← Chapters

ဒီယုန်ဖြူလေး တွေကို ... ၊ လေကောင်း လေသန့် ပေးရှူ လိုက်ပါ။

Vol. 108 Ch. 1501

ဒီယုန်ဖြူလေး တွေကို ... ၊ လေကောင်း လေသန့် ပေးရှူ လိုက်ပါ။

Vol. 108 Ch. 1501

“ မင်း ... သေချာလား။ ”

လင်းယွန်က ရှောင်ယွင်၏ ပြောင်းလဲ သွားသော အမူ အရာကြောင့်၊ ပြန်မေး လိုက် မိသည်။

“ ငါ တကယ် မလို ပါဘူး၊ ငါ့ နေရာမှာ မင်းဆိုရင်လည်း ... ၊ ငါ့ကို ကယ်လိမ့် မယ်လို့ ယုံကြည်တယ်။ ”

ရှောင်ယွင်က ပြုံးကာ ခေါင်းညိတ် လိုက်သည်။ လင်းယွန်မှ အန်းလျူယွင် အား လှည့်ကြည့် မိသည်။

အန်းလျူယွင်မှ သူနှင့် မဆိုင် သကဲ့သို့၊ ပြုံးပြ နေပြီး၊

“ သခင်လေး လင်း ... ၊ မြန်မြန် သန့်စင် လိုက်ပါ။ ”

-ဟု ပြောလာ တော့သည်။

လင်းယွန်မှ စကား တစ်ခွန်းမှ ထပ်မပြော တော့ဘဲ၊ မိုးပြာ နဂါး နေ-လ ထီးကို သန့်စင်ရန် လုပ်ဆောင် လိုက်သည်။

ပိုင်ရှင်သည် ကွယ်လွန်သွား ခဲ့ပြီ ဖြစ်ရာ၊ သူတော်စင် မိုးပြာ နဂါး ခန္ဓာ ကိုယ်ကို၊ ပိုင်ဆိုင် ထားသော သူ့ အတွက်၊ လုပ်ငန်းစဉ် ချော့မွေ့ နေခဲ့သည်။

အကယ် ၍သာ၊ မိုးပြာ နဂါး သခင်၏ ရတနာ ဆိုပါက၊ သန့်စင် စရာ မလိုဘဲ၊ ထီးမှ သူ့အား အလိုလို အသိ အမှတ် ပြုပေ လိမ့်မည်။

မိနစ် အနည်းငယ် အကြာတွင်၊ မျက်လုံး ပြန်ဖွင့် လိုက်ရာ၊ အလင်းတန်း တစ်ခု ထွက်လာ ပြီး၊ ထီးထံ ကျရောက် သွား၏။

ထီးအလျားမှာ ငါးပေ ရှိပြီး၊ ပန်းသင်္ချိုင်း ဓားထက် တစ်ဆခွဲ ရှည်၏။ အလေး ချိန်သည် အသုံး ပြုရန် အတွက်၊ ခက်ခဲ လှသည်။

ထီးထံမှ ပူနွေးသော စီးကြောင်း တစ်ခု ထွက်ပေါ် လာပြီး၊ အတွင်းအင်္ဂါ များကို၊ ဖုံးလွှမ်း နေသော နှင်းလွှာအား ပျော်ကျ သွားစေ၏။

ထီးရွက် များကို သတ္ထုဖြင့်၊ သွန်းလုပ် ထားပြီး၊ သန်မာသော ကိုယ်လုံး ကိုယ်ပေါက် ရှိ သူပင်၊ လက်တစ်ဖက် တည်းနှင့်၊ အသုံး ပြုရန် မလွယ်ကူချေ။

“ ဝှီး ... ။ ”

လေထဲ ဝှေ့ယမ်း လိုက်သော အခါ လှိုင်းဂယက် များ ပျံ့နှံ့ လာသည်။ သူတော်စင် ရူရ် များကို မသုံး လျှင်ပင်၊ ၎င်းက ကြောက်စရာ ကောင်းနေ၏။

“ ဘုန်း ဝိညာဉ် သူတော်စင် ပစ္စည်းရဲ့ အစွမ်းက မျှော်လင့်ထား တာထက် ... ၊ ပိုနေ ပါလား။ ”

ထီးကို လွှဲယမ်း နေသော လင်းယွန်ကို ကြည့်ပြီး အန်းလျူယွင်မှ ပြောသည်။ ထီးကိုသာ ဖွင့်နိုင်သော်၊ မည်မျှ အစွမ်းထက် မည်အား၊ စိတ်ကူး မယဉ် နိုင်ပေ။

