← Chapters

နတ်ရွှေကျီးကန်း သံသွေးကို သန့်စင်ခြင်း။

Vol. 108 Ch. 1505

နတ်ရွှေကျီးကန်း သံသွေးကို သန့်စင်ခြင်း။

Vol. 108 Ch. 1505

နိဗ္ဗာန် အမှတ် တွေ့သည်နှင့်၊ ချက်ချင်း ထွက်ခွာ လိုက်ကြသည်။

“ ဒါက တကယ်ကို ... ၊ မှော်ဆန်တဲ့ နိဗ္ဗာန် နယ်မြေပဲ။ ”

ဂူ အတွင်း ပြန်ပေါ်လာ ချိန်တွင်၊ ရှောင်ယွန်က ပတ်ဝန်း ကျင်ကို ဝေ့ကြည့်ကာ၊ ပြောလာ တော့သည်။

၎င်းမှ နိဗ္ဗာန် ဆုံမှတ် အကြောင်း သိနေသဖြင့်၊ လင်းယွန်မှ အံ့သြ သွားသည်။ အန်းလျူယွင်က သူမ ကြားဖူး နားဝ ရှိခဲ့ ဖူးကြောင်း၊ သတိရ လာသည်။

နိဗ္ဗာန် တာအိုကို ရှေးဦးခေတ် ကတည်း ကပင်၊ ဆုပ်ကိုင် နိုင်သူ အများ အပြား မရှိခဲ့ပေ။ ထိန်းချုပ်ရ ခက်ပြီး စွမ်းအားရှင် အနည်း ငယ်သာ၊ ပြီးမြောက် အောင်မြင် သည်။

“ ဟဲဟဲ ... ၊ မင်းတို့ နှစ်ယောက် ... ၊ ဒီအကြောင်း တွေကို နားလည်မှာ မဟုတ် ပါဘူး။ ”

ရှောင်ယွင်က ပြုံးလျက် ပြောလာ၏။ ထိုစကားကြောင့် မေးရန် စိတ်ကူးကို မကေျ မနပ်ဖြင့်၊ အန်းလျူယွင်မှ စွန့်လိုက်သည်။

လင်းယွန် မှာမူ၊ လှိုဏ်ဂူ နံရံများ ကိုသာ အလေး အနက်ထား စိုက်ကြည့် နေမိသည်။ ထိုသို့ လူတိုင်းက နိဗ္ဗာန် ဆုံမှတ် အကြောင်း၊ မေးရန်၊ စိတ်ကူး မရှိ သည်ကို မြင်လေရာ၊ ရှောင်ယွင် ခမျာ အဆင် မပြေ ဖြစ်လာ၏။

“ အစ်ကိုယွန် ... ၊ မင်း ဘာလုပ် နေတာလဲ။ ”

နောက်ဆုံးတွင် ရှောင်ယွင်က ခူရင်ကို သတ်ပစ် ခဲ့သော၊ လင်းယွန်အား စီနီယာ အစ်ကို အဖြစ်၊ အသိ အမှတ် ပြု လိုက်သည်။

“ ဒီနယ်မြေကို ပိတ်ချင်လို့ ... ။ ”

အချိန်နှင့် အားထုတ်မှု ရှိနေ သမျှ၊ ကာလပတ်လုံး၊ လူ တစ်ဦးသည် နိဗ္ဗာန် ဆုံမှတ် ကို ရှာဖွေနိုင် သဖြင့်၊ ဤနေရာအား ပိတ်ပစ် လိုခဲ့၏။

“ ဟီး ... အတေွး တူညီတယ်၊ ဒီနယ်မြေ အကြောင်း ဘယ်သူမှ မသိတာ အကောင်းဆုံးပဲ၊ အစ်ကိုလင်း ငါ့ လုပ်လိုက်မယ်။ ”

ရေှာင်ယွင်က ဝိညာဉ်ရေး စုတ်တံကို ထုတ်ယူကာ၊ နံရံတွင် သူတော်စင် ရူရ်များ ရေးထွင်း လိုက်၏။

“ နောက်ဆုတ် ... ။ ”

ရေးပြီး သည်နှင့် လက်ဝှေ့ ယမ်းကာ၊ လင်းယွန်၊ အန်လျူယွင် တို့အား ဆုတ်ခွာ စေ လိုက်သည်။

တစ်ချိန်တည်း မှာပင်၊ လေဟာနယ် တစ်ခုလုံး ပြိုကျလာ၏။ ယင်းကြောင့် လင်းယွန် မှ ရှောင်ယွင် အပေါ်၊ အထင်ကြီး သွားသည်။

