ထျန်းကျွယ် (၂)။
Vol. 108 Ch. 1508
လင်းယွန်က အန်းလျူယွင် နားတွင် ရပ်လျက် ထွက်မလာ ခဲ့ချေ။ သည်တာဝန် အပေါ် သံသယရှိ နေတုန်း ပေပင်။
လူ ဆယ်ယောက်၊ ထျန်းကျွယ် ရှေ့၌ မတ်တပ် ရပ်နေသည်။ ရုတ်တရက် ထျန်းကျွယ် မှ လက်ဖဝါး တစ်ချက် သူတို့ထံ၊ ရိုက်ထုတ် လိုက်သည်။
“ ဝှစ် ... ။ ”
လက်ဖဝါး လှိုင်းကြောင့်၊ ပတ်ဝန်းကျင် လေထု တစ်ခုလုံး၊ တုန်လှုပ် လာသည်။ ထိုလှိုင်း အောက်တွင် လူ လေးယောက်မှ လွဲ၍၊ ကျန်သူ အားလုံး ဒူးထောက် ကုန်၏။
မတ်တပ်ရပ် ကျန်ရစ်ခဲ့ ကြသော၊ လေးယောက် သည်ပင်၊ ကြောက်လန့် တကြား ဖြင့်၊ နှလုံးခုန်သံ မြန်လာသည်။
“ ဒီလောက် လေးနဲ့၊ မင်းတို့ကိုယ် မင်းတို့ ခန္ဓာကိုယ် သန့်စင်တဲ့ ကျင့်ကြံသူ အဖြစ်၊ ပြောဝံ့ သလား ... ဟမ့်၊ ထွက်သွား ကြစမ်း။ ”
ထျန်းကျွယ်က အထင် သေးသော အကြည့်ဖြင့် ဟိန်းဟောက် သည်။ ထို့ကြောင့် ဒူးထောက် နေသူ များမှာ၊ အမြန် ထရပ်ကာ ရှက်ရွံ့ စွာဖြင့်၊ နောက်ပြန် ဆုတ်မိ ကြသည်။
ကျန်ရစ်သူ လေးယောက်တွင် အရပ် နှစ်မီတာ အမြင့် ရှိပြီး၊ အေးစက်သော အကြည့် ပိုင်ရှင်မှာ ကျင်းအော် ဖြစ်၏။
ဒုတိယ တစ်ယောက်မှာ၊ ဟွမ်ခွန်ဟု အမည်ရပြီး၊ အသက် ငါးဆယ်ကျော် အရွယ် လူလတ်ပိုင်း တစ်ဦး ဖြစ်သည်။
တတိယ တစ်ဦးမှာ အဖိုးအို ဖြစ်၏။ ရုပ်ရည်အရ ကြမ်းတမ်း ခက်ရော်ပြီး၊ အမည်မှာ ချန်ရှုဟိုင် ဖြစ်သည်။
နောက်ဆုံး တစ်ဦးမှာ၊ သဘာဝ အတိုင်း တင်းလီ ဖြစ်ကာ၊ သူ့နတ်မိစ္ဆာ သွေးသားကြောင့် ဤလေးယောက် ကြားတွင်၊ ထျန်းကျွယ် ထံမှ လက်ဖဝါးကို အလွယ် တကူ ခံယူ နိုင်ခဲ့သည်။
“ မလုံ လောက်သေးဘူး ... ။ ”
ထျန်းကျွယ်အ လူအုပ်ထံ ပြန်၍ ဝေ့ကြည့်ကာ လင်းယွန်ကို မြင်သော အခါတွင် ရပ်တန့် သွားသည်။
“ မင်း ... ၊ ထွက် လာ ခဲ့။ ”
“ ထျန်းကျွယ် ... ၊ သူက ဓားသမားပဲ၊ ခန္ဓာကိုယ် သန့်စင်တဲ့ ... လူ မဟုတ်ဘူး။ ”
အန်းလျူယွင်မှ ဝင်ပြော ပေးသည်။ သူမ ဟူသည် သံတမန် ဆယ့်သုံးပါး အနက်၊ တစ်ဦး တည်းသော အမျိုးသမီး ဖြစ်ပြီး၊ လျှို့ဝှက်သော နောက်ခံ ရှိသည်။
ချမ်းသာ ကြွယ်ဝမှုကြောင့်၊ မိစ္ဆာ ကျင့်ကြံ သူတိုင်း သူမနှင့် ဆက်ဆံရေး ကောင်းမွန်ရန် ကြိုးစား ကြသည်။
