ငါ့မှာ ကောင်းကင်နဲ့ တူတဲ့၊ ဓားတစ်လက် ရှိတယ်။
Vol. 109 Ch. 1517
ထျန်းကျွယ်က ဖန်တီးခြင်း ဆေးလုံးကို မြင်သော အခါ၊ အံ့သြ သွားသည်။ ယင်း အစား ၎င်းကို နတ်နဂါး ဖန်တီးခြင်း ဆေးလုံးဟု ခေါ်သင့်၏။
ထိုစဉ် သူ့ အကြည့် များက၊ လင်းယွန် အပေါ်၊ ရွေ့လျား လာပြီး၊ အဋ္ဌမ အဆင့် အထိ ရောက်လာသည့် အပေါ်၊ အံ့သြ နေမိသည်။
“ မင်း ... ငါ့နဲ့ ယှဉ်ပြိုင်ချင် တာလား။ ”
“ မရ ဖူးလား။ ”
“ ဟား ဟား ဟား ... ၊ မလှုပ်ရှားခင် မင်းသေချာ စဉ်းစားဖို့ ... အကြံ ပေးချင်တယ်၊ ဒီအထိ လာနိုင် ခဲ့တာ မင်းအတွက် လွယ်မှာ မဟုတ်ဘူး၊ ဒူးထောက်ပြီး ထွက်သွားပါ။ ”
“ စကား အရမ်း များတယ်၊ မင်း ငါ့ဆီ လာခဲ့။ ”
လင်းယွန်က တည်ငြိမ်စွာ ပြန်ပြော လိုက်သည်။
“ ဘယ်လို တောင် ခေါင်းမာ လိုက်လဲ၊ ဖန်တီးခြင်း ဆေးလုံး အတွက် မင်း အသက်ကို စွန့်တော့ မို့လား။ ”
ထျန်းကျွယ်က ဒေါသ ထွက်လာသည်။ ထို့ကြောင့် ဓားရှည်ကို ဆွဲထုတ် လိုက်တော့၏။ ဓား ကိုယ်ထည်၌ လျှပ်စီးများ တဖျပ်ဖျပ် ခတ်လာသည်။
ထို့နောက်တွင် သူတော်စင် ဂီတ သံများ လွင့်ပျံ လာပြီး၊ နဂါး ဟောက်သံ အချို့ ပဲ့တင် ထပ် လာ၏။
ထျန်းကျွယ်သည် ပထမ သံတမန် တစ်ဦး ဖြစ်ပြီး၊ ယခင်ထက် ပိုမို အားကောင်း လာသည်။ သို့သော် လင်းယွန် အတွက်၊ ပြဿနာ မဟုတ်ချေ။
နဂါးရူရ် (၉၀၀၀)ကို ညာလက် ထဲသို့ စုရုံးစေကာ၊ နဂါး ထွက်သက်အား ထုတ်ဖော် လိုက်သည်။
“ ဂျိန်း ... ။ ”
ပြင်းထန်သော မိုးကြိုး မုန်တိုင်းများ လက်ဖဝါး၌ စုဝေးကာ ကြောက်မက်ဖွယ် လက် သည်းကြီးက ထွက်ပေါ် လာသည်။
“ မင်း အတွက် လက်ဆောင် ပြန်ပေး ပါရစေ။ ”
ထိုလက်ဖဝါး ကြီးက ကောင်းကင်မှ ဆင်းသက် လာသဖြင့်၊ ထျန်းကျွယ် ခမျာ မျက်မှောင် ကြုတ် မိသည်။
ယင်းက သူ့အား အနည်းငယ် ဒုက္ခ ပေးနိုင်ကြောင်း သိသဖြင့်၊ မီးတောက် များကို ဆင့်ခေါ် လိုက်ရသည်။
လက်ကို ပူးကပ် လိုက်သော အခါတွင်၊ ခြေဖဝါး အောက်၌၊ လျှပ်စီး သမုဒ္ဒရာ တစ်စင်း ပေါ်လာ၏။
ထို့နောက် လျှပ်စီးနှင့် မီး ပေါင်းစပ်ကာ၊ လက်အား လေထဲ လွှဲယမ်း လိုက်ရာ၊ ဖြစ်စဉ် အချို့နှင့် အတူ၊ လျှပ်စီး မီးသမုဒ္ဒရာမှာ ပြေးထွက် သွားသည်။
