ထျန်းကျွယ် (၁)။
Vol. 108 Ch. 1507
နဂါး သင်္ချိုင်း တောင်ကြားသည် နဂါး အကြွင်းအကျန် နယ်မြေ၏ အလွန် အန္တရာယ် များသော နေရာ ဖြစ်သည်။
သို့သော် ထိုနေရာတွင် ရတနာများ အများအပြား ရှိနေ သည်မှာ သံသယ ဖြစ်စရာ မလိုချေ။ နတ်နဂါး အရိုးကို ထိုနေရာတွင် တွေ့ရှိ နိုင်သည်။
“ ခုက စမ်းသပ်မှုကို ... ၊ ဖျက်သိမ်း ထားလိုက်ပြီ ဆိုတော့ ... သံတမန် တွေနဲ့ ခရီး သွားဖို့ လိုအပ် သေးလို့လား။ ”
ရှောင်ယွင်က အန်းလျူယွင်ထံ ကြည့်ကာ မေးမိသည်။ သူသည် အခြား သံတမန် များကို စိတ်မဝင် စားချေ။
ဤသို့ အမိန့် ဆန်သော စကားကို လိုက်နာရန်၊ မလိုဟု ထင်သည်။ သူ ဟူသည်၊ အန်းလျူယွင် နှင့်သာ အလုပ် လုပ်ခြင်း ဖြစ်သည်။
“ အကြွင်း အကျန် ကြယ်နယ်မြေ ထဲကို မဝင်ခင်မှာ၊ အကြီးအကဲ တွေက ငါတို့ကို ပထမ သံတမန် စကား နားထောင်ဖို့ မှာလိုက်တယ်၊ ငါတို့ အချင်းချင်း ...
... တိုက်လို့ မရဘူး၊ နင့်မှာ နဂါး သင်္ချိုင်း တောင်ကြားကို စိတ်မဝင်စား ရင်တော့ နေခဲ့လို့ ရပါတယ်။ ”
အန်းလျူယွင်မှ ပြန်ဖြေ၏။
“ အဲ့ဒါမှ ဒုက္ခပဲ။ ”
ရှောင်ယွင်က သူ့ နဖူးကို ဖိနှိပ်ကာ ၊ ညည်းညူ လိုက်သည်။
“ မိစ္ဆာဂိုဏ်း ခုနစ် ဂိုဏ်းက၊ နဂါး သွေးမိစ္ဆာ အလောင်းကောင် တွေကို၊ ဘယ်လို ကိုင်တွယ် ဖြေရှင်းဖို့ စီစဉ်ထားလဲ။ ”
နဂါး သွေးမိစ္ဆာ အလောင်း များနှင့် ကိုယ်တိုင် ကိုယ်ကျ တိုက်ခိုက်ခဲ့ ဖူး သဖြင့်၊ လင်းယွန်က စိတ်ဝင်စား သွားသည်။
“ အတိ အကျ ဘာမှ ပြော မထားဘူး၊ ခန္ဓာကိုယ် သန့်စင်တဲ့ နည်းစနစ်ကို လေ့ကျင့် ထားတဲ့ သူတွေက၊ နဂါး သွေးမိစ္ဆာ အလောင်း ကောင် တွေကို ဖြေရှင်း နိုင်တယ် လို့ပဲ ပြောတယ်၊ ...
