နှလုံးသား ထဲက နတ်ဆိုး။
Vol. 109 Ch. 1516
သေတ္တာကို ဖွင့်လိုက်သော အခါ ကြက်သွေးရောင် အလင်းတန်းများ ဖြာထွက် လာသည်။
“ မိုးပြာ နဂါးသွေး တစ်စက်လား။ ”
ဤအရာသည် သူ လိုအပ် နေသည့် အရာဖြစ်သည်။ ထို့ကြောင့် ကံကြမ္မာကို မယုံ ကြည်နိုင် စွာဖြင့်၊ သွေးစက်ထံ လက်လှမ်း လိုက်သည်။
ပြင်းထန်သော မိုးကြိုး မုန်တိုင်း တစ်ခု တိုးဝင် လာသည်ကို ခံစား ရသည်။ ၎င်းတွင် ပါ ရှိသော လျှပ်စီးနှင့် လေစွမ်းအင်မှာ၊ သမုဒ္ဒရာ တစ်စင်းလို အကန့် အသတ် မရှိချေ။
“ ဒါက တကယ်ပဲ မိုးပြာ နဂါးရဲ့ သေွးပဲ။ ”
အသက် ပြင်းပြင်း ရှူလျက် အတွေးပွား နေမိသည်။ ဤအရာဖြင့် အောင်မြင်မှု ရယူ နိုင် မည်ဟု ထင်၏။
၎င်းအပြင် နဂါး မူလ ပုလဲများ ရှိသည်။ အန်းလျူယွင် အခန်း၌ သွေ့ရော် တံဆိပ်ကို ဖြည်ခဲ့ သည်မှာ၊ မည်မျှ ဖြုန်းတီးရာ ရောက် ကြောင်း၊ နားလည် လာသည်။
အဘယ်ကြောင့် ဆိုသော် နဂါး အကြွင်း အကျန် နယ်မြေသို့ ရောက်ပြီး၊ ရက် အနည်း ငယ် အတွင်း၊ အောင်မြင်မှု နှစ်ခုကို ပြုလုပ် လာနိုင် ခြင်းကြောင့် ဖြစ်သည်။
သည့်အပြင် ယခု နောက်ထပ် အောင်မြင်မှုကို ရယူရန် ကြံစည် နေမိသည်။
“ စမ်းကြည့် ရမယ်၊ အောင်မြင်ဖို့ အခွင့် အလမ်း များတယ်။ ”
နောက်ဆုံးတွင် မိုးပြာ နဂါး သွေးကို သန့်စင်ရန် ဆုံးဖြတ် လိုက်သည်။ သူတော်စင် နဂါး ခန္ဓာ ကိုယ်အား ဖြန့်ကျက်ကာ စတင် လိုက်၏။
သွေးစက်မှ ကြမ်းရှသော စွမ်းအင်များ သူ့ခန္ဓာကိုယ် ထဲသို့ စိမ့်ဝင် လာပြီး၊ ချက်ချင်း ဖိအား ပေးတော့သည်။
အခြား တစ်ယောက်သာ ဆိုသော်၊ ဤအနေအထား အောက်၌ ပေါက်ကွဲ သွားမည် ဖြစ်သည်။
သို့သော် မွေးရာပါ သူတော်စင် မိုးပြာ နဂါးခန္ဓာကိုယ် ရရှိ ထားသည့် လင်းယွန် မှာမူ၊ ဤသွေးသည် ကောင်းမွန်သော အာဟာရ ဖြစ်နေသည်။
သွေး အတွင်း ပါရှိသော စွမ်းအင်များ ပိုမို ပြင်းထန် လေလေ၊ သူ့ အတွက် ပို၍ ကောင်း လေလေ ဖြစ်သည်။
သည့်နောက် နဂါး မူလ ပုလဲနှင့် အတူ၊ သူတော်စင် ဆေးလုံးများ ကိုလည်း ထပ်မံ ထုတ်ယူ လိုက်သည်။
အချိန်ကြာ လာသည်နှင့် အမျှ၊ သူ့ ခန္ဓာ ကိုယ်အား ဖုံးလွှမ်း နေသော နဂါး ရောင်ဝါမှာ ကြီးထွား လာသည်။
