← Chapters

ရှဖုန်။

Vol. 108 Ch. 1503

ရှဖုန်။

Vol. 108 Ch. 1503

နဂါး ရူရ်များ သွန်းလောင်း လိုက်သဖြင့်၊ မိုးပြာ နဂါး နေလ ထီးတွင်၊ လျှပ်စီးများ လက် လာတော့သည်။

နဂါး ဟောက်သံ ပဲ့တင်ထပ် လာပြီး၊ သူ့ထံမှ ထီးကို သိမ်းယူ လိုသော ခူရင်အား၊ ချက်ချင်းပင် လွင့်ပျံ သွားစေ၏။

“ ဘုန်း ဝိညာဉ် ... သူတော်စင် လက်ရာ။ ”

ထီး၏ အစွမ်းကို မြင်သော အခါ၊ ရှဖုန် မျက်လုံးများ တောက်ပ လာပြီး၊ စိတ်လှုပ်ရှား သွားသည်။

“ ဟား ဟား ဟား ... ၊ ဒါဆို မင်းက လင်းတျန်ပေါ့၊ မင်းမှာ ရတနာတွေ အများကြီး ရှိတယ်၊ ငါသာ မမှားရင် ... နတ်သစ်သား ဓား တစ်လက်လည်း ရှိသေးတယ်၊ နောက်ဆုတ် ဒီကောင့်ကို ငါ ကိုင်တွယ်မယ်။ ”

ရှဖုန်က ခူရင်ကို စိုက်ကြည့်ပြီး ပြောလိုက်သည်။ ခူရင်မှ တွန့်ဆုတ် စွာဖြင့်၊ ဆုတ်ခွာ သွားသည်။

သူသည် ရှဖုန်ထက် သန်မာ သော်လည်း၊ နဂါး အကြွင်း အကျန် နယ်မြေ၌ သတိ ထားရ ပေမည်။ အပြင်၌ ငရဲ ကမ္ဘာ ခန်းမ၏ စွမ်းအားရှင် များစွာ ရှိနေ၏။

“ ခူရင် ... ၊ စောင့်ကြည့်ထား ဒီကောင့်ကို မလွတ် စေနဲ့။ ”

ရှဖုန်မှ ထပ်ဆင့် ညွှန်ကြားသည်။

“ စိတ် မပူနဲ့၊ ဒီကောင်လေး ဒီနေ့ လွတ်မြောက် နိုင်မှာ မဟုတ် ပါဘူး ... ။ ”

ခူရင်က ပြုံးပြီး ပြန်ဖြေ လာသည်။

“ ဧကရီ၊ အခြေအနေ ဘယ်လိုရှိလဲ။ ”

လူတိုင်းကို တစ်ယောက်တည်း ဟန့်တားရန်၊ မလွယ်ချေ။ အထူးသဖြင့် ခူရင်နှင့် ရှဖုန် တို့၏ ယုံကြည်မှုကို ကြည့်သော်၊ သူတို့ နှစ်ဦး၌ ရတနာ များစွာ ရှိနေ မည်မှာ၊ သေချာသည်။

သူ့ကျင့်ကြံမှုဖြင့်၊ ကြယ်ရှစ်ပွင့် ကိုပင် ရုန်းကန် နေရ လေရာ၊ ကြယ်ကိုးပွင့် အတွက်၊ ဤထီးဖြင့် မလုံ လောက်ချေ။

အရေးကြီး သည်မှာ၊ နေ-လ ထီးရှိ ရူရ် တစ်ထောင် စွမ်းအားကို သူ ထုတ်ဖော် နိုင်ခြင်း မရှိ သေးခြင်း ဖြစ်သည်။

“ နည်းနည်း စောင့်ဦး ... ။ ”

ခရမ်းငယ်မှ အတည် ပြုချက်ရ သဖြင့်၊ အနည်းငယ် စိတ်သက်သာရာ ရသွား သည်။

“ ညီအစ်ကို လင်း၊ ငါတို့ ကြားမှာ ပဋိပက္ခတွေ မရှိ ပါဘူး၊ ငါက အန်းလျူယွင် ကိုသာ ပစ်မှတ် ထားတာပါ၊ ပြီးတော့ ကောင်းကင်ဘုံ ကြယ်ခန်းမ ဆိုတာ ...

