← Chapters

နေ-လ ထီး၏ စွမ်းအား။

Vol. 108 Ch. 1502

နေ-လ ထီး၏ စွမ်းအား။

Vol. 108 Ch. 1502

သို့သော် အန်းလျူယွင် ရင်သားကို ထိကာ နီးတွင်၊ သူ့လက်အား တစ်စုံ တစ်ရာမှ ပိတ်ဆို့ လာခဲ့သည်။ ထို့ကြောင့် ဒေါသ ထွက်သွား၏။

ကြယ်ငါးပွင့် အဆင့်မှ တစ်စုံ တစ်ယောက်သည်၊ သူ့အား ဤသို့ စွက်ဖက်ရဲ လိမ့်မည်ဟု မထင် မိချေ။

“ သေချင် နေတာလား။ ”

ကြယ်စွမ်းအင်များ သွန်းလောင်းလျက်၊ လက်ဖဝါးဖြင့် လင်းယွန် ဦးခေါင်းထံ လှည့်ကာ ရိုက်ချ လိုက်သည်။

သို့သော် တစ်ဖက် လူမှ သူ့ ဖဝါးအား အလွယ်တကူ တားဆီး သွားသည်။ ယင်းက သူ့အား အံ့သြ စေ၏။

“ ဝှစ် ... ။ ”

ထို့ကြောင့် သူ့အာရုံမှာ လင်းယွန် ထံသို့၊ လုံးလုံး လျားလျား ရောက်ရှိ သွားသည်။ လေထဲ ပြိုင်တူ ရွေ့လျားလျက်၊ ထပ်မံ တိုက်ခိုက်လိုက် ကြသည်။

လှုပ်ရှားမှု ဆယ်ကြိမ် ပြီးနောက်၊ ကြယ်ရှစ်ပွင့် စွမ်းအားကို၊ ရှဖုန်မှ အပြည့် အဝ ထုတ်လွှတ် တော့၏။

ရလာဒ် အနေဖြင့်၊ လင်းယွန် ခမျာ ညည်းတွားသံ ပြုလျက်၊ နှုတ်ခမ်း ထောင့်မှ သွေးများ စီးကျကာ၊ ခြေလှမ်း သုံးလှမ်း နောက်ဆုတ် လိုက်ရသည်။

ရှဖုန်သည် ကြယ်ရှစ်ပွင့် ဆိုသော်လည်း၊ ကြယ်ကိုးပွင့် ရောက်ရန် ခြေတစ်လှမ်း မျှသာ လိုတော့သည်။

လက်ရှိ ခွန်အားဖြင့်၊ သူသည် ၎င်း၏ ပြိုင်ဘက် မဟုတ်ကြောင်း၊ လင်းယွန်မှ သိလိုက် ရသည်။

“ ဒီခွန်အား လေးနဲ့ ... ၊ မင်းက ငါ့ကို ဆန့်ကျင်ချင် တာလား၊ ဟား ဟား ဟား ... ။ ”

ရှဖုန်မှ ရယ်မော လိုက်သည်။ သို့သော် ရုတ်တရက် မျက်နှာပြောင်း သွား၏။ လက်ကို မြှောက်ကြည့် လိုက်သော အခါ၊ အနက်ရောင် မြူများ ဖုံးလွှမ်း လာပြီး၊ သူ့ စွမ်းအင်အား ဝါးမြိုနေ သည်ကို၊ တွေ့လိုက် ရသည်။

“ သခင်လေး ရှ ... ၊ မင်း အဆင်ပြေ ရဲ့လား။ ”

“ ဟား ဟား ဟား ... ၊ ဒါက စိတ်ဝင် စားစရာပဲ၊ ဒီကောင်က တကယ်ပဲ ငရဲ စွမ်းအင် ကို ဆုပ်ကိုင် ထားတယ်၊ ကောင်းတယ် အရမ်း ကောင်းတယ်၊ ငါတို့ ဆက်ကစား ရအောင်။ ”

ရှဖုန်မှာ လင်းယွန်အား ပြန်ကြည့်ကာ၊ စိတ်လှုပ်ရှား လာသည်။ အကန့် အသတ်မဲ့ ရောင်ဝါများ ပေါက်ကွဲ လာပြီး၊ အနက်ရောင် မြူများကို၊ ပြန်လည် ဝါးမြို လိုက်သည်။