ထို့ကြောင့် ရှောင်ယွင်ထံ တစ်ချက် ပြန်ကြည့် လိုက်မိသည်။ ၎င်းမှ ဤထီး အပေါ် အဘယ့်ကြောင့်၊ တပ်မက် နေသည်အား၊ နားလည် လာမိသည်။

“ အဟမ်း ... ။ ”

မနာ လိုသော မျက်ဝန်း များဖြင့် ကြည့်နေသည့်၊ ရှောင်ယွင်မှာ အန်းလျူယွင် အကြည့်ကို သတိ ထားမိ လာပြီး၊ ချောင်းဟန့် လိုက်မိသည်။

ထိုအချိန်တွင် ထီးပေါ်၌ လျှပ်စီးများ လက်ပြီး၊ ဂူကြီး တစ်ခုလုံး တုန်ခါလျက် အမိုး မျက်နှာကြက်များ ပြိုကျ လာသည်။

နဂါး ရောင်ဝါများ ပေါက်ကွဲ လာသဖြင့်၊ အန်းလျူယွင်နှင့် ရှောင်ယွန်မှာ အခန်း ထောင့် သို့၊ ချက်ချင်း ဆုတ်ခွာ လိုက်ရသည်။

၎င်းသော်မှ အသက် ရှူရ ခက်ခဲ လာစေသည်။ ဖိအားမှာ ကြောက်စရာ ကောင်းပေ၏။

လင်းယွန်က အကြိမ်ကြိမ် ကြိုးစား လိုက်သော်လည်း၊ ထီးကို မဖွင့် နိုင်မှန်း သိလိုက် ရသည်။

သူ့လက်များ နာကျင်လာ ချိန်၌၊ နံရံတွင် ကပ်နေ ရသော အန်းလျူယွင်တို့ နှစ်ယောက်ထံ အကြည့် ရောက် သွားသည်။

ထို့ကြောင့် နဂါး ရူရ် များကို သိမ်းကာ၊ ထီးအား သိုလှောင် လက်ကောက်ထဲ သိမ်း ဆည်း လိုက်သည်။ သို့မှသာ ရှောင်ယွင်နှင့် အန်းလျူယွင် အသက်ရှူ ချောင် သွား၏။

“ နဂါး အရိုးလည်း ရပြီး ဆိုတော့ ... ၊ ငါတို့ အပြင် ထွက်ရအောင်။ ”

ရှောင်ယွန်က တိုက်တွန်းသည်။

“ ရေကန် အောက်မှာ၊ တံခါး တစ်ချပ် တွေ့တယ်၊ ဒါပေမယ့် အန္တရာယ်များ လွန်းတဲ့ အတွက်၊ ငါ မဝင် ခဲ့ဘူး။ ”

“ နဂါးဖြူ ရတနာသိုက် ... ၊ လျှို့ဝှက် နယ်မြေ ဒါမှမဟုတ် တစ်ခုခု ဖြစ်မယ်၊ ငါတို့ စမ်းကြည့် ချင်လား။ ”

ရေှာင်ယွင်က မေးသည်။ လင်းယွန်မှ ခေါင်းယမ်း လိုက်ပြီး၊ ထိုအကြံ ပြုချက်ကို ငြင်းဆို မိ၏။

“ ဒီနေရာက နဂါးဖြူ နန်းတော် ဆိုတာ သေချာ ပြီပေါ့။ ”

“ အမှန်ပဲ ... ။ ”

“ ဒါဆို ဘာလို့ ... ၊ မိုးပြာ နဂါးနဲ့ သက်ဆိုင်တဲ့၊ တစ်စုံ တစ်ယောက်က၊ စောင့်ပေး နေရ တာလဲ၊ မိုးပြာ နဂါး မိသားစုက နဂါးဖြူရဲ့ လက်အောက်ခံ မို့လား။ ”

“ ဟား ဟား ဟား ... ဟုတ်တယ် ... ၊ နဂါးဖြူ ရတနာသိုက် အတွက် ... ၊ မိုးပြာ နဂါး တွေက၊ စောင့်ကြပ် ပေးရတာ၊ ရှက်စရာမှ မဟုတ်တာ။ ”

ရှောင်ယွင်က ပြုံးကာ ပြောလိုက်သည်။

“ နဂါးဖြူ တွေက၊ သာမန် နတ်နဂါး မဟုတ်ဘူး၊ မိုးပြာ နဂါးတွေ ကလည်း သာမန် စစ်မှန်သော နဂါး မဟုတ်ဘူး၊ တစ်ချိန် တုန်းက မိုးပြာ နဂါး ဆိုတာက ...

