ထရီလီယံများစွာ၊ ဗုဒ္ဓဂိုဏ်းသို့ သူလျှိုလွှတ်ခြင်း
Vol. 21 Ch. 253
[အမည်: ဟန်ကျွယ်]
[သက်တမ်း: ၂,၆၇၇/၅၄,၁၁၂,၉၉၉,၉၉၉,၉၉၉]
[မျိုးနွယ်စု: အင်မော်တယ် (လောကဦး ကြယ်တာရာ ခန္ဓာကိုယ်)]
[ကျင့်ကြံမှု: ပြန်လည်မွေးဖွားခြင်း အင်မော်တယ်ဧကရာဇ် ပထမအဆင့်။]
[ကျင့်စဉ်: ပြန်လည်မွေးဖွားရာ လမ်းခြောက်သွယ် (အမွေဆက်ခံ၍ ရရှိသည်)၊ ကောင်းကင်စက်ဝန်း ခန္ဓာကိုယ်ကျင့်စဉ်]
[မဟာတာအို: သေခြင်းရှင်ခြင်း မဟာတာအို]
[မှော်ပညာ: .....]
‘ငါ့သက်တမ်းက ၅၄ ထရီလီယံ တောင်လား’ ဟန်ကျွယ်ဟာ အံဩမှင်သက်သွားပြီးနောက် မပျော်မရွှင် ဖြစ်သွားပါတယ် ‘အင်မော်တယ်ဧကရာဇ်က ထာဝရအသက်ရှင်တာဆို၊ ဘာလို့ ငါ့ဆီမှာ သက်တမ်းအရေအတွက် ရှိနေရသေးတာလဲ’
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပြီး တစ်စုံတစ်ခုမှားနေတယ်လို့ ခံစားလိုက်ရပါတယ်။ အဲဒါကြောင့် ကောင်းကင်တာအိုတိုကင်ကို ထုတ်ယူလိုက်ပြီး တိထိုက်ပိုင်နဲ့ ဆက်သွယ်လိုက်ပါတယ်။
“ဘာကိစ္စလဲ” တိထိုက်ပိုင်အသံက အနည်းငယ်နွမ်းလျနေပါတယ်။
“စီနီယာ... အင်မော်တယ်ဧကရာဇ်တွေက ထာဝရ အသက်မရှည်ကြဘူးလား”
“ထာဝရအသက်ရှည်တယ်လို့တော့ ပြောလို့ရပါတယ်၊ ဒါပေမဲ့ အင်မော်တယ်ဧကရာဇ်တွေလည်း သေကြတာပဲ”
“အင်မော်တယ်ဧကရာဇ်တွေက တစ်ထရီလီယံလောက် အသက်ရှည်ကြလား”
“တစ်ထရီလံယံလား၊ ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ ငါတော့ အဲဒီလောက်ထိ အသက်ရှည်မှာ မဟုတ်ဘူး”
ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဒါလည်း ယုတ္တိရှိတာပဲ၊ လူတွေက ဘယ်လိုလုပ်ပြီး ဒီလောက်ကြာအောင် အသက်ရှည်နိုင်မှာလဲ’
‘ထရီလံယံမပြောနဲ့၊ နှစ်သန်းတစ်ရာတောင် တော်တော် ရှည်ကြာနေပြီ’
ရှန်စစ်သူကြီးက နှစ်လေးငါးသန်းပဲ ရှိအုန်းမှာပါ။ ဒါတောင် ရှန်စစ်သူကြီးက အင်မော်တယ်လောကကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် လုပ်နိုင်နေပါပြီ။ ထရီလီယံလောက် အသက်ရှည်တဲ့လူဆိုရင်တော့ ဘယ်လောက်ကြောက်ဖို့ကောင်းမလဲ မှန်းဆသာကြည့်ကြပါတော့။
