မိစ္ဆာဂိုဏ်း ခုနစ်ဂိုဏ်း၏ တပည့်ကြီးများ။
Vol. 108 Ch. 1511
ဆေးဖက်ဝင် အပင် များကြောင့်၊ ကောင်းကင်ဘုံ ကြယ်ခန်းမ အတွက် များစွာ သော ရိတ်သိမ်းမှု တစ်ခုဟု ဆို၍ ရသည်။
သည့်အပြင် ကောင်းမွန်သော အရာ အများစုကို ထိပ်တန်း အဆင့် သံတမန် ငါးဦးမှ၊ သိမ်းယူ ကြသည်။
အချို့ကို ပြောင်ပြောင် တင်းတင်း လုယူပြီး၊ အချို့အား ‘ဘေးကင်းရန်’ ဟူသော ဝေါဟာရနှင့် သိမ်းယူသည်။
လူတိုင်း သူကဲ့သို့ ခံစား နေရ သည်ကို မြင်သဖြင့် ချန်ရှုဟိုင် အတွက်၊ ဖြေသိမ့် စရာ ဖြစ်လာသည်။
အားလုံး ခဏမျှ အနားယူ ပြီးနောက်၊ ခရီးဆက် ကြသည်။ ဤသို့ဖြင့် မီးခိုးမြူ ဒေသ သုံးခုကို ချောမွေ့စွာ ဖြတ်သန်း နိုင်ခဲ့၏။
ခန္ဓာကိုယ် သန့်စင်သော ကျင့်ကြံသူ ငါးဦး အတွက်မူ၊ သက်သာခြင်း မရှိ ကြချေ။ စတုတ္ထ မြောက် မီးခိုးမြူ ဒေသသို့ ရောက်သော အခါ၊ ဟွမ်ခွန်၏ မီးနဂါး သူတော်စင် ချပ်ဝတ် ပျက်စီး သွားသည်။
ထို့ကြောင့် နဂါး သွေးမိစ္ဆာ အလောင်း ကောင် (၁၀) ကောင်မှ ဝမ်းသာ အားရဖြင့်၊ ခုန်ပေါက် ရောက်ရှိ လာသည်။
ဤအရာက သူ့ ဘေးတွင် ဖြစ်ပျက်နေ သဖြင့်၊ တင်းလီ ခမျာ မျက်နှာ ဖြူဖျော့ သွားခဲ့ သည်။
ချန်ရှုဟိုင် မှာမူ၊ ဖြည်းဖြည်း အိုမင်း လာနေသည်။ ထို့စဉ် တစ်စုံ တစ်ယောက်က သူ့ လက်ထဲ အရာ တစ်ခုကို ထိုးထည့် ပေးလာ သဖြင့် လှည့်ကြည့် လိုက်မိသည်။
ယင်းက မူလ နဂါး သစ်သီး ဖြစ်သဖြင့်၊ လန့်အော် လုနီးပါး အမူ အရာ ဖြစ်သွားသည်။ ပြီး လင်းယွန်ထံ မော့ကြည့် ၏။
လင်းယွန်က ဟွမ်ခွန် အလောင်းကို စိုက်ကြည့် နေသည်။ ယင်းကြောင့် ထိပ်တန်း သံတမန် များကို လှည့်ကြည့်ကာ၊ ချက်ချင်း သိမ်းဆည်း မိသည်။
“ ညီအစ်ကို လင်း၊ ကျေးဇူး တင်ပါတယ်၊ ဘယ်တုန်းက ရခဲ့ တာလဲ။ ”
ထိုသို့သော မူလ နဂါး သီးကို ကြက်သွေးရောင် ရေဝဲ များက ဝန်းရံပြီး၊ သံတမန် ငါးဦး၏ မျက်လုံး အောက်၌ ဝှက်ထားရန် မလွယ်ချေ။
“ ကိုယ်ပိုင် နည်းလမ်း ရှိတယ်။ ”
လင်းယွန်က ရှင်းပြရန် စိတ်မဝင် စားချေ။ ထျန်းကျွယ်မှ လွဲပြီး၊ အခြားလူ များ၏ အမြင် အာရုံကို လှည့်စားရန် လွယ်ကူသည်။
“ ဒါ ... ဒါပေမယ့် ... ၊ ငါ့မှာ လဲလှယ်ဖို့ သူတော်စင် သစ်သီး မရှိဘူး။ ”
“ စိတ်မပူနဲ့ ... ၊ ကျွန်တော်က မွေးရာပါ သူတော်စင် ကိုယ်လုံး ကိုယ်ပေါက် အဆင့်ကို ရောက် နေပြီ၊ ဒါကြောင့် သူတော်စင် သစ်သီး တေွက ထိရောက်မှု မရှိ တော့ဘူး၊ ...