... ဂုဏ်ယူ စရာ အနေ အထားမျိုး မဟုတ်ဘူး၊ နဂါးဖြူတွေ ကြောင့်သာ ဒီလို ဂုဏ် အသရေမျိုး ရရှိ လာကြတာ၊ ...

... အမှန်တော့ မိုးပြာ နဂါးတွေ ဆိုတာ၊ အသူရာ နဂါး တွေရဲ့ မျိုးဆက် တွေပဲ၊ ရိုင်းစိုင်း ကြမ်းကြုတ် လွန်းပြီး၊ အရာရာကို ဖျက်ဆီး ကြတဲ့ အတွက်၊ ...

... ဘယ်သူမှ အမြင် မကြည် ကြဘူး၊ နဂါးဖြူတွေ ကြောင့်သာ မိုးပြာ နဂါး အမည် ခံပြီး၊ အုပ်စိုးရှင် နက္ခတ် လေးလုံးမှာ၊ အဆင့် သတ်မှတ်ပေး လိုက်တာ။ ”

ရှောင်ယွင်က ရှည်လျားစွာ ရှင်းပြသည်။

“ ဒီလျှို့ဝှက်ချက် တွေကို ... ၊ နင် ဘာလို့ သိနေ တာလဲ။ ”

အန်းလျူယွင်မှ ရုတ်တရက် ဝင်မေး လာ၏။

“ ဒါက ... ငါ ကြားခဲ့ ဖူးတာ တွေကို ပြောတာပါ၊ အမှန် ဖြစ်ရ မယ်လို့ ... အာမ မခံ နိုင်ဘူး၊ ... နဂါး မျိုးဆက် သွေးကို၊ ပိုင်ဆိုင် ထားတဲ့ လူ တစ်ဦးက၊ ...

... နဂါး အရိုးကို လိုချင်ရင်၊ စမ်းသပ်မှု ခံယူရတယ်၊ အဲဒီ စမ်းသပ်မှု တွေကို စောင့်ကြပ် နေတဲ့၊ တံခါးစောင့် တွေကို၊ နဂါး တံခါး သခင်လို့ ခေါ်ကြတယ်၊ ...

... သူတို့က သေတဲ့ တိုင်အောင်၊ တာဝန် အပေါ် စွဲနေကြ တုန်းပဲ ... ၊ စောစော အဖိုးအို လိုပေါ့၊ ငါ့မှာ မကောင်းတဲ့ ...

... ရည်ရွယ်ချက် မရှိ ပါဘူး၊ စောစောက တံခါးစောင့် အဖိုးအိုက ... ၊ မိန်းကလေး အန်းရဲ့ ခွန်အား အစစ် အမှန်ကို၊ တွန်းထုတ် နိုင်မလား ဆိုတာ သိချင် ရုံပါ၊ ...

... ဒါမှ ငါက သူမရဲ့ ... မူလကို ခန့်မှန်းနိုင် မယ်လေ၊ ဒါပေမယ့် ... ညီအစ်ကို လင်းက ဒီလို အစား ဝင်ပြီး၊ ဖြေရှင်း ပေးလိမ့် မယ်လို့၊ မထင် ခဲ့မိဘူး။ ”

ရှောင်ယွန်က အန်းလျူယွင်အား ကြည့်ကာ ဖြေသည်။

“ နင့်ကို ... ငါ ဖိတ်ခေါ် တုန်းက၊ နင် ဘယ်သူလဲ ငါ ဂရုမစိုက် ခဲ့ဘူး၊ ဒါဆို ဘာလို့ ငါ ဘယ်သူလဲ ... ၊ နင်က သိချင် နေရ တာလဲ၊ ပြီးတော့ နင့်ကြည့် ရတာ ... ၊ ဒီနတ်နဂါး နန်းတော်က နင် အိမ်လို ဖြစ်နေတယ်။ ”

အန်းလျူယွင်က ဒေါသတကြီး ပြောလိုက်သည်။

“ ဟုတ်တယ် ... ၊ မင်း ပြောတာလည်း မမှား ပါဘူး။ ”

