နှလုံးသား ပျက်စီး နေသူများ။
Vol. 108 Ch. 1509
လင်းယွန်က ပြန်ဖြေ တော့မည့် အချိန်တွင်၊
“ ဒီနေရာက ထွက်လာတဲ့ ရောင်ဝါက အလွန် ကြမ်းကြုတ်တဲ့ အတွက်ကြောင့်၊ နေရာ အနှံ့မှာ လေဟာနယ် အက်ကွဲမှု တေွ ဖြစ်လာ နိုင်တယ်၊ ...
... ဒါကြောင့် နတ်ဆိုး သားရဲ တစ်ကောင် လေဟာနယ်ကို ခွဲပြီး၊ ပုန်းကွယ် နေတယ်လို့ ထင်မိ စေတယ်။ ”
-ဟု ဟွမ်ခွန်က ဝင်ပြော လာသည်။
ဟွမ်ခွန်သည် အသက် ငါးဆယ်ကျော် လူလတ်ပိုင်း တစ်ဦး ဖြစ်ပြီး၊ သူ့ အသက်ဓာတ် မှာ၊ ကြောက်မက်ဖွယ် ဖြစ်သည်။
အဖိုးကြီး ချန်ရှုဟိုင်က သူတို့အား လှည့်ကြည့်ကာ၊
“ နည်းနည်းတော့ ထူးဆန်းတယ် ... ၊ ဒါကြောင့် ရူးရူး မိုက်မိုက် မပြေး သရွေ့ အဲဒါကို ရှောင်ချိန် ရပါတယ်။ ”
“ လေဟာနယ် စုပ်ဝဲနဲ့ မတူဘူး၊ လေဟာနယ် စုပ်ဝဲ ဆိုရင်၊ အက်ကွဲကြောင်း ရှိသင့်တယ်။ ”
လင်းယွန်က သူ့ အမြင်ကို ပြောသည်။
“ မင်းက ... ၊ ခန္ဓာကိုယ် သန့်စင် ထားတဲ့ လူတစ်ယောက် ဖြစ်နေတာ မယုံနိုင် စရာ ပါပဲ၊ ဘယ်လို နည်းစနစ်မျိုး လေ့ကျင့် ထားတာလဲ သိချင်သား။ ”
သူတို့ ငါးယောက်တွင် နောက်ဆုံး တစ်ယောက် ဖြစ်သော ကျင်းအော်က စကား ဝင်ပြော ၏။
“ သာမာန် နည်းစနစ် တစ်ခုပါ၊ မင်းတို့နဲ့ ယှဉ်လို့ မရဘူး၊ ငါက ဓားသမား တစ်ယောက်မို့ ... စိတ်ဝင်စား မနေနဲ့။ ”
“ ဟား ဟား ဟား ... ဟုတ်ပါပြီ ... ။ ”
ကျင်းအော်က ထပ် မမေး သော်လည်း၊ သူ့အာရုံကို လင်းယွန်ထံ ပို့ထားဆဲ ဖြစ်သည်။ သူ့ အပြုံးမှာ ကောက်ကျစ် ပေ၏။
ချန်ရှုဟိုင်က လင်းယွန် အနား တိုး လာပြီး၊
“ ကျင်းအော်က ပထမ သံတမန်ရဲ့၊ လက်အောက်ခံ တစ်ဦး ဖြစ်တဲ့အ တွက်၊ သူက ငါတို့ကို စောင့်ကြပ်ဖို့ တာဝန် ရှိတယ်၊ ဒါကြောင့် သူက မင်းနဲ့ ပတ်သက်တဲ့ အချက် အလက် တွေကို ရှာဖို့၊ ကြိုးစား နေတာ။ ”
-ဟု ပြောလာ တော့သည်။
ထိုအရာကို လင်းယွန်မှ ခံစား နိုင်၏။ ကျင်းအော်နှင့် သူ့ကြားတွင် ပတ်သတ်မှု မရှိ သော်လည်း၊ မျက်ဝန်းများမှ တဆင့် အမုန်း တရားကို မြင်နိုင်သည်။
“ သခင် ချန် ... မင်းက ကြယ်ကိုးပွင့်ကို ရောက်နေပြီပဲ၊ ဘာလို့ နဂါး သွေးလွှတ်ကြော နယ်ပယ်၊ မတက် သေးတာလဲ။ ”
“ ငါက မင်းထက် အသက် ကြီးမှ ကြယ်ကိုးပွင့်ကို ရလာတာ ... ၊ ဒီအခြေ အနေမှာ နဂါး သွေးလွှတ်ကြော နယ်ပယ်ကို၊ ...
