← Chapters

နဂါးပြာ နန်းတော်။

Vol. 109 Ch. 1513

နဂါးပြာ နန်းတော်။

Vol. 109 Ch. 1513

မိစ္ဆာဂိုဏ်း (၇) ဂိုဏ်း၏၊ တပည့်ကြီး ခုနစ်ယောက်သည် သူတော်စင် ပစ္စည်း များနှင့် အတူ၊ လမ်းကြောင်း ရှင်းလင်း ခဲ့ကြသည်။

သို့သော် အလောင်းကို မနိုင် သဖြင့် ထွက်ပြေးရန် ဆုံးဖြတ် လိုက်သည်။ ချက်ချင်း ဝရုန်းသုန်းကား ဖြစ်ကုန် ၏။

အနန္တ သူတော်စင် ရူရ် များသည် နတ်ရူရ် များမဟုတ် သော်လည်း၊ နတ်ရူရ် ကဲ့သို့ အခန်း ၁၅၁၃ –

နဂါးပြာ နန်းတော်။ အစွမ်း ထက်သည်။

သာမာန် အခြေ အနေ များတွင်၊ နဂါး သွေးလွှတ်ကြော နယ်ပယ်၊ ကျွမ်းကျင် သူများ မှသာ၊ ထိုအနန္တ ရူရ်ကို ထိန်းချုပ် နိုင်မည် ဖြစ်သည်။

သို့သော် တပည့်ကြီး ခုနစ်ယောက်၏ ခွန်အားသည် ကြောက်မက်ဖွယ် ကောင်းသော အမြင့်၌ ရှိနေသဖြင့်၊ အသုံးချ နိုင်၏။

လေးနာရီကြာ ထွက်ပြေး လာပြီး နောက်တွင်၊ မီးခိုးမြူ အတွင်းမှ၊ လူတစ်ရာ မျှသာ၊ ထွက်လာ နိုင်ခဲ့သည်။

မီးခိုးမြူ အတွင်း မဝင်မီ၊ လူတစ်ထောင် နီးပါး ရှိသည်။ ထို့ကြောင့် ဆုံးရှုံးမှုမှာ ကြီးမား ချေ၏။

အဆုံးတွင် မြူအတွင်းရှိ၊ နတ်မိစ္ဆာ ဝိညာဉ် မျိုးနွယ်စု၏၊ အလောင်း ကောင် တစ်ကောင်မှာ၊ သာမန် အဆင့် မဟုတ်ချေ။

နတ်မိစ္ဆာ ဝိညာဉ် မျိုးနွယ် ဟူသည် အမှောင်ခေတ်၌ ကေျာ်ကြားသော၊ ဘီလူး မျိုးနွယ် ဖြစ်ပြီး၊ ၎င်းတို့မှာ နတ်နဂါးခေတ် အတွက်၊ နံပါတ် (၁) ရန်သူ အဖြစ်၊ သတ်မှတ်ထား ကြသည်။

ရွှေခေတ် ပျက်စီး ခြင်းသည် ၎င်းတို့နှင့် ဆက်စပ်နေ သည်ဟု၊ မှတ်တမ်း အများ အပြား တွင်၊ ရေးသား ထားကြသည်။

“ နဂါးပြာ တွေက ... ၊ နတ်နဂါး ခုနစ်မျိုး ထဲမှာ အရှားပါးဆုံး မျိုးစိတ်ပဲ၊ လက်ရှိ နတ်နဂါး အင်ပါယာမှာ ဘယ်သူမှ နဂါးပြာ မျိုးဆက်သွေး မပိုင်ဆိုင် ထားကြဘူး။ ”

“ ဒီနေ့ ပြီးလို့ ... ၊ နတ်နဂါး အင်ပါယာသာ ရှာတွေ့ရင်၊ သေချာပေါက် ကန့်သတ် နယ်မြေ ဖြစ်သွား လိမ့်မယ်။ ”

“ ဧကရာဇ် ကိုးပါးက၊ နဂါး သခင် တွေရဲ့ အမွေကို ရရှိ တာကြောင့် သန်မာလာ ကြတယ် လို့၊ သတင်း ကြားဖူးတယ်။ ”

“ လျှောက်ပြော မနေနဲ့ ... ၊ ဧကရာဇ် ကိုးပါးရဲ့ လျှို့ဝှက်ချက် တွေကို နတ်နဂါးခေတ် မှာ၊ ပြောခွင့် မရှိဘူး။ ”