“ မင်းတို့ အရင် သွားနှင့် ... ။ ”

လင်းယွန်က အန်းလျူယွင်နှင့် ရှောင်ယွင်အား လှည့်ပြောကာ ရှေ့တစ်လှမ်း လှမ်းတက် လိုက်သည်။

“ အိုး ... ၊ ငါ သဘောတူရဲ့ လားလို့ ... ၊ မင်း မမေးတော့ ဖူးလား။ ”

ရှဖုန်က ကြယ် ရှစ်ပွင့်ကို အသက်သွင်း လိုက်ရာ၊ ကြောက်မက်ဖွယ် သွေးဆာ နေသော ရောင်ဝါများ လွင့်ထွက် လာသည်။

နောက်ကျောရှိ အတောင်ပံ များက၊ မီတာ တစ်ရာ နီးပါး ဆန့်ထွက် လာကာ၊ အန်းလျူယွင် တို့ထံ၊ ဖိအားများ ပေးပို့ တော့၏။

ရောင်ဝါ သမုဒ္ဒရာကို ရှစ်ဖြင့် မြှောက် ထားသော စွမ်းအားသည်၊ သူမတို့ ရင်ဆိုင် နိုင်သော အရာ မဟုတ်ချေ။

အတောင်ပံ များမှ ဖြာထွက် နေသော မိစ္ဆာရောင်ဝါတွင် သေခြင်း ရည်ရွယ်ချက်အား ပေါင်းစပ် ထားသည်။

ဤအရာသည် အရိယာ ဓားသုတ္တန် ထက်ပင် ပို၍ ထူးခြားပြီး၊ ကြောက်မက်ဖွယ် ကောင်းလေ သည်။

အသက်ပြင်းပြင်း ရှူလိုက် သည်နှင့်၊ သူ့ ရောင်ဝါ သမုဒ္ဒရာမှာ ပွက်ပွက်ဆူ လာတော့၏။ ထို့နောက် သူတော်စင် ရောင်ဝါ ကြိုး (၂၀၀၀) အသက် ဝင်လာပြီး၊ လက်သီးနှင့် ပြန်၍ ထိုးနှက် လိုက်သည်။

“ ဘုန်း ... ။ ”

နှစ်ယောက်သား ထိပ်တိုက် တွေ့ဆုံ ပြီးနောက်၊ ခြေလှမ်း သုံးလှမ်း ဆုတ်ခွာ ခဲ့ရပြီး၊ သူ့ အတွင်း အင်္ဂါများ တုန်ခါ လာသည်။

ဤမြင်ကွင်းကြောင့် အန်းလျူယွင်နှင့် ရှောင်ယွင် တို့မှာ၊ ကူညီရန် တိုက်ပွဲ အတွင်း ပြေးဝင် တော့၏။

“ ဟား ... ဟား ... ဟား ... ၊ ကောင်းတယ် မင်းတို့ နှစ်ယောက်လုံး အတူ လာတော့ ... ၊ ငါ အချိန် မကုန်တော့ ဖူးပေါ့။ ”

ရှဖုန်က ရယ်သည်။ ထို့စဉ် အန်းလျူယွန်၏ ပုဝါစ များက ဓားကဲ့သို့၊ သူ့ထံ နေရာ မျိုးစုံမှ ဝင်လာ လေသည်။

သူမ အကသည် လှပပြီး၊ အရောင် အသွေး စုံလင်၏။ တစ်ချိန်တည်း မှာပင်၊ ရှောင်ယွင်မှ ယင် မျက်လုံးအား ထုတ်ဖော် လိုက်သည်။

ထို့ကြောင့် သူတို့ နှစ်ဦးမှာ၊ ရှဖုန် အပေါ် အချိန် အနည်းငယ် ကြာအောင် အုပ်စီး နိုင်ခဲ့ လေသည်။

“ စိတ်ဝင်စားဖို့ ကောင်းလိုက်တာ ... ။ ”

သို့သော် ခဏ မျှသာ ဖြစ်သည်။ ရှဖုန်က အတောင်ပံ များကို ခတ်ပြီး ငှက်မွှေး များဖြင့်၊ ပစ်လွှတ် လိုက်သည်။

