ရှေးဟောင်း နတ်ဆိုး ဝိညာဉ် အလောင်း ကောင်။
Vol. 108 Ch. 1512
သွေးလမင်း ဂိုဏ်း ဟူသည်၊ အင်ပါယာ နတ်မိစ္ဆာ နယ်မြေ၏ ထိန်းချုပ်မှု အောက်တွင် မရှိချေ။
ထိုအချိန်က နှလုံးသားမဲ့ နတ်မိစ္ဆာ ဧကရာဇ်သည်၊ ခွန်လွန်ရှိ မိစ္ဆာ ဂိုဏ်း တိုင်းကို ချေမှုန်းပြီး၊ အင်ပါယာ နတ်မိစ္ဆာ နယ်မြေကို ထူထောင် ခဲ့သည်။
သွေးလမင်း ဂိုဏ်း၏ ဂိုဏ်းချုပ်အား ခေါင်းဖြတ်ခဲ့ သော်မှ၊ ကျန်ရစ်သော ဂိုဏ်းသား များက၊ လက်အောက်သို့ ဝင်ရန် ငြင်းဆန် ခဲ့သည်။
နတ်နဂါး အင်ပါယာ နှင့်၊ အင်ပါယာ နတ်မိစ္ဆာ နယ်မြေကြား၊ ဆက်ဆံရေး တင်းမာ လာသော အခါ၊ သွေးလမင်း ဂိုဏ်းသည် အခွင့် အရေးကို ရယူပြီး၊ အင်အားကြီး ထွားလာ၏။
လင်ချင်းယွီ ပေါ်လာသော အခါ၊ ပတ်ဝန်းကျင် လေထုသည် ရုတ်တရက် ထူးခြား လာသော်လည်း၊ မီးခိုးမြူ အတွင်းမှ နောက်ထပ် ဟောက်သံ တစ်သံ ထွက်လာသည်။
ဤအရာက မိစ္ဆာဂိုဏ်း (၇) ဂိုဏ်းကို ရှေ့မတိုး နောက်မဆုတ် ဖြစ်လာစေ ခဲ့သည်။ ထို့ကြောင့် အားလုံးက အခြေ အနေ စောင့် ကြည့်ရန်၊ အနားယူ လိုက်သည်။
မျက်စိ တစ်မှိတ် အတွင်း၊ လဝက် ကုန်လွန်သွား လေသည်။ ထို့ကြောင့် လူတိုင်း သည်းမခံ နိုင်တော့ချေ။
ကြယ်နယ်မြေ များ၏ ဥပဒေသသည် အချိန်ကြာ မြင့်လာ ပါက၊ ငြင်းဆိုခြင်း ခံရ နိုင်သည်။
“ နတ်နဂါး အရိုး ... ၊ ရောင်ဝါ ပေါ်လာ ပြန်ပြီ။ ”
တစ္ဆေ တစ်ရာ ဂိုဏ်းမှ ချန်ခွိုက်က၊ လေးနက်သော အသံဖြင့် ပြောလာ လေသည်။ အခြားသော တပည့် ကြီးများ မှလည်း၊ နဂါးပြာ နန်းတော် ဆီသို့ လှမ်းကြည့် ကြသည်။
လေပြင်း မုန်တိုင်း များနှင့် အတူ၊ အပြာရောင် ရောင်ဝါများ ပြန့်ကျဲနေ သည်ကို၊ သူတို့ မြင်တွေ့ နိုင်၏။
ထိုအပြာရောင် ရောင်ဝါကို၊ စုပ်ယူ လိုက်သော အခါ၊ သူတို့၏ သွေးသား စွမ်းအင် များ တိုးလာ တော့သည်။
အံ့သြ တုန်လှုပ်ဖွယ်၊ ခန္ဓာ ကိုယ်မှ နဂါး ရောင်ဝါများ မွေးဖွားလာ သည်ကို တွေ့လိုက် ရသည်။
“ ဒါ ပထမဆုံး အကြိမ် မဟုတ်ဘူး၊ နန်းတော်ထဲမှာ နတ်နဂါး အရိုး ရှိတယ် ဆိုတာ သေချာ တယ်။ ”
“ အချိန် ထပ်ဆွဲ မနေ နဲ့တော့ .. ၊ မဟုတ်ရင် ငါတို့ အားလုံးကို ကြယ်နယ်မြေက မောင်းထုတ် လာလိမ့်မယ်။ ”