... မိစ္ဆာ ဂိုဏ်းတွေ ထဲမှာ ... ၊ အားနည်းတဲ့ ဂိုဏ်း တစ်ဂိုဏ်းပါ၊ ဒါကြောင့် ဧည့်သည် တစ်ဦး ဖြစ်တဲ့၊ မင်း အနေနဲ့ ... ၊ ငရဲ ကမ္ဘာကို ကူးလာလို့ ရပါတယ်။ ”

ရှဖုန်က ပြုံးလျက် စည်းရုံးရေး ဆင်းလာသည်။ လင်းယွန်မှ ခေါင်းယမ်းပြီး ငြင်းဆန် လိုက်၏။

မည်သို့ပင် ကြည့်ပါစေ၊ အန်းလျူယွင် သည်သာ၊ ရှဖုန်ထက် သူငယ်ချင်း ဖြစ်ရန်၊ သင့် လျော်သည်။

“ ဘာလို့လဲ ... ၊ မိန်းမ တစ်ယောက် အတွက်နဲ့၊ မင်း အသက်ကို ဆုံးရှုံးခံ မလို့လား၊ အန်းလျူယွင်လို လူက မင်းကို၊ ...

... နယ်ရုပ် အဖြစ် သုံးနေ တာပါ၊ ငါ့ကို ထီးပေးပါ၊ သူ့ကို ဖမ်းမိတဲ့ အခါ၊ မင်း ပျော်ပါး နိုင်အောင် ငါအခွင့် အရေးပေး လို့ရတယ်။ ”

“ မင်းနဲ့ ငါ့ကို မနှိုင်းနဲ့ ... ။ ”

လင်းယွန်က တည်ငြိမ်စွာ ပြန်ပြော လိုက်သည်။ ထိုစကားကြောင့် ရှဖုန် အပြုံးများ ပျောက်ကွယ် သွားသည်။

“ ဒါဆို မင်း သေရ လိမ့်မယ်၊ ထီးကြောင့် မင်းကို အနိုင် မယူနိုင် ဖူးလို့ ထင်နေ တာလား၊ ငါ မင်းကို မျက်စိ ဖွင့်ပေး လိုက်မယ်။ ”

စကားဆုံး သည်နှင့် သူတော်စင် ပစ္စည်း တစ်ခု ထုတ်ယူသည်။ ၎င်းမှာ ကြယ်သွေးရောင် အလင်းများ ထွက်နေသော လှံရှည် ဖြစ်၏။

“ ဒီလှံရဲ့ နာမည်က ... ၊ ကြယ်တာရာ စားသုံးသူ ဖြစ်တယ်၊ ဒီနေ့ ငါ မင်းကို စစ်မှန်တဲ့ ခွန်အား ဆိုတာ ဘာလဲ ပြမယ်။ ”

ကြက်သွေးရောင် လှံထိပ် ဖျားတွင် အလင်းတန်း များက၊ မီးညွှန့် အလား တိုးထွက် စုရုံး နေသည်။

နေမင်း ကိုပင် ဖြိုခွဲ နိုင်သည် ဟူသော ခံစားချက်မျိုး ပေးစွမ်း၏။ အကန့် အသတ်မဲ့ မိစ္ဆာ ရောင်ဝါနှင့်အတူ၊ သူတော်စင် ရူရ်များ အသက်ဝင် လာသည်။

၎င်းက နေ-လ ထီးမှ နဂါး ရောင်ဝါကို ခွဲထုတ်လျက်၊ လင်းယွန်ထံ ပျံသန်း လာတော့ သည်။

“ တကယ်တော့ ... ၊ ဒီထီးက မင်း လက်ထဲမှာ ဆိုရင်၊ ဖြုန်းတီးရာ ရောက်နေ ပါတယ်။ ”

ရှဖုန်က အထင် အမြင် သေးသော အကြည့်ဖြင့် ပြောလာသည်။ လုံလောက်သော ခွန်အား မရှိသော်၊ တန်ခိုးကြီး ရတနာ များကို ပိုင်ဆိုင် ထား ပါက၊ အသုံး မဝင်ချေ။

နဂါး အငွေ့ အသက်များ အလွယ် တကူ ကွဲအက် နေသည်ကို မြင်သော အခါတွင်၊ ထို အမြင် မှန်ကန်ကြောင်း ရှဖုန်မှ သိသည်။

ဘုန်း ဝိညာဉ်တော် သူတော်စင် လက်ရာ ဖြစ်နေ လျှင်ပင်၊ အနန္တ သူတော်စင် ရူရ် တစ်လုံး ၏၊ စွမ်းအား အပြည့် ထုတ်နိုင်သော်၊ နှိမ်နင်းရ လွယ်ကူ သွားမည် ဖြစ်သည်။

နှစ်ယောက်သား လျင်မြန်စွာ လှုပ်ရှား လိုက်ကြ၏။ များမကြာခင် ရှဖုန်မှ သူ့အား အုပ်စီး မိလာ၏။ သို့သော် လင်းယွန်မှ ထိတ်လန့်ခြင်း မရှိ။

ရေှာင်ယွင်နှင့် အန်းလျူယွင်တို့ မည်မျှ ဝေးဝေး ရောက်နေ မည်ကို၊ ခန့်မှန်း တွက်ဆ မိသည်။

