အမှောင်ထု သက်ဆင်းလာခြင်း
Vol. 107 Ch. 1111
ပဋိပက္ခကိုးပါးဟာ အတင်းတိုက်ခိုက်ပါတယ်။ ဟန်ကျွယ်ရဲ့ စကားက သူတို့ကို လုံးဝ ဒေါသအိုး ပေါက်ကွဲစေပြီး သတ်ဖြတ်ငွေ့ကို ထိန်းမနိုင်သိမ်းမရ ဖြစ်သွားစေပါတယ်။
ယွမ်ရှီကျယ်ဝမ်ဟာ ရုတ်တရက် ပါးစပ်ဟပြီး ဟိန်းဟောက်ကာ ကြောက်မက်ဖွယ် အနက်ရောင် လေပြင်းကို ထွေးထုတ်လိုက်ပါတယ်။ ဒီလေပြင်းနက်ဟာ ယိုယွင်းပျက်စီးနေတဲ့ ဟင်းလင်းပြင်ကို ဖြတ်ပြီး အာကာသ အပိုင်းအစတွေ ရောထွေးကာ ပဋိပက္ခကိုးပါးကို လွှမ်းမိုးသွားပါတယ်။
ရှေ့ဆုံးက ကျောက်ရွှမ်ကွမ်းဟာ နတ်လှံကို အလျင်အမြန် ဝှေ့ယမ်းပြီး မဟာတာအို ကံတရား အထောက်အပံ့ နတ်အခွင့်အာဏာကို သုံးကာ ယွမ်ရှီကျယ်ဝမ်ရဲ့ စွမ်းအားကို ခုခံပါတယ်။
ကျိုးစုန်ဟာ မျှော်လင့်တဲ့ မျက်လုံးတွေနဲ့ ဒီတိုက်ပွဲကို ကြည့်နေပါတယ် ‘လူတိုင်းကို အချိန်တိုအတွင်း တုန်လှုပ်စေခဲ့တဲ့ ပဋိပက္ခကိုးပါးက အမှောင်သခင်ကြီးကို ဖိနှိပ်နိုင်မလား’
သိထားရမှာ တစ်ခုက ဟန်ဟွမ်တောင် ပဋိပက္ခကိုးပါး ပူးပေါင်းတိုက်ခိုက်တာကို အနိုင်မယူနိုင်ပါဘူး။
ကျောက်ရွှမ်ကွမ်းဟာ ဟန်ကျွယ်ရှေ့ကို အလျင်အမြန် ရောက်လာပါတယ်။ ယွမ်ရှီကျယ်ဝမ်ရဲ့ စွမ်းအားက ကြောက်ဖို့ကောင်းတာ မှန်ပေမဲ့ ပဋိပက္ခကိုးပါးကို ချေမှုန်းဖို့တော့ မလုံလောက်ပါဘူး။
တခြားပဋိပက္ခရှစ်ပါးလည်း ဟန်ကျွယ် ဘေးပတ်လည်မှာ ပေါ်လာပါတယ်။
ပဋိပက္ခကိုးပါးဟာ ဟန်ကျွယ်ကို ဝိုင်းပြီး သူတို့လက်ဝါးတွေကို အတူမြှောက်လိုက်တဲ့အခါ ဟန်ကျွယ် ဘေးပတ်လည်က အာကာသကို ရုတ်ခြည်း ချိပ်ပိတ်ပြီးသား ဖြစ်သွားပါတယ်။
တာအိုဖန်တီးရှင်အဆင့်အောက်က ဘယ်သူမှ ဒီချုပ်နှောင်စွမ်းအားကို ကိုင်လှုပ်နိုင်စွမ်း မရှိပါဘူး။ တိုက်ခိုက်တာနဲ့ အကုန်ထုတ်တာကို ကြည့်ခြင်းအားဖြင့် ပဋိပက္ခကိုးပါးက မဆင်မခြင်လုပ်တာ မဟုတ်မှန်း သိနိုင်ပါတယ်။
ကျိုးစုန်ဟာ ပဋိပက္ခကိုးပါးရဲ့ အလျင်နဲ့ ရောင်ဝါကို ကြည့်ပြီး ကျေနပ်အံ့အားသင့်သွားပါတယ် ‘နိုင်နိုင်ခြေရှိတယ်’
“ဝုန်း...”