... တက်ခဲ့ရင် ... ၊ ဒုတိယသွေး လွှတ်ကြောက ကန့်သတ် ချက်ပဲ၊ နဂါး ပုလဲ ကိုတောင် ရဖို့ မလွယ် နိုင်ဘူး၊ ဒါကြောင့် ...
... စိတ်မ၀င်စား တော့တာ၊ ပြီးတော့ ငါ့သက်တမ်းက ဆယ်နှစ် ဆိုကုန်ပြီ၊ ဒီခရီးစဉ် ကို၊ လိုက်လာ ရတဲ့ အကြောင်း ရင်းက၊ ထူးခြားတဲ့ ...
... ရတနာတွေ လိုချင် လို့ပဲ၊ မဟုတ်ရင် ငါ့အရည် အချင်းနဲ့ ... ၊ နဂါး သွေးလွှတ်ကြော နယ်ပယ်မှာ အမှိုက် ဖြစ်လာ လိမ့်မယ်၊ နဂါး အရိုး အတွက် ကတော့ စိတ်တောင် မကူးရဲ သေးဘူး။ ”
သူ့ကိုယ်သူ စကား အလွန့် အကျွံ ပြောခဲ့မိမှန်း သတိရ သွားပြီး၊ ချက်ချင်း ပါးစပ် ပိတ်ထား လိုက်သည်။
“ အခွင့် အရေး ရရင် ... နတ်နဂါး အရိုးကို ကျွန်တော်လည်း လိုချင်တယ်။ ”
လင်းယွန်က ပွင့်ပွင့် လင်းလင်းပင် ပြောမိသည်။
“ နတ်နဂါး အရိုးက ... ကောင်းကင်ကို အံတုလွန်းတယ်၊ မင်းမှာ သူတော်စင် နောက်ခံ မရှိရင်၊ ရခဲ့ ရင်တောင် တခြား သူတွေက၊ လုယူသွား နိုင်တယ်၊ ...
... ဒါကြောင့် ငါ့ရဲ့ စွမ်းရည်ကို မြှင့်တင် နိုင်တဲ့၊ သူတော်စင် အသီး အနှံလောက် ရရင် ကိုပဲ၊ ငါ ကျေနပ်တယ်။ ”
“ သခင် ချန် ... ၊ အသက် ဘယ်လောက် ရှိပြီလဲ။ ”
“ သုံးရာ ကျော်ပြီ ... ၊ ဒါက ခန္ဓာကိုယ် သန့်စင် ထားတဲ့ ... ၊ ကျင့်ကြံ သူတွေ အတွက် ရလာဒ်ပဲ၊ သူတို့က တခြား သူတွေထက် သက်တမ်း ပိုရှည်တယ်။ ”
ချန်ရှုဟိုင် စကားများက လင်းယွန်ကို သက်ပြင်းချ မိစေသည်။ အသက် သုံးရာတွင် ပင်မ နတ်ဘုရား နယ်ပယ်၌ ပိတ်မိ နေဆဲ ဖြစ်သဖြင့်၊ စွန့်စား နေရဆဲ ဖြစ်သည်။
အကယ်၍ သူ သည်သာ၊ ချန်ရှုဟိုင်၏ အခြေအနေတွင် ဆိုသော်၊ နတ်နဂါး အရိုး ရ လျှင်ပင်၊ ၎င်းနည်းတူ သန့်စင်ရန် သတ္တိ ရှိဦးမည် မဟုတ်ချေ။
နောက်ခံ မရှိသည့် ဘဝတွင် ကံကောင်းမှုသည် ကပ်ဘေးများ အဖြစ် ပြောင်းလဲ လာနိုင်သည်။
သို့သော် ကံကောင်း စွာဖြင့်၊ သူ့တွင် သက်တံဓား သူတော်စင် ဟူသော ဆရာ သခင် ရှိပြီး၊ နတ်ရွှေကျီးကန်း သံသွေး ကိုပင်၊ ရက်ရက် ရောရော ပေးနိုင်သည့်၊ ဂိုဏ်းချုပ် တစ်ဦး ရှိနေ ခဲ့သည်။