... သခင်ချန် ... ၊ ဒါက နည်းနည်း ထူးဆန်းတယ်လို့ မထင်ဖူးလား၊ နဂါး သွေးမိစ္ဆာ အလောင်း ကောင် တွေက၊ ငါတို့ရဲ့ သေွးသား စွမ်းအင်ကို ဝါးမြို ပြီးတာတောင်၊ သန်မာ လာပုံ မပေါ်ဘူး ... ။ ”
လင်းယွန်မှ သတိထား မိသည့် အရာကို ထုတ်ပြော လိုက်သည်။ ဟွမ်ခွန် အလောင်းမှာ သွေးသား စွမ်းအင်များ ကုန်ခမ်း သွားပြီး၊ လုံးဝ ခြောက်ကပ် နေသော အလောင်း အဖြစ်သို့၊ ပြောင်းလဲ သွား၏။
ထျန်းကျွယ်က ဤအရာကို ဂရုစိုက်ခြင်း မရှိဘဲ၊ အလောင်းအား လျစ်လျူရှုလျက် နဂါး အရိုး ရှိရာ အရပ်သို့ ဦးတည် နေခဲ့သည်။
မီးခိုးမြူ များကို ဖြတ်ကျော် ပြီးနောက်၊ အကန့် အသတ်မဲ့၊ နဂါး အငွေ့ အသက်များ ရရှိ လာပြီး၊ လူတိုင်းအား ရွှင်လန်းလာ စေသည်။
တောင်ထိပ် တစ်ခု ပေါ်တွင်၊ ခမ်းနား လှသော ပြာလဲ့လဲ့ နန်းတော်ကြီး တစ်ဆောင်ကို တွေ့လိုက် ရသည်။
နန်းတော် ထံမှ လူတိုင်း၏ စိတ်ကို သိမ်ငယ်စိတ် ဝင်စေသော နဂါး ရောင်ဝါနှင့် ရှေးဟောင်း အငွေ့ အသက်များ ထုတ်လွှင့် နေသည်။
ဒုတိယ သံတမန်က ရွှင်မြူး သွားပြီး၊
“ ဒါက တကယ့် ဒဏ္ဍာရီလာ နဂါးပြာ နန်းတော်ပဲ၊ သူ့ ထဲမှာ နတ်နဂါး အရိုးတွေ ရှိရ မယ်၊ အနည်း ဆုံးသော စစ်မှန်သော နဂါး အရိုး မျိုးပဲ။ ”
“ ရွှေခေတ် မကုန်ခင်မှာ ... ၊ နတ်နဂါး နန်းတော် ခုနစ်လုံးကို အုပ်ချုပ်တဲ့၊ တန်ခိုးကြီး နဂါး တစ်ကောင် ရှိခဲ့ တယ်လို့၊ ငါ ကြားဖူးတယ်၊ သူက နတ်နဂါး ခုနစ်ပါးရဲ့ ...