နဂါး ဟောက်သံများ ကဲ့သို့ သွေးသား စွမ်းအင်များ ပွက်ပွက်ဆူ ကုန်သည်။ ပတ်ဝန်း ကျင်၌ လျှပ်စီးများ လက်လာပြီး၊ မိုးကြိုး မုန်တိုင်းများ သက်ဆင်း တော့၏။
ကြောက်မက်ဖွယ် ကောင်းသော ဤဖြစ်စဉ်များ အောက်တွင်၊ သူ၏ ဆံပင်များ တဖျပ်ဖျပ် လွင့်လာ သည်။
လေးနာရီကြာ ပြီးနောက်၊ လင်းယွန် မျက်လုံးများ ပြန်ဖွင့်လာပြီး၊ လက်သီး တစ်ချက် လေထဲ ထိုးချ လိုက်သည်။
“ ..... ။ ”
နဂါးကြီး တစ်ကောင် ဟိန်းဟောက် လိုက်သကဲ့သို့၊ လေထုထဲ ပေါက်ကွဲမှု အသေး စားများ ဖြစ်သွား လေသည်။
လေဟာနယ် အတွင်း အက်ကွဲကြောင်း ပေါ်လာပြီး၊ ခန်းမ တစ်ခုလုံး ပြင်းစွာ တုန်လှုပ် လာသည်။
ရောင်ဝါ သမုဒ္ဒရာသည်၊ ပေ (၃၃,၀၀၀) အရွယ် အစားသို့ ရောက်ရှိ လာပြီး၊ ကြယ်(၇)ပွင့် ဖြစ်လာ ခဲ့သည်။
နဂါး ရူရ် (၉၀၀၀) တိုးလာကာ၊ သူတော်စင် နဂါး ခန္ဓာ ကိုယ်အား၊ နောက်ထပ် ခြေတစ်လှမ်း ထပ်မံ လှမ်းလာ နိုင်တော့မည်။ နတ်နဂါး အရိုးသာ ရရှိက အောင်မြင်မည် ဖြစ်၏။
“ မဆိုး ဘူး ... ။ ”
လင်းယွန်မှ ရေရွတ် လိုက်သည်။ သူ အများကြီး ပိုသန်မာ လာသော်လည်း၊ လုံးဝ ကျေနပ်မှု ဖြစ်မလာ သေးချေ။
ခရမ်းရောင် နန်းတော်ရှိ ကြယ်များ တိုးပွားလာ ခြင်းသည်၊ နဂါး သွေးလွှတ်ကြော နယ်ပယ် အတွက် အုတ်မြစ်သာ ဖြစ်သည်။
အလုံးစုံ ခွန်အား ဖြစ်မလာ နိုင်ချေ။ ထို့ကြောင့် နတ်နဂါး အရိုးကို ပို၍ တောင်းတ လာမိသည်။
အဆိုပါ တောင့်တမှုသည်၊ နှလုံးသား အတွင်း၌၊ နတ်ဆိုး ဖြစ်လာ နေသည်ကို၊ သူ သတိ မထား မိချေ။
ကျင့်ကြံမှု မည်မျှပင် တိုးတက်လာ ပါစေ၊ ကိုယ်လုံး ကိုယ်ပေါက်တွင် အားနည်းချက် ရှိနေ ကြောင်း၊ မှတ်ယူ နေခဲ့သည်။
ထို့ကြောင့် ချို့ယွင်းချက် တစ်ခု ရှိနေ သရွေ့၊ ပြိုင်ဘက် များနှင့် ရင်ဆိုင် ရာ၌ အသတ် ခံရရန်၊ အချိန် တစ်ခုသာ လိုပေမည်။
ဤခရီး စဉ်၌ နတ်နဂါး အရိုးသာ၊ အရ မယူနိုင် ခဲ့သော်၊ ထိုစွဲလမ်း စိတ်သည် မောဟ ဖြစ်လာ နိုင်ပေမည်။
ထိုအချိန်တွင် ကျန့်ကျင်းရှန် ကဲ့သို့၊ သူကိုယ်တိုင် ဖန်တီး ထားသည့်၊ လှောင်အိမ် ထဲ၌ ပိတ်မိပြီး၊ တစ်သက် တာလုံး အောင်မြင် မှုများ ပြုလုပ် နိုင်တော့မည် မဟုတ်ချေ။
