← Chapters

သဘာဝ ကောင်းချီး။

Vol. 108 Ch. 1506

သဘာဝ ကောင်းချီး။

Vol. 108 Ch. 1506

ပွက်ပွက် ဆူနေသော နတ်ရွှေကျီးကန်း သံသွေးသည် မီးလျှံများ ကဲ့သို့ တောက်လောင် လာသည်။

နတ်ရွှေကျီးကန်း သံသွေး တစ်ခု ဖြစ်လာစေရန်၊ နှစ် ထောင်ပေါင်း များစွာ အချိန် ပေးရ၏။

နတ်ဘုရား သားရဲ ကောင်၏ သွေး တစ်စက်သည်၊ မြေဆီ လွှာမှ သတ္ထု ဒြပ်စင်ကို စုပ်ယူကာ၊ အစိုင်အခဲ ဖြစ်လာခြင်း ပေပင်။

ထို့ကြောင့် သတ္တုနှင့် သွေးအရည် နှစ်မျိုး ပါပြီး၊ သက်တမ်း ကြာမြင့် လာသော် ဉာဏ်ရည် ဉာဏ်သွေး ကိုပင်၊ မွေးဖွားပေး နိုင်မည်။

သူ့အရိုး များသည် မီးဖိုထဲ ထည့်ထား သကဲ့သို့၊ မြင့်မားသော အပူချိန် အောက်တွင်၊ နီရဲ လာ၏။

အတွင်း အင်္ဂါနှင့်၊ အရိုးများ အရည်ပျော် နေ သကဲ့သို့ ခံစား ရကာ၊ ပေ (၃၀၀၀၀) ကျယ်သော ရောင်ဝါ သမုဒ္ဒရာ၊ ဆူပွက် လာ တော့သည်။

ရွှေရောင် လှိုင်းများ ထလာပြီး၊ နဂါး ရူရ် (၈၀၀၀) အသက်ဝင် လာ၏။ ထို့ကြောင့် နတ် ရွှေကျီးကန်း သံသွေး၏ လောင်မြိုက် ခြင်းမှာ၊ ခန္ဓာ ကိုယ်ကို မဖျက်ဆီး နိုင်တော့ချေ။

နဂါး ရူရ် များက သွေး၊ အရိုးနှင့် အတွင်း အင်္ဂါ များကို အားကောင်း စေပြီး၊ ကြံခိုင်မှု တိုး စေသည်။

ထို့ကြောင့် နတ်နဂါး အရိုး မရှိသော လင်းယွန်၏ ခန္ဓာကိုယ်မှာ အားနည်းချက် ရှိ လေသည်။

လေးနာရီ ကုန်လွန် ပြီးနောက်၊ အအေး လှိုင်းတစ်ခုက ခန္ဓာကိုယ် အနှံ့၊ လျင်မြန်စွာ စီးဆင်း လာသည်။

အန်းလျူယွင်၏ ကောင်းကင် နှလုံးသား ကျောက်စိမ်း အဆောင်က၊ မျောလွင့် နေသော သူ့ စိတ်များ သတိပေး လာခြင်း ဖြစ်၏။

မဟုတ်သော် လုပ်ငန်းစဉ်၏ နာကျင်မှု ဒဏ်ကြောင့်၊ မည်မျှ ကြာကြာ မေ့မျောသွား မည်အား မသိချေ။

အသက် ပြင်းပြင်း ရှူလျက်၊ ခံစားချက် များကို ငြိမ်သက် လိုက်သည်။ ဤအချိန်၌ နတ် ရွှေကျီးကန်း သံမှာ၊ ရွှေရောင် အလင်း အဖြစ် ခန္ဓာကိုယ် အနှံ့သို့၊ ပေါင်းစပ် သွားသည်။

ထို့နောက် ရွှေကျီးကန်း အသွင် ပြောင်းလဲခြင်း ကိုးမျိုးကို၊ အသက် သွင်းရာ၊ ရွှေမှုန်များ သူ့ နောက်ကျော၌၊ ရေဝဲ အသွင် စုဝေး လာသည်။

“ အ ... ။ ”

မျက်လုံး မှိတ်ဆဲ အနေ အထားဖြင့်၊ ချွေးနှင့်သွေး ရောနှော ဖုံးလွှမ်း နေကာ၊ မြေပြင် ပေါ်သို့ လဲကျ သွား၏။