တောက်ပတဲ့ အလင်းရောင် ဖြာထွက်လာပြီး ပြင်းထန်တဲ့ ဓမ္မစွမ်းအားဟာ ယွမ်ရှီကျယ်ဝမ်ကို ဖိချလိုက်ပါတယ်။ နာကျင်သွားတဲ့ ယွမ်ရှီကျယ်ဝမ်ဟာ ကျယ်လောင်စွာ အော်ဟစ်လိုက်ပါတယ်။ မလှုပ်ရှားနိုင်တဲ့ ကျိုးစုန်ဟာ ရွေးချယ်စရာမရှိဘဲ ဒီဒဏ်ကို အားသုံး တောင့်ခံရပါတယ်။ ကျိုးစုန်ရဲ့ အသွေးအသားတွေဟာ စုတ်ပြဲသွားပြီး ရွှေရောင်အရိုးစုပဲ ကျန်ရစ်နေခဲ့ပါတယ်။
အာကာသ ကွဲကြေပြီး အချိန်-အာကာသ စီးထွက်လာပါတယ်။ နိမိတ်မျိုးစုံ ထွက်ပေါ်လာပြီး ဟင်းလင်းပြင်ကို မသဲမကွဲ ဖြစ်သွားစေပါတယ်။
တောက်ပတဲ့ အလင်းရောင် ပျောက်ကွယ်သွားတဲ့အခါ ကျောက်ရွှမ်ကွမ်းဟာ နှလုံးလှုပ်သွားပါတယ်။ တခြား ပဋိပက္ခရှစ်ပါးလည်း တုန်လှုပ်သွားကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရဲ့ ဓမ္မစွမ်းအားက ဟန်ကျွယ်ကို လုံးဝ မထိလို့ပါပဲ။
အမျိုးအမည်မသိ အင်အားတစ်ခုက ဟန်ကျွယ်ဘေးပတ်လည်မှာ ပေါ်လာပြီး သူတို့ရဲ့ စွမ်းအားတွေကို လွယ်လင့်တကူ ချေဖျက်လိုက်ပါတယ်။
‘ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ’ ကျောက်ရွှမ်ကွမ်းဟာ တအံ့တဩ ဖြစ်သွားပါတယ်။
ပဋိပက္ခကိုးပါးဟာ အချင်းချင်း နားလည်တာမလို့ ချက်ချင်း အဝေးကို နေရာရွှေ့လိုက်ပါတယ်။ သူတို့တွေဟာ ဟန်ကျွယ်နားကို ထပ်ပြီးတော့ မချဉ်းကပ်ရဲတော့ပါဘူး။
ဒီတစ်ကွက်နဲ့တင် သူတို့တွေ အမှောင်သခင်ကြီးကို မယှဉ်နိုင်ဘူးဆိုတာ ပဋိပက္ခကိုးပါး သိလိုက်ပါတယ်။ ခုနက တိုက်ခိုက်မှုမှာ သူတို့တွေ အစွမ်းကုန် ထုတ်သုံးလိုက်တာပါ။
ကျောက်ရွှမ်ကွမ်းရဲ့ မျက်နှာဟာ မည်းမှောင်သွားပြီး အံကြိတ်ကာ မေးလိုက်ပါတယ် “အမှောင်သခင်ကြီး... ခင်ဗျား ဘာလိုချင်တာလဲ”
ကျောက်ရွှမ်ကွမ်း ဒီလောက်ထိ ဒေါသထွက်ပြီး ကိုယ်အမူအရာ မထိန်းနိုင်တာက သစ္စာဖောက်ခံရတယ်လို့ ခံစားရတာကြောင့်ပါ။ ဘာပဲဖြစ်ဖြစ် သူတို့တွေ အများကြီး စတေးခဲ့တာ ဖြစ်တဲ့အတွက် သူတို့နဲ့ မပူးပေါင်းရင်တောင် အနည်းဆုံးတော့ ရန်သူ မလုပ်သင့်ဘူး မဟုတ်ပါလား။
လူတိုင်းမှာ သူတို့ဖြစ်ချင်တာတွေ ရှိကြပါတယ်။ အထူးသဖြင့် သူတို့က တစ်ခုခု ပေးထားခဲ့ရင်ပေါ့။
