မင်း ... ငါ့ စကားကို ယုံသင့်တယ်။
Vol. 109 Ch. 1515
ဒုတိယ အဆင့်၏ ခန်းမ များစွာကို လည်ပတ် ကြည့်ရှု ခဲ့သော်လည်း၊ မည်သည့် ရတနာမှ မတွေ့ ရတော့ချေ။
ထိုအချိန်တွင် အန်းလျူယွင်နှင့် ရှောင်ယွင်မှာ၊ ဒုတိယ အဆင့်ကို ကျော်ဖြတ်ကာ တတိယ အဆင့်သို့ ရောက်ရှိ နေပြီ ဖြစ်သည်။
ဤသို့သော စမ်းသပ် နန်းတော် များက၊ ရှားပါးသည် မဟုတ်ချေ။ ၎င်းတို့ကို ကောင်းကင် (၃၆) အတွင်း နေရာ တိုင်း၌ တွေ့နိုင်သည်။
သို့သော် အများစု အပေါ်၊ နတ်နဂါး အင်ပါယာမှ ထိန်းချုပ် ထားသည်။ ထို့ကြောင့် ဤသည်မှာ သူတို့ အားလုံး အတွက်၊ ရှားရှား ပါးပါး အခွင့် အရေး တစ်ရပ် ဖြစ်သည်။
ယင်းအခွင့် အရေးသည် ဧကရာဇ် ကိုးပါး ကိုပင်၊ ယှဉ်ပြိုင် နိုင်သော ကံကောင်း မှုမျိုး ပေပင်။
နတ်နဂါးအရိုးနှင့် ယှဉ်သော် သူတော်စင် အသီးအနှံ ဆေးလုံး များသည် အမှိုက် များသာ ဖြစ်သည်။
နတ်နဂါး အရိုးအား သူတို့ ရရှိ ခဲ့ပါက၊ စွမ်းအားရှင် တစ်ဦးကို မွေးဖွား ပေးနိုင်မည် ဖြစ်သည်။
များမကြာခင် ဂြိုဟ်သိမ် ခါးပတ်လမ်း အတွင်း၌ ပုံရိပ် နှစ်ရိပ် ပေါ်လာသည်။ သဘာဝ အတိုင်း အန်းလျူယွင်နှင့် ရေှာင်ယွင် ဖြစ်၏။
နှစ်ယောက်သား ကံကောင်းပြီး ခရီးစဉ် တစ်လျှောက် ချောမွေ့ ခဲ့သည်။ သို့သော် ပဉ္စမ မြောက် တံခါး စောင့်နှင့် တိုက်ခိုက်မှု တစ်ရာကျော် ဖလှယ်ကာ၊ ရှုံးနိမ့် သွားရသည်။
တူညီသော ကျင့်ကြံမှု အောက်တွင် ကောင်းကင်ဓား ပိုင်ဆိုင် ထားသော ပြိုင်ဘက် ထံမှ၊ တိုက်ခိုက်မှု တစ်ရာကို ခုခံ ရန်မှာ၊ ခက်ခဲလွန်း ချေ၏။
“ မင်းက ပဉ္စမ အဆင့်မှာ ... ၊ ကျရှုံး ခဲ့တာလား။ ”
ရှောင်ယွင်မှ အန်းလျူယွင်ကို မေးသည်။ သူမက ခေါင်းညိတ် ပြကာ၊
“ လင်းယွန်ကို တွေ့ခဲ့ သေးလား။ ”
-ဟု ပြန်မေးသည်။
“ မတွေ့ဘူး ... ၊ သူက ငါတို့ထက် ပိုမြန် နေမှာ သေချာတယ်။ ”
ရှောင်ယွင်က သေချာသော အသံဖြင့် ပြန်ဖြေ လိုက်သည်။
“ ခဏ စောင့်ရအောင်။ ”
နဂါး အကြွင်း အကျန် ကြယ် နယ်မြေ၌ လင်းယွန် အတွက် စိတ်မပူချေ။ ၎င်းမှ ထွက်ခွာ လာလျှင်သာ၊ စိတ်ပူစရာ ဖြစ်သည်။