“ ဝါးမြို လိုက် ... ။ ”

ဆယ်ကြိမ် ဖလှယ် ပြီးနောက်၊ သည်းခံ နိုင်ခြင်း မရှိဘဲ၊ ရှဖုန်မှ အော်ဟစ် လာ တော့၏။ လှံဖျား၌ ကြက်သွေးရောင် လေစုပ်ဝဲ ပေါ်လာ ပြီး၊ လှံက သားရဲ အဖြစ်သို့ ပြောင်းလဲ သွားသည်။

လေစုပ်ဝဲမှာ သားရဲ၏ ပါးစပ် ဖြစ်သည်။ ၎င်းက ကြီးထွား လာပြီး၊ နေလ ထီး၏ မိုးကြိုး မုန်တိုင်း ဖြစ်စဉ် များကို ဝါးမြို တော့သည်။

လင်းယွန်၏ နဂါး ရောင်ဝါမှာ ချက်ချင်း လျော့ကျ သွား၏။ ကံကောင်း ထောက်မ စွာဖြင့် အရိယာ ကောင်းကင်ဓား ကျန်ရှိနေ ခဲ့၏။

မဟုတ်သော် သူ သည်ပင် သေဆုံး ရပေမည်။

“ ဟား ... ဟား ... ဟား ... ။ ”

ရှဖုန်က ရုတ်တရက် ရယ်မော လိုက်ပြီး၊ သူ့နောက်ရှိ အတောင်ပံ များကို ဓား နှစ်လက် အလား ရှေ့သို့ ခေါက်ကာ၊ လင်းယွန်၏ လက်ကျန် ရောင်ဝါအား ခွဲပစ် တော့၏။

ထို့ကြောင့် အန္တရာယ် ရှိသော အငေွ့ အသက်ကို ခံစားလိုက် ရသည်။ နဂါး ရူရ်များ အားလုံးကို ထီးထဲသို့ သွန်းလောင်းပြီး၊ ဟန့်တားရန် ပြင်ဆင် လိုက်၏။

သူ့ကိုယ်လုံး ကိုယ်ပေါက်ဖြင့်၊ ခံနိုင်ရည် မရှိချေ။ နဂါး အရိုး ရှိမှ သာလျှင် နဂါး ရူရ်များ ကို၊ အဆတ် မပြတ် ခွန်အားပေး နိုင်မည်။

သာမန် ကျင့်ကြံသူ များနှင့်၊ ယှဉ်ဆိုင် ရာတွင်၊ ယင်းကို မလိုအပ် သော်လည်း၊ သန်မာ သော ရန်သူ ဖြင့်မူ၊ အားနည်း ချက်မှာ သိသာ လာသည်။

“ ထန် ထန် ... ။ ”

ရွှေကျီးကန်း တောင်ပံ များကို ဆင့်ခေါ် လိုပ်ပြီး၊ သူ့ရှေ့တွင် ခေါက်လျက် ကာကွယ် လိုက်ရသည်။

ရှဖုန်၏ သတ္ထု တောင်ပံ များက၊ လွှများ ကဲ့သို့ ရွှေကျီးကန်း တောင်ပံ များကို လှီးဖြတ် တော့ သည်။

“ ဂျစ် ဂျစ် ... ။ ”

မီးပွားများ ပွင့်ထွက် လာပြီး၊ ရွှေကျီးကန်း တောင်ပံများ၊ တဖြည်းဖြည်း ပြိုကျ ကုန်သည်။ ထိုကြောင့် ရွှေကျီးကန်း အသွင် ပြောင်းခြင်း ကိုးမျိုးကို၊ ကန့်သတ်ချက် အထိ တွန်းပို့ကာ၊ ချက်ချင်း ပျံထွက် လိုက်ရသည်။

သို့တိုင် ရှဖုန်က မြန်နေ သေးသည်။ ရွှေကျီးကန်း တောင်ပံများ ပြိုကျ သည်နှင့်၊ သတ္ထု တောင်ပံက ရင်ကို ပွတ်ခွဲ သွားသည်။

“ ငါ့ရဲ့ တောင်ပံ တစ်စုံကို ... ၊ သတ္တုနဲ့ သွန်းလုပ် ထားတာ ... ၊ မင်းက ဘယ်လိုလုပ် ဟန့်တား နိုင်မှာလဲ။ ”

ဒဏ်ရာမှ သွေးများ စီးကျလာ သည်ကို ငုံကြည့် နေသော လင်းယွန်အား ရှဖုန်မှ လှမ်း ပြော လိုက်သည်။

သည့်နောက် ကြယ်တာရာ စားသုံးသူ လှံတံကို ချိန်ရွယ်လျက်၊ ဥက္ကာခဲ တစ်ခဲလို လှမ်း ထိုး လိုက်၏။