ဟန်ကျွယ်ဟာ ပြုံးလိုက်ပါတယ် “မင်းက ဒီလောက်ထိ ဇွဲကောင်းမှတော့ ငါ ပြောပြမယ်၊ ငါ အဆုံးမဲ့ခေတ်ကို ဖွင့်လိုက်မယ်၊ တိတိကျကျ ပြောရရင်တော့ အမှောင်ခေတ်ပဲ၊ တိုက်ခိုက်တာတွေ ရပ်လိုက်တော့”
ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး ညာလက်ကို အသာမြှောက်ကာ အသာအယာ လက်သီးဆုပ်လိုက်ပါတယ်။
ရုတ်ခြည်းဆိုသလို ဟန်ကျွယ်ကို ဗဟိုထားပြီး ဘက်ပေါင်းစုံကို အမှောင်ထု လွှမ်းမိုးသွားပါတယ်။ ပဋိပက္ခကိုးပါး မတုံ့ပြန်နိုင်ခင်မှာပဲ သူတို့ရှေ့က ယိုယွင်းပျက်စီးနေတဲ့ ဟင်းလင်းပြင်ဟာ ဗလာအာကာသ ဖြစ်သွားပါတယ်။ ဒီဟင်းလင်းပြင်မှာ သူတို့ပဲ အလင်းရောင်အဖြစ် ကျန်နေခဲ့ပါတယ်။
မကြာခင်မှာပဲ ပဋိပက္ခတစ်ခုလုံး အမှောင်ကျသွားပါတယ်။ ကမ္ဘာအားလုံးရဲ့ ကောင်းကင်ပြင်ဟာလည်း အမှောင်ထု ပြောင်းသွားပြီး နေအကုန်လုံး အလင်းရောင် ဆုံးရှုံးသွားပါတယ်။
အမှောက်ထု သက်ဆင်းလာပါပြီ။
ဒါက ဟန်ကျွယ်ရဲ့ မျက်လှည့်ပါ။ ဟန်ကျွယ်ဟာ သက်ရှိအားလုံးရဲ့ အမြင်အာရုံကိုသာ ပြောင်းလဲလိုက်တာပါ။ တောက်ပတဲ့အရာတွေ ပျောက်ကွယ်သွားတာ မဟုတ်ပါဘူး။ အကုန်လုံး အမှောင်ထု ပြောင်းဖို့ဆိုရင် ပဋိပက္ခနိယာမတွေ ဝရုန်းသုန်းကားဖြစ်ပြီး အရာအများကြီးကို ထိခိုက်ကုန်မှာပါ။
“ပြန်ကြတော့... ပဋိပက္ခနဲ့ လောကဦးပဋိပက္ခ ပူးပေါင်းပြီးမှပဲ ငါ့ကို ထပ်ပြီးတော့ စိန်လာခေါ်ချည်”
ဟန်ကျွယ်ဟာ အထင်အမြင်သေးစွာ ပြုံးလိုက်ပါတယ်။ အဲဒီနောက် အမျိုးအမည်မသိ အားတစ်ခု ပေါက်ကွဲထွက်သွားပြီး ပဋိပက္ခကိုးပါးကို လွင့်စဉ်သွားစေပါတယ်။
ဟန်ကျွယ် ဒီလိုလုပ်တာက အခုမှ ကောက်ကာငင်ကာ ဆုံးဖြတ်လိုက်တာ မဟုတ်ပါဘူး။ ပဋိပက္ခမှာ ခရီးနှင်ကတည်းက ဒီလိုလုပ်ဖို့ စီစဉ်ထားခဲ့တာပါ။ မဟာတာအို အနန္တကပ်ဘေးက သူ သိတဲ့အတိုင်း ဆက်ဖြစ်ရင် စိတ်ဝင်စားဖို့ကောင်းမှာ မဟုတ်ပါဘူး။ ပြီးတော့ ဒီလိုဖြစ်ဖို့ လိုလည်း မလိုအပ်ပါဘူး။
ဟန်ဟွမ်က ပဋိပက္ခကို ခွဲခြေပြီး အဆုံးမဲ့ခေတ်ကို တည်ထောင်ရင်တောင် ခေတ်ဟောင်းရဲ့ လူဆိုးကြီးလို့ နာမည်တပ်ခံရဦးမှာပါ။