“ ဟုတ်တယ် ... ၊ ခုတောင် ဒီနဂါး အကြွင်းအကျန် ကြယ်နယ်မြေမှာ နေဖို့ (၇)ရက် လောက်ပဲ၊ အချိန် ရှိတော့တယ်။ ”
အဆုံးတွင် တပည့်ကြီး များက၊ မီးခိုးမြူ များထဲသို့ ဝင်ရောက်ကာ တောင်ပေါ် တက်ရန်၊ ဆုံးဖြတ် ခဲ့ကြသည်။
မိစ္ဆာဂိုဏ်း များသည် ခန္ဓာကိုယ်ကို သန့်စင်သော ကျင့်ကြံသူ များအား၊ ပိုင်ဆိုင် ထား သဖြင့်၊ ရှေ့ဆုံးမှ သွားစေ ၏။
သို့သော် မီးခိုးမြူ ထဲတွင် အန္တရာယ် တစ်စုံတစ်ရာ မကြုံ ခဲ့ချေ။ အားလုံး စိတ်လက် ပေါ့ပါး လာစဉ်၊ မုရုံချန်နှင့်၊ လင်ချင်းယွီ၏ မျက်နှာများ ပြောင်းလဲ သွားသည်။
“ သတိ ထား ... ။ ”
ဖောက်ထွင်းမြင် ရသော လက်သည်း တစ်ဖက်က၊ ခန္ဓာကိုယ် သန့်စင် ထားသော ကျင့်ကြံသူ တစ်ဦး၏ နှလုံးသားကို နှိုက်ထုတ် သွားသည်။
များမကြာခင် ထိုကြယ်ရှစ်ပွင့် ကျင့်ကြံ သူသည်၊ သွေးသား စွမ်းအင်များ ခမ်းခြောက် သေဆုံး သွားတော့၏။
“ သတ် ... ။ ”
ထောင်ပေါင်း များစွာသော နဂါး သွေးမိစ္ဆာ အလောင်း ကောင်များ ရုတ်တရက် ပေါ်လာပြီး တိုက်ပွဲ တစ်ပွဲ ဖြစ်ပွား လာတော့သည်။
သို့သော် ၎င်းတို့သည်၊ ခန္ဓာကိုယ် သန့်စင်ထား သူများ ကိုသာ ပစ်မှတ် ထားခြင်း မျိုး မဟုတ်ဘဲ၊ လူတိုင်းအား ဝန်းရံ လာခြင်း ဖြစ်သည်။
တစ်ဖက်သတ် သတ်ဖြတ်ခြင်း ခံနေ ရသဖြင့်၊ ယင်းက လူတိုင်း နှလုံးသားကို တုန်ယင် လာစေ သည်။
ဤမြင်ကွင်းကြောင့် သူတို့ အားလုံး ထိတ်လန့် နေခဲ့ ကြပြီး မျက်နှာများ ဖြူဖျော့ လာကာ၊ အကြောက် အကန် ပြန်လည် ခုခံ မိတော့၏။
ယခင်က ခန္ဓာကိုယ် သန့်စင် ထားသော သူများကို တည်ကြက် အဖြစ် အသုံးပြု ခဲ့မိသည့် အချိန် မျိုးအား ပြန်သတိ ရလာသည်။
ယခုမူ နဂါး သွေးမိစ္ဆာ အလောင်း ကောင် များမှာ၊ ဉာဏ်ရည် ဉာဏ်သွေး အချို့ ပိုင်ဆိုင် လာပုံ ရသည်။
ထို့ကြောင့် ခန္ဓာကိုယ် သန့်စင်ထား သူများကို လျစ်လျူရှုပြီး၊ အားနည်းသူ များထံ ရွေး၍ တိုက်ခိုက် လာတော့သည်။
တပည့်ကြီး (၇)ဦးက ရပ်ကြည့် မနေနိုင် တော့ဘဲ၊ တစ်ပြိုင် နက်တည်း လှုပ်ရှားမှုများ ပြုလုပ် လာကြသည်။
လင်ချင်းယွီ၏ အထက် လေထုတွင်၊ ကြက်သွေးရောင် လမင်း တစ်စင်း လင်းနေပြီး၊ သွေးလမင်း ဂိုဏ်း၏ ကျွမ်းကျင်သူ အားလုံးကို ဖုံးအုပ် ကာကွယ် ပေးသည်။