ပတ်ဝန်းကျင် တစ်ခုလုံး၊ မီးပင်လယ် အဖြစ်သို့ ပြောင်းလဲ လာသည်။ ၎င်းမှ လာသော အလင်းသည်၊ နေမင်းကြီး အလား စူးရှ လွန်း ပေ၏။

ဖြစ်စဉ် အပြင် ဘက်တွင်၊ အန်းလျူယွင်နှင့် ရှောင်ယွင် တို့မှာ တစ်စုံ တစ်ရာ မူ မမှန်သည်ကို ခံစားလိုက် ရသည်။

သူတော်စင် ဂီတသံ များကို ကြားရပြီး၊ ဝိညာဉ် ရေးရာ အစီရင် အတွင်းမှ ရွှေရောင် အလင်း များကို၊ မြင်တွေ့ နိုင်၏။

သွေးသား စွမ်းအင်များက မိုးနှင်း အဖြစ် တဖွဲ့ဖွဲ့ ရွာကျ လာသည်။ မကြာမီ ထိုမိုးကြောင့် မြေကြီး ပေါ်၌၊ ဆေးဘက်ဝင် အပင် မျိုးစုံ ပေါက်လာ၏။

“ ဘာ ... ဘာဖြစ် နေတာလဲ။ ”

အန်းလျူယွန်မှ မိုးနှင်း များကို လက်ဖြင့် ခံယူကာ ရေရွတ် လိုက်သည်။

“ မွန်မြတ်တဲ့ သားရဲ တစ်ကောင် မွေးဖွား လာတဲ့ အချိန်မှာ ... ၊ ဖြစ်ပေါ် လာတဲ့၊ သဘာဝ ကောင်းချီး မျိုးပဲ၊ အစ်ကိုလင်း ဘာများ သန့်စင် နေတာ ပါလိမ့်။ ”

ရှောင်ယွင်က အံ့သြသော လေသံဖြင့် ပြောသည်။ သို့သော် ရုတ်တရက် သူ့မျက်နှာပြောင်းသွားပြီး၊

“ မကောင်း တော့ဘူး။ ”

-ဟု အော်ဟစ် လိုက်၏။

ဤနေရာသည် ဝေးလံ ခေါင်ဖျားသော ကန္တာရ တစ်ခု ဖြစ်သည်။ အနားတွင် မည်သူမျှ မရှိနိုင် သော်လည်း၊ သားရဲများ ရှိ၏။

သဘာဝ ကောင်းချီးကြောင့် ကန္တာရ သားရဲပေါင်း မြောက်များစွာ စုရုံး လာခြင်း ဖြစ် သည်။

၎င်းတို့ အတွင်း ကြယ်ရှစ်ပွင့် ကျွမ်းကျင် သူနှင့် နှိုင်းယှဉ် နိုင်သော သားရဲများ ပါရှိကာ၊ ကြယ်ကိုးပွင့် အဆင့် အချို့ပင် ရှိနေသည်။

“ အခုမှ ... ဒုက္ခပဲ။ ”

“ တိုက် ရ အောင် ... ။ ”

အန်းလျူယွင်က ပြတ်ပြတ် သားသား ပြောလိုက်သည်။ ပိုးပုဝါစ တစ်ထည်က လျှပ်စီး ကဲ့သို့ ပြေးထွက် သွားပြီး၊ သားရဲ တစ်ကောင်ကို အပိုင်းပိုင်း ခွဲပစ် လိုက်၏။

ကျင့်ကြံမှု တူညီ သော်မှ၊ အုပ်စိုးရှင် အဆင့် သားရဲ မဟုတ်သော်၊ လူသား ကျင့်ကြံသူ များကို ဘက်ပြိုင် မတိုက် နိုင်ချေ။

ရှောင်ယွင်မှာ၊ အချိန်တိုင်း ပေါ့ပျက်ပျက် နိုင်နေ သော်လည်း၊ သူ လှုပ်ရှားသော အခါတွင် အန်းလျူယွင် ထက်ပင် ပို၍ ရက်စက်သည်။

သို့သော် နတ်ဆိုး သားရဲ များမှာ၊ များပြား လွန်း သဖြင့်၊ တိုက်ပွဲ အတွင်း လက်ပန်း ကျလာ တော့သည်။