အဲဒါကြောင့် ဟန်ကျွယ်ဟာ ဟန်ဟွမ်ကို ကူညီဖို့ ဆုံးဖြတ်လိုက်ပါတယ်။
လောကဦးနတ်ဘီလူးက မဟာတာအို အနန္တကပ်ဘေးကို လှုံ့ဆော်မယ်။ ပြီးရင် နောက်ထပ် ရှေးကျတဲ့ လောကဦးနတ်ဘီလူးတစ်ပါးနဲ့ အမျိုးအမည်မသိ အမှောင်သခင်ကြီး ပေါ်လာပြီး အရာအားလုံးကို ဖျက်ဆီးဖို့ ကြိုးစားမယ်။ ဟန်ဟွမ်က ဒါကို တားဆီးဖို့ ကြိုးစားမယ်ဆိုရင် ဟန်ဟွမ်က သူရဲကောင်း ဖြစ်သွားမှာပါ။
ဒါက ဟန်ကျွယ် စီစဉ်ထားတဲ့ ဇာတ်လမ်းပါ။
ဒီအတောအတွင်း ဟန်ကျွယ်ဟာ နဝမပဋိပက္ခနဲ့ နောက်ဆုံးတိုက်ပွဲ တိုက်ခိုက်လို့ ရပါသေးတယ်။
ဟန်ကျွယ်ဟာ ဇာတ်ညွှန်းကိုလည်း ရေးထားပြီးပါပြီ။
လောကဦးပဋိပက္ခမှာရှိတဲ့ သက်ရှိအကုန်လုံးက အမှောင်သခင်ကြီးကို မယှဉ်နိုင်ဘူး။ အဲဒီတော့ နဝမပဋိပက္ခ ကိုယ်တိုင် ရောက်လာပြီး တိုက်ခိုက်တယ်။ မနိုင်ဘူး သေတယ်။ ဟန်ဟွမ်က အသက်စွန့်ပြီး တိုက်ခိုက်မယ်။ ဒါလည်း မနိုင်ဘူး။
အကုန်လုံး မျှော်လင့်ချက်မရှိတဲ့အချိန်မှာ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ ရောက်လာမယ်။ ပြီးရင် ဟန်ဟွမ်နဲ့ ပူးပေါင်းပြီး အမှောင်သခင်ကြီးကို တွန်းလှန်မယ်။
ဒီလိုဆို ဒီဇာတ်လမ်းက ထာဝရတည်တဲ့ ဒဏ္ဍာရီတစ်ပုဒ် ဖြစ်သွားမှာပါ။
အမှောင်သခင်ကြီးပဲဖြစ်ဖြစ် ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိပဲဖြစ်ဖြစ် တစ်ယောက်တည်း မဟုတ်ပါလား။
ကျိုးစုန်ဟာ ဟန်ကျွယ်ရဲ့ ကျောပြင်ကို အံ့ဩထိတ်လန့်စွာ ကြည့်လိုက်ပါတယ် ‘ပဋိပက္ခကိုးပါးရဲ့ ပူးပေါင်းစွမ်းအားက ဒီလောက်တောင် အားနည်းတာလား...’
‘မဖြစ်နိုင်ဘူး... သူက ဘယ်အဆင့်ကို ရောက်နေတာလဲ’
‘တကယ်ပဲ မဟာတာအို အထွတ်အထိပ်အဆင့်ရဲ့ အထက်မှာ နောက်တစ်ဆင့် ထိပ်ရှိနေသေးတာလား’
ဟန်ကျွယ်ဟာ ယွမ်ရှီကျယ်ဝမ်ရဲ့ ခေါင်းပေါ်မှာ ပြန်ထိုင်လိုက်ပါတယ်။
“ခင်ဗျား အတည်ပြောနေတာလား” အေးစက်တဲ့အသံနဲ့အတူ ဟန်ဟွမ်ဟာ လောကဦးနတ်ဘီလူးရဲ့ မူလအသွင်ပြောင်းပြီး အမှောင်ထုထဲက ထွက်လာပါတယ်။ သူ့ခန္ဓာကိုယ်မှာ ခရမ်းရောင် မီးလျှံတွေ တောက်လောင်နေတဲ့အတွက် ဟန်ဟွမ်ဟာ တန်ခိုးရှိန်စော် ကြီးမားလှပါတယ်။