သူသာ ဆိုက ဂူနံရံ များမှာ၊ မာကျော လွန်းသောကြောင့်၊ အရိယာ ကောင်းကင်ဓား သုံးရ ပေမည်။

နိဗ္ဗာန် နယ်မြေ တစ်ခုလုံး၊ ပြိုကျ သွားသည်နှင့်၊ သဲကန္တာရ အတွင်း ဆိတ်ငြိမ်ရာ နေရာ တစ်နေ ရာကို ရှာဖွေ မိ ကြ၏။

သည့်နောက် သူတော်စင် အသီး အနှံများ အချင်းချင်း ဖလှယ် ကြရန်၊ လင်းယွန်က အကြံ ပြု လိုက်သည်။

“ ဟဲဟဲ ... ၊ သူတော်စင် ယင် မျက်လုံးကြောင့်၊ ငါ သူတော်စင် သစ်သီး ဆယ်မျိုး ရထားတယ်။ ”

ရေှာင်ယွင်က သူတော်စင် အသီး အနှံ မျိုးစုံကို ထုတ်ယူကာ ပြောလိုက်၏။ လင်းယွင် မှလည်း သူတော်စင် အသီး အနှံ ဆယ်မျိုးကို ထုတ်ယူ ပေးလိုက်သည်။

ထို့နောက် အသုံး မပြုရ သေးသော အသီး အနှံများ အချင်းချင်း လဲယူကာ၊ သန့်စင်ရန် ပြင်လိုက် ကြ၏။

ခုနစ်ရက် ကြာ ပြီးနောက်၊ အန်းလျူယွင်နှင့် ရှောင်ယွင်၏ ခန္ဓာကိုယ် ပေါ်၌၊ အကန့် အသတ် မရှိသော ရောင်ဝါ တစ်ခု တောက်ပ လာသည်။

နှစ်ယောက် စလုံးက၊ တစ်ပြိုင်နက် တည်းပင်၊ မျက်လုံး ဖွင့်လာ ကြ၏။ သူတို့ ကြယ် ခုနစ်ပွင့် အထွတ် အထိပ်သို့၊ ရောက်ရှိ လာကြပြီ ဖြစ်သည်။

သို့တိုင် လင်းယွန်မှာ၊ သန့်စင် နေဆဲ ဖြစ်သဖြင့်၊ ရှောင်ယွင်က မျက်မှောင်ကြုတ် လိုက်သည်။

လင်းယွန် သန့်စင်ရန် ကျန်ရှိသော အသီးအနှံသည်၊ သူတို့ နှစ်ဦးထက် များစွာ နည်းပါးသည်။ ထို့ကြောင့် ဤသို့ လုပ်ငန်းစဉ်၊ ကြာမြင့် နေသည်မှာ၊ အဓိပ္ပါယ် မရှိ လှချေ။

“ ဘာကြီးလဲ ... ။ ”

ရုတ်တရက် လင်းယွန် လက်ထဲရှိ သူတော်စင် သစ်သီးထံ အကြည့် အရောက်တွင်၊ ရှောင်ယွင် ခမျာ အံ့အားသင့် သွားသည်။

“ ကမ္ဘာဦး နတ်ဆိုး သန့်စင်ခြင်း သစ်သီး။ ”

“ ဘာလို့ ဒီလောက် အသံကျယ် နေရ တာလဲ။ ”

အန်းလျူယွင်က ထိတ်လန့် တကြား အော်ဟစ်သော ရှောင်ယွင်ကို အော်ငေါက် လိုက်သည်။

၎င်း၏ အလိုက် ကန်းဆိုး မသိမှုကြောင့်၊ လင်းယွန် အနှောက် အယှက် ဖြစ်မည်ကို စိုးရိမ် မိသည်။

ရှောင်ယွင် ခမျာ ရှက်ရွံ့စွာဖြင့် ရယ်ပြ လိုက်သည်။ စကား မပြောတော့ သော်လည်း၊ ထိတ်လန့် အံသြ နေဆဲ ဖြစ်သည်။

ဤသည်မှာ သူတော်စင် အဆင့်၊ နတ်ဆိုးများ ကိုပင်၊ စုပ်ယူ ထားသော သစ်သီး ဖြစ်သည်။ အခြား သူတော်စင် သစ်သီး များထက်၊ (၁၀)ဆ မက အစွမ်းထက် လေသည်။

အချိန် အတော် ကြာအောင် ဆက်လက် သန့်စင် ပြီးနောက် လင်းယွန်က အသက် ပြင်းပြင်း ရှူလျက် မျက်လုံးများ ပွင့်လာသည်။