ရှောင်ယွန်က ပခုံး တွန့်ပြ လာသည်။

“ အခုကော ... ငါ့ နောက်ခံကို သိချင် သေးလား။ ”

“ ညီအစ်ကို လင်းက ... ၊ မင်း အတွက် သေလု နီးပါး အခြေ အနေကို ဖြတ်သန်း ပေး ခဲ့တယ်၊ ဒါကြောင့် ... ငါလည်း မင်းကို ယုံသွား ပါပြီ။ ”

ထိုရှင်းပြချက်ကို မကျေနပ် သဖြင့်၊ အန်းလျူယွင်မှ မေးခွန်း ထုတ်ရန် ပြင်လိုက်စဉ် လင်းယွန်က လက်ပြကာ၊

“ သူ့မှာ ... မကောင်းတဲ့ ရည်ရွယ်ချက် မရှိတာ သေချာ ပါတယ်၊ မဟုတ်ရင် ... ငါတို့ကို ကမ္ဘာဦး နတ်ဆိုး သန့်စင်ခြင်း သစ်ပင် ကနေ၊ ကယ်တင် ပေးမှာ မဟုတ်ဘူး။ ”

-ဟု နှစ်သိမ့် လိုက်၏။ ပြီးနောက် ရှောင်ယွင် ဘက်လှည့်ကာ၊

“ ဒါပေမယ့် ... ၊ မင်း ဘာလို့ ဒီလောက် တောင် ... ၊ ငါ့ အပေါ် ယုံကြည် နေရလဲ ဆိုတာ ငါ သိချင်တယ်၊ ငါတို့ ကြား ပတ်သတ်မှု နက်ရှိုင်းတာ မဟုတ်ဘူး။ ”

“ တကယ် ပြောရ မှာလား။ ”

“ အေး ... ။ ”

“ မင်း အကြောင်းကို ... တစ်ယောက် ယောက် ဆီက ငါကြားဖူးတယ်၊ သူက သွေ့ရော် ကျွန်းမှာ မင်းနဲ့ လက်ရည်တူ တိုက်ခဲ့ ဖူးတယ်။ ”

ရှောင်ယွင် စကားကို ကြားသော အခါ၊ လင်းယွန် တစ်ယောက် တွေဝေ သွားသည်။ များ မကြာခင် ဆံပင် ဖြူဖြူနှင့် လူငယ် တစ်ယောက်အား သတိရ လာ၏။

“ ရှောင် ဖန် ။ ”

“ ဟုတ်တယ် သူပဲ ... ။ ”

ရှောင်ယွင်က ပြုံးလိုက်သည်။

“ နင်တို့ ... ဘာတွေ ပြောနေ ကြတာလဲ။ ”

အန်းလျူယွင်မှ ထိုအမည်နှင့် သူတို့ ပြောနေသော အကြောင်း အရာကို မသိ သဖြင့်၊ ဝင်မေး လိုက်လေသည်။

“ ဘာမှ မဟုတ် ပါဘူး၊ ငါ သူ့ အပေါ် အမြင်မှား နေတာ၊ အခု ... ပြေလည် သွားပြီ၊ သွားရအောင်။ ”

လင်းယွန် ပြုံးပြီး ပြောလိုက်သည်။ ထို့နောက် သုံးယောက်သား ပန်းချီကား အတွင်းမှ လှမ်းထွက် လိုက်ကြ၏။

ဤပန်းချီ ကားတွင်၊ လျှို့ဝှက် ရတနာ သိုက်ကို ထားရှိ လိမ့်မည်ဟု၊ မည်သူမှ ယုံနိုင် မည် မဟုတ်ချေ။

“ ရှောင်ယွင် ... ၊ မင်း နောက်ကို ... ၊ ငရဲ ကမ္ဘာ ခန်းမက လိုက်လာ ခဲ့တယ် မဟုတ်လား။ ”

“ ဟုတ်တယ်၊ ဒါပေမယ့် သူတို့ကို စိတ်ပူ မနေနဲ့၊ သူတို့က ရတနာတွေ နောက်ကို လိုက် နေကြတယ်။ ”

ရေှာင်ယွင်က ပန်းချီကား ထဲရှိ အဖြူ ဝတ်ထား သူကို၊ ရိုသေ လေးစားစွာ ကြည့်ပြီး၊ ပြန်ဖြေသည်။