“ ဂျိန်း ... ၊ ဝုန်း ... ။ ”
ထိုနည်းဖြင့် မီး-လျှပ်စီး သမုဒ္ဒရာက နဂါး လက်သည်းနှင့် တိုက်မိ သွားသည်။ မိုးခြိမ်းသံ များ၊ နဂါး ဟောက် သံများ ညံသွား၏။
ကျယ်ဝန်းသော ခန်းမ ကြီးသည် သူတို့ နှစ်ဦးမှ ဖန်တီး လိုက်သော ဖြစ်စဉ် များကြောင့် တုန်ခါ လာသည်။
မျက်စိ တစ်မှိတ် အတွင်း လှုပ်ရှားမှု ဆယ်ကြိမ်ပြည့် သွား၏။ ထိုကာလ တလျှောက် ထျန်းကျွယ်မှာ စိတ်ထဲ၌ တုန်လှုပ် နေသည်။
ကြယ်ခြောက်ပွင့်မှ တစ်စုံ တစ်ယောက်သည်၊ သူ့အား ပြန်လည် တိုက်ခိုက် နိုင်ခဲ့ သည်ကို မယုံ နိုင်ချေ။
“ ကောင်းကင်ကို ခွဲမဲ့ လျှပ်စီး နဂါး။ ”
ထျန်းကျွယ်က အော်ငေါက် လိုက် သည်နှင့် ခရမ်းရောင် နန်းတော်ရှိ ကြယ်ရှစ်ပွင့်မှ တောက် ပ လာသည်။
ရောင်ဝါမှာ လျင်မြန်စွာ တိုးလာပြီး ရှစ်ဆအထိ ရောက်လာ၏။ နည်းစနစ် ပိုင်း အရ၊ ပြိုင်ဘက်ကို မယှဉ်နိုင် သဖြင့်၊ ခွန်းအားကို သုံးရန်၊ ဆုံးဖြတ် လိုက်ခြင်း ဖြစ်သည်။
ဤမြင်ကွင်းကို မြင်သော အခါ လင်းယွန်မှ ပြုံးပြီး၊ ရောင်ဝါ သမုဒ္ဒရာရှိ ကြယ်စွမ်းအင် များ အား၊ ထုတ်ယူ လိုက်သည်။
ချွေးပေါက် များမှ အလင်း တန်းများ ထွက်လာပြီး၊ ပွင့်ချပ် (၁၂)ချပ် ပါသော ငရဲပန်း တစ်ပွင့် ပေါ်လာ၏။
“ ဝုန်း ... ။ ”
ထျန်းကျွယ် ခမျာ၊ ဒုတိယ အကြိမ်မြောက် ရှုံးနိမ့် သွားသည်။ နှုတ်ခမ်း ထောင့်မှ သွေးများ စီးကျ လျက်၊ လွင့်ပျံ သွားတော့၏။
နံရံနှင့် တိုက်မိသော အခါ မျက်နှာက ချက်ချင်း ဖြူဖျော့ လာပြီး၊ ရှုံးနိမ့်မှုကို မယုံနိုင် ဖြစိနေ လေသည်။
“ မင်း ... ဘယ်သူလဲ၊ မင်း နာမည်က လင်းတျန် မဟုတ်တာ သေချာတယ်။ ”
လင်းယွန်မှ ပြန် မဖြေချေ။ ထို့ကြောင့် ထျန်းကျွယ်မှာ ဒေါသဖြင့်၊ သူတော်စင် ရူရ် (၂၀၀၀) လက်ရာကို ထုတ်ယူ လိုက်သည်။
ဤသည်မှာ ကောင်းကင်ဘုံ ကြယ်ခန်းမ၏ အမွေခံ ရတနာ ဖြစ်သော ကောင်ကင် ငှက်မွှေး ဓားမော့ ပေပင်။
“ ကောင်းပြီ ... ၊ ငါ့ ကိုယ်တိုင် ... မင်း ပါးစပ်ကို ဖွင့်မယ်။ ”
မျက်လုံးများ အေးစက် လာပြီး၊ ဓား ရည်ရွယ်ချက်ကို၊ စတုတ္ထတန်း လျှပ်စီး ရည်ရွယ် ချက်ဖြင့်၊ ပေါင်းစည်း လိုက်သည်။