ထိပ်တန်း (၅) နေရာရှိ၊ သံတမန်များ ပင်လျှင်၊ သူမအား နှိမ့်ချ ကြည့်ဝံ့ခြင်း မရှိပေ။ သို့သော် ထျန်းကျွယ်မှာ ဂရု မစိုက်ဘဲ၊
“ သူ ... ထွက် မလာရင်၊ မင်း လာခဲ့ ... ။ ”
-ဟု ပြောလိုက်သည်။
“ ငါ တစ်ယောက် ထည့်ပေး ထားတယ်လေ။ ”
အန်းလျူယွင်က အလိုမကျ ဟန်ဖြင့် ချက်ချင်း တုန့်ပြန် မိ၏။
“ သူ ဒါမှမဟုတ် ငါ ... ၊ မင်း ဘယ်သူ့ကို ရွေးမလဲ။ ”
ထျန်းကျွယ်က တင်းလီကို လှည့်ကြည့်ပြီး မေးလိုက်သည်။
“ ပထမ သံတမန်ကို ရွေးပါတယ်။ ”
တင်းလီမှ ချက်ချင်း ပြန်ဖြေ လာ၏။ ထိုစကားက အန်းလျူယွင်အား မျက်နှာမည်း သွား စေသည်။ တင်းလီမှ ဤသို့ သစ္စာ ဖောက်လိမ့် မည်ဟု မထင် ခဲ့ချေ။
လင်းယွန်က သက်ပြင်း ချလိုက် ပြီးနောက် ခြေလှမ်း ကျဲကျဲနှင့် လှမ်းထွက်ကာ၊ လင်းတျန် ဟု သူ့ကိုယ်သူ မိတ်ဆက် သည်။
ထိပ်တန်း ငါးဦးတွင်၊ အဆင့် သတ်မှတ် ခံထား ရသော သံတမန် များမှာ သန်မာ ပေ၏။ သူသာ မထွက်က အမှန်ပင်၊ အန်းလျူယွင်ကို ဆွဲထုတ်သွား နိုင်မည်။
“ မင်း တို့ကို ခေါ်ရတဲ့ ... ၊ အဓိက အကြောင်းရင်းက၊ နဂါး သွေးမိစ္ဆာ အလောင်း ကောင် တွေကို၊ မင်းတို့ ကိုင်တွယ်နိုင် လို့ပဲ၊ ဒါကြောင့် ဒီတောင်ကြားက ...
... ရတဲ့ ရတနာ တစ်ဝက်ကို၊ မင်းတို့ ယူနိုင်တယ်၊ နဂါး အကြွင်း အကျန် နယ်မြေက ထွက်တဲ့ အခါ၊ သူတို့ကို ခွဲပေး စရာ မလိုဘူး။ ”
ထိုစကားကို ကြားသော အခါ လူတိုင်း လှုပ်လှုပ် ရွရွ ဖြစ်လာ၏။ လင်းယွန် သည်သာ မတုန် မလှုပ်ဖြင့်၊
“ နဂါး သွေးမိစ္ဆာ ... အလောင်း ကောင် တွေကို၊ ဘယ်လို ဖြေရှင်း ရမှာလဲ။ ”
-ဟု မေးမိသည်။
“ တိတ်စမ်း ... ၊ အစ်ကိုထျန်း အပေါ်၊ မေးခွန်း ထုတ်ဖို့၊ မင်းမှာ အရည် အချင်း ရှိတယ် လို့ ... ၊ ထင် နေလား။ ”
ဒုတိယ သံတမန်က၊ ထျန်းကျွယ် အစား အေးစက်စွာ အော်ငေါက် လာသည်။ ယင်းက သူ့ ထင်ကြေးကို အတည်ပြုရာ ရောက်သဖြင့် လင်းယွန်က ဆက်မမေး တော့ချေ။
“ နဂါး သင်္ချိုင်း တောင်ကြားကို ရောက်ရင် ဘာလုပ် ရမလဲ ... ၊ မင်း သိမှာပါ။ ”
ထျန်းကျွယ်က လင်းယွန် မေးခွန်းကို လျစ်လျူရှုကာ သူ့လက်အား ဝှေ့ယမ်း လိုက်ပြီး၊
“ သူတို့ကို ... ၊ သူတော်စင် ချပ်ဝတ် ပေးလိုက် ... ။ ”
-ဟု အမိန့်ပေး လာသည်။