... တခြား ဧည့်သည် တွေကို လျစ်လျူရှု ထားနိုင် ပေမယ့်၊ ခန္ဓာ ကိုယ်သန့်စင် ထားတဲ့ ကျင့်ကြံသူ ပါလာရင်၊ မဖြစ် မနေ ခေါ်လာ ရမယ်တဲ့။ ”
အန်းလျူယွင်က လင်းယွန်ထံ ပြန်ကြည့်ပြီး၊ ဖြေသည်။ လင်းယွန်မှ နဂါး မိသားစု ခန္ဓာကိုယ် သန့်စင်သည့် နည်းစနစ်ကို လေ့ကျင့် ထားမှန်း သိသည်။
“ ဒါဆို အစ်ကို လင်းက ဒီသွေးမိစ္ဆာ အလောင်းကောင် တွေကို ကိုင်တွယ် ဖြေရှင်း နိုင်တာလား။ ”
“ ငါ မသိဘူး။ ”
ရှောင်ယွင် စကားကို လင်းယွန်မှ ပြန်ဖြေသည်။ ပထမ တိုက်ပွဲတွင် နက္ခတ်များကို အသုံး ပြုကာ၊ အနိုင်ယူ ခဲ့ခြင်း ဖြစ်သည်။
“ ဒါဆို ဘာလဲ ... ။ ”
“ ဟိုရောက်ရင် သိလိမ့်မယ်။ ”
အန်းယျူယွင်က ပြန်ဖြေ၏။ ထို့နောက် ကျောက်စိမ်း စလစ် တစ်ချောင်း ထုတ်ယူပြီး၊ နဖူးပေါ် တင်ကာ၊ လူ အချို့ကို ဆက်သွယ် တော့သည်။
များ မကြာခင် အကြီး အကဲ ချန်၊ စန်းကျွယ်နှင့် အခြား သူများ ပျံသန်း ရောက်ရှိ လာ၏။
၎င်းတို့မှာ နဂါး အကြွင်း အကျန် ကြယ်နယ်မြေကို ဝင်ရောက်စဉ် ကထက်၊ ပို၍ သန်မာ နေသည်။
အချိန် အတော်ကြာ သည့်တိုင်၊ ချန်ရန်မှာ ပေါ်မလာ သဖြင့်၊ တစ်နေရာ ရာ၌ သေဆုံးသွား ပြီ ဖြစ်ကြောင်း၊ ယူဆ လိုက်သည်။
ထို့နောက် အန်းလျူယွင်က ဖြစ်ပျက် နေသည့် အရာ များကို၊ အတိုချုံး ရှင်းပြ ပေး လိုက်သည်။
နဂါး သင်္ချိုင်း တောင်ကြား တစ်နေရာတွင်၊ နဂါး စောင့်ကြည့်ရေး တောင်တန်းဟု၊ ခေါ်သော တောင် တစ်လုံး ရှိသည်။
တောင်သည် ခမ်းနား ထည်ဝါခြင်း မရှိ သော်လည်း၊ နဂါး သင်္ချိုင်း တောင်ကြား တစ်ခု လုံး အပေါ်၊ စီးမိုးမြင် ရပေ၏။
တောင်ကြား အဝင် လမ်းတွင်၊ သွေးများ ဖုံးလွှမ်းနေသော လှေကားများ ရှိပြီး၊ အလောင်း အကြွင်း အကျန် များဖြင့်၊ ပြည့်နှက် နေသည်။
မိစ္ဆာ ဂိုဏ်း (၇)ဂိုဏ်း အချင်းချင်း၊ တိုက်ခိုက်ပွဲ ဖြစ်ပွား ထား သောကြောင့်၊ လူ များစွာ သေဆုံး ကြသည်။
ကြယ်ခန်းမ၏ သံတမန် အားလုံး၊ နဂါး စောင့်ကြည့်ရေး တောင်တန်း ပေါ်တွင်၊ စုဝေး နေ၏။
သူတို့ နောက်တွင်၊ ခန္ဓာကိုယ် ထူးခြား သန်စွမ်းသော ကျွမ်းကျင်သူများ ရပ်နေသည်။ နတ်မိစ္ဆာ မျိုးဆက် သွေး ရှိသော တင်းလီပင်၊ လင်းယွန်၏ ရုပ်ခွန်အားကို ယှဉ်၍ မရချေ။