သို့သော် ရုတ်တရက် အန္တရာယ် အငွေ့ အသက် များကို ခံစား လိုက်ရ၏။ သုံးယောက် သား မျက်နှာများ ပြောင်းလဲ ကုန်ကာ၊ လှည့်ကြည့် လိုက် မိသည်။

အမှောင် ထဲမှ လူတစ်စု လှမ်းထွက် လာသည်။ ခေါင်းဆောင်မှာ ရှဖုန် ဖြစ်ပြီး ဘေး၌ ခူရင်နှင့် ကြယ်ရှစ်ပွင့် ကျွမ်းကျင်သူ ခြောက်ဦး ကျန်ရှိ နေသေးသည်။

သူတို့ မျက်နှာ များမှာ၊ ပြုံးရွှင်နေ သဖြင့်၊ အရင်း အမြစ်များ လုံလောက်စွာ ရိတ်သိမ်းနိုင် ခဲ့ကြောင်း ပြောနိုင်သည်။

“ ကောင်လေး ... ငါတို့ ပြန်တွေ့ ကြပြီ ... ။ ”

ခူရင်က ပြုံးလျက် နှုတ်ဆက် လာသည်။

“ မင်းနဲ့ ... ကစား ရတာ ... ငြီးငွေ့ လာပြီ၊ ငါတို့ အဆုံး သတ်ရအောင်၊ မင်းမှာ သူတော်စင် အသီး အနှံ၊ အနည်း အကျဉ်း ရထားတယ် မဟုတ်လား။ ”

ခူရင်က ရှောင်ယွင်ကို ဦးတည်ကာ မေးလိုက်သည်။ ခူရင်၏ လက်ဖဝါး ချက်ကို ခံယူ ထားဖူး သဖြင့်၊ ရှောင်ယွင် တစ်ယောက် အနည်းငယ် တုန်လှုပ် သွားသည်။

“ မင်းက ... တကယ် လှတဲ့ မိန်းကလေး တစ်ယောက်ပဲ၊ ဒါကြောင့်လည်း ငါ့ရဲ့ ဂျူနီယာ လေးက စွဲလမ်း နေတာကိုး။ ”

ရှဖုန်က အန်းလျူယွင်ကို တစ်ချိန်လုံး ကြည့်နေပြီး ပြောလာ တော့သည်။ အထူးသဖြင့် ရုန်းကြွ နေသော၊ ရင်သား များထံ ဖြစ်၏။

“ သခင်လေး ရှက ... ၊ ဟာသတွေ ပြောတတ် တာပဲ။ ”

အေးစက်သော အမူ အရာဖြင့်၊ အန်းလျူယွင်မှ တုန့်ပြန် လိုက်၏။ ယင်းကို ဂရု မစိုက် တော့ဘဲ၊ ရှဖုန်က နံရံပေါ်ရှိ ပန်းချီကား ထံ၊ အကြည့် ရောက်သွားပြီး၊

“ ဒီနံရံမှာ ... ဘာတွေ ထူးခြားလဲ ... ၊ သံတမန် အန်း တစ်ခုခုကို ရှာတွေ့ ခဲ့လား၊ မင်း ငါ့ကို မျှဝေ သင့်တယ် ထင်တယ်။ ”

“ ဘာမှ မတွေ့ ပါဘူး။ ”

“ အိုး ... ၊ မင်း အဖြေက ... အရမ်း မြန်နေတယ်၊ ကောင်းပြီ ငါ ကိုယ်တိုင်ပဲ စစ်ကြည့် လိုက်တော့မယ်။ ”

သည့်နောက် အန်းလျူယွင် အနား ရုတ်တရက် ရောက်လာပြီး၊ လက်သီးဖြင့် ထိုးချ လိုက်သည်။

“ ဝှစ် ... ။ ”

သုံးကြိမ်ခန့် ခုခံ ကာကွယ် ပြီးနောက်၊ အန်းလျူယွင် ခမျာ လွင့်စဉ်သွား တော့သည်။ ရှဖုန်က လိုက်ပါ ပျံသန်းလျက်၊ အန်းလျူယွင် ရင်ဘတ်ထံ၊ လက်လှမ်း လိုက်သည်။

“ ဒီယုန်ဖြူလေး နှစ်ကောင်က ... ၊ လေကောင်း လေသန့် ရှူချင်နေ ကြပုံ ရတယ်၊ မင်းက ဘာလို့ အပြင် ... ထွက်ခွင့် မပေး ရတာလဲ၊ ဟား ဟား ဟား ... ။ ”

***

All Chapters