သူ့ နောက်တွင် ရပ်နေသော လူ အချို့က၊ ခမောက်၊ ပခုံးကာ၊ လက်ရုံးကာ၊ ဒူးကာ၊ ဖိနပ် စသည့် ခေါင်းအစ၊ ခြေ အဆုံး သူတော်စင် ချပ်ဝတ်များ ကမ်းပေးလာ ကြသည်။
ယင်းက နေရာလွတ် မကျန်အောင် ကာကွယ်ပေး၏။ သူတော်စင် မီးနဂါး ချပ်ဝတ်ရှိ ရူရ် အားလုံး ပေါင်းသော်၊ (၂၀၀၀၀) ကျော် လေသည်။
“ ဒါကို ... မင်းတို့ အတွက်၊ အငှား ပေးထားတာ၊ ဒီနေ့ ကောင်းကောင်း စွမ်းဆောင် နိုင်ရင်၊ မင်းတို့ အပိုင်ပဲ။ ”
ထျန်းကျွယ်မှ ရက်ရက် ရောရော ပြောဆို လာသည်။
“ ဒါနဲ့ ... ၊ မင်းက ဘာလို့ မယူ တာလဲ။ ”
ချပ်ဝတ်ကို ငြင်းဆန် နေသော လင်းယွန်အား လှမ်းကြည့်ကာ၊ ထျန်းကျွယ်မှ မေးလိုက်သည်။
အခြား သံတမန် လေးဦး၏ မျက်နှာ မှာလည်း ရုပ်ဆိုး လာသည်။
“ မလိုဘူး ... ။ ”
လင်းယွန်မှ ပြန်ဖြေ၏။
“ သူက ငါ့လူ၊ နင်တို့ ... လွန် မလာ နဲ့နော်။
အန်းလျူယွင်က လင်းယွန် အပေါ်၊ ဖိအားများ ထပ်ပေးမည်ကို စိုးသဖြင့် ဝင်ရောက် သတိပေး လိုက်သည်။
“ ဟား ဟား ဟား ... ၊ သူက နင့် လူလား သံတမန် အန်း ... ၊ ကောင်းပြီ ကောင်းပြီ ... ၊ သူ သေရင် ငါ့ကို အပြစ် မတင်နဲ့။ ”
ထျန်းကျွယ်မှာ ထပ်မံ ဖိအား မပေး တော့ဘဲ၊ အခြားသူ များထံ လှည့်ကာ၊
“ နဂါး အကြွင်း အကျန် ... ၊ ကြယ် နယ်မြေရဲ့ ... တန်ဖိုး အရှိဆုံး ရတနာ တွေက နတ်နဂါး အရိုး တေွပဲ၊ ဒါကို ကောင်းကင်ဘုံ ကြယ်ခန်းမ အတွက်၊ ...
... ယူဆောင် ပေးရမယ်၊ အခြားဂိုဏ်း ခြောက်ဂိုဏ်း မှာလည်း၊ ဒီလို အတေွး ရှိတယ်၊ အားလုံးပဲ အဆင်သင့် ဖြစ်နေပြီ ဆိုတော့ ... အခု ခရီး ထွက်ဖို့ အချိန် တန်ပြီ။ ”
ထို့နောက် လူအုပ်ကို ဦးဆောင်ကာ၊ နဂါး သင်္ချိုင်း တောင်ကြား ဆီသို့ ဦးတည် သွားသည်။ လှေကား ထစ်များ နင်းတက် မိသော အခါတွင်၊ နဂါး ရောင်ဝါက တောင်ကြီး သဖွယ် ပြိုကျ လာသည်။
တောင်ကြား မြေပြင်သည် ၊ ဆေးဘက်ဝင် အသီး အရွက် များဖြင့်၊ ပြည့်နှက် နေပြီး လူသေ အလောင်း များကို နေရာ အနှံ့၌ မြင်နိုင်၏။
ဤနေရာသည် နဂါး အကြွင်း အကျန် ကြယ်နယ်မြေ၏ တားမြစ်မြေ ဖြစ်ကြောင်း၊ သတိ ပေးနေ သယောင်-ယောင် ပေပင်။
“ ဒီမှာ ရှိတဲ့ ... ပတ်ဝန်းကျင်၊ အလင်း အမှောင်က၊ နဂါး နန်းတော် တေွနဲ့ ခပ်ဆင်ဆင် တူတယ်။ ”