ယွမ်ရှီကျယ်ဝမ်ဟာ ဟန်ဟွမ်ကို တွေ့တာနဲ့ စအော်ပါတယ်။ ဒါပေမဲ့ သူ့အသံက အရင်တုန်းက အသံတွေထက်စာရင် လုံးဝ အားပျော့လှပါတယ်။
ဟန်ဟွမ်ဟာ ယွမ်ရှီကျယ်ဝမ်ကို ဂရုမစိုက်ဘဲ ဟန်ကျွယ်ကို စိုက်ကြည့်လိုက်ပါတယ်။
အရိပ်နက် ဟန်ကျွယ်ဟာ မိစ္ဆာဆန်လွန်းပါတယ်။ သူက အမှောင်ထု ဟင်းလင်းပြင်နဲ့ တစ်သားတည်းလို ဖြစ်နေပြီး နီရဲတဲ့ သူ့မျက်လုံးတွေက အမှောင်ထုထဲမှာ အထင်းသား ဖြစ်နေပါတယ်။
ဟန်ကျွယ်ဟာ အပြုံးနဲ့ မေးလိုက်ပါတယ် “မင်းက ငါနဲ့ တစ်ယောက်တည်း တိုက်ချင်တာလား”
ဟန်ဟွမ်ဟာ လက်ဝါးကို ရုတ်တရက် ဝှေ့ယမ်းလိုက်ပါတယ်။ တန်ခိုးကြီးမား မဟာလက်ဝါးရဲ့ စွမ်းအားဟာ ဟန်ကျွယ်ဆီ မရောက်ခင်မှာပဲ အမျိုးအမည်မသိ အင်အားတစ်ခုရဲ့ ချေဖျက်တာ ခံရပြီး ပျောက်ကွယ်သွားပါတယ်။
ဟန်ဟွမ်ဟာ မျက်မှောင်ကြုတ်သွားသလို အနက်ရောင်မီးလျှံအောက်က ဟန်ကျွယ်ဟာလည်း မျက်မှောင်ကြုတ်သွားပါတယ် ‘ကောင်စုတ်လေး... မင်းသား ထိခိုက်မှာကို မကြောက်ဘူးလား’
ဟန်ကျွယ်ဟာ ဟန်ဟွမ်ရဲ့ အပြုအမူကို မကျေမချမ်း ဖြစ်သွားပါတယ် “ဟွန်း... မင်းရဲ့ ဒီအမှိုက်စွမ်းအားနဲ့များ ကိုယ့်ကိုယ်ကိုယ် အစွမ်းအထက်ဆုံးပုဂ္ဂိုလို့ ခေါ်ရဲတယ်၊ ဟန်ဟွမ်... မင်းက လောကဦးနတ်ဘီလူးနဲ့ နာမည်နဲ့ မတန်ဘူး၊ လိမ်နေတာ ရပ်လိုက်တော့”
“ဝုန်း...”
ဟန်ဟွမ်ဟာ စကားလုံးနဲ့ ဖော်ပြဖို့ မဖြစ်နိုင်တဲ့ အင်အားတစ်ခု ဝင်တိုက်တာ ခံရပြီး အသိစိတ် လွင့်ပါး ပျောက်ကွယ်သွားပါတယ်။ ဟန်ဟွမ်ရဲ့ ခန္ဓာကိုယ်ဟာ ပျက်စီးသွားပြီး ဝိညာဉ်ကတော့ လွင့်စဉ်ထွက်သွားပါတယ်။
“လောကဦးနတ်ဘီလူးက ဖျက်ဆီးတာပဲ မဖြစ်ရဘူး၊ ဒီလောကမှာ လောကဦးနတ်ဘီလူးက မင်း တစ်ယောက်တည်း မဟုတ်ဘူး၊ လောကဦးပဋိပက္ခနဲ့ ပဋိပက္ခ ပူးပေါင်းတဲ့အခါကျရင် ငါ မင်းအသက်ကို ယူပြီး မင်းရဲ့ ဆွေမျိုးသားချင်းတွေ၊ မင်းရဲ့ မိတ်ဆွေတွေ၊ ကုန်ကုန်ပြောမယ်ကွာ၊ မင်းနဲ့ ပတ်သက်တဲ့လူ မှန်သမျှကို သတ်ပစ်မယ်”
အမှောင်သခင်ကြီးရဲ့ စကားဟာ ဟန်ဟွမ်ရဲ့ နားထဲမှာ ပဲ့တင်ထပ်သွားပါတယ်။ ဟန်ဟွမ်ဟာ ဒေါသထွက်ဖို့တောင် အချိန်မရှိပါဘူး။ ကြောက်မက်ဖွယ်စွမ်းအားက တော်တော်လေးကိုမှ သူ့ကို မသက်မသာ ဖြစ်စေပါတယ်။
