← Chapters

မူလ နဂါး သစ်သီး။

Vol. 108 Ch. 1510

မူလ နဂါး သစ်သီး။

Vol. 108 Ch. 1510

မီးခိုးရောင် မြူများ အတွင်းရှိ၊ ကြက်သွေးရောင် မျက်ဝန်း များကို မြင်သော အခါ၊ ငါးဦးသား ကြောက်ရွံ့ လာ၏။

ခန့်မှန်းခြေ အကြမ်းဖျင်း အားဖြင့် အနည်းဆုံး အကောင်ရေ (၈၀)ခန့် ရှိသည်။ ယင်းက မှန်းဆ ထားသည်ထက် ပိုနေ၏။

“ ဆက် သွား ... ။ ”

ကျင်းအော်က တင်းလီကို ဆက်သွားရန် အမိန့်ပေး လိုက်သည်။

“ ငါ ... ငါ သူတို့ကို လုံးဝ ရှာလို့ မရဘူး ... ၊ ငါ နောက်ဆုတ်တယ်၊ ဆက်မလိုက် နိုင်တော့ ဘူး။ ”

တင်းလီက တုန်ရီ နေသော အသံဖြင့်၊ ဖြည်းဖြည်းချင်း ပြန်ဆုတ် သွားသည်။

“ မင်းမှာ ရွေးချယ် စရာ ရှိတယ် ထင်နေလား။ ”

ကျင်းအော်မှ တံဆိပ် တစ်ခု ဖန်တီး၊ တင်းလီထံ ပစ်ခတ်လိုက် သဖြင့်၊ လှုပ်မရ တော့ချေ။

ဆိုလို သည်မှာ၊ မီးနဂါး သူတော်စင် ချပ်ဝတ်သည်၊ သူ့ကို ထိန်းကျောင်း လိုသဖြင့်၊ ပေးအပ် ထားသော လှောင်အိမ် ဖြစ်၏။

“ ဟား ဟား ဟား ... ။ ”

ကျင်းအော်က ရယ်မောလျက်၊ လင်းယွန်ကို ချောင်းကြည့်သည်။ လင်းယွန်က မီးခိုး မြူများ အတွင်း၊ ငေးလျက် ငြိမ်သက် နေသည်။

မီးခိုးမြူများ အပြင် ဘက်ရှိ၊ ထိပ်ဆုံး သံတမန် ငါးဦးမှာ၊ ပြုံးလျက် အချင်းချင်း ပြန် ကြည့် မိသည်။

ဒုတိယ သံတမန်မှ စိတ်လှုပ်ရှား စွာဖြင့်၊

“ ဒါ တကယ် ထိရောက်တယ် ... ၊ နဂါး သွေးမိစ္ဆာ အလောင်းကောင် တွေက သွေးသား စွမ်းအင် တွေကို တောင်းတ နေတာ။ ”

-ဟု ပြော လာသည်။

ထိုခန္ဓာကိုယ် ကျင့်ကြံသူ ငါးဦးသည် နဂါး သွေးမိစ္ဆာ အလောင်းကောင် များ၏ အာရုံကို ဆွဲဆောင် နိုင်ပေသည်။

“ ငါတို့ ... ဘာဆက် လုပ် ကြမလဲ။ ”

တတိယ သံတမန်က ထျန်းကျွယ်အား လှည့်မေး၏။ နဂါး သွေးမိစ္ဆာ အလောင်း ကောင် များကို၊ မီးနဂါး ချပ်ဝတ်မှ အချိန် တစ်ခု အထိ၊ ထိန်းထား နိုင်မည် ဖြစ်သဖြင့်၊ ဖြတ်သန်းရန် အခွင့် အရေး ရပေမည်။

“ သူတို့ ငါးယောက်က ရတနာ တွေပဲ ... ၊ ငါတို့ ... ဒါကို ဖြုန်းတီး ပစ်လို့ မရဘူး၊ သွေးမိစ္ဆာ အလောင်း ကောင် တွေကို၊ ကူရှင်း ပေးလိုက်။ ”

ထျန်းကျွယ် အမိန့်ကြောင့်၊ သံတမန် (၄)ဦးက အချက်ပြ လိုက်ရာ၊ ကျွမ်းကျင် သူများ အားလုံး၊ မီးခိုးမြူ ထဲသို့ ဝင်ရောက် လာကြ၏။

“ အဲ့ဒီ ... လူယုတ်မာ ... ။ ”

အန်းလျူယွင် မျက်နှာ ဖြူဖျော့ လာပြီး၊ မီးခိုးမြူ အတွင်းသို့ မျှော်ကြည့် လိုက်မိသည်။ ခန္ဓာကိုယ် သန့်စင် ထားသူ (၅) ဦးကို၊ ငါးစာ အဖြစ် အသုံးပြု နေခြင်း ဖြစ်၏။

