ချန်ခွိုက်။
Vol. 109 Ch. 1514
သေတ္တာ၏ ကန့်သတ်ချက်မှာ၊ မကြာမီ ပျောက်ကွယ် တော့မည် ဖြစ်ကြောင်း လင်းယွန် သိသဖြင့်၊ ပန်းသင်္ချိုင်း ဓားကို ကိုင်ဆောင်ကာ စင်္ကြံမှ လှမ်းဝင် လာမိသည်။
ဤနေရာ ရောက်ပြီး နောက်တွင်၊ သူ့ ခွန်အားကို ဝှက်ထား နေစရာ မလို တော့ချေ။ အဆုံးတွင် သည်လူများ မှန်၏။
ကျောက်သေတ္တာ အတွက်၊ လူတိုင်း တိုက်ပွဲ ဝင်ခွင့် ရှိသည်။ ၎င်းတို့မှ လင်းယွန်ထံ တစ်ချက် သာ ကြည့်ကာ၊ ဂရု မစိုက် တော့ချေ။
သူတို့ မျက်လုံးတွင်၊ ကြယ်ခြောက်ပွင့် ပုရွက်ဆိတ် မျှသာ ဖြစ်၏။ သို့သော် ထက်ရှ သော ဓားတစ်လက် ပေါက်ကွဲ လာသည်။
“ ဘ ရူး ... ။ ”
သူတို့ လက်ထဲတွင် ရှိသော လက်နက် များမှာ၊ ထိုဓား၏ ခြိမ်းခြောက်မှု အောက်တွင် စတင် တုန်ခါ ကုန်သည်။
ယင်းက လူတိုင်းကို ထိတ်လန့် သွားစေ၏။ သိပ်မကြာခင် မှာပင် ဓားအလင်းများ ဖြာထွက် လာပြီး၊ အခန်း ထဲရှိ လူ တစ်ဝက်မှာ၊ ကြမ်းပြင် ပေါ်၊ လဲကျ ကုန်သည်။
“ သူ ... ဘယ်သူလဲ။ ”
ကျန်ရှိ နေသော မိစ္ဆာ ဂိုဏ်းသားများ ထိတ်လန့် နေစဉ်၊ ကောင်းကင်ဓား ထပ်မံ ထွက် လာပြီး၊ မုန်တိုင်း ကဲ့သို့ ခန်းမကို လွှမ်းခြုံ တော့သည်။
ဓားကိုးချက် ပြည့်ပြီးနောက်၊ ခန်းမထဲ မည်သူမျှ မတ်တပ်ရပ်လျက် မနေနိုင် တော့ချေ။ ကြမ်းပြင်၌ လှဲလျောင်း ရကုန်သည်။
“ အ ... ။ ”
“ အီး ... ။ ”
ကြယ်ခြောက်ပွင့်မှ ပုရွက်ဆိတ် တစ်ကောင်သည်၊ ဤကဲ့သို့ ကြောက်မက်ဖွယ် ကောင်းသော ဓားရောင်ဝါကို သုံးကာ၊ သူတို့ အား အနိုင်ယူ လိမ့်မည်ဟု မထင် မိချေ။
“ ကျွီ ... ။ ”
သည့်နောက် ထိုပုရွက်ဆိတ်က၊ ကေျာက်သေတ္တာကို ဖွင့်နေစဉ်၊ သူတော်စင် ဓားကို ကိုင်ထားသော လူရိပ် တစ်ရိပ်က၊ လေဟာ နယ်ကို ခွဲလျက်၊ သူ့ထံ တိုးဝင် လာသည်။
ယင်းက ခိုးဝင် တိုက်ခိုက်ခြင်း မည်ပြီး၊ ရက်စက် လှ၏။ ထိုသူမှာ အကြွင်းမဲ့ နန်းတော် ခုနစ်လုံး၏ အမာခံ တပည့် ဖြစ်သည်။
မိစ္ဆာဂိုဏ်း များကြား ကျော်ကြားသော ဂုဏ်သတင်းမျိုး ပိုင်ဆိုင် ထား၏။ ကြယ်ရှစ်ပွင့် ရရှိ ထားသဖြင့်၊ များစွာ သန်မာသည်။
ဤမြင်ကွင်းကြောင့် မြေပြင်တွင် ဒဏ်ရာ ရရှိထားသော လူ အများက၊ ပျော်ရွှင် မလာဘဲ၊ ငြိမ်သက်စွာ ကြည့်နေ မိသည်။