ယင်းက သူ့ဓား ရည်ရွယ်ချက်အား စတုတ္ထတန်းသို့ ရောက်ရှိ သွားစေ၏။ မဟုတ် သော် အခြားဂိုဏ်း ခြောက်ဂိုဏ်း၏ တပည့်ကြီး များနှင့်၊ ယှဉ်နိုင်မည် မဟုတ်ချေ။
“ မြင့်တက် လာသော လ။ ”
ကြယ်စွမ်းအင်များ ပြည့်လျှံ လာသည်နှင့်၊ ဓားအား ခုတ်ပိုင်း ချလိုက်၏။ လ တစ်စင်းသည် မီး-လျှပ်စီး သမုဒ္ဒရာ ထဲမှ ထွက်လာ တော့သည်။
ယင်းမှာ ခရမ်းရောင် လမင်း ဖြစ်ပြီး၊ ဓား ရည်ရွယ်ချက်က လရောင်နှင့် အတူ၊ လင်းယွန် အပေါ်၊ ဖြာကျ လာသည်။
ဤဓားသည် အလွန် ကြောက်စရာ ကောင်းသဖြင့်၊ မရှောင် နိုင်တော့ဘဲ၊ နောက် ပြန်ဆုတ် လိုက်သည်။
“ ထန် ... ထန် ... ။ ”
သို့တိုင် ဓါးရောင်ခြည် များက နဂါး ရူရ်များပေါ် ကျရောက် လာပြီး၊ မီးပွားများ ပွင့်ထွက်ကာ၊ သုံးထောင်ခန့် ချက်ချင်း ပျောက်ကွယ် သွားသည်။
“ ကမ္ဘာ၏ အဆုံး ... ။ ”
မီး-လျှပ်စီး သမုဒ္ဒရာ ထဲမှ ပေါ်လာသော ခရမ်းရောင် လသည်၊ မိုင်တစ်ရာ ဝေးသော ခရီး ကို ဖြတ်ကျော် လာ သကဲ့သို့၊ လင်းယွန်ထံ ရောင်ခြည်များ ထပ်မံ ပေးပို့ လာ၏။
“ ဝေါ့ ... ။ ”
ထို့ကြောင့် နောက်ထပ် နဂါး ရူရ် (၃၀၀၀)ကွဲအက် လာလေသည်။ သွေး အနည်း ငယ်ကို၊ အန်ထုတ် လိုက်ပြီး၊ သူ့မျက်နှာ ဖြူဖျော့ သွားသည်။
ဤတိုက်ခိုက်မှုသည် မြန်ဆန်လွန်း သဖြင့်၊ တုံ့ပြန်ရန် အချိန် မရှိချေ။ ကြီးမားသော ထိုးနှက် ချက် ဖြစ်လာ ခဲ့သည်။
“ ကောင်းကင် ငှက်မွှေး ... ။ ”
ဟန်ချက် မထိန်းနိုင်ခင်၊ ထျန်းကျွယ်က နောက်ထပ် တိုက်ခိုက်မှု တစ်ခုကို လွှတ်ထုတ် လာပြန်သည်။
အဆုံး မရှိသော ဓား ရည်ရွယ်ချက်မှာ၊ လင်းယွန် အပေါ်၊ ချက်ချင်း ကျဆင်း လာပြန် ၏။
“ မင်း ငါ့ကို ဓားဆွဲ ခိုင်းပြီး ... ၊ အပြင်း ထန်ဆုံး တိုက်ခိုက်မှု သုံးခုကို၊ ထုတ်ခိုင်း ခဲ့တဲ့ အတွက်၊ ဂုဏ်ယူ နိုင်တယ်၊ အခု သေလိုက်တော့ ... ။ ”
“ ခရစ် ... ။ ”
ထျန်းကျွယ်က ကြောက်မက်ဖွယ် ကောင်းသော အဟုန်ဖြင့် လိုက်ပါ လာသည်။ ရှေ့ပြေး ဓားရောင်ခြည် များက၊ ကျန်နဂါး ရူရ် (၃၀၀၀)ကို ထပ်မံ ခွဲချ လိုက်သည်။
“ ဝှစ် ... ။ ”
ထိုအချိန်တွင် ထျန်းကျွယ်နှင့် ဓားက လင်းယွန် ပေါ်သို့ ကျဆင်း လာ၏။ သို့သော် ရွှေတောင်ပံ တစ်စုံက ဟန့်တား လေသည်။
“ ထန် ... ။ ”