ဟန်ကျွယ်ဟာ သူ နတ်မင်းဖြစ်လာရင်လည်း သက်တမ်းထပ်တိုးအုန်းမယ်ဆိုတာကို ကျိန်းသေပေါက် သိပါတယ်။ အဲဒီအချိန်ကျရင် သူ့သက်တမ်းက ဘယ်လောက်ထိ ဖြစ်လာမလဲဆိုတာ ဟန်ကျွယ် မခန့်မှန်းရဲပါဘူး။ ဟန်ကျွယ်မှာ သက်တမ်းတွက်ချက်ဖို့ စနစ်ရှိပေမဲ့ တစ်ခြားသူတွေမှာတော့ မရှိကြပါဘူး။ အင်မော်တယ်ဧကရာဇ်တွေက မသေနိုင်ဘူးဆိုရင် အချင်ချင်း တိုက်ခိုက်စရာအကြောင်းကို လုံးဝမရှိပါဘူး။
ဟန်ကျွယ်ဟာ ခေါင်းထဲကို အတွေးတွေကို ရှင်းထုတ်လိုက်ပြီး တိထိုက်ပိုင်နဲ့ စကားနည်းနည်းပါးပါး ပြောပါတယ်။
အခုအချိန်မှာ ဟန်ကျွယ်သေဖို့ဆိုတာက အတော်လေးကို ခက်သွားပါပြီ။ သက်တမ်းအရကြည့်မယ်ဆိုရင် ဟန်ကျွယ် သေရမဲ့ရက်က အဝေးကြီးမှ အဝေးကြီးပါ။ ထုန်ကျန့်ကမ္ဘာတောင် ဒီလောက်ထိ ရှည်ကြာမှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပြီး ကောင်းကင် စိတ်ဝိညာဉ်ကျောက်တုံးနဲ့ ပေါင်းစပ်လိုက်ပါတယ်။
လေးငါးဆယ်ရက် ကြာပြီးနောက်။
[သင့်ကြမ္မာဆိုးစာအုပ်သည် ဧကရာဇ်တာအို အကောင်းစားရတနာ အဆင့်သို့ အဆင့်မြှင့်တက်သွားပါပြီ။]
ဟန်ကျွယ်ဟာ ဒီအသိပေးချက်ကို မြင်တဲ့အခါမှာ ကျေနပ်စွာ ပြုံးလိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ တိုက်တိုင်းအောင်ဗုဒ္ဓကစလို သူ့ရန်သူတွေကို တစ်ယောက်ပြီးတစ်ယောက် ကျိန်စာတိုက်ပါတယ်။
ထုံးစံအတိုင်း ဟန်ကျွယ်ဟာ ကျိန်စာတိုက်ရင်းနဲ့ စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။ တိုက်တိုင်းအောင်ဗုဒ္ဓ ထုန်ကျန့်ကမ္ဘာကို ရောက်မလာသေးတဲ့အတွက် ကောင်းကင်ရုံးတော်က တိုက်တိုင်းအောင်ဗုဒ္ဓကို တားဆီးထားတာ သိသာလှပါတယ်။
[သင့်မိတ်ဆွေ ကျန်းယီသည် အင်မော်တယ်ဧကရာဇ်တစ်ပါး တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မိတ်ဆွေ ရှန်စစ်သူကြီးသည် အင်မော်တယ်ဧကရာဇ်တစ်ပါး တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။]
[သင့်မြေးတပည့် ဖန်းလျန်သည် ကောင်းကင်ဧကရာဇ်ရုပ်တု ရှေ့မှောက်၌ အသိဉာဏ်လင်းလက်ပြီး ကံတရားအထောက်အပံ့ တိုးတက်သွား၏။]
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် မိစ္ဆာသရဲများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] X၃၇၂၁၁