... အုပ်စိုးရှင် အပြာရောင် နတ်နဂါးပဲ၊ ဧကရာဇ် ကိုးပါးတောင် ... ၊ သူ့ဆီက အမွေရပြီး ဒီနေ့ ခွန်လွန်ကို အုပ်စိုး နိုင်ခဲ့တာလို့ သတင်း သဲ့သဲ့ကြား ဖူးတယ်။ ”
“ ဒါပေမယ့် ဒီလို အချက် အလက် တေွကို နတ်နဂါး အင်ပါယာက ဝန်ခံဖို့ ငြင်းဆို ခဲ့တယ် မဟုတ်လား၊ ဒီအကြောင်းရာနဲ့ ပတ်သတ်ပြီး တားမြစ် ထားတယ်၊ ဒါကြောင့် အမှန် တရား ဟုတ်-မဟုတ်ကို ဘယ်သူမှ မသိကြ ပါဘူး။ ”
“ ဘာပဲ ဖြစ်ဖြစ်၊ ဒီမှာ နတ်နဂါး အရိုးတွေ ရှိနိုင်မယ်။ ”
သံတမန် များက စိတ်လှုပ်ရှား နေခဲ့ ကြသည်။ ထိုအချိန်တွင်၊ နဂါးပြာ နန်းတော်မှ ဟောက်သံ တစ်သံ၊ ပဲ့တင် ထပ်လာသည်။
နတ်ဆိုး သားရဲ တစ်ကောင်၏ ဟောက်သံမျိုး ဖြစ်သဖြင့် လူတိုင်း၏ ဦးရေ ပြားများ ထုံကျင် သွားသည်။
“ သွား ရ အောင် ... ။ ”
ထျန်းကျွယ်က အားလုံးကို နဂါးပြာ နန်းတော် ဆီသို့ သွားရန် အမိန့်ပေး လာလေ သည်။
နဂါးပြာ နန်းတော်သည် မိုင်ထောင် ဂဏန်းအကွာ တွင်သာ ရှိသည်။ သို့သော် မည်သူမျှ ပျံသန်းပြီး မသွား ဝံ့ချေ။
နေ့ဝက် ကြာ ပြီးနောက် တောင်ခြေသို့ ဆိုက်ရောက် လာစဉ်၊ အခြားသော ဂိုဏ်းများ၏ ကျွမ်းကျင် ပညာ ရှင်များ စုဝေး နေသည် ကိုလည်း တွေ့လာ ရသည်။
“ ဒုက္ခ တော့ ရောက်ပြီ ... ။ ”
အန်းလျူယွင်က လွင်ယွန် အနား တိုးကပ် လာကာ ပြောသည်။
“ ဘာဖြစ် လို့ လဲ ... ။ ”
“ အခြား ဂိုဏ်းတွေရဲ့ တပည့် ကြီးတွေ ရောက်နေပြီ၊ နတ်နဂါး အရိုး အတွက် သူတို့ကို ရင်ဆိုင်ရ လိမ့်မယ်။ ”
“ ဘယ်မှာလဲ ငါ့ကို ပြထားဦး။ ”
“ အရှေ့ ဘက်မှာ ... ၊ အနက်ရောင် ၀တ်ထားတဲ့ လူကို တွေ့လား၊ သူ့ နာမည်က ချန်ခွိုက် အသက် (၃၃) နှစ်၊ တစ္ဆေ တစ်ရာ ဂိုဏ်းရဲ့ တပည့်ကြီးဖြစ်ပြီး၊ ကြယ်ရှစ်ပွင့် ရှိတယ်၊ ...
... ပင်မ နတ်ဘုရား နယ်ပယ် အဆင့် သတ်မှတ်ချက်မှာ၊ ထိပ်တန်း ခုနစ်ရာ အထိ ရောက် ထားတယ်။ ”
ပင်မ နတ်ဘုရား အဆင့် တစ်ထောင် အတွင်း၊ အဆင့် သတ်မှတ် ခံရ သူများသည် သက်ကြီး ရွယ်အိုများ ဖြစ်ပြီး၊ ချန်ခွိုက် ကဲ့သို့ ငယ်ရွယ်ခြင်း မရှိ ကြချေ။
ဆိုလို သည်မှာ ဤချန်ခွိုက်သည် ကောင်းကင်ကို အံတု နိုင်သော ဉာဏ်ကြီး ရှင် ဖြစ်သည်။
မျက်နှာမှာ ရောဂါသည် တစ်ဦး ကဲ့သို့ ဖြူဖျော့ဖျော့ ဖြစ်နေ သော်လည်း၊ သူ့ အကြည့် ကို လက်ခံ ရသူတိုင်း၊ ကျောရိုး တစ်လျှောက် အေးစက်သွား စေသည်။
“ အဲဒီ လူက ရန်ရွှမ်၊ ချန်ခွိုက်နဲ့ အသက် အရွယ် အတူ တူပဲ၊ ပင်မ နတ်ဘုရား အဆင့် သတ်မှတ်ချက် မှာလည်း၊ အဆင့် ခုနစ်ရာ လောက်မှာ ရပ်တည် ထားနိုင်တယ်၊ ...