“ စိတ်အေးအေး ထား ... ၊ အစ်ကို လင်းကို ငါယုံတယ်။ ”

ရှောင်ယွင်မှ ပြောသည်။ အဆုံးတွင် အံကြိတ်လျက်၊ ထျန်းကျွယ် အမိန့် အတိုင်း လိုက်နာ ရန်သာ ရှိချေပြီ။

သာမာန် ကျင့်ကြံသူ တစ်ယောက်သည် နဂါး သွေးမိစ္ဆာ အလောင်း ကောင်များ အတွက်၊ ဆေးဘက်ဝင် အပင် တစ်ပင် မျှသာ ဖြစ်၏။

သွေးသား စွမ်းအင် ပေါကြွယ် ဝသော ခန္ဓာကိုယ် ကျင့်ကြံသူ များသာလျှင်၊ အရသာ ရှိသော ဖျော်ရည်အိုး ဖြစ်သည်။ ဆိုလို သည်မှာ၊ လူသား သူတော်စင် သစ်သီးများ ဖြစ်၏။

“ ဝူး ... ။ ”

“ ဟိတ် ... ။ ”

“ ဝူး ... ။ ”

“ သတ် ... ။ ”

ထို့ကြောင့် ၎င်းတို့က လင်းယွန်တို့ (၅)ဦး ထံသို့၊ အပြေး အလွှား ရောက်ရှိ လာကြသည်။ ချက်ချင်းပင် အသက် လုပွဲ တစ်ခု ဖြစ်ပွား လာတော့၏။

ဤမြင်ကွင်းက အခြား သူများကို၊ စိတ်သက်ရာ ရစေသည်။ အလောင်းကောင် များ၏ ခန္ဓာ ကိုယ်ကို မမြင်ရ သော်လည်း၊ သိုင်း ရည်ရွယ်ချက်များ သုံးကာ၊ ရှာဖွေ တိုက်ခိုက်ရန် အချိန်ရ သွား ကြ၏။

ထိုအချိန်တွင် အလောင်း ကောင်၏ လက် တစ်ဖက်သည်၊ မီးနဂါး သူတော်စင် ချပ်ဝတ်ပေါ် ကျရောက် လာ၏။

၎င်းက ချပ်ဝတ်ကို ဖြတ်ကာ၊ သွေးသား စွမ်းအင် များအား စုပ်ယူသွား သဖြင့်၊ တင်းလီမှ မျက်လုံးပြူး သွားသည်။

သူတို့ (၅)ဦး ထံမှ၊ သွေးသား စွမ်းအင်ကို မြည်းစမ်း ပြီးနောက်၊ အလောင်းကောင် များမှာ၊ ပို၍ ရူးသွပ် လာတော့၏။

ထို့ကြောင့် အချိန်တို အတွင်း မှာပင်၊ ခြေကုန် လက်ပန်း ကျလာ ကြသည်။ လင်းယွန် ကမူ၊ ထိတ်လန့်ခြင်း မရှိဘဲ၊ မြေကြီး ဓားပုံစံကို လက်ဖြင့်၊ လျင်မြန်စွာ ဖော်ဆောင် လိုက်၏။

ထို့ကြောင့် ဓားရောင်ခြည်များ ပြည့်နေသော သူ့ ပတ်ဝန်းကျင်သို့ ကျရောက် လာသည့်၊ အရာ ရာတိုင်း၊ နှေးကွေး သွားသည်။

“ ရွှပ် ... ။ ”

မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ ရေကန်ထဲက ငါး တစ်ကောင် ကဲ့သို့၊ (၁၈) ကြိမ် လှုပ်ရှား လိုက်၏။

မြန်လွန်း သဖြင့်၊ အပြင်လူ တစ်ယောက်မှ ကြည့်နေပါက၊ မူလ နေရာ၌ ရှိနေဆဲ ဖြစ်သည်။ ဤသည်မှာ ရွှေကျီးကန်း သံသွေး ထံမှ၊ အကျိုး ကျေးဇူးများ ဖြစ်သဖြင့်၊ ရွှင်လန်း လာသည်။

လက်ရှိ ခွန်အား အရ၊ နတ်ရွှေကျီးကန်း သံသွေး အတွင်းရှိ၊ နတ်ဘုရား ရူရ် စွမ်းအားကို အသုံးပြု နိုင်ခြင်း မရှိ သေးချေ။

“ ဝေါ့ ... ။ ”

ထိုအချိန်တွင် ချန်ရှုဟိုင်မှာ၊ မျက်နှာ ဖြူဖျော့လျက်၊ သွေး တစ်လုတ် အန်လိုက် ရပြီ ဖြစ်သည်။

“ ဝှစ် ... ။ ”