“ ဂျိန်း ... ။ ”
ထျန်းကျွယ်က အနန္တ သူတော်စင် လက်ရာကို ထုတ်ယူလျက်၊ ကြယ်ခန်းမ၏ တပည့်များ အပေါ်၊ လျှပ်စီး မိုးကြိုး မုန်တိုင်း (၈) စင်း၊ ထုတ်လွှတ် ပေးလိုက်သည်။
မုရုံချန် မှလည်း၊ သူ့လက်ကို ဝှေ့ယမ်း လိုက်ပြီး၊ အဆိပ်၏ သဘော သဘာဝ ပါသော တိုက်စား နိုင်သည့်၊ အစီရင်အား ခင်းကျင်း လိုက်သည်။
ယန်ရွှမ်က တံဆိပ် တစ်ခု ဖန်တီးကာ၊ ကြက်သွေးရောင် လျှပ်စီးကြောင်း ခုနစ်စင်းကို ထင်ရှား စေပြီး၊ ဓားအစီရင် တစ်ခု ဖန်တီး ပစ်၏။
သို့သော် နဂါး သွေးမိစ္ဆာ အလောင်း ကောင်များမှာ များပြားလွန်း သောကြောင့် ၎င်းတို့၏ လုပ်ရပ်မှာ အသုံး မဝင်ချေ။
မျက်လုံးများ ကိုသာ မြင်နိုင် သဖြင့်၊ တိုက်ခိုက်မှု လမ်းကြောင်းအား ခန့်မှန်းရ ခက်ခဲ ပေသည်။
ထိပ်တန်း ကျွမ်းကျင်သူ များမှ လွဲ၍ အခြားသော ကျွမ်းကျင်သူ များမှာ၊ သေဖွယ် ရှိနေ၏။
“ ဘာတွေ ဖြစ်နေ တာလဲ ... ၊ နဂါး သွေးမိစ္ဆာ အလောင်းကောင် တွေက၊ ဘာလို့ အခုလို ဉာဏ်ကောင်း လာရ တာလဲ။ ”
“ နတ်နဂါး အရိုးက တန်ဖိုး ရှိပေမယ့် ရဖို့ မလွယ် တော့ဘူး၊ ဒီနေ့ ငါတို့ အားလုံး သေကြ လိမ့်မယ်။ ”
လူတိုင်းက နဂါး သွေးမိစ္ဆာ အလောင်း ကောင်များကို ကြည့်ကာ၊ ထိတ်လန့် လာသည်။ ထွက်ပြေး လိုသော်မှ၊ မလွတ်မြောက် နိုင်ချေ။
လင်းယွန်က မြေပြင်ပေါ်တွင် အိုင်ထွန်း နေသော သွေးများကို ကြည့်ပြီး၊ သက်ပြင်းချ လိုက်သည်။
ဤနဂါး သွေးမိစ္ဆာ အလောင်း ကောင် များသည် သွေးသား စွမ်းအင်ကို စုပ်ယူ သော်မှ၊ ပိုမို သန်မာ လာခြင်း မရှိ သဖြင့်၊ သံသယ ဝင်ခဲ့ပြီး ဖြစ်သည်။
ဆိုလို သည်မှာ ၎င်းတို့ စုပ်ယူသော သွေးသား စွမ်းအင် တိုင်းသည်၊ အခြား တစ်နေ ရာသို့၊ ရောက်ရှိ သွားခြင်း ဖြစ်သည်။
တစ်စုံ တစ်ယောက်သည်၊ ယင်း အမှုကို ထိန်းချုပ်ထား ချေမည်။ ရုတ်တရက် ရွံရှာဖွယ် ကောင်းသော ရောင်ဝါ တစ်ခု၊ မြေပြင်မှ ပေါက်ကွဲ ထွက်လာ၏။
“ ..... ။ ”
ကျယ်လောင်သော ဟောက်သံက နောက်တစ်ကြိမ် ထွက်ပေါ် လာပြီး၊ မြေပြင် ကွဲအက် လာသည်။