အချိန်တစ်ခု အကြာမှာတော့ ဟန်ဟွမ်ဟာ လက်တစ်ဖက်ကို သူ့နောက်ကျောကို လာဖိမိတယ်ဆိုတာ ရုတ်တရက် ခံစားမိလိုက်ပါတယ်။ ဟန်ဟွမ်ဟာ အားယူပြီး မျက်လုံးဖွင့်လိုက်ပါတယ်။ အဲဒီနောက် ဓမ္မစွမ်းအားနဲ့ သူ့ခန္ဓာကိုယ်ကို ပြန်ခဲပါတယ်။ ပြီးတော့မှ နောက်လှည့်ကြည့်လိုက်တဲ့အခါ သူ့ကို ကူညီတဲ့လူက မိစ္ဆာ ကောင်းကင်ဧကရာဇ်ဆိုတာ တွေ့လိုက်ရပါတယ်။
“အရှင်မင်းကြီး...” ဟန်ဟွမ်ဟာ အံ့အားသင့်သွားပါတယ်။
မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ ရှုပ်ထွေးတဲ့ မျက်နှာနဲ့ ခပ်ယဲ့ယဲ့ သက်ပြင်းချလိုက်ပါတယ်။ အရင်တုန်းက မိစ္ဆာ ကောင်းကင်ဧကရာဇ်ဟာ အမှောင်သခင်ကြီးက ဟန်ကျွယ်လို့ ခန့်မှန်းချက် ထုတ်ခဲ့ပါတယ်။ နောက်ပိုင်း ဟန်ကျွယ်က ပဋိပက္ခနတ်ဘီလူး အမှောင်သခင်ကြီးက တခြားတစ်ယောက်လို့ လူတွေ လက်ခံလာတာတောင် ဒီခန့်မှန်းချက်က အကြွင်းမဲ့ ပျောက်ကွယ်မသွားပါဘူး။
ဒါပေမဲ့ အခုတော့ ဟန်ဟွမ်ရဲ့ အခြေအနေကို ကြည့်ပြီး အမှောင်သခင်ကြီးက တခြားလူတစ်ယောက် ဆိုတာကို မိစ္ဆာ ကောင်းကင်ဧကရာဇ် လက်ခံလိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်က သူ့ကလေးတွေကို ဒီလောက်ထိ ရက်စက်မှာမလို့ပါပဲ။
“သေစမ်း... အဲဒီကောင်က လေလုံးထွားလွန်းတယ်” ဟန်ဟွမ်ဟာ အမှောင်သခင်ကြီးရဲ့ စကားလုံးတွေကို ပြန်တွေးပြီး ယမ်းပုံမီးကျဖြစ်ကာ သူ့ကိုယ်သူ မထိန်းနိုင်တော့ပါဘူး။
အမှန်အတိုင်း ပြောရရင် ဟန်ဟွမ် တကယ် လန့်သွားတာပါ။ ဒီလောက်ထိ စွမ်းအားကြီးတဲ့ တည်ရှိမှု ရှိနေလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ စိတ်ကူးတောင် မယဉ်ခဲ့ဖူးပါဘူး။
‘သူက ငါ့အဖေထက် စွမ်းအားပိုကြီးတယ်’
ဟန်ဟွမ်ဟာ အသွင်တူ လက်ရည်စမ်းပွဲထဲမှာ ဟန်ကျွယ်ကို ရှုံးနိမ့်ခဲ့ပေမဲ့ အဲဒီတုန်းက ခံစားခဲ့ရတဲ့ တုန်လှုပ်ချောက်ချားစရာ ဖိအားဟာ အမှောင်သခင်ကြီးရဲ့ ခုနက ဖိအားကိုတော့ မမီသေးပါဘူး။
‘အမှောင်သခင်ကြီးက ငါ့အဖေနဲ့ တန်းတူပဲ၊ သူက နောက်တစ်ဆင့်ကို ရောက်နေပြီ၊ ပိုပြီးတော့လည်း စွမ်းအားကြီးတယ်’
မြန်မာပြည် ငြိမ်းချမ်းပါစေ။