← Chapters

ကမ္ဘာဦး နတ်ဆိုး သန့်စင်ခြင်း သစ်သီး။

Vol. 108 Ch. 1504

ကမ္ဘာဦး နတ်ဆိုး သန့်စင်ခြင်း သစ်သီး။

Vol. 108 Ch. 1504

ရှေ့မှ လျင်မြန်စွာ ပြေးလွှား နေသော လင်းယွန်ကို ကြည့်ကာ၊ ခူရင်က ပြုံးလိုက် မိ သည်။ ရှဖုန် ရေှ့မှာပင် ဖမ်းလိုက ဖမ်း၍ ရ၏။

သို့သော် ဒဏ်ရာ ရရှိ သွားသော ရှဖုန်ထံ ကြည့်ကာ၊ စိတ်ကူး တစ်ချက် ပေါ်လာ ခဲ့သည်။ ထို့ကြောင့် လင်းယွန်အား မြန်နိုင် သမျှ မြန်မြန် ပြေးစေ လို၏။

အကွာ အဝေး တစ်ခု ရောက်ချိန်၌ လင်းယွန်၏ အလောင်းကို အမြန် ဖျက်ဆီးကာ ထီးကို သိမ်းယူ နိုင်မည်။ နဂါး အကြွင်း အကျန် ကြယ် နယ်မြေတွင်၊ သူ့အား ရှဖုန်မှ ဆန့်ကျင် ဝံ့မည် မဟုတ်ချေ။

နယ်မြေ ပြင်ပရှိ ငရဲ ကမ္ဘာမှ၊ ကျွမ်းကျင် သူများ အတွက်မူ၊ သူ့အား ချက်ချင်း အရေးယူ နိုင်မည် မဟုတ် သဖြင့်၊ လွတ်မြောက် နိုင်မည်။

အရှိန်ကို ထိန်းလျက်၊ သူ့နောက်မှ ရှဖုန်တို့ လိုက်လာခြင်း ရှိ-မရှိ ခြေသံကို နားထောင်ကာ ပြုံးလိုက် မိသည်။

သည့်ထက် ပို၍ စိတ်ချ လက်ချ ရှိစေရန်၊ လင်းယွန် တစ်ယောက် မြန်မြန် ပြေးနိုင် ဖို့သာ လိုချေမည်။

ဘုန်း ဝိညာဉ်တော် သူတော်စင် ထီးကို အသုံးပြု ခြင်းဖြင့်၊ ၎င်းသည် ကန့်သတ် ချက်သို့ ရောက်ရှိ သွားမည် ဖြစ်သည်။

“ ပြေးနိုင်မှ လွတ်မယ် ကောင်လေး၊ ဟား ဟား ဟား ... ။ ”

ထိတ်လန့် သွားစေရန် အသံပြု လိုက်၏။ အရုဏ် တက်ချိန် ရောက်လာပြီ ဖြစ်ရာ၊ နဂါး နန်းတော်မှ၊ ရောင်ဝါများ ဖြာကျလာသည်။

ဤနဂါးအကြွင်း နယ်မြေသည် နတ်ဘုရားများ ကြား၊ စစ်တလင်း ဖြစ်ခဲ့ ဖူးပုံ ရသည်။

ထို့ကြောင့် ရှေးဦးခေတ်၏ တန်ခိုးကြီး ဂိုဏ်းများနှင့် ပတ်သက်သော ကြီးမားသည့် လျှို့ဝှက်ချက် တစ်ခု ရှိနိုင်မည်။

ဧကရာဇ် ကိုးပါး သည် တစ်ချိန်က ထိုသို့သော ဂိုဏ်း တစ်ဂိုဏ်း၏ အမွေကို ရရှိ ခဲ့သည်ဟု ဆိုခဲ့ ကြ၏။

သို့သော် ၎င်းထက် ပို၍ စိတ်ဝင်စားစရာ ကောင်းသည်မှာ၊ သူ့မျက်စိ ရှေ့ရှိ ကောင်လေး ဖြစ်သည်။

သည့်စဉ် လင်းယွန်မှ သူ့အား ရပ်စောင့် နေသည်ကို မြင်လိုက်ရ သဖြင့်၊ ရုတ်တရက် အံ့အားသင့် သွားသည်။

“ မင်း ... မပြေး တော့ ဖူးလား။ ”

“ ငါ ... မင်းကို စောင့်နေတာ ။ ”

သူ့ မေးခွန်းကို လင်းယွန်မှ ပြုံးကာ ပြန်ဖြေလာ သဖြင့်၊ ခူရင်မှ သံသယ ဝင်လာ တော့သည်။

သို့သော် လင်းယွန်၏ တောင်ပံများ ကျိုးလျက် မျက်နှာ ဖြူဖျော့ နေဆဲ ဖြစ်သည်ကို မြင်ချိန်၌၊ စိတ် သက်သာရာ ရသွားသည်။