သူ ရှူထုတ် လိုက်သော လေသည် ပါးလွှာကာ၊ ကြိုးမျှဉ် အလား အသွင်ပြောင်း လာသည်။

ဤအရာကြောင့် အန်းလျူယွင်နှင့် ရှောင်ယွင်အား၊ မျက်နှာများ ပြောင်းလဲ သွားစေ ခဲ့သည်။

၎င်းမှာ နဂါး မူလ ဖြစ်ပြီး၊ နဂါး သွေးလွှတ်ကြော နယ်ပယ်မှ ကျွမ်းကျင် သူများသာ၊ ယင်းကို အောင်မြင် နိုင်မည် ဖြစ်သည်။

ထိုချည်မျှင် များက မီတာ ထောင်ပေါင်း များစွာ အကွာမှ၊ ရန်သူကို သတ်နိုင် ပေသည်။

“ ကမ္ဘာဦး နတ်ဆိုး သန့်စင်ခြင်း ... သစ်သီးက တကယ့်ကို ရတနာ တစ်ပါး ပါပဲ၊ ဒါပေမယ့် ဒီအသီးက မမှည့် သေးဘူး ... ။ ”

ဝိညာဉ်ရေး စွမ်းအင်များ ကုန်ရှုံး သွား သဖြင့်၊ အကြောပြတ် နေသော သစ်သီးအား ငုံ့ကြည့်ကာ ပြောလိုက်သည်။

ဤအချိန်၌ ခရမ်းရောင် နန်းတော်တွင် ကြယ် ခြောက်ပွင့်ကို ဖန်တီး ထားနိုင်ပြီ ဖြစ်၏။ ရောင်ဝါ သမုဒ္ဒရာသည် ပေ (၃၀,၀၀၀) အရွယ် အစားသို့၊ ရောက်ရှိ လာပြီး ရောင်ဝါ ကြိုးမှာ၊ (၅၀၀၀) ဖြစ်လာပြီ ဖြစ်သည်။

သာမန် ပါရမီရှင် တစ်ဦး၏ ရောင်ဝါ သမုဒ္ဒရာမှာ၊ ပေ (၁၀,၀၀၀) အထိသာ ရောက်ရှိ ပေမည်။

ထို့ကြောင့် ကြယ်ရှစ်ပွင့် ကျွမ်းကျင်သူ တစ်ဦး၏ ရောင်ဝါ သမုဒ္ဒရာကို ကိုးဆမြောက် သော်မှ၊ သူ့ကို မမီ သေးချေ။

နဂါး ဖီးနစ် ကမ္ဘာဖျက် ဆေးအိုးကို အသုံးပြုသော် စွမ်းအားမှာ၊ ပို၍ပင် အားကောင်း လာမည် ဖြစ်သည်။

ရှဖုန်၏ ရောင်ဝါ သမုဒ္ဒရာသည် ပေ (၂၀၀၀၀) ရှိသင့်သည်။ ထို့ကြောင့် သူ့ အပေါ် ဖိနှိမ် နိုင်ခြင်း ဖြစ်၏။

လင်းယွန်က မတ်တပ် ထရပ် လိုက်ရာ၊ လေးလံသော ဖိအား တစ်ခု အန်းလျူယွင်တို့ နှစ်ဦးထံ ကျဆင်း လာသည်။

“ မင်းတို့ နှစ်ယောက် လုံးကို ... ၊ မေတ္တာ ရပ်ခံ ချင်တယ်။ ”

“ ဘာများလဲ အစ်ကို လင်း၊ ပြောပါ ။ ”

“ ငါ နောက် တစ်မျိုး ... ၊ သန့်စင်ချင် သေးတယ်၊ ဒါက ကြီးကြီး မားမား ရုန်းရင်း ဆန်ခတ် မှုတွေ၊ ဖြစ်လာ နိုင်တာမို့၊ ငါ့ကို ကာကွယ် ပေးနိုင် မလား။ ”

နတ်ရွှေကျီးကန်း သံသွေးကို သန့်စင်ရန် ရည်ရွယ် ထားခြင်း ဖြစ်သည်။ ဤလုပ်ငန်းမှာ အန္တရာယ် ရှိပြီး၊ သတိ မထားသော်၊ ခန္ဓာကိုယ် ကွဲသွားမည် ဖြစ်သည်။

မူလက နဂါး သွေးလွှတ်ကြော ရောက်မှ သာလျှင်၊ ၎င်းကို သန့်စင်ရန် ဖြစ်သော်လည်း၊ တောင်ပံ များအား ရှဖုန်မှ ဖျက်ဆီး ပြပြီး နောက်တွင်၊ စိတ်ကူးပြောင်း သွားသည်။