သို့သော် လင်းယွန် အပေါ်၊ ရှောင်ယွင် မှန်းဆချက် မှားယွင်း ခဲ့သည်။ လင်းယွန်သည် ၎င်းတို့ထက် နှေးကွေး နေသည်။
သူတို့ နှစ်ဦး ဖယ်ထုတ် ခံရချိန်၌၊ ပဉ္စမ စမ်းသပ် မှုကို ဖြတ်ကျော်ပြီး၊ ဆဋ္ဌမ အဆင့်သို့ ရောက်တုန်း ဖြစ်သည်။
ခန်းမ ထဲတွင် သေတ္တာ တစ်လုံး ရှိနေ သေးသဖြင့် ကံကောင်း သည်ဟု ဆိုရ ပေမည်။ ကြမ်းပြင်၌ အလောင်းများ ပြည့်နေပြီး၊ စင်မြင့် ရှေ့တွင် လူ တစ်ယောက် ရပ်နေသည်။
ဤပုဂ္ဂိုလ်သည် သူတော်စင် ချပ်ဝတ်ကို ၀တ်ဆင် ထားကာ ကြံခိုင်သော ကိုယ်ခန္ဓာမျိုး ပိုင်ဆိုင် သည်။ ၎င်းက သူ့ ခြေသံကြောင့်၊ လှည့်ကြည့်ကာ အံ့သြ သွား လေသည်။
“ ဟား ဟား ဟား ... ၊ တိုက်ဆိုင် လိုက်တာ။ ”
ဤသည်မှာ ကျင်းအော် ဖြစ်ပြီး၊ အေးစက်စက် အသွင်ဖြင့် ပြောလာ တော့သည်။ ထိုစဉ်က သတိ လက်လွတ် ပြုမူ မိသဖြင့်၊ လင်းယွန်မှ သူ့အား ကိုင်ပေါက် နိုင်ခဲ့ခြင်း ဖြစ်သည်။
ယင်းကြောင့် ထိုအရှက် တရားကို ကင်းစင်အောင် လုပ်ရန်၊ အခွင့်အရေး ရှာနေခဲ့ ဖူးသည်။
သို့သော် ၎င်းသည် ခန္ဓာ ကိုယ်ကို သန့်စင်ထား သဖြင့်၊ ထျန်းကျွယ် အတွက် အသုံးဝင် နေရာ အခွင့် မသာ ခဲ့ချေ။
ဒေါသကို ပြန်၍ မျိုချ ထားခဲ့ ရသည်။ လက်ရှိမူ အခွင့် အရေးမှာ စိုက်စိုက် မြိုက်မြိုက် ရောက်လာပြီ ဖြစ်သည်။
စမ်းသပ် နန်းတော်သည် ပရမ်း ပတာ ဖြစ်နေပြီး၊ မိစ္ဆာဂိုဏ်း ခုနစ် ဂိုဏ်းမှာ အချင်းချင်း တိုက်ခိုက် နေကြ၏။
ယင်းကြောင့် အသုံး မဝင် တော့သည့် ဧည့်သည် တစ်ဦးကို သတ်ပစ် ခြင်း အပေါ်၊ မည်သူမျှ ဂရုစိုက်မည် မဟုတ်ချေ။
“ ဟား ဟား ဟား ... ၊ မင်း ဘယ်လို သေချင်လဲ။ ”
ကျင်းအော်မှ မေးသည်။
“ ငါ သေနေ့ ... မစေ့ သေးဘူး။ ”
လင်းယွန်က ပြန်ဖြေ၏။
“ အိုး ... ဒါကို မင်းက ဘယ်လို သိမှာလဲ။ ”
စကားဆုံး သည်နှင့်၊ လင်းယွန် မျက်နှာကို ချိန်ရွယ်ကာ လက်သီးဖြင့် ထိုးချပစ် လိုက်သည်။ လျှပ်စီး သကဲ့သို့ လက်သီးက ဝင်လာ၏။
လက်သီး အဟုန်သည် လေဟာနယ်ကို ခွဲလျက်၊ ပတ်ဝန်းကျင်အား တုန်ခါ သွားစေခဲ့ လေသည်။
“ ဝှစ် ... ။ ”