ထို့ကြောင့် ပြုံးပြီး လက်ညှိုး တစ်ချောင်း ထောင်ပြကာ၊

“ ဒါ ဘာကို ဆိုလို တာလဲ သိလား။ ”

-ဟု မေးလိုက်သည်။

လင်းယွန်မှ ခေါင်းခါ ပြသဖြင့်၊ စာနာ သနား စိတ်များ ဝင်ရောက် လာကာ၊

“ မင်းကို သတ်ဖို့ ... ၊ လက်ညှိုး တစ်ချောင်းပဲ လိုတယ်လို့ ပြောတာ ... ။ ”

-ဟု ရှင်းပြ လိုက်မိသည်။

ရုတ်ချည်း ပျောက်ကွယ် သွားကာ၊ လင်းယွန်ကို လက်ညှိုးဖြင့် လှမ်းထိုး လိုက်၏။ ကောင်ကင် အက်ကွဲလျက် လက်ညှိုးကြီး တစ်ချောင်း ကျဆင်း လာသည်။

“ ဒီနေ့ အတွက် ကျေးဇူး တင်ပါတယ်။ ”

ခူရင်က ပြုံးလျက် လှောင်ပြောင် လိုက်သည်။

“ ငါ မင်းကို စောင့်နေတာ ပါဆို ... ။ ”

တံဆိပ် တစ်ခုကို ရေးထွင်းလျက် တည်ငြိမ်စွာဖြင့် လင်းယွန်မှ ထပ်ပြော လိုက် တော့သည်။

“ အနန္တ လျှပ်စီး ရူရ် ... ။ ”

ခရမ်းငယ်မှ အချိန် အတော်ကြာ ပြင်ဆင်ပေး ထားသော လျှပ်စီး စွင်းအင်ကို ထုတ်လွှတ် လိုက်သည်။

ပတ်ဝန်းကျင် တစ်ခုလုံး လျှပ်နွယ် လျှပ်ပန်းများ ခတ်လာပြီး၊ လျှပ်စီး စက်လုံး ကြီးက ခူရင်ထံ ပျံသန်း သွားသည်။

ဤသည်မှာ အုပ်စိုးရှင်နတ်ရူရ် တစ်လုံး ဖြစ်သဖြင့်၊ ခူရင်၏ နတ်လက်ညှိုးမှာ မြူအလား ပြိုကွဲလျက် ပေါက်ကွဲ ကုန်တော့သည်။

အနန္တ လျှပ်စီး ရူရ် တိုက်ရိုက် ထိမှန်သော ခူရင် ခမျာ၊ အစရှာ မရအောင် လောင်ကျွမ်းသွား လေသည်။

“ ဝေါ့ ... ။ ”

နောက်သို့ ချက်ချင်း ဆုတ်ခွာ လိုက် သော်လည်း၊ ပေါက်ကွဲမှု လှိုင်းမှာ သူ့ရင်ဘတ်ကို လာရိုက် သဖြင့်၊ သွေးအန်ကာ ဒူးတစ်ဖက် ထောက်ကျ သွားသည်။

မြေပြင် ပေါ်ရှိ အသားစ များကို ပြန်ကြည့်မိ ပြီးနောက်၊ လင်းယွင်၏ မျက်လုံးများ တောက်ပ လာသည်။

သွေ့ရော် သူတော်စင် ဆေးလုံးကို သောက်လျက်၊ ထီးအား ကောက်ယူကာ ထရပ် လိုက်လေသည်။

“ ဘုန်း ဝိညာဉ် သူတော်စင် ရှေးဟောင်း ပစ္စည်းက တကယ် တန်ခိုးကြီး တာပဲ။ ”

လင်းယွန်မှ ညည်းတွား လိုက်သည်။

“ အဲဒါက ... ၊ နင် အရမ်း အားနည်း နေလို့ပါ။ ”

ခရမ်းငယ်က အထင်အမြင် သေးစွာဖြင့်၊ ဝင်ပြော လာသည်။ ယင်းမှ မမှား သောကြောင့်၊ လင်းယွန်က ပြုံးလိုက် မိ၏။

“ အုပ်စိုးရှင် နတ် ရူရ် တစ်လုံးရဲ့ ... ၊ တန်ခိုးက ပို ကြောက်စရာ ကောင်းတယ်၊ ခူရင်က တတိယ နဂါး သွေးလွှတ်ကြော ခွန်အားမျိုး ရှိတယ် မဟုတ်လား။

“ ဒီလောက် အထိ ဘဝင်မြင့် မနေနဲ့ ... ၊ သူက ရှိလှ ပထမ သွေးလွှတ်ကြော အဆင့် လောက်ပဲ ရှိမယ်၊ ...