ရှဖုန် အထက်တွင်၊ ထိပ်တန်း ပါရမီရှင် များစွာ ရှိကာ၊ ကြယ်ကိုးပွင့် ရောက်ရှိ နေသည့် ဘီလူး များပင် ရှိသည်။

“ လွယ်လွယ် လေးပါ ... ၊ ကိုးလွှာ ဝိညာဉ်ရေး ပစီရင်ကို ... ၊ ငါ ခင်းပေးမယ် အစ်ကို လင်း။ ”

ရှောင်ယွင်မှ အစီရင် အတွက် ပြင်ဆင် နေစဉ်၊ အန်းလျူယွင်က သူ့ရင် နှစ်မွှာ ကြားကို နှိုက်ကာ၊ ကျောက်စိမ်းပြား တစ်ပြား ဆွဲထုတ် လိုက်သည်။

၎င်းသည် ကျောက်စိမ်း ဆွဲပြား တစ်ပြား ဖြစ်ပြီး၊ ပုံမှန် အခြေ အနေ၌၊ သူမ နှစ်မွှာကြား ပေါင်းစပ် နေမည် ဖြစ်သည်။

“ ဒါက ... ကောင်းကင် နှလုံးသား ကျောက်စိမ်း၊ အဆောင် ရတနာပဲ ... ၊ နတ်ရေခဲ မီးတောက် အမှုန် ပါတယ်၊ ဘာတွေပဲ ဖြစ်လာ- ဖြစ်လာ၊ သူ့က အသက် အတွက် ကာကွယ် ပေးတယ်။ ”

စကားဆုံး သည်နှင့် လင်းယွန် ဦးခေါင်းမှ လျှိုပြီး ဆွဲပေး လိုက်သည်။ ရင်ဘတ်နှင့် ထိကပ် လိုက်သော အခါတွင်၊ အေးစက်သော အထိ အတွေ့ကို ရရှိ လာ၏။

“ အစ်ကို လင်း ... အစီရင် ပြီးပြီ ... ၊ မင်း ဝင်တော့၊ အထဲမှာ မင်း ဘာတွေပဲ ... လုပ်လုပ်၊ ပြင်ပကို ပေါက်ထွက် လာမှာ မဟုတ်ဘူး၊ စိတ်ချ လက်ချ လုပ်ပါ။ ”

လင်းယွန်မှ ခေါင်းညိတ်လျက်၊ လှမ်းဝင် လိုက်ပြီး၊ နတ် ရွှေကျီးကန်း သံသွေးကို ထုတ်ယူ လိုက်သည်။

၎င်းသည် ကြမ်းရှသော မျက်နှာပြင် ရှိပြီး ရူရ်များဖြင့် ဖုံးအုပ် ထား၏။ နတ် ရွှေကျီးကန်း တစ်ကောင်၏ သွေး ဖြစ်သဖြင့်၊ တန်ဖိုးသည် နတ်နဂါး အရိုး များထက် မနိမ့်ချေ။

အသက် ပြင်းပြင်း ရှူလျက်၊ နတ် ရွှေကျီးကန်း သံသေွးကို၊ သူ့ရှေ့ လေဟာ နယ်၌ ဝဲပျံစေ လိုက်သည်။

ကြယ် စွမ်းအင်ကို ၎င်း အတွင်းသို့၊ သွန်းလောင်း သော အခါ၊ နတ် ရွှေကျီးကန်း သံသွေးက အရည်ပျော် လာသည်။

ရွှေရောင် အလင်း တန်းများ၊ တောက်ပ လာပြီး၊ နတ်ဘုရား ကဲ့သို့ ရောင်ဝါ ကြီး တစ်ခု ပေါက်ကွဲ တော့၏။

အတွင်း၌ ချော်ရည်ပူ များ ကဲ့သို့၊ ပွက်ပွက်ဆူ နေသော၊ အနီရောင် သေွး တစ်စက် ကို၊ မြင်လိုက် ရသည်။

များမကြာခင် မြေပြင် အနှံ့၊ မီးလျှံများ လောင်ကျွမ်း လာ၏။ ထို့ကြောင့် ကျောက်စိမ်း ပြား ထံမှ၊ အလင်းရောင် ဖျော့ဖျော့ ထွက်ပေါ် လာပြီး၊ ရေခဲ အမှေးပါး တစ်ခု သဖွယ်၊ သူ့အား ကာကွယ် ပေးသည်။

နတ် ရွှေကျီးကန်း သံသွေးကို၊ သူ့ ဆီသို့ ဖြည်းညှင်းစွာ ဆွဲယူလျက်၊ လေးနက်သော အမူ အရာဖြင့်၊ အသက် ပြင်းပြင်း ရှူလိုက် တော့၏။

***

All Chapters