“ ရွှပ် ... ။ ”

ငှက်မွှေး များက မြှားကဲ့သို့ ၊ ပုဝါစကို အပိုင်းအပိုင်း ဖြတ်တောက်ကာ၊ အန်းလျူယွင် အား လွင့်စင် သွားစေ၏။

သွေးတစ်လုတ် အန်လိုက် ရပြီး၊ မျက်နှာ တစ်ပြင်လုံး ထိတ်လန့်ဖွယ် ကောင်း အောင် ဖြူဖျော့ လာသည်။

“ ထွက် သွား စမ်း ... ။ ”

ရှဖုန်က အော်ငေါက် လျက်၊ အတောင်ပံ များဖြင့်၊ ရှောင်ယွင်အား ခတ်ထုတ် ပစ်လိုက် တော့သည်။

သည့်နောက် အန်းလျူယွင် အနား ပြန်ပေါ် လာကာ၊ ရင်ဘတ်ထံ လက်ဖဝါး တစ်ချက် ရိုက် ပြီး၊ နံရိုး ချိုးလိုက်သည်။

“ ယင်ကောင် တွေက ... ၊ ငါ့ကို တိုက်ချင် တာလား။ ”

စကားသံနှင့် အတူ၊ ရှောင်ယွန် ရှေ့ ရောက်သွား ပြန်၏။ ယင်းကြောင့် ရှောင်ယွင် ခမျာ၊ မျက်နှာ ပျက်ယွင်းလျက် အမြန် ပြန် ဆုတ်လိုက် ရသည်။

သူ့လက် များက တံဆိပ် တစ်ခုအား ဖန်တီးလိုက်ရာ၊ အစီရင် တစ်ခု ဖြည်းညှင်းစွာ ပေါ်လာသည်။

ထိုအချိန်တွင် လင်းယွန်က အန်းလျူယွင် အနားလာပြီး၊ သူတော်စင် ဆေးလုံး တစ်လုံး ခွံ့ ကျွေးလိုက်သည်။

ဤသည်မှာ သွေ့ရော် ကျွန်းမှ၊ သူ ရလာသော သွေ့ရော် ဆေးလုံး ဖြစ်၏။ မှော် ဆန်ပြီး ချက်ချင်း ဆေးစွမ်း ပြနိုင်သည်။

“ သွားတော့ ... ။ ”

လင်းယွန်မှ အမြန် သတိ ပေးလိုက်သည်။

“ နင် ရော ... ။ ”

အန်းလျူယွင်မှ စိုးရိမ် တကြီး မေးသည်။

“ ငါ့ကို စိတ်မပူနဲ့ ... ။ ”

လင်းယွန်မှ ပြန်ဖြေ၏။ သူတို့ သုံးဦးသည် ရှဖုန်၏ ပြိုင်ဘက်များ မဟုတ် သော်လည်း၊ သူ့၌ နည်းလမ်း များစွာ ရှိသည်။

အန်းလျူယွင်နှင့် ရှောင်ယွင်အား သူ့အာရုံကို ခွဲဝေပေး ထားရသော ကြောင့်သာ၊ အခက် အခဲ ရှိနေခြင်း ဖြစ်၏။

ထိုအချိန်တွင် ရှောင်ယွင်၏ အစီရင်အား စုတ်ဖြဲကာ၊ ရှဖုန်က လက်ဖဝါးဖြင့် ရိုက်ချလိုက် လေသည်။

“ ဘုန်း ဘုန်း ဘုန်း ... ။ ”

သုံးနေရာ ပြောင်းကာ၊ ဆက်တိုက် ရိုက်ချလိုက်ခြင်း ဖြစ်၏။ ယင်းက ရှောင်ယွင်ကို သတ်ရန် လုံလောက် သည်ထက် ပိုသည်။

သို့သော် ရှောင်ယွင် ခန္ဓာ ကိုယ်၌ အစွမ်းထက်သော ချပ်ဝတ် တစ်ထည် အသက် ဝင်လာပြီး၊ ရှဖုန်၏ ကြယ်စွမ်းအင် များကို စုပ်ယူ သွားတော့သည်။