“ ဘာပဲ ဖြစ်ဖြစ်၊ ဒီနဂါးပြာ နန်းတော်က ... အခွဲ အင်အားစုလေး ဖြစ်နေ ရင်တောင်၊ ငါတို့ အတွက် အခွင့် အရေး ပါပဲ။ ”

“ နန်းတော်မှာ အဆင့် ကိုးဆင့် ရှိတယ် ဘယ်လောက် ဝေးဝေး ရောက်နိုင် မလဲလို့ တွေးမိတယ်။ ”

တပည့်ကြီး များက နန်းတော် တံခါးသို့ လျှောက်သွား လျှက်မှ စကား စမြည် ပြောဆို လာကြသည်။

လူတိုင်းမှ သူတို့အား လမ်းဖွင့် ပေး၏။ စောလျင်စွာ ရောက်နေ လျှင်ပင်၊ ၎င်းတို့ထက် ဦးစွာ မည်သူမျှ မဝင် ရဲချေ။

“ အိုး ... ၊ မင်း အသက်ရှင်နေ တုန်းလား။ ”

လင်းယွန် အနားမှ အဖြတ်တွင်၊ ထျန်းကျွယ်က အေးစက်စွာ ပြောလာသည်။

“ မင်း ... စိတ်ပူ နေစရာ မလို ပါဘူး။ ”

နဂါးပြာ နန်းတော်ကို မြင်ရပြီ ဖြစ်သော ကြောင့်၊ လင်းယွန်က သည်းခံခြင်း မရှိတော့ဘဲ၊ ထျန်းကျွယ် မျက်ဝန်းထဲ တည့်တည့် စိုက်ကြည့် ကာ၊ ပြန်ပြော လိုက်သည်။

“ မင်း ... ဘာကောင်လဲ၊ အစ်ကို ထျန်းကို ဒီလို ပြန်ပြော ရအောင်၊ မင်းကိုယ်မင်း ဘယ်သူ ထင်နေလဲ။ ”

ဒုတိယ သံတမန်က သတ်ဖြတ် လိုသော ရည်ရွယ်ချက်ကို ထုတ်ဖော် လိုက်ပြီး၊ ဒေါသ တကြီး ဝင်ပြော လာသည်။

“ ထားလိုက်၊ နဂါးပြာ နန်းတော်က အရေး ကြီးတယ်။ ”

ထျန်းကျွယ်က ဒုတိယ သံတမန်ကို သတိ ပေးသည်။ နဂါး အကြွင်း အကျန် ကြယ်နယ်မြေ တွင်၊ နောက်ထပ် ခုနစ်ရက်သာ အချိန် ရမည် ဖြစ်သည်။

ထို့ကြောင့် လောလော ဆယ်တွင်၊ လင်းယွန်အား လွှတ်ထား ရပေမည်။ တပည့် ကြီး ခုနစ်ယောက်က၊ နဂါးပြာ နန်းတော် ထဲသို့ ဝင်ရောက် သွားကြသည်။

လင်းယွန် သည်လည်း လူအုပ်ကြီး နှင့်အတူ၊ နန်းတော် ထဲသို့ လိုက်ပါ လာခဲ့သည်။ တံခါးဝကို ဖြတ်သန်း လာစဉ်၊ နဂါး အငွေ့ အသက် များက ခန္ဓာကိုယ် ထဲသို့ ဝင်ရောက် လာသည်။

ထိုကြောင့် ရောင်ဝါ ကြိုးများ အဖြစ်၊ သန့်စင်ရန် အာရုံစိုက် ကုန်သည်။ လင်းယွန်မှ မျက်လုံးကို ပြန်ဖွင့် လိုက်သော အခါတွင်၊ အလင်း တန်းများ ပြေးထွက် သွား၏။

နန်းတော် ထဲတွင် နတ်နဂါး အရိုး ရှိနေကြောင်း သေချာ သွားသည်။ သွေးသား စွမ်းအင်များ နွေးထွေး လာ၏။

ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ၊ ရှောင်ယွင်နှင့် အန်းလျူယွင်တို့အား မမြင်ရ တော့ချေ။ ဆိုလို သည်မှာ လူတိုင်းအား ကျပန်းပို့ဆောင် နေခြင်း ဖြစ်သည်။

အမွေထား ရှိသော နန်းတော် တိုင်းတွင်၊ အများ အားဖြင့်၊ အလားတူ စမ်းသပ်မှုများ ချန်ထား ခဲ့လေ့ ရှိသည်။

( ဧကရီ ... ၊ နဂါးပြာ အရိုးရဲ့ ... ၊ ဂုဏ်သတ္တိက ဘာတွေလဲ၊ ငါနဲ့ သဟဇာတ ဖြစ်ပါ့ မလား။ )

လင်းယွန်က ရုတ်တရက် သတိရပြီး မေးမိသည်။

( နဂါးပြာ အရိုး တွေမှာ ... ၊ သစ်သား ဂုဏ်သတ္တိ ရှိတယ်၊ လေကို မွေးဖွားပြီး လျှပ်စီး အပေါ်၊ ထိန်းချုပ် နိုင်တယ်၊ မိုးပြာ နဂါး အရိုး ထက်၊ သေချာပေါက် တန်ဖိုး ရှိတယ်၊ ...