သဘာဝ ကောင်းချီးသည် ခြောက်နာရီ အကြာ၌ ရပ်တန့် သွား၏။ ရွှေကျီးကန်း သံသွေး အမှုန် များက၊ သူ့ ကျောတွင် စုရုံး လာသည်။

“ ခရစ် ... ။ ”

ကျောပြင်၌ တောင်ကြီး တစ်လုံးကို ထမ်းထားရ သကဲ့သို့၊ လေးလံ လာတော့၏။ ထိုစဉ် အက်ကွဲသံ ထွက်လာကာ၊ ကျောပြင် ကွဲလျက် သွေးများ ယိုစီး လာသည်။

ထိုအက်ကွဲရာ အတွင်းမှ၊ ရွှေရောင် အတောင်ပံ တစ်စုံ တိုးထွက် လာ၏။ မျက်နှာမှာ နီရဲ နေပြီး၊ မျက်ဆန် အတွင်း၌၊ မီးလျှံများ တောက်လောင် နေသည်။

“ ဟိတ် ... ။ ”

ရွှေကျီးကန်း တောင်ပံများ ဖွဲ့စည်း ပြီးသည်နှင့်၊ မြေပြင်ကို အားယူကာ လေထဲသို့ ခုန်တက်လျက်၊ အတောင်ပံ များကို ဆန့်ထုတ် လိုက်သည်။

“ ဖရူး ... ။ ”

ရွှေကျီးကန်း တောင်ပံ များသည် ပေသုံးဆယ် နီးပါး ရှည်လျားပြီး၊ နေမင်း ကဲ့သို့ စူးရှစွာ တောက်ပ နေ၏။

အမွေး အတောင် တစ်ခုစီ တိုင်း၌၊ သတ္တု ဂုဏ်သတ္တိများ ပါရှိပြီး၊ အလင်း ဖျော့ဖျော့ အချို့ ပြေးလွှား နေသည်။

ယင်းမှာ နတ်ရွှေကျီးကန်း သူတော်စင် မီးတောက် ဖြစ်ပြီး၊ အမွေး အတောင် တိုင်း၌ သူတော်စင် ရူရ်များ ပါရှိသည်။

ထို့ကြောင့် အတောင်ပံ တစ်စုံတွင်၊ သူတော်စင် ရူရ် (၂၀၀၀၀) ကျော် လေသည်။ တစ်နည်း ဆိုရသော် မွေးဖွား ခါစ၊ အတောင်ပံ တစ်စုံသည်၊ ရူရ် (၂၀၀၀၀) သူတော်စင် လက်ရာနှင့် ညီမျှ ပေ၏။

“ ဖ ရူး ... ။ ”

အတွေး တစ်ချက်ဖြင့်၊ ရွှေရောင် အလင်းတန်း တစ်ခု အသွင် ပြောင်းလဲကာ၊ ရှေ့ တူရှု အရပ်သို့၊ ရွေ့လျား သွားမိသည်။

လိုရာသို့ ရောက်သွား သည့်တိုင်၊ မူလ ရပ်နေသော နေရာ၌၊ ရွှေရောင် လူရိပ် တစ်ရိပ် စွဲထင် နေဆဲ ဖြစ်၏။

“ ဘယ်လောက် တောင် မြန်လိုက်လဲ။ ”

ယခင်ထက် အဆပေါင်း များစွာ ပိုမြန် လာသည်။ မယုံ နိုင်စရာ ပေပင်။ သည့်နောက် အတောင်ပံ ထဲသို့၊ ကြယ်စွမ်းအင်များ လောင်းထည့် လိုက်သည်။

ရွှေကျီးကန်း တောင်ပံ များက၊ ဓားသွား နှစ်လက် အလား ထက်ရှမှုများ ပေးစွမ်း လာပြီး၊ သူတော်စင် ရူရ်ပေါင်း (၂၀၀၀၀) လင်းလက် လာသည်။

ရူရ်အရေ အတွက် ပို၍ အသက်ဝင် လာသည်နှင့် အမျှ၊ ရွှေရောင် အလင်း များက သူ့အား ဖုံးကွယ် သွားတော့၏။

“ ခရစ် ... ။ ”

“ ဝုန်း ... ။ ”