သို့သော် မည်မျှ အစွမ်းထက် စေကာမူ၊ လင်းယွန်အား မထိချေ။ ရွှေကျီးကန်း အသွင် ပြောင်းခြင်း ကိုးမျိုးကို ထုတ်ဖော်ကာ၊ ရှောင်ထွက် သွားခြင်း ဖြစ်သည်။
“ ဘယ်လိုလုပ် ဖြစ်နိုင် မှာလဲ ။ ”
ကျင်းအော်မှ ထအော် မိ၏။ ထိုအခွင့် အရေးကို ယူကာ၊ လင်းယွန်က နဂါး ရူရ်အား လက်မောင်းတွင် စုရုံး စေလိုက်သည်။
ထို့နောက် နဂါး လက်သည်းက ကြောက်စရာ ကောင်းသော မုန်တိုင်း နှင့်အတူ၊ ဖြစ်ပေါ် လာသည်။
ဤတိုက်ခိုက်မှုကို ခေါင်းချင်းဆိုင် ပြန်လည် ဖြေရှင်း ပြီးနောက်၊ ကျင်းအော် ခမျာ၊ နောက်သို့ ခြေသုံးလှမ်း ဆုတ်ခွာ လိုက်ရသည်။
မျက်နှာ တစ်ပြင်လုံး ချက်ချင်း ဖြူဖျော့ လာပြီး၊ ချက်ချင်းပင် ကြောက်လန့် သွားခဲ့ လေ သည်။
“ မင်း ... မင်း ဘယ်သူလဲ၊ မင်း ဒီလောက် သန်မာ နေတာ အန်းလျူယွင်ရဲ့ လက်အောက် ငယ်သား မဖြစ် နိုင်ဘူး။ ”
“ အဟက် ... မင်း သဘော ပေါက် လာပြီ၊ အမှန်တော့ ... ငါဒီကို လိုက်လာတာ မင်းတို့လို မိစ္ဆာဂိုဏ်း တေွနဲ့ တစ်ကြိမ် လောက်၊ ပူးပေါင်း ဆောင်ရွက်ချင် ခဲ့လို့ပဲ၊ ဒါပေမယ့် ...
... မင်းတို့က ငါ့ကို လှောင်ကြတယ်၊ ဒါကြောင့် အခု ငါ ဘယ်သူလဲ ကွယ်ဝှက် နေတော့မှာ မဟုတ်ဘူး၊ တကယ် တော့ ငါက ဓားဂိုဏ်းရဲ့ မြေကြီး အဆင့်၊ ချန်ပီယံ ဓားဘီလူးပဲ၊ ...
... အရှေ့ဘက် ပျက်စီးခြင်း မြေရဲ့ ဓားသူတော်စင် သုံးပါး ထဲက တစ်ပါး ဖြစ်တဲ့ သက်တံဓား သူတော်စင်က ငါ့ ဆရာ။ ”
ရှည်လျား လှသော သူ့ အဖြေကြောင့် ကျင်းအော်မှာ မှင်တတ် နေစဉ်၊ လင်းယွန်က ဓားဖြင့် ခုတ်ချ လိုက်သည်။
တိုက်ခိုက်မှုမှာ လျင်မြန် လှ၏။ သို့သော် ဓားသည် ကျင်းအော် ခန္ဓာ ပေါ်သို့ ရောက်ခါ နီးတွင်၊ သူတော်စင် ချပ်ဝတ် လင်းလက်ပြီး၊ သူ့အား ပြန်တွန်း ထုတ်လေသည်။
“ ဟား ဟား ဟား ... ၊ ငါ ဝတ်ထားတဲ့ သူတော်စင် ချပ်ဝတ်က၊ မင်း တို့နဲ့ တူတယ်လို့ ထင်နေ တာလား၊ ဒီစမ်းသပ်မှုမှာ ငါဘာလို့ ပဉ္စမ အဆင့်ကို ဖြတ်ကျော် လာနိုင်လဲ၊ ...
... မင်း သိသင့်တယ် ... ၊ မင်းဦးနှောက် ထဲမှာ၊ ဘယ်လို ဝါကြွားရ မလဲ ကိုသာ စဉ်းစား နေတယ်၊ ... ကောင်းပြီ မင်းက ...
