခြား လူများမှ ဆင့်ခေါ်ခဲ့ သည်ကို မြင်ထားဖူး သော်လည်း၊ တူညီမှု မရှိချေ။ လင်းယွန် နက္ခတ် များ၏ အသရေမှာ စွဲမက်ဖွယ် ကောင်းသည်။
“ ဒီထီးက မိုးပြာ နဂါး မိသားစုက ဖန်တီး ထားတဲ့ ... ၊ မိုးပြာ နဂါး နေလ ထီးပဲ ဖြစ်ရမယ်၊ မိုးပြာ နဂါးကို စစ်မှန်သော နဂါး အဖြစ် ယူဆ ကြပြီး၊ ...
... စစ်မှန်သော နဂါးတွေ ကြားမှာတောင်၊ အသန်မာ ဆုံးလို့ သတ်မှတ် ကြတယ်၊ သူတို့ရဲ့ အသွေး အသားက၊ နတ်နဂါး တွေ နီးနီး အစွမ်းထက် ကြတယ်၊ ...
... တစ်ချိန်က ဘုန်း ဝိညာဉ် (၁၀၈) ပါး ရှိတယ်၊ အဲဒီထဲက တစ်ဝက်က နေ ဂုဏ်ရည်နဲ့၊ ကျန် တစ်ဝက်က လ ဂုဏ်ရည် ပါတယ်၊ ဒီထီး ကတော့ နေ-လ ဂုဏ်ရည် ပါတဲ့ ထီးပဲ၊ ...
... ဆိုတော့ မင်းတို့က ... ၊ မိုးပြာ နဂါး နက္ခတ်ကို ခေါ်ချင်လား မလွယ်ဘူး၊ ဒီကမ္ဘာ ကြီးမှာ အုပ်စိုးရှင် သူတော်စင် ပစ္စည်းပေါင်း တစ်သောင်းကျော် ရှိတယ်၊ ...
... ဒါကြောင့် အုပ်စိုးရှင် နက္ခတ်ကို ဆင့်ခေါ်တဲ့ အခါ၊ မိုးပြာ နဂါး အပြည့် အစုံ ရဖို့ထက်၊ ...
... မိုးပြာ နဂါးရဲ့ ... ၊ လက်တစ်ဖက် လောက်သာ ကျလာ လိမ့်မယ်၊ ဒီတော့ ဒီထီးလို ဘုန်း ဝိညာဉ်တော် အဆင့် မှာသာ ရှိတဲ့၊ ...
... သူတော်စင် ပစ္စည်း မျိုးတွေ အတွက် တော့၊ ဘယ်လောက် ရှိမှန်းတောင် မသိ ကြလို့၊ စဉ်းစား မနေနဲ့ ... ဟား ဟား ဟား ... ။ ”
“ နင်က ... ဘာလို့ ဒီလောက် သိနေ တာလဲ။ ”
အန်းလျူယွင်က သံသယဖြင့် ရှောင်ယွင်အား ပြန်ကြည့် လိုက်သည်။
“ ငါက ... သူတော်စင် အဆင့်၊ ဝိညာဉ် ရေးရာ ဆရာ သခင်ပဲ၊ ဒါက ငါ့ တာအို ဆိုတာ မေ့နေ တာလား။ ”
“ လင်းယွန် ... ၊ စကားများ မနေနဲ့ ... ၊ ထီးကို မြန်မြန် သန့်စင်လိုက်၊ သူ ... သွားရည်ယို နေတယ်။ ”
“ မဟုတ် ပါဘူး ... ။ ”
ရှောင်ယွင်မှ အလျင် အမြန် ငြင်းဆို လိုက်သော်လည်း ထီးပေါ်မှ သူ့ အကြည့်ကို မလွှဲ နိုင်ခဲ့ချေ။
“ ဟမ့် ... ၊ နင် ငြင်းသေးလား၊ ဒီထီးကို ငါ့ထက် အရင် နင်ကောက်ယူ ခဲ့တာလေ ... ။ ”
လင်းယွန် အတွက် စိတ်ပူ နေစဉ်၊ ရှောင်ယွင်မှ ကောက်ယူ သွားခြင်း ဖြစ်သည်။
“ မင်း ... လိုချင် လို့လား၊ ယူလိုက်လေ။ ”
“ အိုး ... မဟုတ်တာ၊ ငါ မလိုချင် ပါဘူး ၊ ညီအစ်ကို လင်း ဒီလို မလုပ် ပါနဲ့၊ ဟုတ်ပါတယ် ဒါက မင်းပိုင် ပါတယ်၊ ဒါကြောင့် ... ငါ လက်မခံ ပါရစေနဲ့။ ”
ရှောင်ယွင်က လက် ဝှေ့ယမ်း လိုက်ပြီး၊ စိတ်လှုပ်ရှား စွာဖြင့်၊ နောက်ဆုတ် သွားသည်။
“ မင်း ငါတို့ကို နတ်ဆိုး သစ်ပင် ကနေ၊ ကယ်ခဲ့တယ်၊ ဒါကြောင့် အဲဒီ အတွက် ယူလိုက် လို့ ရပါတယ်။ ”
လင်းယွန်က ထပ်ပြောသည် ။
“ ဒီလိုလား ... ၊ မင်း ဒီလို သဘော ထားရင်တော့ ... ငါငြင်းမှာ မဟုတ် ပါဘူး၊ ငါ နားလည် ပါတယ်၊ ဘုန်း ဝိညာဉ် သူတော်စင် ပစ္စည်း ဆိုတာ ...
... အသက်နဲ့ ယှဉ်ရင် ဘာမှ မဟုတ်ဘူး၊ ဒါပေမယ့် ငါတို့က အခု သူငယ်ချင်း ဖြစ်နေပြီ ဆိုတော့ ... ၊ ငါ ... ငါ မယူတော့ ပါဘူး။ ”
ရှောင်ယွင် တစ်ယောက် လက်လှမ်း ခါနီးတွင်၊ အန်းလျူယွင်၏ အေးစက်သော အကြည့်အား ပြန်သတိ ရလာကာ၊ နာကျင် စွာဖြင့် ငြင်းဆန် လိုက်မိ လေသည်။
***