ထို့ကြောင့် သူတော်စင် အသီး အနှံများ အတွက်၊ အသက် ပေးကာ ရှာဖွေ နေရသော၊ အဘိုးအို ရှင်သန်ရာ ဘဝ အပေါ်၊ စာနာ နားလည် သွားမိသည်။
ဤကမ္ဘာ ကြီးသည်၊ အားနည်းသူ များထံမှ လုယူ တတ်သော၊ သဘော သဘာဝကို ကျင့်သုံး ကြသည်။
ထိပ်တန်း ငါးဦး ဖြစ်သည့်၊ သံတမန် များမှာ သန်မာ ကြပြီး၊ ကြောက်မက်ဖွယ် ကောင်းသော ခွန်အားကို ပြသ နေ၏။
အထူး သဖြင့် ထျန်းကျွယ်က နတ်ဆိုး သားရဲ များကို သတ်ကာ၊ ရှေ့မှ လမ်းရှင်း ပေးနေ ခဲ့သည်။
၎င်းက လျှပ်စီး ရည်ရွယ် ချက်ကို၊ စတုတ္ထတန်း အထိ ကျွမ်းကျင်ထား သဖြင့်၊ ဓါး တစ်လက် အဖြစ်၊ ပေါင်းစပ် အသုံးပြုသည်။
ဆိုလို သည်မှာ သူ သည်လည်း ဓါးရေးများကို လေ့ကျင့်ထား သည်ဟု အဓိပ္ပါယ် ရချေ၏။
ထို့ကြောင့် လက်တစ်ချက် လှုပ်ရုံဖြင့်၊ လျှပ်စီး ဓားက နတ်ဆိုး သားရဲ များကို၊ နှစ်ခြမ်း ခွဲတော့သည်။
ဤသို့ဖြင့် တောင်ကြား ဗဟို ဒေသသို့ ချည်းနင်း ဝင်ရောက် လာကြသည်။ ထျန်းကျွယ် ကြောင့် လူတိုင်း မည်သည့် အရာမျှ၊ လုပ်စရာ မလို ခဲ့ချေ။
သို့သော် မျက်ဝန်း တစ်စုံမှ စောင့်ကြည့် နေသည်ဟု ခံစား ရသဖြင့်၊ စိတ်မသက် မသာ ဖြစ်နေ ကြသည်။
လေးနာရီ ကုန်လွန် ပြီးနောက်၊ အနည်းငယ် သန်မာသော နတ်ဆိုး သားရဲ အချို့နှင့် ဆုံလာ ရသည်။
ဤတစ်ကြိမ်တွင် ထျန်းကျွယ်မှ ဓားကို ဆွဲပြီး၊ လှုပ်ရှားလိုက် ရ၏။ ဓားသည် ရှည်လျား သွယ်လျကာ၊ လျှပ်စီးများ ဖုံးလွှမ်း နေသည်။
“ ဓားကောင်း တစ်လက်ပဲ ... ။ ”
သားရဲ (၁၀) ကောင်အား၊ တစ်ချက် တည်းဖြင့် ခေါင်းဖြတ် လိုက်သော မြင်ကွင်း ကြောင့်၊ လင်းယွန်မှ မှတ်ချက် ပေးမိသည်။
၎င်းသည် အနန္တ သူတော်စင် ရူရ် တစ်လုံး ပါရှိသော ရှေးဟောင်း ပစ္စည်း ဖြစ်ပြီး၊ ရှဖုန်၏ ကြယ်တာရာ စားသုံးသူ လှံထက်၊ လုံးဝ နိမ့်ကျခြင်း မရှိပေ။
“ ဒါက ... ၊ ဘုန်းဝိညာဉ်တော် သူတော်စင် လက်ရာ တွေကို ... ၊ တုပ ထားတဲ့ ကောင်းကင် ဓားပဲ။ ”
ချန်ရှုဟိုင်မှ ပြောပြ လာသည်။ နတ်ဆိုး သားရဲ အားလုံးကို သတ်ပြီးနောက် ထျန်းကျွယ် မျက်နှာမှာ လေးနက် လာ၏။
ပြီးနောက် မီးခိုးမြူ များဖြင့် ပြည့်နှက် နေသော အရပ်ထံ မျှော်ကြည့်ကာ၊
“ မင်းတို့ ... ငါးယောက် ထွက်လာ။ ”