... သစ်သား ဂုဏ်ရည်က ... ၊ မင်းရဲ့ ကိုယ်ခန္ဓာကို အာဟာရ ဖြည့်ပေး နိုင်တယ်၊ ပြီးတော့ ... နတ်နဂါး အရိုး ဖြစ်တဲ့ အတွက်၊ စစ်မှန်သော ...

... နဂါး အရိုး တွေထက် ပိုမြင့်တယ်၊ ဒါပေမယ့် ... သူ့မှာ မွေးရာပါ နတ်ဘုရား ရူရ်ပါ မလားပဲ ကြည့်ရအောင်။ )

( ငါလည်း ... မျှော်လင့် ပါတယ်။ )

လင်းယွန်မှ အများကြီး မမျှော် လင့်ချေ။ မိုးပြာ သူတော်စင် နဂါး ခန္ဓာကိုယ် ပြီးမြောက် ရန်သာ၊ ဆန္ဒ ရှိသည်။

တစ်နာရီ ကြာချိန်၌၊ လှိုင်းလုံး ကြီးများ ပတ်ဝန်းကျင်သို့ ရိုက်ခတ် လာ၏။ လင်းယွန်မှ ခေါင်းမော့ ကြည့်လိုက်သော အခါ၊ အပြာရောင် မီးပွားများ၊ လေထဲ ပျံဝဲ လာသည်ကို မြင်တွေ့ လိုက်ရသည်။

လူတစ်ဦး အဖြစ် ဖွဲ့စည်းရန် အချိန် မကြာလိုက်ချေ။ ထိုလူသည် အပြာရောင် ၀တ်ရုံ ဆင်မြန်း ထားပြီး၊ မျက်ဝန်း၌ ဓား တစ်လက် ရှိနေသည်။

“ ဝှစ် ... ။ ”

လူရိပ် ဖြစ်တည် လာသည်နှင့်၊ ၎င်းက လင်းယွန်ကို ဓားဖြင့် ထိုးလိုက်၏။ ပန်းသင်္ချိုင်း ဓားအား ထုတ်ယူကာ၊ ချက်ချင်း ကာကွယ် လိုက်ရသည်။

“ ထန် ... ။ ”

ဓား ရောင်ခြည်သည် သူ့ ပါးပြင်မှ ဖြတ်သွားပြီး၊ ဆံပင် များကို ဖြတ်တောက် သွား၏။

များမကြာခင် ထိုဓားချက်ကို မရှောင် နိုင်သော၊ မိစ္ဆာ ဂိုဏ်း အသီးသီး၏ တပည့်များ အားလုံး၊ နဂါး အကြွင်း အကျန် ကြယ် နယ်မြေမှ၊ တွန်းထုတ်ခြင်း ခံရသည်။

ထို့ကြောင့် ကြယ်နယ်မြေ အပြင်ဘက် အတွင်းရှိ၊ မိစ္ဆာဂိုဏ်း (၇)ဂိုဏ်း၏ အကြီးအကဲ များက၊ လှုပ်လှုပ် ရွရွ ဖြစ်လာသည်။

လူတိုင်းမှာ ဤနေရာ အတွက်၊ အသက် စွန့်ကာ၊ ကြိုးစား လာခဲ့ သော်လည်း၊ နန်းတော် ထဲပင်၊ ဝင်ရောက် နိုင်ခြင်း မရှိချေ။

“ သူတို့ ထွက်လာ ကြပြီ ... ။ ”

“ နဂါး အကြွင်း အကျန် ကြယ်နယ်မြေရဲ့ အခြေ အနေက ဘယ်လိုလဲ။ ”

“ မင်းတို့ သူတော်စင် အသီးအနှံ ဘယ်လောက် ရခဲ့လဲ။ ”

နတ်ဆိုးဂိုဏ်း အသီးသီးမှ အကြီးအကဲ များက၊ သူတို့၏ တပည့် များကို စုံစမ်း မေးမြန်း လိုက်ကြ တော့သည်။