... သူ့ဂိုဏ်းက နတ်ဘီလူး ဂိုဏ်းပဲ၊ ရှေးဟောင်း နတ်မိစ္ဆာ ခန္ဓာ ကိုယ်ကို ကျင့်ကြံ ထားပြီး၊ သူ့ မျိုးဆက် သွေးကို နတ်ဘီလူး ဓားမော့နဲ့၊ တွဲဖက်ထား နိုင်တယ်။ ”
မိစ္ဆာဂိုဏ်း များ၏ တပည့်ကြီး များက၊ ဓားဂိုဏ်းရှိ မြေကြီး အဆင့်မှ ထိပ်သီး များနှင့် အဆင့် တူဖြစ် သော်လည်း၊ ခွန်အား အရာ၌ ကြီးမားသော ကွာခြားချက် ရှိသည်။
သို့သော် ဤလူ များသည် ဓားဂိုဏ်း၏ ကြယ်နှစ်ဖော် တို့ထက်၊ အသက် ဆယ်နှစ်ခန့် ပိုကြီး ချေ၏။
ထို့ကြောင့် ကျန့်ရွှမ်ရီနှင့် ကျင်းရှုရွှမ်တို့ သည်သာ၊ ပင်မ နတ်ဘုရား နယ်ပယ်၌ ထပ်မံပြီး ဆယ်စုနှစ် တစ်ခု ဆက်နေရန် ဆန္ဒရှိ ပါက၊ ဤလူများ ကဲ့သို့ ကြယ်ရှစ်ပွင့် သို့မဟုတ် ကြယ်ကိုးပွင့် အထိ ရနိုင်သည်။
“ ဟိုဘက်မှာ ရှိနေတဲ့ ... ၊ နှစ်ဖွဲ့က ဆက်ဆံရေး ကောင်းကြတယ်၊ သွေး မိုးတိမ် ခန်းမနဲ့၊ သဏ္ဍာန်မဲ့ နန်းတော် ခုနစ်လုံးပဲ၊ ...
... သူတို့ရဲ့ တပည့်ကြီး တွေက၊ ချင်းယွီနဲ့ ဖေးအန်၊ ခွန်အား အရာမှာ စောစောက ပြောခဲ့ တဲ့၊ နှစ်ယောက် မနိမ့် ကျဘူး။ ”
ငရဲကမ္ဘာ ခန်းမနှင့် သွေးလမင်း ဂိုဏ်း မလာသေး သောကြောင့်၊ အန်းလျူယွင်မှ စကား ပြတ် သွားသည်။
ထိုဂိုဏ်း နှစ်ဂိုဏ်း ရှေ့မှ မည်သူမျှ၊ ဦးစွာ မလျှောက်လှမ်း ဝံ့ချေ။ သူတို့ နှစ်ဦးသည် ဂိုဏ်း ခုနစ် ဂိုဏ်း၌ အသန် မာဆုံး ဖြစ်သည်။
များမကြာခင် ခရမ်းရောင် ဝတ် အမျိုးသား တစ်ဦးမှ အဖွဲ့ တစ်ဖွဲ့ကို ဦးဆောင်ကာ ရောက်ရှိ လာသည်။
“ မုရုံချန် ... မင်း နောက်ကျတယ်။ ”
တစ္ဆေ တစ်ရာ ဂိုဏ်းမှ ချန်ခွိုက်က လှမ်းပြော လိုက်၏။ သူ့ စကားကြောင့် အခြား တပည့် ကြီးများ ကလည်း၊ မုရုံချန်ကို ကြည့် လာသည်။
မုရုံချန်သည် ငရဲ ကမ္ဘာ ခန်းမ၏ တပည့်ကြီး ဖြစ်ပြီး၊ ကြယ်ကိုးပွင့် ခွန်အား ရှိသည်။ ရုပ်ရည် အသွင် အပြင်မှာ ကြမ်းတမ်းသော အသွင်မျိုး ရှိပြီး၊ ၎င်းတို့ထက် ငယ်သည်။