ဤလုရွယ်ကျန်းသည် ရက်စက်သူ ဖြစ်ပြီး၊ ထိုပုရွက်ဆိတ်အား သတ်ပြီးနောက်၊ သူတို့ကို အလွတ် ပေးမည် မဟုတ်ချေ။
“ ဝှစ် ... ။ ”
သို့သော် ပုရွက်ဆိတ်က သေတ္တာ ထဲမှ၊ ကျောက်စိမ်း ပုလင်းအား ထုတ်ယူကာ၊ လှည့်၍ ဓားဖြင့် ပြန်လည် ထိုးလိုက်သည်။
ထိုဓားသည် လုရွယ်ကျန်း၏ မျက်ခုံး အလယ် ဗဟိုသို့ ချိန်ရွယ် ထား၏။ ထို့ကြောင့် အနား မရောက် လာခင်၊ ချက်ချင်း သေဆုံး သွားသည်။
သည့်နောက် ထိုပုရွက်ဆိတ်က၊ အခန်း အတွင်း လှည့်ပတ် ကြည့်လိုက်ရာ စင်္ကြံတွင်၊ ပုန်းကွယ် စောင့်ဆိုင်း နေသည့်၊ လူတိုင်း အသက် အောင့် ထားမိသည်။
လင်းယွန်က ၎င်းတို့အား၊ စိတ်မ၀င်စား တော့ဘဲ ကျောက်စိမ်း ပုလင်းကို ဖွင့် လိုက်ရာ၊ သင်းပျံ့ သော ရနံ့များ ထွက်လာသည်။
နဂါး မူလ ပုလဲများ ဖြစ်ပြီး၊ စုစုပေါင်း (၉)လုံး ရှိ၏။ သူတော်စင် များသာ ၎င်းကို သန့်စင် ပေး နိုင်ကာ၊ လောက နိယာမ နယ်ပယ် အတွက်၊ အလွန် အကျိုး ရှိသည်။
ထို့ကြောင့် အကျိုး ကျေးဇူး များသည် သဘာဝ အတိုင်း ကြီးမား လှသည်။ ဤအရာကို တစ်ချိန်က စီနီယာ အစ်ကို ဖုန်းကျွယ် ထံမှ ရရှိခဲ့ ဖူးသည်။
ကျောက်စိမ်း ပုလင်းကို ကိုင်လျက်၊ ဒုတိယ အဆင့်သို့ ဆက်၍ လျှောက်လှမ်း သွားမိသည်။ သည်နန်းတော်သည်၊ နဂါးပြာ၏ အမြီး ဖြစ်ချေ၏။
သူ ထွက်သွား ပြီးနောက်၊ တင်းကြပ် နေသော လေထုမှာ၊ ချက်ချင်း ပျောက်ကွယ် သွားလေ သည်။
“ သူက ... ဘယ်သူလဲ ... ၊ ကြောက်စရာ ကောင်းလိုက်တာ။ ”
“ ကြယ်ခန်းမက ဖိတ်ကြား ထားတဲ့ ဧည့်သည်ပဲ၊ သူ့ကို အဝေး ကနေ ... ၊ ငါ မြင်ခဲ့ ဖူးတယ်၊ ဒါပေမယ့် ... အဲဒီ တုန်းက သူက ဒီလောက် အစွမ်းထက်ပုံ မပြဘူး။ ”
မြေပြင်ရှိ လူတိုင်းက၊ လင်းယွန်၏ မူလကို ဆွေးနွေးလျက် ကျန်ရစ်ခဲ့ ကြလေသည်။
ဒုတိယ အဆင့်၌ ဘုံဗိမာန် များစွာ ရှိပြီး၊ အလားတူ အခန်း များနှင့်၊ သေတ္တာ များထား ရှိသည်။
တစ္ဆေ တစ်ရာ ဂိုဏ်း၏ တပည့်ကြီး ချန်ခွိုက်က၊ ခန်းမ တစ်ခု အတွင်း ဝင်ရောက် လာ၏။
သူ့ကို တွေ့ သည်နှင့် ခန်းမ ထဲရှိ၊ တိုက်ခိုက်နေ သူများ အားလုံး ချက်ချင်း ရပ်လိုက် ကြသည်။
“ သုံး အထိ ရေတွက်မယ် ... ၊ သုံးပြည့် တာနဲ့၊ မင်းတို့ကို ငါ စသတ်မယ်၊ ဟား ဟား ဟား ... ။ ”