... မင်းကိုယ်မင်း ... သက်တံဓား သူတော်စင်ရဲ့၊ တပည့်လို့ ပြောရဲ တယ်လား၊ ဒါဆို ငါက ဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ ... ၊ ဟား ဟား ဟား ... ။ ”
ကျင်းအော်၏ မီးနဂါး သူတော်စင် ချပ်ဝတ်သည် အမှန်ပင် ကွဲပြား နေလေသည်။ ၎င်းတွင် မီး နဂါး၏ သွေး တစ်စက် ပါရှိနေပုံ ပေပင်။
“ အိုး ... ဟုတ်သားပဲ သတိ ရပြီ၊ မင်းက မီးနဂါး သူတော်စင် ချပ်ဝတ်ကို ခုထိ ဝတ်ထား တုန်းပဲကိုး၊ ဒါဆို မင်း ဒူးထောက် လိုက်ပါ။ ”
ကျင်းအော်က တံဆိပ် တစ်ခုကို ဖန်တီးလျက်၊ လင်းယွန်အား ထိန်းချုပ်ရန် ကြိုးစား လိုက်လေ သည်။ မီးခိုးမြူ ထဲတွင် တင်းလီမှ စကား နား မထောင်သော အခါ ဤတံဆိပ်ကို အသုံးပြု ခဲ့ဖူး၏။
“ မင်းက ... သူတော်စင် ချပ်ဝတ် ရှိရုံနဲ့ ...၊ ငါ့ဓားကို ရင်ဆိုင်ချင် နေတာလား၊ အဲဒီ အတွေး မှားနေပြီ။ ”
ဓားကိုင် လိုက်ပြီး၊ တံဆိပ် တစ်ခု ဖန်တီး နေသော ကျင်းအော်၏ အပြု အမူကို လျစ်လျူ ရှုကာ၊ လျှောက်လှမ်း လာခဲ့သည်။
“ ဝှစ် ... ။ ”
နောက်ဆုံးတွင် တံဆိပ်အား အပြီး သတ်ကာ ကျင်းအော်မှ လင်းယွန်ထံ လှမ်းပစ်၏။ သို့သော် သူထင် သလို ဖြစ် မလာချေ။ မီးနဂါး ချပ်ဝတ် သည်သာ ပေါက်ကွဲ သွားသည်။
ထိုစဉ် ထီးကြီး တစ်လက်ကို ထုတ်ယူ နေသော လင်းယွန်အား ကြည့်ကာ ကျင်းအော် တစ်ယောက်၊ မျက်လုံး ပြူးကျယ် သွားသည်။
ဤထီးကို တားဆီးရန် သူ့ရှေ့၌ လက်ဟန်ဖြင့်၊ တံဆိပ်တစ်ခုအား မြန်မြန် ဖန်တီး လိုက်၏။
“ ဝှစ် ... ။ ”
သို့သော် ထီးကျဆင်း လာသော အခါ၊ ခံနိုင်ရည် မရှိ တော့ဘဲ မြေပြင်ပေါ် ချက်ချင်း လဲကျ သွားသည်။ ထီး၏ အလေးချိန်မှာ တောင်ကြီး တစ်လုံးနှင့် တူသည်။
“ ဘုန်း ... ။ ”
“ ဝေါ့ ... ။ ”
လင်းယွန်မှ ထီးဖြင့် အကြိမ်ကြိမ် ရိုက်နေ ခဲ့သည်။ ထီးတစ်ချက် ကျလာတိုင်း ကျင်းအော် တစ်ယောက် သွေးအန် ရသည်။
သုံးကြိမ် တိုက်ခိုက် ပြီးနောက်၊ သူတော်စင် ချပ်ဝတ် ပြိုကျကာ၊ ကျင်းအော် တစ်ယောက် ကြေမွှ သွားလေသည်။
သို့မှသာ ရပ်လိုက်ကာ၊ ထီးအား ပြန်သိမ်း လိုက်သည်။
“ ဘာလို့ မင်းက ငါ့ကို မယုံရ တာလဲ ... ၊ ငါက တကယ်ပဲ သက်တံဓား သူတော်စင်ရဲ့ တပည့်ပါ။
ခေါင်းယမ်းလျက် အပြာရောင် စင်မြင့် ပေါ်သို့ လှမ်းတက် လိုက်သည်။ ဤသည်မှာ ဆဋ္ဌမ အဆင့် ဖြစ်ပြီး၊ မည်သည့် ရတနာ ရှိရမည်ကို သိချင် လာ၏။
***