[သင့်မိတ်ဆွေ လုံရှန်သည် သူ့ခန္ဓာကိုယ်အား ပြန်တည်ဆောက်ခဲ့၏။]
[သင့်တပည့် စုချီသည် ကြမ္မာဆိုးအား ဖြန့်ကျက်ခဲ့သော်လည်း ရှန်းတော်၏ ကံတရားအထောက်အပံ့မှာ လျော့ကျသွားခြင်း မရှိချေ။]
[သင့်မိတ်ဆွေ ကျိုးဖန်သည် ကံအားလျော်စွာ အခွင့်အရေးတစ်ခု ရရှိပြီး ဆန်းကြယ်စွမ်းအားတစ်ပါးကို သင်ယူတတ်မြောက်သွား၏။]
ဟန်ကျွယ်ဟာ စွမ်းအားကြီးပုဂ္ဂိုလ်ကို ထပ်မမြင်ရတော့ပါဘူး။ စွမ်းအားကြီးပုဂ္ဂိုလ်တွေ အကုန်လုံးနီးပါး အင်မော်တယ်ဧကရာဇ်တွေ ဖြစ်လာပါတယ်။ တိုက်တိုင်းအောင်ဗုဒ္ဓကလည်း အထင်ကြီးစရာပါ။ ရှန်စစ်သူကြီးနဲ့ ကျန်းယီကိုတောင် အနိုင်ယူနိုင်ပါတယ်။
ဟန်ကျွယ်ဟာ နည်းနည်း ရင်ထိတ်သွားပါတယ်။ အင်မော်တယ်ဧကရာဇ်ဖြစ်တာ မကြာသေးတာမို့ ဟန်ကျွယ်ဟာ တိုက်တိုင်းအောင်ဗုဒ္ဓကို အနိုင်ယူဖို့ ယုံကြည်ချက်မရှိ ဖြစ်နေပါတယ်။ ဒါကြောင့် ဟန်ကျွယ်ဟာ ကျိန်စာတိုက်ပြီးတော့ အချိန်ဆွဲပါတယ်။
နှစ်ဝက်ကြာတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ သူ့ဓားတာအို ဆန်းကြယ်စွမ်းအားတွေကို ကန့်သတ်စည်းထိ ရောက်အောင် မြှင့်တင်လို့ ပြီးသွားပါတယ်။ ဒီတော့မှာပဲ ဟန်ကျွယ်ဟာ စိတ်သက်သာရာ ရသွားပြီး လေပူတစ်ချက် မှုတ်ထုတ်လိုက်ပါတယ်။
ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ သူ့စွမ်းအားကို စမ်းသပ်ဖို့အတွက် အသွင်တူလက်ရည်စမ်းပွဲထဲ ဝင်လိုက်ပါတယ်။
ဝတ်ရုံဖြူဗုဒ္ဓ၊ တစ်ချက်တည်းသေ။
ဗိုလ်ချုပ်ချန်ဖောင်၊ တစ်ချက်တည်းသေ။
ကျန်းယီ၊ တစ်ချက်တည်းသေ။
ကောင်းကင်ဧကရာဇ်နဲ့ ယှဉ်တဲ့အခါမှာတော့ တစ်ချက်တည်းသေတဲ့လူက ဟန်ကျွယ် ဖြစ်သွားပါတယ်။ ဟန်ကျွယ်ဟာ တစ်ခြားသူတွေ အကုန်လုံးနီးပါးကိုတော့ တစ်ချက်တည်းနဲ့ အသေသတ်နိုင်ပါတယ်။
တိုက်ခိုက်လို့ ပြီးတဲ့အခါမှာတော့ ဟန်ကျွယ်ဟာ ပျင်းရိသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်နဲ့ တိုက်ခိုက်တဲ့အထဲမှာ အင်မော်တယ်ဧကရာဇ်ဆိုလို့ ကျန်းယီပဲ ရှိလို့ပါ။ ဗိုလ်ချုပ်ချန်ဖောင်က အင်မော်တယ်ဧကရာဇ်ဆိုပေမဲ့ ဟန်ကျွယ်နဲ့ တွေ့စဉ်က ဧကရာဇ်အဆင့် မရောက်သေးပါဘူး။