... နဂါး သွေးလွှတ်ကြော နယ်ပယ်မှာ ... ၊ နဂါး ဇာစ်မြစ်ကို ဖွဲ့စည်း ပြီးရင် ဘယ်လောက် ကြောက်စရာ ကောင်းလဲ နင် မသိ ပါဘူး။ ”

“ ဟုတ်လား ... ။ ”

“ ဟုတ်လား လုပ်မနေနဲ့ ... ၊ မြန်မြန် သွားတော့ နောက်တစ်ကြိမ် အုပ်စိုးရှင် နတ်ရူရ် ကို၊ ငါ အသက် မသွင်း နိုင်တော့ဘူး၊ အခု အကူ အညီ အတွက် နဂါး သွေးရည်ကြည် (၅၀၀၀) ကီလို ဂရမ် လျော်ကြေး ပေးရမယ်။ ”

အုပ်စိုးရှင် နတ်ရူရ် တစ်လုံးကို အသက် သွင်းရန်၊ ကြီးမားသော အဖိုး အခ ခရမ်းငယ်မှ ပေးခဲ့ ရသည်။

သူ ထွက်သွားပြီး မကြာခင်၊ နဂါးဖြူ နန်းတော်၏ တံခါးများ ပွင့် လာကာ၊ လူတစ်စု ထွက် လာသည်။

တွန်းဖွင့် လိုက်သည်နှင့် လျှပ်စီး ကမ္ဘာကြီး အတွင်း ရောက်နေ သကဲ့သို့ ပြောင်းလဲ နေသော မြင်ကွင်းကြောင့်၊ ထိတ်လန့် စွာဖြင့် တံခါးကို ပြန်ပိတ် လိုက်ကြသည်။

“ ဝုန်း ... ။ ”

သို့တိုင် လျှပ်စီး လှိုင်း တစ်လှိုင်းက လျင်မြန်စွာ ဝင်ရောက် လာပြီး၊ သူတို့အား နန်းတော် ထဲသို့ ရိုတ်ထုတ် သွားခဲ့သည်။

“ ဘာဖြစ် တာလဲ၊ ဒါက ခူရင်ရဲ့ စွမ်းအား အမှန်လား၊ ကြောက်စရာ ကောင်းလိုက်တာ။ ”

ထိုအချိန်တွင် လင်းယွန်က သူတို့ ကနဦး ဝင်ရောက်ရာ ဒေသသို့ ပြေးလွှား လာခဲ့သည်။ သို့သော် အကြည့် များက၊ ကမ္ဘာဦး နတ်ဆိုး သန့်စင်ခြင်း သစ်ပင်ထံ ကျရောက် သွား၏။

“ နင် ... ဘာတွေ ကြံစည် နေတာလဲ။ ”

ခရမ်းငယ်က သံသယဖြင့် မေးလာသည်။

“ ဒီသစ်သီး တွေက ... ၊ နဂါး အကြွင်း အကျန် ကြယ်နယ်မြေမှာ၊ တန်ဖိုး အရှိဆုံး အသီး အနှံတွေ မဟုတ်လား။ ”

“ ဟုတ်တယ် ... ၊ ဒါက သူတော်စင် အဆင့် နတ်ဆိုး တွေရဲ့ အလောင်းကို စုပ်ယူပြီး၊ ဖြစ်ပေါ် လာတာ၊ ပြင်ပက၊ ...

... သူတော်စင် အသီး အနှံ တွေထက် အပုံကြီး သာတယ်၊ ဒါပေမယ့် ... အဲဒါကို ယူဖို့ နည်းနည်း လေးတောင် မတွေးမိ ... ၊ ဟေး ... နင် ... လူယုတ်မာ။ ”

သူမ စကား မဆုံးခင် မှာပင် လင်းယွန်က သစ်ပင်ဆီ ပျံသန်း နေပြီ ဖြစ်သည်။ သစ်သီးကို ရယူရန် ကြိုးစား ပါက၊ ပုံမှန် အားဖြင့် အသက် ဆုံးရှုံး နိုင်ပေမည်။

သို့သော် သူ့၌ နဂါးဖြူ အရိုး ရှိသည်။ ၎င်းသည် ရောင်စဉ် ခုနစ်သွယ်ဟု ခေါ်သော နတ်နဂါး တစ်ကောင် ဖြစ်၏။

သစ်ပင်၏ အာရု့ခံ ဧရိယာ အတွင်း ရောက်ချိန်၌၊ စကြာဝဠာ တွင်းနက်ကြီး အတွင်း ကျရောက် သွား သကဲ့သို့၊ မြင်ကွင်များ မှောင်ကျ သွားသည်။

“ ဝှစ် ... ။ ”