ချန်ခွိုက်က ထိတ်လန့် နေသော ကျင့်ကြံသူများ အားလုံးကို ရယ်မောလျက် သတိ ပေးလိုက်သည်။
“ ပြေး ... ။ ”
“ မြန် မြန် ... ။ ”
လူတိုင်း မရေတွက်မီ ကပင်၊ လှည့်ပြေး တော့သည်။ ဤမျှ သူ့စကား အပေါ် အလေး အနက် ထားကြ သဖြင့်၊ ချန်ခွိုက်မှ အံဩ သွား၏။
“ ဒီလူ တွေက ... ၊ ငါ့ စကားကို တကယ် အလေး အနက် ထားနေ တာလား၊ သနား စရာ ပါပဲ။ ”
ချန်ခွိုက်က စိတ်ပျက် လက်ပျက်ဖြင့်၊ ခေါင်းခါ လိုက်မိသည်။ ရုတ်တရက် တစ္ဆေ အရိပ် (၁၈) ရိပ်၊ သူ့ခန္ဓာ ကိုယ်မှ ပျံထွက် လာသည်။
တစ္ဆေ ဝိညာဉ် တစ်ကောင် စီသည် ကျောက်စိမ်းတုံး တစ်တုံး အလား၊ ကြည်လင် ပြတ်သား နေသည်။
၎င်းတို့က လူတိုင်း နောက်သို့၊ လိုက်ပါ သွားကြသည်။ ထိုတစ္ဆေ များက၊ ကျင့်ကြံသူ များ၏ ခန္ဓာ ကိုယ်အား ဖြတ်သန်း သွားချိန်၌၊ မြေပေါ် လဲကျ သေဆုံး ကုန်သည်။
“ ပုရွက်ဆိတ် တွေ ... ။ ”
တစ္ဆေများ ပြန်ရောက် လာချိန်၌ ခေါင်းယမ်းလျက်၊ အပြာရောင် စင်မြင့် ဆီသို့ လျှောက်လှမ်း သွား လိုက်သည်။
ထိုမြင်ကွင်းကို လင်းယွန်မှ ရပ်ကြည့် နေခဲ့သည်။ ချန်ခွိုက်၏ တိုက်ပွဲဝင် ပုံစံမျိုးမှာ ထူးခြား ပေ၏။
ကောင်းကင် ဓားက ထိုတစ္ဆေ များကို သတ်နိုင်သည်။ သို့သော် ၎င်းနှင့် ထိပ်တိုက် တွေ့ရန် မလိုအပ် သဖြင့်၊ တိတ်တဆိတ် ဆုတ်ခွာ လိုက်သည်။
“ ဒီမှာ တစ်ယောက် ယောက် ရှိနေ တာလား။ ”
ချန်ခွိုက်က သံသယဖြင့် လှည့်ပတ် ကြည့်သည်။ သူ့ အာရုံကို ယုံကြည်ပြီး၊ တစ်စုံ တစ်ယောက်မှ ကြည့်နေ ခဲ့သည်။
သို့သော် ထွက်မလာ ရဲသည့် အတွက်၊ ထိုသူသည် ပြိုင်ဘက် အဆင့်၌ မရှိဟု၊ ယုံကြည့် ကာ၊ သေတ္တာအား ဖွင့်လိုက်သည်။
“ သားရဲ ဝိညာဉ် သန့်စင်ခြင်း ဆေးလုံး။ ”
တည်ငြိမ်မှုကို ထိန်းမရ တော့ချေ။ ဤသူတော်စင် ဆေးလုံးသည် သူ လိုအပ်သော အရာ ဖြစ်သည်။
“ စိတ်ဝင် စားစရာပဲ၊ ဟား ဟား ဟား ... ။ ”
ချန်ခွိုက်မှ ရယ် လိုက်သည်။ နဂါးပြာ နန်းတော် အပေါ်၊ စိတ်ဝင်စား မှုများ ရုတ်ချည်း တိုးလာ တော့သည်။
အဆုံးတွင် နတ်နဂါး အရိုးကို၊ မရယူ နိုင် ခဲ့သော်မှ၊ အခွင့် အရေး များနှင့် ရတနာ များမှာ၊ အံ့ဩ လောက်ဖွယ် ပေပင်။
***