အထက်ပါ အချင်း အရာ များကို၊ လင်းယွန်မှ သတိ မထား မိချေ။ ဘေးက ရပ်ကြည့် နေသည့်၊ ခရမ်းငယ်မှ မြင်နေ ရခြင်း ဖြစ်သည်။
အလို မကျသော ခံစားချက် အချို့သည် လင်းယွန်၏ မျက်ခုံး အလယ်ရှိ ဓား ရည်ရွယ် ချက်ထံ၊ ဖြည်းဖြည်းချင်း ပေါင်းစပ် နေသည်။
( ဒီအတွက် ... ၊ နင့်ကိုယ် နင်သာ အားကိုး ရလိမ့်မယ်။ )
ခရမ်းငယ်မှ ထုတ် မပြောချေ။ ခွန်လွန် ရောက်စဉ် ကတည်းက၊ အထူး သဖြင့် ဤနဂါး အကြွင်း အကျန်၊ ကြယ်နယ်မြေ ခရီးစဉ်သည် ချောမွေ့ လွန်း ခဲ့သည်။
ထို့ကြောင့် တစ်ချိန် မဟုတ် တစ်ချိန်တွင် တစ်စုံ တစ်ရာကို အားကိုး တပ်မက် ခြင်းများ ရှိလာ ဦးမည်မှာ သဘာဝ ပေပင်။
ဆိုလို သည်မှာ၊ နဂါး အရိုး ရှိလျှင်ပင်၊ ပဉ္စမတန်း ဓားရည်ရွယ်ချက် သို့မဟုတ်၊ ဘုန်း ဝိညာဉ် သူတော်စင် လက်ရာ၊ စသည့် အခြား အရာ တစ်ခုခု အပေါ်၊ ပြောင်းလဲကာ စွဲလမ်း လာဦးမည် ဖြစ်သည်။
အရိယာ ကောင်းကင် ဓားကို မဆုပ်ကိုင် နိုင်သောကြောင့်၊ လူတိုင်း၌ အလားတူ မောဟ မျိုး၊ ရှိကြ ပေသည်။
ဤသည်မှာ ကမ္ဘာပေါ်ရှိ၊ ကျင့်ကြံ သူတိုင်း ရှောင်လွှဲ၍ မရသော အတား အဆီးများ ပေပင်။ ထို့ကြောင့် ၎င်းကို ဖယ်ရှား လိုက ကိုယ်တိုင်၊ ကြိုးစား ရပေမည်။
ခေတ္တ အနားယူ ပြီးနောက်၊ သတ္တမ အဆင့်နှင့် အဋ္ဌမ အဆင့်အား လွယ်ကူစွာ ဖြတ်သန်း နိုင်ခဲ့သည်။
ဤသည်မှာ အမည်ခံ ကောင်းကင် အမိုး ဓားရည်ရွယ်ချက်ကြောင့် ပေပင်။ လူတိုင်းကို အဋ္ဌမ အဆင့်မှ၊ ထုတ်ပယ်ပြီ ဖြစ်သည်။
နတ်ဘီလူး ဂိုဏ်းမှ ရန်ရွှမ်က၊ ခန်းမ တစ်ခု အတွင်းသို့ ဝင်ရောက် လာသည်။ လမ်း ခရီးတွင် ရတနာ များစွာကို ရရှိ ခဲ့ပြီး၊ သူ့ခွန်အား အပေါ်၊ တိုးတက်အောင် လုပ်ယူ နိုင်ခဲ့သည်။
ကြယ်ကိုးပွင့် ရောက်ရှိရန်၊ ခြေ တစ်လှမ်း မျှသာ လိုပေ တော့သည်။ သူဆန္ဒ ရှိနေ သရွေ့ အလွယ် တကူ ရယူ နိုင်မည်။
တစ်ချိန်က နဂါး တံခါးသည် အင်အား ကြီးမား လှ၏။ ထို့ကြောင့် စမ်းသပ် နန်းတော် တစ်ခု မျှသာ ဖြစ်သော ဤအရပ် ၌ပင်၊ ရတနာများ ပေါကြွယ်ဝ နေသည်။