ကောင်းကင်ဧကရာဇ်ကတော့ နတ်မင်းအဆင့်လောက်မို့ ဟန်ကျွယ် ဘယ်လိုတိုက်တိုက် နိုင်မှာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ မတ်တတ်ရပ်လိုက်ပြီး ကျင့်ကြံခြင်းလိုဏ်ဂူ အပြင်ဘက်ကို ထွက်လိုက်ပါတယ်။
တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တွေဟာ ဟန်ကျွယ် ထွက်လာတာကိုတွေ့တာနဲ့ ချက်ချင်း ဝန်းရံပြီး ဝိုင်းမေးကြပါတယ်။
“ဆရာသခင်... အဆင့်ထိုးဖောက်လို့ ပြီးသွားပြီလား”
“ဆရာဘိုးဘိုး... ဆရာဘိုးဘိုးက ဘယ်လောက်ထိ စွမ်းနေပြီလဲ”
“ဆန်းကြယ်စွမ်းအားကို သိမြင်နားလည်တာလား၊ အဆင့်ထိုးဖောက်တာလား”
“နောက်ဆုံးတော့ ထွက်လာပြီပဲ”
စိတ်လှုပ်တရှားဖြစ်နေတဲ့ လူစုကိုကြည့်ပြီး ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “တော်ပြီ၊ မေးနေတာ ရပ်တော့၊ ငါ ဒီနေ့ စိတ်ကောင်းဝင်နေတော့ မင်းတို့ကို တာအိုဟောကြားပေးမယ်”
ဟွမ်ဇွမ်တျန်ဟာ နောက်မှာထိုင်ပြီး စိတ်ရှည်လက်ရှည် စောင့်နေပါတယ်။ ဟွမ်ဇွမ်တျန်ဟာ ဝီရိယတောင်ကို ရောက်လာပြီးကတည်းက သူ့ဆုံးဖြတ်ချက်မှန်ကြောင်း ပိုပိုသေချာလာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တိတ်ဆိတ်ဂိုဏ်းရဲ့ တပည့်တွေက အရမ်းကို စွမ်းအားကြီးနေလို့ပါပဲ။
ဟွမ်ဇွမ်တျန်ဟာ တိတ်ဆိတ်ဂိုဏ်းက တပည့်တွေဟာ ဟန်ကျွယ်ရဲ့ အကူအညီ မပါဘဲနဲ့တောင် သေမျိုးကမ္ဘာတစ်ခုလုံးကို ဇော်ထိုးမိုးမျှော် လုပ်နိုင်တယ်လို့ ခံစားလိုက်ရပါတယ်။
‘ငါ ဒီအခွင့်အရေးကို လုံးဝ ဆုပ်ကိုင်ထားရမယ်” ဟွမ်ဇွမ်တျန်ဟာ ပြတ်သားစွာ တွေးလိုက်ပါတယ်။
အစအဆုံးမရှိတဲ့ ဟင်းလင်းပြင်မှာ ပညာဉာဏ်ကြီးမားပြီး ဂုဏ်ကျက်သရေရှိတဲ့ အမျိုးသားတစ်ဦးဟာ ရွှေရောင်တောက်ပနေတဲ့ ကြာပလ္လင်ပေါ်မှာ ထိုင်နေပါတယ်။ ဒီအမျိုးသားဟာ ရွှေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ချောမောတဲ့မျက်နှာနဲ့ ကြံ့ခိုင်တောင့်တင်းတဲ့ ခန္ဓာကိုယ် ရှိပါတယ်။ သူ့နောက်က တုတ်ကြီးကတော့ ကောင်းကင်ထောက်တိုင်လိုပဲ ပေသောင်းချီ ရှည်လျားပါတယ်။
ဒီအမျိုးသားဟာ တခြားသူ မဟုတ်ပါဘူး။ တိုက်တိုင်းအောင်ဗုဒ္ဓပဲ ဖြစ်ပါတယ်။
တိုက်တိုင်းအောင်ဗုဒ္ဓဟာ ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်ပြီး လေးနက်တဲ့မျက်နှာထားနဲ့ ပြောလိုက်ပါတယ် “ထွက်လာခဲ့ကြစမ်း”