ယင်းကြောင့် လင်းယွန်က၊ နဂါး ရူရ် (၈၀၀၀)ကို လက်ဖဝါး၌ စုရုံး စေပြီး၊ တွန်းထုတ် လိုက်၏။

ချန်ရှုဟိုင် အနား ရောက်လာသော၊ သွေးမိစ္ဆာ အလောင်ကောင် များမှာ၊ ချက်ချင်း ပြန်၍ လွင့်စဉ် ကုန်သည်။

တစ်ချိန်တည်း မှာပင်၊ နဂါး ရောင်ဝါကို ထုတ်ဖော်လျက်၊ ချန်ရှုဟိုင် ပတ်ဝန်းကျင်အား ကာကွယ် ပေး လိုက်သည်။

“ သခင် ချန် ... ၊ သတိ ထားပါ။ ”

“ ကြည့်ရတာ ငါ့ အသက် အရွယ်က လိုက်မမီ တော့တဲ့ ပုံပဲ။ ”

ချန်ရှုဟိုင်က ကျေးဇူး တင်စွာဖြင့် ခေါင်းညိတ် ပြသည်။ သူ့ သက်တမ်းမှာ (၁၀) နှစ်သာ ကျန်ရှိပြီး၊ လက်ရှိ တိုက်ပွဲကြောင့်၊ ပို၍ နည်းပါး လာပြီ ဖြစ်သည်။

ဆိုလို သည်မှာ လင်းယွန်၏ အကူ အညီသည် အဖြေ မဟုတ်ချေ။ နဂါး သွေးမိစ္ဆာ အလောင်း ကောင်များ ရန်မှ၊ သက်သာ သွား သော်လည်း၊ သက်တမ်းမှာ ဆုတ်ယုတ် နေမြဲ ဖြစ်သည်။

လေးနာရီ အကြာတွင် တိုက်ပွဲ ပြီဆုံး သွားသည်။ နဂါး သွေးမိစ္ဆာ အလောင်း ကောင် အားလုံး မြေပြင်၌၊ ငြိမ်သက် နေပြီ ဖြစ်၏။

“ ဆက် သွား ပါ ... ။ ”

ကျင်းအော်က အမိန့်ပေး လာသည်။ များမကြာခင် မြူခိုးများ ကြား၌ ဆေးဖက်ဝင် အပင်များ ပေါ်လာ လေသည်။

ယင်းက နောက်မှ လိုက်လာ သူများကို၊ စိတ်လှုပ်ရှား လာစေ၏။ နတ်နဂါး အရိုးအား သူတို့ ခွန်အားဖြင့် မယူ ဝံ့ချေ။ ဤသူတော်စင် အသီး အနှံများ ကိုသာ၊ စဉ်းစား နိုင်သည်။

“ အစ်ကိုကြီး ထျန်းကျွယ် ... ၊ ဒီမှာ ဆေးဖက်ဝင် အပင်တွေ တကယ် ရှိတယ်။ ”

ဤနေရာသည် မည်သူမျှ မရှာဖွေ ရသေးသော ဒေသ ဖြစ်သောကြောင့်၊ ဒုတိယ သံတမန်၏ မျက်လုံး များက တောက်ပ လာသည်။

“ ကောင်းပြီ ... ၊ မင်းတို့ သွား ခူးလိုက်၊ တခြား ဘယ်သူမှ မလှုပ်နဲ့။ ”

ထျန်းကျွယ်က လင်းယွန်တို့ ငါးဦးကို ကြည့်ကာ ပြောလာသည်။ တင်းလီမှာ မျက်ဝန်း များ ဝင်းပ လာပြီး၊ သူတော်စင် ဆေးပင် တစ်ပင်ကို၊ ဆွဲနှုတ် လိုက်၏။

သို့သော် ကြက်သွေးရောင်၊ လေဝဲ တစ်ခု ပေါ်လာပြီး၊ တင်းလီ၏ သွေးသား စွမ်းအင်ကို ဝါးမျိုရန်၊ ကြိုးစား တော့သည်။

“ နဂါး မောက်သီး။ ”

ရှားရှား ပါးပါး အသီး အနှံ ဖြစ်သဖြင့်၊ ချန်ရှုဟိုင်မှာ လက်များ တုန်ယင် သွားသည်။ ဤသည်မှာ လူ တစ်ဦး၏ အရည်အချင်းကို မြှင့်တင်ပေး နိုင်သည့်၊ သူတော်စင် အသီး ဖြစ်၏။

“ ဒါက ... ၊ တကယ့် မူလ နဂါး သစ်သီးပဲ။ ”