အရှေ့ဘက် ပျက်စီး မြေ၌၊ တန်ခိုး သြဇာ ကြီးမားသူ တစ်ဦး ဖြစ်လေသည်။ ၎င်းက နဂါး သွေးလွှတ်ကြော နယ်ပယ်သို့ ရောက်သည်နှင့် အင်ပါယာ နတ်မိစ္ဆာ နယ်မြေသို့ ဝင်ရောက်ပြီး၊ မြင့်မြတ်သော သားတော် ရာထူး အတွက်၊ ယှဉ်ပြိုင် မည်ဟု သတင်းပြေး နေခဲ့သည်။
“ ဒါဆို မင်းတို့က ဘာလို့ အရင် မသွား ကြတာလဲ၊ ကြည့်ရတာ ... ဒီတောင်က ထူးဆန်း နေပုံပဲ ... ။ ”
မုရုံချန်က ပြုံးပြီး လူတိုင်းကို ဝေ့ကြည့် လိုက်သည်။
“ ဒါက မီးခိုးမြူ တွေနဲ့ မတူဘူး ... ၊ ညီအစ်ကို ချန်က အရည် အချင်း ရှိနေ မှတော့၊ ရှေ့က ဦးဆောင် လိုက်ပါ။ ”
သွေးမိုးတိမ် ခန်းမ၏ တပြည့်ကြီး၊ ချင်းယွီက အေးစက်စွာ ပြုံးလျက် တုန့်ပြန်သည်။ တစ်ဖက် လူမှ၊ သူတို့အား သူရဲဘောကြောင် သူများ ဟု ဆိုချင်က၊ ရှေ့ဆုံးမှ ဦးဆောင် ပြရ ပေမည်။
မုရုံချန်က ဤအရေးကို မြင်သဖြင့် စကား တစ်ခွန်းမျှ ထပ်မပြော တော့ချေ။ သူသည် မာန ကြီး သော်လည်း၊ စဉ်စား ဉာဏ် ရှိသည်။
ငရဲ ကမ္ဘာ အဖွဲ့တွင် ရှဖုန်ကို မမြင်သဖြင့် လင်းယွန် တစ်ယောက် စိတ်သက်သာရာ ရသွား လေသည်။
ထိုအချိန်တွင် ထူးဆန်းသော ထိုဟောက်သံက တောင်ပေါ်မှ ထပ်မံ ပဲ့တင်ထပ် လာပြန်သည်။
ဤမျှ အကွာ အဝေး မှပင်၊ လူ အချို့ကို ကြောက်ရွံ့ စိတ်များ ဝင်လာ စေသည်။ လမ်း တစ်လျှောက် တွေ့ဆုံ ခဲ့သော နဂါး သွေးမိစ္ဆာ အလောင်းကောင် များနှင့် လုံးဝ ကွဲပြား၏။
“ ဒါ ... ဘာကောင်လဲ။ ”
မုရုံချန် အနားရှိ တစ်စုံ တစ်ယောက်က တုန်တုန် ယင်ယင် အသံဖြင့် မေးလိုက်သည်။ ထိုဟောက်သံကို ကြားချိန်တွင်၊ တောင်ပေါ်သို့ တစ်ယောက်တည်း တက်ရန် စိတ်ကူးအား မုရုံချန်မှ ပယ်ချ လိုက်တော့သည်။
ထို့စဉ် ကြက်သွေးရောင် အ၀တ် အစားဖြင့် ကျောက်စိမ်း ခါးပတ်ကို ပတ်ထားသော လူငယ် တစ်ဦးက အဖွဲ့အား ဦးဆောင်လျက် ရောက်ရှိ လာပြန်သည်။
“ လင်ချင်းယဲ့ ... ။ ”
ဤသည်မှာ သွေးလမင်း ဂိုဏ်းမှ၊ တပည့်ကြီး ဖြစ်ချေ၏။
***