-ဟု လှည့် မကြည့်ဘဲ ခေါ်လိုက်သည်။
ထိုစကားက ခန္ဓာကိုယ် သန့်စင်ထား သူများကို ဦးတည်ကြောင်း၊ လူတိုင်း သိနိုင် လေသည်။
ယင်းကြောင့် တင်းလီမှ ထိတ်လန့် စွာဖြင့်၊
“ နဂါး သွေးမိစ္ဆာ ... အလောင်း ကောင် တွေကို ... ၊ ကိုင်တွယ် ဖြေရှင်းဖို့ ... ၊ နည်းလမ်း မပြောပြ ရသေးဖူး မဟုတ်လား။ ”
-ဟု မေးမြန်း လိုက်၏။
“ ဘာလို့ စကားများ နေတာလဲ၊ ခိုင်းတဲ့ အတိုင်း လုပ်ပါ၊ မင်းတို့ကို သူတော်စင် ချပ်ဝတ် ပေးဝတ် ထားတာ မမေ့ ပါနဲ့။ ”
ဒုတိယ သံတမန်က တင်းလီကို အော်ငေါက် လိုက်သည်။
“ သွားကြ ရအောင် ... ။ ”
ကျင်းအော်က တင်းလီအား ရှေ့ဆုံးသို့ တွန်းထုတ်ကာ ပြောလိုက်သည်။ သည့်နောက် လင်းယွန်ကို ပြုံးပြုံးလေး ကြည့်ပြီး၊
“ မင်း အလှည့် ... ။ ”
-ဟု ဆိုလာ တော့၏။
သို့သော် လင်းယွန်မှာ လူမိုက် မဟုတ်ချေ။ နဂါး သွေးမိစ္ဆာ အလောင်း များကို ဖြေရှင်း ရာ၌၊ ခန္ဓာကိုယ် သန့်စင် ထားခြင်းနှင့် မဆိုင်ကြောင်း သူ သိသည်။
ထိုအချိန်တွင် အန်းလျူယွင်နှင့် ရင်းနှီး နေသော လင်းယွန် အပေါ်၊ အမုန်း ရင်ခံ ရှိနေ သဖြင့်၊ ကျင်းအော်က ပြုံးလိုက်သည်။
“ မင်းက အရမ်း ခေါင်းမာတယ်။ ”
ကျင်းအော်က လင်းယွန် ပခုံးကို လက်ချောင်း များဖြင့်၊ ကုပ်ဆွဲ ပစ်၏။ သို့သော် လက်ချောင်း များက၊ ပခုံးကို မဖောက်နိုင် သဖြင့်၊ မျက်နှာပျက် သွားသည်။
“ လွှတ် ... ။ ”
လင်းယွန်၏ အေးစက်သော အကြည့် များက၊ သူ့အပေါ် ကျလာ ချိန်၌ ထိတ်လန့် သွားကာ၊ နောက်ပြန် ဆုတ်မိသည်။
ထိုလုပ်ရပ်က သူ့ကိုယ်သူ ရှက်ရွံ့ လာစေ ခဲ့၏။ တစ်ဖက် လူသည် ကြယ် ခြောက်ပွင့်သာ ရှိနေ သည်ကို၊ အဘယ့်ကြောင့် ကြောက်ရွံ့ သွားမှန်း၊ မသိ တော့ချေ။
“ မင်းကိုယ်မင်း ... ၊ ဘယ်သူလို့ ထင်လဲ။ ”
ယင်းကြောင့် ပြင်ဆင်မှု အချို့ လုပ်ကာ၊ နောက်တစ်ကြိမ် ပခုံးအား လှမ်းကိုင် လိုက်မိ ပြန်သည်။
“ ဝှစ် ... ။ ”
ဤတစ်ကြိမ်၌ လင်းယွန်မှာ ရုတ်တရက် ပျောက်ကွယ် သွားသဖြင့် လေကိုသာ ဆုပ်ကိုင် လိုက်မိသည်။
ချက်ချင်း နောက်လှည့် ကြည့်လိုက်ရာ လင်းယွန်က အေးစက်သော အသွင်ဖြင့်၊ သူ့ လည်မျိုကို ဆုပ်ကိုင်ကာ ပစ်ပေါက်လိုက် တော့သည်။