သူတော်စင် ရူရ်ပေါင်း (၂၀၀၀၀) ချက်ချင်း အသက်ဝင် လာကာ၊ ထျန်းကျွယ်အား ပြန်လည် တွန်းထုတ် တော့သည်။
ယင်းက ထျန်းကျွယ်အား မျက်လုံး ပြူးသွား စေသည်။ ဤဓားချက် သုံးချက်ကို မည်သူမျှ ခုခံ နိုင်ခြင်း မရှိဟု၊ ယုံကြည် ခဲ့သည်။
“ ငါ့ဓား ကိုတောင် မဆွဲ ရသေးဘူး၊ မင်းကိုယ်မင်း အနိုင် ရသူ တစ်ယောက်လို ... ၊ ဘယ်လိုတောင် ပြောရဲ ရတာလဲ။ ”
ခေါက်ထားသော ရွှေကျီးကန်း အတောင်ပံများ ပြန်ပွင့် လာပြီး၊ ပန်းသင်္ချိုင်း ဓားကို ကိုင်ထားလျက် အနေ အထားဖြင့်၊ လင်းယွန် ပေါ်လာသည်။
“ ငါ့မှာ ကောင်းကင်နဲ့ တူတဲ့ ... ၊ ဓားတစ်လျက် ရှိတယ်၊ ကျေးဇူးပြုပြီး ခံစား ကြည့်ပါ။ ”
ဓားကို ဟန်ပြင် လိုက်ရာ၊ အရိယာ ကောင်းကင်ဓား လွင့်ထွက် သွား၏။ ထို့နောက် ဓားရောင်ခြည် (၃၆) စင်း ရောယှက် လာပြီး၊ ‘ကောင်းကင်၊’ ဟူသော စကားလုံး ဖြစ်ပေါ် လာသည်။
၎င်းသည် မြန်ဆန် လွန်းပြီး၊ ထက်ရှသော ဓားရောင်ခြည် များက၊ သူတော်စင် ချပ်ဝတ်ထံ ထိုးဖောက် ဝင်ရောက်ကာ၊ ရင်ဘတ်ပေါ် ကန့်လန့်ဖြတ် သက်ဆင်း လာသည်။
လက်များ တုန်ယင် လာပြီး၊ သွေးများ စီးကျကာ၊ ဓားကို ဆက် မကိုင်နိုင် တော့ပေ။ ခြေ သုံးလှမ်း ဆုတ်ခွာစဉ်၊ နံရံနှင့် ကျောကပ် သွားသည်။
“ ဟိတ် ... ။ ”
ထို့ကြောင့် အသက် ပြင်းပြင်း ရှူလျက်၊ လင်းယွန် မျက်နှာထံ ဓားဖြင့် ချိန်ရွယ် ကာ၊ နံရံကို ခြေကန်ပြီး၊ မြှားတစ်စင်း ကဲ့သို့ တိုးဝင် တော့သည်။
သို့သော် လင်းယွန်မှာ၊ ၎င်းအား ထိပ်တိုက် ရင်ဆိုင်ရန် ဆန္ဒ မရှိဘဲ၊ ဆုတ်ခွာ ရှောင်တိမ်း လိုက် လေသည်။
“ ဟား ... ဟား ... ဟား ... ။ ”
ထျန်းကျွယ်က ခန်းမ တံခါးဝ ဆီသို့၊ တူရှု လိုက်ပြီး၊ ရယ်မောလျက် လျင်မြန်စွာ ထွက်ပြေး သွားတော့သည်။
“ အပြေး သန်တယ်။ ”
ဓားကို ပြန်သိမ်း လိုက်ပြီး၊ ဖန်တီးခြင်း ဆေးလုံးထံ လင်းယွန်က လှည့်လိုက် လေသည်။ နဂါး (၉၀၀၀)မှာ ကွဲအက်သွား သောကြောင့် သူ့ဒဏ်ရာက၊ မသက်သာ လှချေ။
၎င်းနောက်သို့ လိုက်ခဲ့မည် ဆိုသော်၊ အခြားသော မိစ္ဆာဂိုဏ်း များ၏ တပည့်ကြီး များနှင့် ရင်ဆိုင် ရနိုင်သည်။
ထျန်းကျွယ်ပင် အလွန် အစွမ်းထက် နေပြီ ဖြစ်ရာ၊ ဤအခြေ အနေ၌ ထိုသူ များနှင့် တိုက်ပွဲ မဖြစ်လို သေးချေ။
***