ဝိညာဉ်ရေး အခင်း အကျင်းကို ထိုအတောင်ပံ များဖြင့်၊ ခွဲလျက် ထိုးထွက် လိုက်သည်။

ထိုရုန်းရင်း ဆန်ခတ် ဖြစ်မှုသည် နတ်ဆိုး သားရဲ များနှင့် တိုက်နေသည့်၊ အန်းလျူယွင်တို့ ကိုပင်၊ သတိထား မိလာ စေသည်။

“ ဝှစ် ... ။ ”

ရွှေရောင် လူသား တစ်ယောက် အလား၊ လေထု အလယ် တောက်ပစွာ ရပ်လျက်ဖြင့်၊ လင်းယွန်ကို တွေ့လိုက် ရ၏။

“ ဝှစ် ... ။ ”

၎င်းက ရိပ်ခနဲ အန်းလျူယွင် ရှေ့ ရောက်လာပြီး အတောင်ပံ များကို ခေါက်လျက်၊ ကာကွယ် ပေး လိုက်သည်။

“ ထန် ... ထန် ... ။ ”

ခုန်ဝင် လာသော၊ ကြယ်ရှစ်ပွင့် သားရဲ နှစ်ကောင် ခမျာ၊ ရွှေတောင်ပံ များဖြင့် တိုက်မိ ပြီးနောက်၊ ပြန်၍ လွင့်စဉ် သွားတော့သည်။

“ ရွှပ် ... ။ ”

ထို့စဉ် ရွှေတောင်ပံ တစ်စုံက ပြန်၍ ပွင့်လာကာ၊ ဓားအလား သူတို့ နှစ်ကောင်ကို လေထဲ ၌ပင်၊ ထက်ခြမ်း ခွဲ ပစ်သည်။

ရှောင်ယွင်မှာ ထိတ်လန့် သွား၏။ ဤသည်မှာ ကြယ်ရှစ်ပွင့် နတ်ဆိုး သားရဲများ ဖြစ်သည်။

တိုက်ပွဲဝင် စွမ်းအား အရာ၌ လူသား ကျင့်ကြံသူ များကို မမီ သော်လည်း၊ မာကြော မှုချင်း ယှဉ်ပါက၊ ပြိုင်ဘက် ကင်းချေပြီ။

သို့တိုင် ရွှေတောင်ပံ များက တစ်ချက် တည်းဖြင့်၊ ထက်ခြမ်းခွဲ ပစ်နေ၏။ ကြောက်စရာ ကောင်းလှ သည်။

တစ်ချိန်တည်း မှာပင် ထိုလင်းယွန်သည် ညီအစ်ကို များထက်၊ အမျိုးသမီး တစ်ဦး အပေါ်၊ ပို၍ အလေး ထားကြောင်း သိရှိလိုက် ရသဖြင့်၊ စိတ်ပျက် လာမိသည်။

သူ့ရှေ့ရှိ ကြယ်ကိုးပွင့် သားရဲ များထံ ကြည့်ကာ၊ တိုက်ပွဲ အပေါ် အာရုံ စိုက်လိုက် တော့၏။ အန်းလျူယွင်နှင့် ယှဉ်သော်၊ သူက ပို၍ ခက်ခဲသော အနေ အထားတွင် ရှိသည်။

ထိုအချိန်တွင် လင်းယွန်က အလင်းတန်း အသွင် ပြောင်းလဲ ပစ်ကာ၊ ကြယ်ရှစ်ပွင့် သားရဲ တစ်ကောင်ကို အပိုင်းပိုင်း ခွဲလိုက် ပြန်သည်။

ဤနည်းဖြင့် ကြယ်ရှစ်ပွင့် နတ်ဆိုး သားရဲ (၂၁) ကောင်ကို၊ မျက်စိ တစ်မှိတ် အတွင်း သတ် ပစ် လိုက် တော့၏။

“ ဘောင်း ... ။ ”

နဂါး နေ-လ ထီးအား ဆင့်ခေါ်လျက်၊ ရှောင်ယွင် အနား ရောက်လာ၏။ နဂါး ရူရ်များ လောင်းထည့် လိုက်ပြီး၊ ကြယ်ကိုးပွင့် နတ်ဆိုး သားရဲထံ လှမ်းထိုး လိုက်သည်။

“ ဝှစ် ... ။ ”

ထိုမြင်ကွင်းကြောင့် ကျန် ကြယ်ကိုးပွင့် နတ်ဆိုး သားရဲ နှစ်ကောင်မှာ၊ တစ်ချိုးတည်း လစ်ပြေး သွား တော့သည်။