ဤရုတ်ခြည်း အခြေ အနေကြောင့်၊ လူတိုင်း အံဩ သွား၏။ အန်းလျူယွင် ပင် စိတ်လှုပ်ရှား လာသည်။
ဤနေရာရှိ လူတိုင်းမှာ၊ ကြယ်ခန်းမ အဖွဲ့ ဝင်များ ဖြစ်သည်။ ထိပ်ဆုံး သံတမန် ငါးဦးတွင် ကြယ်ကိုးပွင့် ကျွမ်းကျင် သူများ ရှိပြီး၊ အကျိုး ဆက်မှာ သက်သာမည် မဟုတ်ချေ။
သတ်ဖြတ် လိုသော၊ ရည်ရွယ်ချက်များ လင်းယွန် အပေါ် ကျဆင်း လာသည်။ အထူး သဖြင့် ကြယ်ကိုးပွင့် ကျွမ်းကျင် ပညာရှင် လေးဦး ဖြစ်၏။
ထိုစဉ် ထျန်းကျွယ်က လက်ကို ဝှေ့ယမ်းပြီး ထားလိုက်ရန် အချက်ပြ လာသည်။
“ ပုန်ကုန်ချင် နေတာလား။ ”
ထို့ကြောင့် ထျန်းကျွယ် ဘေးတွင် ရပ်နေသော ဒုတိယ သံတမန်က၊ လင်းယွန်ကို အေးစက်စွာ မေးခွန်း ထုတ်လာ၏။
“ ပြောပါ ... ငါတို့က နဂါး သွေးမိစ္ဆာ အလောင်း ကောင် တွေကို ဘယ်လို ကိုင်တွယ် ဖြေရှင်း ရမှာလဲ၊ နည်းလမ်း ရှိလား။ ”
လင်းယွန်မှ သူ့အား လျစ်လျူရှုလျက် ထျန်းကျွယ်ကို ကြည့်ကာ မေးလိုက်သည်။ ထို အပြုအမူက သံတမန် များအား၊ ပို၍ ဒေါသ ထွက်လာ စေ၏။
“ မင်းကို ဉာဏ်ကောင်းတဲ့ လူလို့ ... ၊ ငါထင်ခဲ့တာ၊ ဒါပေမယ့် မင်းလည်း လူမိုက် တစ်ယောက် ပါပဲ၊ အဖြေကို မင်း သိတာ၊ ဘာလို့ ငါ့ကို လာမေး နေသေး တာလဲ။ ”
“ သူ့ကို ... သူတော်စင် ချပ်ဝတ် ပေးလိုက်။ ”
ထျန်းကျွယ်က မြေပြင်မှ ကုန်းရုန်း ထရပ် လာသော ကျင်းအော်ထံ အမိန့်ပေး လိုက်သည်။ သူတော်စင် ချပ်ဝတ်သည် အဖြေ မဟုတ် ကြောင်း လူမိုက်ပင် ပြောနိုင်သည်။
ထို့ကြောင့် တင်းလီနှင့် ကျန်သူ များ၏ မျက်နှာများ ပြောင်းလဲ သွားသည်။
“ ထျန်းကျွယ် ... ၊ နင် ဘာလုပ် တာလဲ ။ ”
အန်းလျူယွင်က အေးစက်သော အသွင်ဖြင့် လှမ်းထွက် လာ၏။ ရေှာင်ယွင် ကလည်း နေရစ် ခဲ့ခြင်း မရှိချေ။
“ ဒီမေးခွန်းကို ... မင်း မမေး သင့်ဖူး အန်းလျူယွင် ... ၊ ငါလို ပထမ သံတမန် က နောက်ဆုံး အဆင့် သံတမန်ကို၊ ဖြေရှင်းချက် ပေးရ မှာလား၊ ...
... နင်က ငါ လွန်တယ်လို့ ... ထင်နေ တာလား၊ ဒါဆို သူတို့ ထဲက ဘယ်သူ ကများ ပရဟိတ သမားလဲ၊ သူတို့မှာ အကြံ အစည် ကိုယ်စီ ရှိနေတာ လူတိုင်း သိတယ်၊ ...