ရှေးဟောင်း မိစ္ဆာ အလောင်း ကောင်နှင့် နဂါးပြာ နန်းတော် အကြောင်း ကြားသော အခါ၊ လောက နိယာမ နယ်ပယ် အကြီးအကဲ များပင် စိတ်လှုပ်ရှား လာသည်။

“ နဂါးပြာ နန်းတော်လား ... ၊ ဒါက ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ ... ၊ ဒီကြယ်နယ်မြေ ကြီးက အပျက် အစီးမြေ မဟုတ် ဖူးလား။ ”

“ နတ်နဂါး အရိုး ... ၊ ငါတို့ ဒီနတ်နဂါး အရိုးကို ရအောင် ယူရမယ်၊ သူတို့မှာ ကြီးမားတဲ့ လျှို့ဝှက်ချက် တစ်ခု ရှိလိမ့်မယ်။ ”

လောက နိယာမ နယ်ပယ် အကြီးအကဲ များမှာ၊ ဣန္ဒြေ မဆည် နိုင်တော့ဘဲ၊ လောဘဖြင့် ကြယ်နယ်မြေထဲ မျှော်ကြည့် လာကြသည်။

ထိုအချိန်တွင် လင်းယွန်မှာ ပထမ စမ်းသပ်မှုကို အောင်မြင်သွား ခဲ့သည်။ သူ့ရှေ့၌ တဖြည်းဖြည်း ပျောက်ကွယ် နေသည့်၊ ပုံရိပ်ကို ကြည့်ကာ၊

“ လွယ်လိုက်တာ။ ”

-ဟု ရေရွတ် လိုက်သည်။

တံခါးကို တွန်းဖွင့်ကာ၊ နန်းတော်ထဲ ဆက်လျှောက် လာခဲ့သည်။ နန်းတော် အတွင်း အခန်း များစွာ ပါရှိပြီး၊ လူများစွာက ဝင်ရောက် ရှာဖွေ နေကြသည်။

စင်္ကြံ၏ အဆုံးတွင်၊ အခန်း တစ်ခု ရှိနေသဖြင့်၊ ဆက်လျှောက် မိသည်။ အဆုံးတွင် ရှင်းလင်း နေသော ခန်းမငယ် တစ်ခုသာ ဖြစ်နေ သဖြင့်၊ စိတ်ပျက် သွား၏။

ဤနန်းတော်သည် နဂါးပြာ မိသားစု၏ တပည့်များ အတွက်၊ ရည်ရွယ်ထား ပုံ ပေပင်။ ထို့ကြောင့် ဤနေရာတွင် ထူးခြားသော အမွေများ မရှိဟု အဓိပ္ပါယ် ရသည်။

ကြယ်နယ်မြေ၏ တန်ဖိုး အရှိ ဆုံးသော အမွေ များမှာ၊ ဂူ အတွင်းရှိ နိဗ္ဗာန် ဆုံမှတ်များ ဖြစ်ချေမည်။

သို့သော် ယင်းအမှတ် များက အန္တရာယ် များလွန်းသည်။ နေရာ တိုင်း၌ ရှိနိုင်မည် မဟုတ် ချေ။

ခန်းမ အလယ်တွင် အပြာရောင် စင်မြင့် ရှိပြီး၊ ကျောက်သေတ္တာ တစ်လုံးအား တံဆိပ် ခတ်လျက်၊ ထားရှိ ထားလေသည်။

မိစ္ဆာ ဂိုဏ်းသား များနှင့် ဧည့်သည် ကျင့်ကြံသူ ဆယ်ယောက်ခန့်က ထိုသေတ္တာ အနားတွင် ရပ်နေသည်။

“ ကျောက် သေတ္တာ အပေါ်က၊ ကန့်သတ်ချက်တွေ ... ပျောက်ကွယ် လာပုံ ရတယ်။ ”

“ အထဲမှာ ဘာတွေ ပါမယ် ထင်လဲ ... ၊ ဒီနေရာမှာ ထားမှတော့ ... ၊ အပြင်မှာ ရှိနေတဲ့၊ သူတော်စင် သစ်သီး တွေထက်၊ ပိုပြီး အဖိုး တန်မယ် ထင်တယ်။ ”

လူတိုင်း ရင်ထဲတွင်၊ မျှော်လင့်ချက်များ ပြည့်နှက် လာ၏။ အဆိုပါ ကျောက်သေတ္တာ ပွင့်သည်နှင့် ၊ သွေးလွှမ်းသော တိုက်ပွဲကြီး ဖြစ်ပွားလာ ပေမည်။

***

All Chapters