ရုတ်တရက် အတွေးများ ဝင်ရောက် လာသဖြင့်၊ ရွှေကျီးကန်း တောင်ပံ များနှင့် လက်ထဲရှိ ထီးကို ကြည့်လိုက်သည်။

အဝတ် အစားရှိ၊ သာမာန် ဝိညာဉ်ရေး အစီရင်သည်၊ ရွှေတောင်ပံကြောင့် ပြဲနေသော နေရာကို၊ ပြန်လည် ပြုပြင် ပေးသည်။

ဤအချိန်၌ ထီးကို ဖွင့်ရန် စမ်းကြည့်ချင် လာ၏။ သည်ထီးတွင် နေ၊ လ၊ မြစ်၊ တောင်၊ နဂါးနှင့် ကြယ် တစ်လုံး၏ အနှစ် သာရကို ရေးထွင်း ထားသည်။

ထို့ကြောင့် ၎င်းအား ဖွင့်လိုက် ချိန်၌ ကမ္ဘာသစ် တစ်ခု အတွင်း၊ ဝင်ရောက်မိ သကဲ့သို့၊ ခံစား ရနိုင်မည်။

“ အစ်ကို လင်း၊ မင်း ... မင်း ဘာကို သန့်စင် လိုက်တာလဲ။ ”

ရှောင်ယွင်က တုန်လှုပ် စွာဖြင့် မေးလာသည်။

“ နတ် ရွှေကျီးကန်း သံသွေး။ ”

“ ဒါကို သခင်လေး လင်း ... ၊ ဘယ်က ရလာ တာလဲ။ ”

မိစ္ဆာ ဂိုဏ်း (၇) ဂိုဏ်း၏၊ တပည့်ကြီး များပင်၊ ထိုသို့သော ရတနာမျိုး ပိုင်ဆိုင်မည် မဟုတ် သောကြောင့်၊ အန်းလျူယွင်မှ အံ့သြ သွားခဲ့သည်။

၎င်း၏ တန်ဖိုးသည်၊ နတ်နဂါး အရိုးထက် လုံးဝ နိမ့်ကျခြင်း မရှိချေ။ သူတော်စင် တစ်ပါး ၏ သားမြေး ဖြစ်သော်မှ၊ ပိုင်ဆိုင်ရန် အခွင့် အရေး နည်းချေပြီ။

“ ကောင်းကင် တပည့် ဖြစ်လာတော့ ... ၊ ငါ့ကို ဂိုဏ်းချုပ်က ပေးခဲ့တဲ့ လက်ဆောင်ပါ။ ”

သည့်နောက် အန်းလျူယွင်၏ ကောင်းကင် နှလုံးသား ကျောက်စိမ်း အဆောင်ကို ဖြုတ်ကာ ပြန်ပေး လိုက်သည်။

အန်းလျူယွင်က လက်ခံ ယူလိုက်ပြီး၊ လည်ပင်းမှ ပြန်လျှို ဆွဲကာ၊ ရင်နှစ်မွှာ ကြားသို့ တင်လိုက်စဉ်၊ ကျောက်စိမ်း ပြားက ပျော်ဝင် ပျောက်ကွယ် သွား၏။

ထို့စဉ် ကျောက်စိမ်းတုံး တစ်တုံးကို ထုတ်ကာ၊ နဖူးတွင် တင်လျက်၊ အန်းလျူယွင်က မျက်စိ မှိတ်ကျ သွားသည်။

ယင်းက တစ်စုံ တစ်ဦး ထံမှ သတင်း စကားများ ခံယူ နေခြင်း ဖြစ်၏။ မျက်စိ ပြန်ဖွင့် လာသော အခါ၊ မျက်နှာ အမူ အယာ ပြောင်းလဲ သွားသည်။

“ မိစ္ဆာဂိုဏ်း (၇) ဂိုဏ်းက ... ၊ နဂါး သွေးမိစ္ဆာ အလောင်းကောင် တွေကို၊ ကိုင်တွယ် ဖြေရှင်းဖို့ နည်းလမ်း ရှာနေတယ်၊ ဒါကြောင့် ပထမ သံတမန်က ... ငါတို့ ကိုလည်း၊ စုဝေး စေလို နေတယ်။ ”

***

All Chapters