“ ဒီကောင်က အရမ်း သန်မာတယ်။ ”

မြေပြင်ပေါ် ပြုတ်ကျ သွားရာမှ ကျိန်ဆဲ လိုက်သည်။ သုံးယောက်သား စကား တစ်ခွန်းမှ မပြော နိုင်ကြချေ။

ရှဖုန် နှင့်ပင်၊ စုတ်ပြတ်သပ် နေကြပြီ ဖြစ်ရာ၊ ခူရင်နှင့် ကြယ်ရှစ်ပွင့် ကျွမ်းကျင် သူများ ဝင်လာ ပါက၊ သေဖွယ် ရှိ၏။

“ မြန်မြန် သွား ... ။ ”

လင်းယွန် စကား ကြောင့်၊ အန်းလျူယွင်နှင့် ရှောင်ယွင်မှာ အကြည့်ချင်း ဖလှယ်ပြီး ချက်ချင်း ပြေးထွက် သွားတော့သည်။

“ သူတို့ကို ကာကွယ် နိုင်တယ်လို့ ... ၊ ထင်နေ တာလား၊ မင်းလည်း အမှိုက် တစ်စ ပါပဲ၊ ဟား ဟား ဟား ... ။ ”

ရှဖုန်က ရယ်မောလျက်၊

“ သူတို့ နောက်ကို လိုက် ... ၊ တစ်ယောက်မှ မလွတ် စေနဲ့။ ”

-ဟု အမိန့်ပေး လိုက်တော့၏။

ကြယ်ရှစ်ပွင့် ကျွမ်းကျင်သူ (၂) ဦးက ခေါင်းညိတ်ပြီး၊ အန်းလျူယွင် တို့ နောက်သို့၊ ပျံသန်း သွားသည်။

“ ခွပ် ... ။ ”

“ အွတ် ... ။ ”

သို့သော် ဓားရောင်ဝါ တစ်ခု ရုတ်တရက် ထွက်ပေါ်လာ သဖြင့်၊ နံရံ တစ်ခုကို ခေါင်းဖြင့် တိုက်မိသွား သကဲ့သို့၊ ပြုတ်ကျ ကုန်၏။

“ အရိယာ ကောင်းကင်ဓား ... ။ ”

ကြယ်ရှစ်ပွင့် ကျွမ်းကျင်သူ နှစ်ဦးမှာ၊ မြေပြင်ပေါ် ရောက်သည်နှင့်၊ ခြေလှမ်း အနည်း ငယ်မျှ နောက်ပြန် ဆုတ်လိုက် မိသည်။

ပင်မ နတ်ဘုရား နယ်ပယ်ဖြင့်၊ ဤမျှ အားကောင်းသော ဓား တစ်လက် ရှိနေ သည်မှာ မယုံနိုင် စရာ ပေပင်။

“ မင်းတို့ အားလုံး အဲဒီမှာ နေ ... ။ ”

လေထဲ၌ ငရဲပန်း ပွင့်လာပြီး၊ လင်းယွန်မှ အော်ငေါက် လိုက်သည်။ အရိယာ ဓားသုတ္တန်ကို ကန့်သတ် ချက်သို့ တွန်းကာ၊ နဂါး ရောင်ဝါနှင့်၊ ဓား ရည်ရွယ်ချက်အား ပေါင်းစပ် ပစ်သည်။

နဂါး ရူရ် (၈၀၀၀) လင်းလက် လျက်၊ ရောင်ဝါမှာ နောက်တစ်ဆင့် တက်သွားသည်။ ယင်းက ကြယ်ရှစ်ပွင့် ကျွမ်းကျင်သူ များကို ခြေလှမ်း အနည်းငယ်၊ ပြန်ဆုတ် သွားစေ၏။

“ ဒီကောင်လေးက နည်းနည်းတော့ ကြောက်စရာ ကောင်းတယ် ... ။ ”

ခူရင်က ရှဖုန် အနား လျှောက်လာပြီး စကား ဆိုသည်။

“ သူ့မှာ နောက်ခံ ကောင်းကောင်း ရှိမဲ့ ပုံပဲ။ ”

ဤသို့ ကြောက်စရာ ကောင်းသော ဓားသမား လူငယ် တစ်ဦးကို နေရာ တိုင်း၌ တွေ့နိုင်မည် မဟုတ်ချေ။

“ ဘာလို့ အဲဒါကို ဂရုစိုက် နေရ မှာလဲ၊ ဒီကြယ် နယ်မြေမှာ ... ၊ ငါ့ လမ်းကို ပိတ်ဝံ့တဲ့ လူတိုင်း သေခြင်းပဲ၊ ...