လက်မည်းကြီး တစ်စုံက သူ့ထံ ဦးတည် လာ၏။ ယင်းကို တုန့်ပြန် တော့မည့် အချိန်တွင်၊ လက် တစ်ဖက်က မြေပြင်မှ ပေါ်ထွက် လာပြီး၊ သူ့ ခြေထောက်ကို ဆွဲကိုင် သည်။

“ ဝူး ဟူး ဟူး ... ။ ”

ထူးဆန်းသော ရယ်မော သံများကြောင့်၊ နှလုံးသားအား ကြောက်ရွံ့မှုများ ဖုံးလွှမ်းလာ စေသည်။

စိတ် ဝိညာဉ် ပြိုလဲ သွားကာ အမြင် အာရုံများ မှုန်ဝါး သွားသည်။ ထိုအခိုက်တွင်၊ အရိုးမှ၊ နဂါးဖြူ တစ်ကောင် ထွက်လာပြီး၊ သူ့အား လှည့်ပတ် တော့သည်။

လက်နှင့် ရယ်သံများ ပျောက်ကွယ် သွားကြပြီး၊ ကမ္ဘာဦး နတ်ဆိုး သန့်စင်ခြင်း သစ်ပင်က ပြန်ပေါ် လာသည်။

ထိုကြောင့် သစ်သီး တစ်လုံးကို ခူးယူပြီး၊ နောက်ထပ် တစ်လုံးထံ လက်လှမ်း လိုက်သော အခါ၊ နတ်ဆိုး အလောင်း များက လှုပ်ယမ်း လာတော့သည်။

၎င်းတို့၏ မျက်ဝန်း များမှ စိုက်ကြည့် လာသည်ဟု ခံစားလိုက် ရသဖြင့် ချွေးစေးများ ကျောပြင်၌ ဖုံးလွှမ်း သွားသည်။

သတိ ပြန်ဝင် ချိန်၌၊ သစ်ပင်၏ အာရုံခံ ဧရိယာ အတွင်းမှ၊ ပြန်ထွက် လာပြီ ဖြစ်သည်။ သို့မှသာ လက်ထဲရှိ သစ်သီးကို ငုံ့ကြည့်ပြီး၊

“ ငါ ဘာလုပ် လိုက်တာလဲ ... ။ ”

-ဟု မေးခွန်း ပြန်ထုတ် မိတော့၏။

“ နင့်ကိုယ်နင် သတ်သေဖို့ ကြိုးစား လိုက်တာ။ ”

ခရမ်းငယ်မှ အဖြေပေး လာသည်။

အစောပိုင်း လုပ်ဆောင်ချက် များကို သူ့မှတ်ဉာဏ်ထဲ ပြန်ရှာ၍ မရ သဖြင့်၊ အံဩ နေမိ သည်။

ထို့နောက် နဂါးဖြူ နန်းတော်ထံ လှည့်ပြီး၊ အရိုအသေ ပေးကာ ဆက်လက် ထွက်ခွာ လာ ခဲ့သည်။

တစ်နာရီ အကြာတွင်၊ သူ့အား စောင့်မျှော် နေသည့်၊ အန်းလျူယွင်နှင့် ရှောင်ယွင်ကို နဂါး မျက်လုံးဖြင့် ရှာတွေ့ လာသည်။

သူ့ကို မြင်ချိန်၌ နှစ်ယောက်သား ဝမ်းသာ သွားကြ၏။

“ မင်း တကယ်ပဲ ... ၊ ဘေးကင်းစွာ ထွက်လာ နိုင်တာပဲ၊ ... အခုက စပြီး မင်းကို အစ်ကို ကြီးလို့ ... ငါ ခေါ်မယ်၊ ဒါနဲ့ ... အဖိုးကြီး ခူရင်ရော ... ၊ သူ့လက် ကနေ မင်း ဘယ်လို လွတ်မြောက် လာတာလဲ။ ”

“ သူ့ကို သတ်ပြီး လွတ်လာတာ ... ၊ လာ ... ငါတို့ ဒီကနေ ထွက်ကြ ရအောင်။ ”

“ ဟမ် ... ၊ ဘယ်လို ထွက်မှာလဲ ... ။ ”

ရှောင်ယွင်က အံ့သြ သွားသည်။ ဤနေ ရာသည်၊ သီးခြား နယ်မြေ ဖြစ်ပြီး၊ ထွက်ပေါက် ရှာ မတွေ့ဘဲ၊ ပိတ်မိ နေမိသည်။

သို့သော် လင်းယွန်မှ ပြန် မဖြေဘဲ၊ နဂါး မျက်လုံးကို သုံးကာ၊ နိဗ္ဗာန် ဆုံမှတ်အား ရှာဖေွ လိုက်တော့သည်။

***

All Chapters