ထို့ကြောင့် လင်းယွန်၏ အကြည့် များမှာ၊ ၎င်းတို့အား လျစ်လျူရှုလျက်၊ သံတမန် များထံ ကျရောက် သွားသည်။
ကြယ်ခန်းမ၏ အခြေခံ အုတ်မြစ်သည်၊ အနည်းငယ် အားနည်း နေပြီး၊ အများစုမှာ ရှဖုန် ကိုပင်၊ ရင်ဆိုင် နိုင်မည် မဟုတ်ချေ။
တစ်ဖက်တွင် ရှဖုန် ဟူသည် ငရဲ ကမ္ဘာ ခန်းမ၏ အဆင့်(၆) နေရာ ၌သာ ရှိပြီး၊ သူ့ရှေ့ တွင် သန်မာသူ (၅) ဦး ရှိနေ သေးသည်။
လူတိုင်းသည် သူတို့ ကဲ့သို့ပင်၊ နဂါး သွေးမိစ္ဆာ အလောင်းကောင် များကို မည်သို့ ဖြေရှင်း ရမည်အား သိပုံ မရ ကြချေ။
“ ပထမ သံတမန် ... ပြောတာ စောင့်ပါ၊ သူက ... နဂါး သင်္ချိုင်း တောင်ကြား အကြောင်း၊ ငါ တို့ထက် ပိုသိတယ်။ ”
အန်းလျူယွင်က ရွှေရောင် ချပ်ဝတ်နှင့် လူငယ်ထံ လှမ်းကြည့်ကာ၊ လင်းယွန်ကို ပြော လာသည်။
“ ပထမ သံတမန် နာမည်က ဘယ်သူလဲ။ ”
“ ထျန်းကျွယ် ... ၊ သူက ငါတို့ ကြားမှာ အသန်မာဆုံးပဲ၊ အခြား ဂိုဏ်းရဲ့ တပည့်ကြီး တွေနဲ့ ယှဉ်နိုင်တယ်။ ”
ထိုအဖြေ စကားကို ကြားသော အခါ လင်းယွန်က အတွေးနက် သွားသည်။ အခြား ဂိုဏ်းများ၏ တပည့် ကြီးများ မည်မျှ သန်မာ သည်ကို၊ သူ မသိချေ။
ရှဖုန်ထက် သန်မာ မည်မှာ သေချာ၏။ ကမ္ဘာဦး နတ်ဆိုး သန့်စင်ခြင်း သစ်သီးအား၊ သန့်စင် ထားခြင်း မရှိက၊ ၎င်တို့ကို ဝှက်ဖဲ သုံးမှသာ အနိုင်ယူ နိုင်ပေမည်။
“ ထျန်းကျွယ် အပါ အဝင်၊ ထိပ်တန်း သံတမန် ငါးပါးကို သတိထား ရမယ်၊ သူတို့က ရှဖုန်အောက် မရောက်ဘူး၊ တချို့က ပိုတောင် သန်မာ သေးတယ်။ ”
ဤတစ်ကြိမ်၌ အန်းလျူယွင်က သတိထားလျက်၊ အသံကို ပေးပို့ လာသည်။
“ ခန္ဓာကိုယ် သန့်စင် ထားတဲ့ ကျင့်ကြံ သူတွေ အားလုံး ထွက်လာပြီး ... ၊ မင်းတို့ကို ကြည့်ခွင့် ပြုပါ။ ”
ထျန်းကျွယ် အသံက ခေါင်းလောင်း သံ ကဲ့သို့၊ စူးရှစွာ ထွက်ပေါ် လာ၏။ ထို့ကြောင့် ဧည့်သည် ခန္ဓာကိုယ် ကျင့်ကြံသူ များက ခြေလှမ်း ပြင်လိုက် ကြသည်။
၎င်းတို့ အနက် အန်းလျူယွင် ခေါ်ဆောင် လာသော တင်းလီမှာ ရှေ့သို့ ဦးစွာ လှမ်းတက် လိုက်သည်။
ထျန်းကျွယ်မှာ သန်မာ သဖြင့်၊ ၎င်းထံမှ အသိအမှတ် ပြုမှုကို ရယူ လိုကြောင်း၊ မည်သူ မဆို ပြော နိုင်၏။
***