“ ပြီးပြီ ... ။ ”

ဤအချိန်၌ ခရမ်းငယ် အသံ ထွက်ပေါ် လာသည်။ ထို့ကြောင့် သွေးမီးတောက် ရူရ်ကို အသက် သွင်းပြီး၊ ကြက်သွေးရောင် မီးတောက် များအား၊ ထီးထဲ လောင်းထည့် လိုက်သည်။

ထီးပေါ်ရှိ သူတော်စင် ရူရ်များ တောက်လောင် ကာ အသက်ဝင် သွားသည်။ ထီး တစ်လက်ဆို သည်ထက် တောင်ကြီး တစ်လုံး အလား ခံစား လိုက်ရ၏။

နဖူးမှ ချွေးများ ဖုံးလွှမ်းလာ သည့်တိုင်၊ ထီးမှာ ပွင့်မလာ သဖြင့်၊ ဖွင့်ရန် မကြိုးစားဘဲ၊ လွှဲရိုက် ရန်သာ ရွေးချယ် လိုက်သည်။

“ ထန် ... ၊ ထန် ... ။ ”

ထီးနှင့် လှံတို့ တိုက်မိ သွားရာ၊ ပေါက်ကွဲမှုကြီး ဖြစ်ပေါ် လာပြီး၊ လှံကို ဖုံးအုပ် ထားသော ကြက်သွေးရောင် အလင်းများ တဖြည်းဖြည်း ကွယ်ပျောက် သွား၏။

သက်ရောက်မှု ကြောင့် ရှဖုန် ခမျာ သွေးအန်လျက် နောက်ဆုတ် သွားလေသည်။ လက်မောင်း တစ်ခုလုံး ထုံကျင် လာပြီး၊ အရိုး ကျိုးမတတ် နာကျင် သွားသည်။

“ ဝှစ် ... ။ ”

သည့်စဉ် လင်းယွန်က ထီးကို လွှဲလျက် တိုက်ခိုက် လာသဖြင့်၊ လှံအား လျင်မြန်စွာ မြှောက်ပြီး၊ ခုခံ လိုက်ရ ပြန်သည်။

“ ထန် ... ။ ”

ထီးနှင့် လှံတို့ နောက်တစ်ကြိမ် တိုက်မိသော အခါတွင်၊ ရှဖုန် ခမျာ သွေး ထပ်အန်ကာ လွင့်စဉ် သွားတော့သည်။

“ အစ်ကို ရှ ... ။ ”

ငရဲ ကမ္ဘာ၏ ဧည့်သည် များက သူ့အား ကူညီရန် လှမ်းတက် လာသည်ကို၊ မြင်လိုက်ရ သဖြင့်၊ ရှဖုန်မှာ ထိတ်လန့် သွားသည်။

“ ရပ် ... ။ ”

ဤလူ များတွင် အနန္တ ရူရ် ပါသော သူတော်စင် ရှေးဟောင်း ပစ္စည်းများ မရှိ သဖြင့်၊ ထီးကို ရင်ဆိုင်သော် အကျိုးဆက်မှာ မတွေးရဲ စရာ ပေပင်။

သူ စိုးရိမ် နေသည့် အတိုင်း၊ လင်းယွန်က ထီးဖြင့် လှည့်ကာ ရိုက်ချ လိုက်သည်။ ပြေးဝင် သူ လေးဦးလုံး ခန္ဓာကိုယ် ကွဲလျက် သေပွဲ ဝင်လိုက် ရသည်။

ရက်စက် လွန်းသော မြင်ကွင်းမျိုး ဖြစ် သဖြင့်၊ ရှဖုန် ခမျာ အသက် ရှူရန် မေ့လျော့ သွားလေသည်။ ထိုအချိန်တွင် လင်းယွန်မှာ တချိုးတည်း လှည့်ပြေး သွားသည်။

“ စိတ် မပူနဲ့ သခင်လေး ရှ၊ ငါ သူ့ကို ဖမ်းပေးမယ်။

ခူရင်က ဝမ်းသာ အားရ ပြေးလိုက် သွားတော့သည်။ ရှဖုန်အား ကျောခိုင်းလိုက် သည်နှင့်၊ မျက်ဝန်း ထဲ၌ လောဘရိပ်များ လောင်ကျွမ်း လာတော့၏။

“ သူ့ နောက်ကို လိုက် ... ။ ”

ရှဖုန်က ထရပ် လိုက်ပြီး၊ ကျန်ရှိ နေသော ကြယ်ရှစ်ပွင့် ကျွမ်းကျင်သူ နှစ်ဦးကို ချက်ချင်း အမိန့် ပေးလိုက်သည်။ ခူရင်တွင် အကြံ အစည် များ ရှိနေ သည်ကို၊ သူ ခန့်မှန်း နိုင်သည်။

***

All Chapters