... ငါ့ကို အနိုင် ယူနိုင်ရင်၊ ဘယ်သူ မဆို ရွေးချယ်ခွင့် ရှိတယ်၊ မဟုတ်ရင် ပါးစပ်ကို ပိတ်ပြီး၊ နာခံဖို့ သင်ပေး နေရဦး မှာလား။ ”
ထျန်းကျွယ် စကားက အန်းလျူယွင်ကို ပါးစပ် ပိတ်ကျ သွားစေသည်။
“ ဘာလို့လဲ ငါ ပြောတာ မှားလို့လား ... ၊ မင်းရဲ့ လူက နဂါး အရိုးကို မလိုချင် ဖူး ဆိုရင် အခုလို ငါတို့ဆီ လာပြီး၊ ပူးပေါင်း လိမ့်မယ် ထင်လား၊ ...
... နဂါး သင်္ချိုင်း တောင်ကြားက ... ၊ အန္တရာယ် တွေနဲ့ ပြည့်နှက် နေတယ်၊ သူ့ကို ငါသာ ခေါ်မလာရင်၊ ဒီလောက် အထိ ရောက်လာ နိုင်မယ်လို့ နင် ထင်လား၊ ...
... ကစားပွဲကို ပါဝင် ကတည်းက သန်မာသူရဲ့ စကားက စည်းမျဉ်းပဲ၊ မကျေနပ်ဖူး ဆိုရင် ထွက်သွားပါ။ ”
အဆုံးတွင် လင်းယွန်က စကား တစ်ခွန်း မဆိုတော့ဘဲ၊ မီးနဂါး သူတော်စင် ချပ်ဝတ်အား ဝတ်ဆင် လိုက်သည်။
ထိုမြင်ကွင်းက ထျန်းကျွယ်ကို စိတ်ကျေနပ် စေ၏။
“ လိမ္မာတယ် ... ၊ မင်းကိုယ်မင်း ကောင်းကောင်း အကဲဖြတ် နိုင်တယ်။ ”
အန်းလျူယွင်မှ တစ်ခုခု ပြောချင်သေး သော်လည်း ရှောင်ယွင်က ဟန့်တား လိုက်လေ သည်။
သူ့နှုတ်ခမ်းတွင် လှောင်ပြုံး ပေါ် လာပြီး၊ ထျန်းကျွယ်အား ကြည့်လိုက်သည်။ ဤလူသည် အခြေအနေ တစ်ရပ် လုံးကို၊ သူ ထိန်းချုပ် နိုင်သည်ဟု ထင်မြင် နေပုံ ရ၏။
သည်လုပ်ရပ်ကြောင့် လင်းယွန်နှင့် ပူးပေါင်း ဆောင်ရွက်ရန် အခွင့် အရေး ဆုံးရှုံး သွားပြီမှန်း သူ မသိချေ။
လင်းယွန်သာ ဆန္ဒ ရှိက အချိန် မရွေး ဤနယ်မြေမှ ထွက်ခွာ နိုင်သည်။ သည်နေရာရှိ မည်သူမျှ တားနိုင်မည် မဟုတ်ချေ။
“ ဒီကောင်က မရိုး ရှင်းဘူး၊ သူ့ဓား ရည်ရွယ်ချက်က နည်းနည်း တော့ ပြင်းထန် တယ်။ ”
ဒုတိယ သံတမန်က မီးခိုးမြူ အတွင်း လှမ်းဝင် သွားသော လင်းယွန် နောက်ကျောကို ကြည့်ကာ၊ ထျန်းကျွယ်အား စကား ဆိုသည်။
“ ဘာဖြစ်လဲ ... နောက်ဆုံးတော့ ... နာခံရ တာပဲ မဟုတ်လား၊ အစ်ကိုကြီး ထျန်းကျွယ်ကို စိန်ခေါ် ဝံ့ရင်၊ သူ သေချင် နေလို့ပဲ။ ”
တတိယ သံတမန်က မထီမဲ့မြင် စကား ဝင်ပြော လာ၏။ ထျန်းကျွယ်မှ စကား တစ်ခွန်း မျှ၊ တုန့်ပြန်ခြင်း မရှိ ခဲ့ချေ။
လင်းယွန်တို့ ငါးဦးက၊ မီးခိုးမြူ ထဲသို့ ဝင်ရောက် လိုက်ချိန်တွင်၊ ကြက်သွေးရောင် မျက်ဝန်းများ ထွက်ပေါ် လာတော့သည်။
***