နတ်ဘီလူး ဂိုဏ်းတွင်လည်း ယခု ကဲ့သို့ အလားတူ လေ့ကျင့်ရေး မျှော်စင်တစ်ခု ရှိသည်။ သို့သော် ရရှိ နိုင်မည့် ရတနာ များမှာ၊ အရည် အသွေး မမီချေ။
တစ်ချိန်တည်း မှာပင်၊ အခြား နေရာ တစ်ခုတွင် လင်ချင်းယွီက တည်ငြိမ် စွာဖြင့် ပတ်ဝန်းကျင်ကို စောင့်ကြည့် နေခဲ့သည်။
“ နောက်ဆုံးတော့ အဋ္ဌမ အဆင့်ကို ရောက်ပြီ၊ နတ်နဂါး အရိုးက နဝမ အဆင့်မှာ ဖြစ်နိုင်ချေ ရှိတယ်။ ”
နတ်နဂါး အရိုးအား ရည်ညွှန်းသော အခါတွင်၊ သူ့မျက်ဝန်း အတွင်း၌ မီးလျှံများ လောင်ကျွမ်း လာလေသည်။
ရွှေနဂါး များသည်၊ ရောင်စဉ် ခုနစ်သွယ် ဟူသော နတ်နဂါးများ ထဲတွင်၊ အသန် မာဆုံး ဖြစ်ကြောင်း၊ သိထား ကြသည်။
လက်တွေ့တွင် နဂါးပြာများ သည်သာ အသန်မာဆုံး ဖြစ်ပြီး၊ ၎င်း၏ ဂုဏ်သတ္တိကို လူ အနည်း ငယ်သာ သိကြ လေသည်။
တစ်ချိန်တည်း မှာပင် ချင်းအန်၊ ချန်ခွိုက်၊ လင်ချင်းယွီ၊ ထျန်းကျွယ်နှင့် မုရုံချန် တို့မှလည်း၊ အဋ္ဌမ အဆင့်သို့၊ တက်လှမ်း လာခဲ့သည်။
ဆိုလို သည်မှာ တပည့် ကြီးများ မှတပါး၊ အခြား မည်သူ မဆို စမ်းသပ်မှုတွင် ကျရှုံးသွား ခဲ့သည်ဟု အဓိပ္ပါယ် ရသည်။
ထို့ကြောင့် နတ်နဂါး အရိုး အတွက် ပြိုင်ဆိုင်မှုသည် နောက်ဆုံး အဆင့်သို့ ရောက်ရှိ သွားခဲ့ ချေပြီ။
“ အဋ္ဌမ အဆင့် ရတနာက ... ၊ နတ်နဂါး အရိုး လောက်တော့ ... ၊ တန်ဖိုး ရှိမယ် မထင် ဘူး။ ”
ခပ်တိုးတိုး ရေရွတ် လိုက်ပြီး၊ လင်းယွန် တစ်ယောက် သတိ ကြီးစွာဖြင့်၊ ခန်းမထဲ လှမ်း ဝင် မိလေသည်။
ဤအဆင့်တွင် ဂိုဏ်းကြီး ခုနစ် ဂိုဏ်း၏ တပည့်ကြီး များနှင့်၊ ရင်ဆိုင်ရ မည်မှာ သံသယ ဖြစ်စရာ မလို ချေ။
အခန်းထဲရှိ သေတ္တာတွင် တံဆိပ်မှာ ပျက်ပြယ် နေပြီး၊ နဂါး ရောင်ဝါများ ဖြာထွက် နေသည်။
သေတ္တာ ထဲ၌ ပုလင်း တစ်လုံး ရှိနေကာ၊ နဂါး ရောင်ဝါသည် ထိုပုလင်းမှ ထွက်လာခြင်း ဖြစ်သည်။
ပုလင်း ထဲ၌ ရူရ် များဖြင့်၊ ရေးထွင်း ထားသော၊ သူတော်စင် ဆေးလုံး တစ်လုံး ရှိ နေသည်။ အရောင် မတူ ညီသော နဂါး ခုနစ် ကောင်မှ၊ လှည့်ပတ် နေသည်။
“ ဖန်တီခြင်း ဆေးလုံး။ ”
လူ တစ်ယောက် အခန်းထဲ၊ လှမ်းဝင် လာသည်။ ၎င်းက ဆေးလုံးကို မြင်သော အခါ၊ မျက်ဝန်းများ တောက်ပ လာတော့၏။
***