ရုတ်ခြည်းဆိုသလိုပဲ အရပ်ဆယ်မျက်နှာကနေ အလင်းတန်း ၂၄ တန်း ထွက်ပေါ်လာပါတယ်။
“တိုက်တိုင်းအောင်ဗုဒ္ဓ... မင်းက ဘယ်လိုလုပ်ပြီး ကောင်းကင်ရုံးတော်ကို ကျူးကျော်ရဲတာလဲ၊ မင်း သေချင်နေပြီလား”
“ဟွန်း... မင်းက ကောင်းကင်ရုံးတော်ကို တစ်ယောက်တိုင်းနဲ့ စိတ်ထင်တိုင်း ကြဲနိုင်မယ် ထင်နေတာလား”
“ဒီနေ့က မင်းသေရမဲ့နေ့ပဲ”
“တိုက်တိုင်းအောင်ဗုဒ္ဓ... မြန်မြန် အသတ်ခံစမ်း”
ကျယ်လောင်တဲ့အသံတွေဟာ တစ်သံပြီးတစ်သံ ထွက်ပေါ်လာပါတယ်။
တိုက်တိုင်းအောင်ဗုဒ္ဓဟာ တစ်ချက်ကြည့်လိုက်ပြီး အထင်သေးစွာ ပြုံးလိုက်ပါတယ် “ငါက ကြယ်သခင် ၂၄ ပါး ရောက်လာတာလို့ ထင်နေတာ၊ အခုတော့ ဒုတိယမျိုးဆက်တွေ ဖြစ်နေပါကောလား၊ မင်းတို့က ငါ့ကို သတ်နိုင်မယ် ထင်နေတာလား၊ မင်းတို့လိုမျိုးလူတွေ နောက်ထပ် အယောက်တစ်ရာ လာရင်တောင် ငါ့ကို မသတ်နိုင်သေးဘူး”
အဲဒီနောက် တိုက်တိုင်းအောင်ဗုဒ္ဓဟာ မတ်တတ်ရပ်ပြီး ဟိန်းဟောက်လိုက်ပါတယ်။ ဒီလိုဟိန်းဟောက်လိုက်တဲ့အခါမှာတော့ တိုက်တိုင်းအောင်ဗုဒ္ဓဟာ ကြမ်းတမ်းရဲစက်တဲ့ သားရဲတစ်ကောင်လိုမျိုး ဖြစ်သွားပါတယ်။
ဒီအချိန်မှာ အလင်းတန်း ၂၄ တန်းက အင်မော်တယ်တွေဟာ တိုက်တိုင်းအောင်ဗုဒ္ဓဆီ လျင်မြန်စွာ ပျံသန်းလာပြီး တိုက်ခိုက်တာကြောင့် နောက်ထပ်ကြီးမားတဲ့ တိုက်ပွဲကြီးတစ်ခု ဖြစ်ပေါ်လာပြန်ပါတယ်။
နှစ်နှစ်ကြာလို့ ဟန်ကျွယ် ကျင့်ကြံခြင်းလိုဏ်ဂူထဲ ပြန်ဝင်တဲ့အခါ ဝူတောက်ကျန့်လည်း လိုက်သွားပါတယ်။ ဟန်ကျွယ်ဟာ အိပ်ရာထက်မှာထိုင်ပြီး သူ့သိစိတ်ကို သူ့ဝိညာဉ်ရဲ့ နက်ရှိုင်းတဲ့နေရာဆီ ပို့ကာ လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာနဲ့ တွေ့ဆုံပါတယ်။
ချုပ်နှောင်ခံရတာကြာပြီမို့ ဟန်ကျွယ်ရဲ့ လမ်းခြောက်သွယ် အမှတ်အသားဟာ လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာရဲ့ ဝိညာဉ်ထဲကို ရောက်သွားပါပြီ။ အခုဆိုရင် ဟန်ကျွယ်ဟာ ဒီကောင်းကင်မိစ္ဆာကို အတွေးတစ်ချက်တည်းနဲ့တင် သတ်နိုင်နေပါပြီ။
“မင်း အသက်ရှင်ချင်သေးလား” ဟန်ကျွယ်က မေးလိုက်ပါတယ်။