သည့်နောက် အလောင်း တစ်လောင်း တွားသွား တက်လာ တော့၏။ ထိုအလောင်း သည်၊ လင်းယွန် ခန့်မှန်း ထားသော ထိန်းချုပ်သူ ဖြစ်သည်။
၎င်း၏ မျက်ခုံး အလယ်တွင် ဒေါင်လိုက် ဖြစ်တည် နေသည့်၊ မျက်လုံး တစ်လုံး အပို ရှိနေ ခဲ့၏။
ခန္ဓာကိုယ် အသွင် အပြင်သည်၊ ကမ္ဘာဦး နတ်ဆိုး သန့်စင်ခြင်း သစ်ပင်တွင်၊ ဆွဲထားသော နတ်ဆိုး များနှင့် ဆင်တူသည်။
“ ဟား ဟား ဟား ... ၊ ဘယ်လောက် ကြာပြီလဲ၊ ငါ နောက်ဆုံးတော့ ငါ ပြန်လာ နိုင်ပြီ၊ သွေး ... သွေး ဘယ်မှာလဲ၊ မင်းတို့ အားလုံး သေရမယ် ။ ”
ထိုအလောင်း၏ မျက်လုံး များသည် ပေါက်ကွဲအား ပြင်းထန်သော မီးစွမ်းအင်များ ကဲ့သို့၊ ရဲရဲနီ နေသည်။
ယင်းသည် နဂါး သွေးမိစ္ဆာ အလောင်း ကောင် များမှ ဝါးမြိုခဲ့သော သွေးသား စွမ်းအင် များ ဖြစ်သည်။
“ အား ... ။ ”
၎င်းထံမှ ရောင်ဝါမှာ ကြောက်စရာ ကောင်းသဖြင့်၊ အားနည်းသော လူ အချို့မှာ ခေါင်း များကို ဖိကိုင်လျက်၊ နာကျင်စွာ အော်ဟစ် လိုက်ကြသည်။
ထိုအခွင့် အရေးကို ယူပြီး လင်းယွန်က အန်းလျူယွင်နှင့် ရှောင်ယွင်း အနား ရွေ့လျား လိုက်သည်။
“ ဒီအလောင်း ကောင်က လူသေ တစ်ယောက်ပဲ၊ သူ စုပ်ယူ ထားတဲ့ သွေးသား စွမ်းအင်က မကြာခင် ကုန်ဆုံးသွား လိမ့်မယ်၊ ဒါကြောင့် ငါတို့တွေ ပူးပေါင်း ရမယ်။ ”
လင်ချင်းယွီက အကြံပြုသည်။ ကျန် တပည့်ကြီး များကလည်း၊ သဘောတူ ချေ၏။ မဆိုင်း မတွဘဲ တပည့်ကြီး (၇)ဦးက၊ နက္ခတ် များနှင့် အမွေခံ သူတော်စင် ရတနာ များကို ထုတ်ယူ လိုက် ကြသည်။
ထိုမှ တစ်ဆင့် ရှေေးဟောင်း နတ်ဆိုး အလောင်း ကောင်၏၊ အငွေ့ အသက် များကို ခွဲထုတ် နိုင်ခဲ့ပြီး၊ တိုက်ခိုက်မှုများ လွှတ်လိုက် ကြသည်။
ပတ်ဝန်းကျင်ရှိ၊ မိစ္ဆာ မြူများ လျော့နည်း သွားကာ၊ နဂါး သွေးမိစ္ဆာ အလောင်း ကောင် များကို၊ ဝေးရာသို့ တွန်းထုတ် နိုင်ခဲ့သည်။
“ သူတို့က သန်မာပြီး၊ သက်ဆိုင်ရာ ဂိုဏ်းတွေမှာ၊ တပည့် ကြီးတွေ ဖြစ်ထိုက်ပါ ပေတယ်၊ အတူတူ ပေါင်းစည်း ကြတဲ့ အခါ မယုံနိုင် စရာ ပါပဲ။ ”
ရှောင်ယွင်မှ ဝေဖန် လိုက်သည်။
“ သူတို့ ကိုင်ဆောင် ထားတဲ့၊ သူတော်စင် ရှေးဟောင်း ပစ္စည်းတွေမှာ အမွေ တစ်ခုစီ ရှိပြီး၊ ပြီးပြည့် စုံတဲ့ နတ်ဘုရား ရူရ် တစ်လုံးစီ ...