... အရိယာ ကောင်းကင် ဓားက ဘယ်လောက်ပဲ အစွမ်းထက် ထက် ... ၊ ကြယ် ငါးပွင့် ပိုးမွှား တစ်ကောင်ပါ၊ သူ့ကို သတ်။ ”

လင်းယွန် နောက်၌ ဖြစ်ပေါ် နေသော် ငရဲပန်းကို အနည်းငယ် ကြောက် သော်လည်း၊ အမိန့်ကြောင့် ကြယ်ရှစ်ပွင့် ကျွမ်းကျင်သူ များက လှုပ်ရှား လာကြသည်။

ရောင်ဝါ သမုဒ္ဒရာအတွင်း ရေဝဲတစ်ခု ပေါ်လာပြီး၊ ကမ္ဘာဖျက် ဆေးအိုးကြီး တရွေ့ရွေ့ မြင့်တက် လာချိန်၌၊ လင်းယွန် မျက်ဝန်း များက ကပ်ဘေးကြီး တစ်ခုကို၊ ပေးဆောင် တော့မည် ကဲ့သို့၊ နီရဲ လာ၏။

“ ဟိတ် ... ။ ”

ဆေးအိုး တစ်ဝက် ပေါ်လာ ချိန်တွင်၊ ဝင်လာသော ရန်သူများထံ လက်သီးနှင့် ထိုးချ လိုက်သည်။

ထိုစွမ်းအားကြောင့် ရန်သူ များမှာ၊ အံ့အားသင့် စွာဖြင့် သွေးတစ်လုတ် အန်ကာ လွင့်စဉ် ကုန်သည်။

“ စိတ်ပျက် စရာပဲ၊ ငါပဲ တာဝန် ယူလိုက်မယ်။ ”

ရှဖုန်က အေးစက်သော အသံဖြင့် အတောင်ပံ များကို ခတ်လိုက်ရာ၊ အနက်ရောင် အလင်းတန်း အသွင် ပြေးဝင် သွားသည်။

သူ သည်လည်း ကြယ်ရှစ်ပွင့် တွင်သာ ရှိသော်လည်း၊ အခြား သူများထက် များစွာ သန်မာ၏။

ထို့ကြောင့် ကြောက်မက်ဖွယ် ရောင်ဝါ အောက်တွင်၊ အရိယာ ကောင်းကင် ဓားမှာ၊ အက်ကြောင်းများ ပေါ်လာ တော့သည်။

“ ဟား ဟား ဟား ... ။ ”

ရှဖုန်၏ လှောင်ပြောင် ရယ်မောသံက ပတ်ဝန်းကျင်၌ ပဲ့တင်ထပ် လာသည်။ သို့သော် လင်းယွန်က နဂါး နေ-လ ထီးကို ထုတ်ယူ လိုက်သည်။

“ ဘုန်း သူတော်စင် လက်ရာ ... ။ ”

ခူရင် တစ်ယောက် လင်းယွန် ထံမှ ထီးကို မြင်ချိန်၌၊ လုယူလိုသော စိတ်ဖြင့် ခုန်ထွက် လာ တော့သည်။

“ မင်း သေချင် နေတာလား။ ”

နဂါး နေ-လ ထီး ထဲသို့၊ နဂါး ရူရ်များ သွန်းလောင်းလျက်၊ လင်းယွန်မှ လှည့်ပြီး ထိုးချ လိုက် လေသည်။

ထီး ထိပ်ဖျားမှ နဂါး အငွေ့ အသက်များ ပြေးထွက် လာ သဖြင့်၊ ခူရင် ခမျာ တောင့်မခံ နိုင်တော့ဘဲ၊ ပြန်၍ လွင့်စဉ် သွားတော့၏။

***

All Chapters