ခရမ်းငယ်မှ အသံ ထွက်ပေါ် လာသည်။ ဆိုလိုသည်မှာ ဤနေရာသည် နိဗ္ဗာန် ဆုံမှတ် ဖြစ်သည်ဟု အဓိပ္ပါယ် ရ၏။
နဂါး သင်္ချိုင်း တောင်ကြား အတွင်း ဝင်ရောက် လာသည်နှင့် အမျှ၊ ပတ်ဝန်းကျင်က ပို၍ မှောင်လာသည်။
“ ဝှစ် ... ။ ”
တစ်စုံ တစ်ယောက်သည် ထိုပတ်ဝန်းကျင်အား မကျေနပ် သဖြင့် ကောင်းကင်ပေါ် ထပျံကာ နောက်လှည့် ကြည့်တော့သည်။
“ မင်း ဆင်းလာစမ်း။ ”
ထျန်းကျွယ်မှ ချက်ခြင်း အော်ငေါက် လိုက်သည်။ ထိုသူမှာ ကြောက်လန့် သွားပြီး၊ ကောင်းကင်မှ ပြန်ဆင်း လာစဉ်၊ ကြက် သွေးရောင် စုပ်ဝဲ တစ်ခု ပေါ်၏။
ယင်းက ရက်စက် ကြမ်းကြုတ်သော သားရဲကြီး တစ်ကောင် အလား၊ ထိုသူ၏ ဦးခေါင်းကို၊ လှမ်းကိုက် သွားသည်။
ခေါင်း မပါသော ခန္ဓာကိုယ် ကြီးက၊ မြေပြင်ပေါ်တွင် ခဏကြာ လူးလိမ့် ပြီးနောက် အပြီးတိုင်၊ ငြိမ်သက် သွား တော့သည်။
ဤမြင်ကွင်းက လူတိုင်း၏ မျက်ဝန်း များကို ပြူးကျယ် သွားစေသည်။
“ တောင်းပန် ပါတယ် ... ၊ ဒီနေရာက ကြက်သွေးရောင် လေဝဲ တွေနဲ့ ပြည့်နေတယ် ဆိုတာ၊ မင်းကို ငါ ပြောဖို့ မေ့သွားတယ်၊ ဒါကြောင့် ... လူတိုင်း ငါ့ အမိန့်ကို မနာခံလို့ သေရင်၊ ငါ့ကို အပြစ် မတင် ပါနဲ့။ ”
ခေါင်းပြတ် နေသော အလောင်းကို၊ တက်နင်း ဖြတ်ကျော် လျက်မှ၊ ထျန်းကျွယ်က ပြောကြား လိုက်သည်။ ထို့ကြောင့် အများ စုက ပြန်လှည့် ကြရန် အတွေးဖြင့်၊ ရပ်တန့် သွားသည်။
“ ပြောဖို့ ကျန်သေးတယ် ... ၊ ဒီတောင် ကြားက ဝင်ပြီးရင် ပြန်ထွက်စရာ လမ်း မရှိဘူး၊ အထူး သဖြင့် ... ၊ ငါ့ ဦးဆောင်မှု မပါဘဲ။ ”
ထျန်းကျွယ် စကားကြောင့်၊ ထိုသူ များက နောက်ပြန် လှည့်ကြည့် လိုက်၏။ မြင်ကွင်းများ ပြောင်းလဲ နေပြီး၊ နဂါး စောင့်ကြည့်ရေး တောင်တန်း ကြီးကို၊ မမြင်ရ တော့ချေ။
“ ညီအစ်ကို လင်း ... ၊ ကြက်သွေးရောင် လေဝဲက ဘာလဲ၊ ဒါက လေဟာနယ် အက်ကွဲ ကြောင်းထဲမှာ ပုန်းနေတဲ့၊ နတ်ဆိုး သားရဲ လား။ ”
မေးလာ သူမှာ သစ္စာဖောက် တင်းလီ ဖြစ်သည်။ သူတို့ ခန္ဓာကိုယ် သန့်စင် ထားသူ ငါးဦးအား၊ နောက်တွင် နေစေလျက်၊ သံတမန် ငါးဦးက လမ်းရှင်း ပေးလေသည်။
ထို့ကြောင့် တင်းလီမှာ လင်းယွန်အား စကား ပြောခွင့် ရသွားခြင်း ဖြစ်လေသည်။
***