... ပါဝင်တယ်၊ ဒါကြောင့် ... ဒီနတ်ဘုရား ရူရ်ကို၊ အသက် သွင်း နိုင်နေ သရွေ့၊ စွမ်းအား ကြီးနေ ဦးမှာပဲ။ ”
အန်းလျူယွင်မှ ဝင်ပြောသည်။ သို့သော် လင်းယွန်က ခေါင်းခါလျက်၊
“ ငါ မထင်ဘူး ... ၊ တစ်ခုခု ဖြစ်လာ ခဲ့လို့ရှိရင် တောင်ပေါ် ကိုသာ ပြေးပါ၊ တောင် အောက် မပြေးနဲ့၊ သေလိမ့်မယ်။ ”
ထိုအချိန်တွင် လင်ချင်းယွီက နတ်ရူရ်ကို အသက် သွင်းကာ၊ ရှေးဦး နတ်မိစ္ဆာ ဝိညာဉ် အလောင်း ကောင်၏ ဆိုးရွားသော အငွေ့ အသက်ကို ခွဲပစ် လိုက်သည်။
“ ..... ။ ”
ဤအရာက ရှေးဦး နတ်ဆိုး ဝိညာဉ် အလောင်း ကောင်ကို နာကျင်စွာ အော်ဟစ် သွားစေ၏။
ထို့ကြောင့် နဖူး ပေါ်ရှိ ဒေါင်လိုက် မျက်လုံးမှာ၊ ပွင့်လာပြီး အေးစက်သော ရောင်ဝါ တစ်ခု ထွက်လာသည်။
ထိုအအေး ဓာတ်သည် သူတော်စင် လက်ရာများ၏ ရောင်ဝါ ခုနစ်ပါးကို လျင်မြန်စွာ တိုက်စား သွားသည်။
ယင်းကြောင့် သူတော်စင် လက်ရာများ၊ မှေးမှိန် သွားပြီး၊ တပည့်ကြီး များကို၊ လွင့်စဉ် ကုန်စေသည်။
“ သွား ရ အောင်။ ”
ဤရှေးဦး နတ်ဆိုး ဝိညာဉ် အလောင်း ကောင်သည်၊ သူတို့ နှိမ်နှင်း နိုင်သည့် အရာ မဟုတ်မှန်း၊ သိ လာကြ၏။
ထို့ကြောင့် ထွက်ပြေးရန်၊ ကြံရွယ်ခြင်း ဖြစ်သည်။ သို့သော် လူရိပ် သုံးရိပ်က၊ သူတို့ ထက် ဦးစွာ တောင်ပေါ် ပြေးတက် သွား၏။
သူတော်စင် မိုးပြာ နဂါး ခန္ဓာအား ထုတ်ဖော်လျက်၊ နဂါး သွေးမိစ္ဆာ အလောင်း ကောင် များကို တွန်းတိုက် သွားခဲ့သည်။
***