အိပ်ပျော်နေတဲ့ လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာဟာ ချက်ချင်းနိုးသွားပြီး အမြန်အော်ပြောလိုက်ပါတယ် “ရှင်ချင်တယ်၊ ကျွန်တော် အသက်ရှင်ချင်ပါတယ်၊ အသက်ရှင်ဖို့အတွက် ကျွန်တော် အရာအားလုံး လုပ်နိုင်ပါတယ်”
“ဒါဆို မင်း ပဋိပက္ခတားမြစ်နယ်မြေကို ပြန်ပြီး ဗုဒ္ဓဂိုဏ်းထဲကို ရောဝင်နိုင်မလား” ဟန်ကျွယ်က မေးလိုက်ပါတယ်။
လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာဟာ အံကြိတ်ပြီး ပြောလိုက်ပါတယ် “ရတယ်၊ ကျွန်တော့်ကို ဗုဒ္ဓဂိုဏ်းထဲမှာ ဘာလုပ်စေချင်တာလဲ”
“ဗုဒ္ဓဂိုဏ်းထဲမှာသာ ပုန်းနေချည်၊ ဖြစ်နိုင်မယ်ဆိုရင် နည်းလည်းရှာပြီး ဗုဒ္ဓဖြစ်အောင်လုပ်၊ ပြီးရင် အာဏာရအောင်ကြိုးစား၊ မင်းငါ့အတွက် ဘာမှလုပ်ပေးစရာမလိုဘူး၊ နောက်ကျလို့ ဗုဒ္ဓဂိုဏ်းက ငါ့ကို ရန်သူလိုဆက်ဆံရင် မင်းက အသုံးဝင်လာလိမ့်မယ်၊ ဒီလိုမဟုတ်ဘဲ ဗုဒ္ဓဂိုဏ်းက ငါ့ကို မနှောင့်ယှက်ဘူးဆိုရင် မင်းနဲ့ငါက တစ်သက်လုံး သူစိမ်းတွေပဲ”
လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာဟာ ကျေနပ်အံအားသင့်သွားပါတယ် ‘ဒါလေးပဲလား’
“သဘောတူတယ်” လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာဟာ ခပ်မြန်မြန်ပဲ သဘောတူလိုက်ပါတယ်။
ဟန်ကျွယ်ဟာ ချက်ချင်းပဲ လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာကို လွှတ်ပေးလိုက်ပါတယ်။
ဝူတောက်ကျန့်ဟာ ဟန်ကျွယ်ခေါင်းထက်ကနေ အနက်ရောင်အရိပ်တစ်ခု ထွက်ပေါ်လာတာကို မြင်လိုက်ရပြီး အဲဒီအနက်ရောင်ရိပ်ရဲ့ တလေးတစား ကျေးဇူးတင်သံကို ကြားလိုက်ရပါတယ်။
“ကျွန်တော်ကို့ အသက်ချမ်းသာပေးတဲ့အတွက် ကျေးဇူးပါပဲ”
စကားအဆုံးမှာပဲ လောကဦးပဋိပက္ခ ကောင်းကင်မိစ္ဆာဟာ ပျောက်ကွယ်သွားပါတော့တယ်။
ဝူတောက်ကျန့်ဟာ စပ်စုပါတော့တယ် “သခင်... ခုနက ဘာကြီးလဲ”
“မမြင်ခဲ့ဖူးလို့သာ မှတ်လိုက်”
အဲဒီနောက် ဟန်ကျွယ်ဟာ ထုန်ကျန့်ကမ္ဘာနားမှာရှိတဲ့ စွမ်းအားကြီးကျင့်ကြံသူတွေကို စစ်ဆေးလိုက်ပါတယ်။
[တိုက်တိုင်းအောင်ဗုဒ္ဓ: အင်မော်တယ်ဧကရာဇ် ဆဋ္ဌမအဆင့်၊ ဗုဒ္ဓဂိုဏ်းမှ ဗုဒ္ဓတစ်ပါးဖြစ်သည်။]
မြန်မာပြည် ငြိမ်းချမ်းပါစေ။