မူလ နဂါး ဟူသည်၊ ရှားပါးသော နဂါး မျိုးစိတ် ဖြစ်ပြီး၊ စစ်မှန်သော နဂါး အဆင့် ပါဝင်သည်။ ဤမူလ နဂါး သစ်သီးတွင်၊ ၎င်းတို့၏ သွေးများ ပါရှိ၏။

ဒဏ္ဍာရီ အရ ဤအသီးကို စားသုံးသော်၊ သူတော်စင် ကိုယ်ခန္ဓာကို ပိုင်ဆိုင်နိုင် သည်ဟု ဆိုထားသည်။

သံတမန် များစွာက၊ ချန်ရှုဟိုင် လက်ထဲရှိ နဂါး မောက်သီးကို၊ စိတ်လှုပ်ရှားစွာ ဝိုင်းကြည့် လိုက် ကြသည်။

ဤအရာသည် သူ လိုအပ်သော ရတနာ ဖြစ်သည်။ သဘောတူ ထားသည့် အတိုင်း၊ ဤ အသီးကို သူ သိမ်းပိုင်ခွင့် ရှိသည်။

ယင်းဖြင့် နဂါး သွေးလွှတ် နယ်ပယ်ကို၊ ဖြတ်ကျော်ကာ၊ အနာဂတ် အလား အလာအား၊ တိုးမြှင့် နိုင်မည်။

သို့သော် မူလ နဂါး သစ်သီးသည် ရုတ်တရက် ပျောက်ကွယ် သွားပြီး ထျန်းကျွယ် လက်ထဲ ရောက်သွား၏။

“ မဆိုးဘူး ... ။ ”

အခြား သံတမန် လေးဦး ကလည်း၊ မူလ နဂါး သစ်သီး ဖြစ်သောကြောင့် စိတ် လှုပ်ရှား နေကြသည်။

“ မင်း အရင်က ... ၊ ငါတို့ကို ကတိ ပေးထားတယ် မဟုတ်လား၊ သခင်လေး ထျန်း။ ”

ချန်ရှုဟိုင်မှ စိတ်ဓာတ် ကျသော အသံဖြင့်၊ မဝံ့မရဲ ပြောလိုက်၏။ ထို့ကြောင့် ထျန်းကျွယ်က မျက်ခုံးပင့် လိုက်ပြီး၊

“ မင်းတို့ အားလုံးက ... ၊ သူတော်စင် သစ်သီးနဲ့၊ သူတော်စင် ဆေးလုံး တွေကို ရွေးခွင့် ရှိတယ်လို့၊ ငါ ပြောခဲ့တာ အမှန်ပါ၊ ဒါပေမယ့် ...

... အခု လောလောဆယ်၊ ငါ သိမ်းပေး ထားမယ်၊ ကြယ်နယ်မြေက ထွက်သွားတဲ့ အခါ၊ မင်းကို ငါ ပေးမယ်။ ”

-ဟု ပြန်ဖြေ လာ၏။

“ သခင်လေး ထျန်းကျွယ်၊ မင်းဟာ ထက်မြက်ပြီး၊ သူတော်စင် ခန္ဓာကိုယ် ပိုင်ဆိုင် ထားတဲ့ လူတစ်ယောက်ပါ၊ ဒီမူလ နဂါး သစ်သီး က၊ မင်းအပေါ် သက်ရောက်မှု မရှိ ပါဘူး။ ”

ချန်ရှုဟိုင်မှ ခပ်တိုးတိုး ပြောကြည့် လိုက်သည်။

“ အစ်ကို ထျန်းကျွယ်က ... သိမ်းထား ပေးမယ်လို့ ပြောနေ တယ်လေ ... ၊ မင်း ဟာကို ယူမယ်များ ထင်နေလား။ ”

ဒုတိယ သံတမန်မှ စိတ်မရှည် စွာဖြင့်၊ ဝင်ပြော လာတော့သည်။ အဆုံးတွင် ချန်ရှုဟိုင် က ခေါင်းညိမ့်ပြီး၊

“ နားလည်မှု လွဲသွားလို့ ... ၊ တောင်းပန် ပါတယ် သခင်လေး ထျန်း။ ”

လင်ယွန်က ထိုပြဿနာကို ရပ်ကြည့် နေခဲ့သည်။ ဆိုလို သည်မှာ ၎င်းတို့မှ ပေးရန် ဆန္ဒ မရှိဟု၊ အဓိပ္ပါယ် ရ၏။

( ဧကရီ ... ၊ နတ်နဂါး အရိုးကို အာရုံခံ နိုင်လား။ )

( မဝေး တော့ဘူး။ )

သူ့ ကန့်သတ် ချက်သို့ ရောက်ရှိ နေပြီ ဖြစ်သောကြောင့်၊ လင်းယွန်မှ အသက် ပြင်းပြင်း ရှူကာ သက်ပြင်းချ လိုက်မိသည်။

***

All Chapters