နောက်ဆုံး အဆင့်သို့။
Vol. 109 Ch. 1518
လင်းယွန်၏ အကြည့် များက နတ်နဂါး ဖန်တီးမှု ဆေးလုံးပေါ် ကျဆင်း သွားလေသည်။ ဤဆေးလုံးသည်၊ တန်ဖိုးရှိ နိုင်၏။ မဟုတ် သော် ထျန်းကျွယ် တစ်ယောက် ဤမျှ စိတ်လှုပ်ရှား နေမည် မဟုတ်ချေ။
( ဧကရီ၊ ဒီဆေးလုံးရဲ့ အကျိုး သက်ရောက်မှုက ဘာလဲ။ )
( ဒါ ... နတ်နဂါး ဖန်တီးမှု ဆေးလုံးပဲ ... ၊ နဂါးသွေး လွှတ်ကြော နယ်ပယ်၊ ကျွမ်းကျင် သူ တွေသာ သန့်စင်မယ် ဆိုရင်၊ အကျိုး အမြတ် ကြီးမား လိမ့်မယ်၊ ...
... အတိအကျ ပြောရရင်၊ ပထမ သွေးလွှတ်ကြော နဲ့တင် ... ၊ နဂါး မူလကို ပေါင်းစည်း နိုင်တယ်။ )
( နဂါး မူလကို ရဖို့က ခက်လို့လား။ )
( လက်ရှိ နင့် အရည် အချင်း အရ ဆိုရင် မခက်ဘူး၊ ပထမ သွေးလွှတ်ကြော နဲ့တင် နဂါး မူလကို ပေါင်းစည်း နိုင်ဖို့၊ အခွင့် အလမ်း မြင့်မားတယ်၊ ...
... လူ အများစု အတွက် ကတော့၊ ဒုတိယ ဒါမှမဟုတ် တတိယ သွေးလွှတ်ကြော တွင်သာ ပြီးမြောက် နိုင်တယ်၊ ...
... ဒီနတ်နဂါး ဖန်တီးခြင်း ဆေးလုံးက အဲဒီလို လူတွေကို နဂါး မူလ ရအောင် ကူညီပေး နိုင်တယ်။ )
ခရမ်းငယ်မှ ရှင်းပြ လေသည်။
( နဂါး သွေးလွှတ်ကြော နယ်ပယ် ... ၊ ရောက်မှ အသုံးဝင် တာလား၊ ဒါဆို အခု မလို သေး ဖူးပေါ့။ )
နတ်နဂါး ဖန်တီးခြင်း ဆေးလုံးကို သိမ်းဆည်းလျက်၊ ဒဏ်ရာများ ကုသရန် တရား ထိုင်ချ လိုက်သည်။
အထူးသဖြင့် ထျန်းကျွယ်၏ နောက်ဆုံး ဓားသည်၊ ပြင်းထန်စွာ ဒဏ်ရာ ရရှိ စေခဲ့သည်၊ ရွှေတောင်ပံ များသာ မရှိသော်၊ မတွေး ဝံ့စရာ ဖြစ်၏။
ရှောင်ဖန်မှ လွဲ၍ မျိုးဆက်တူ အတွင်း မည်သူမျှ ဓားတာအို၌ သူ့အား မယှဉ် နိုင်ချေ။ ဤထျန်းကျွယ်သည် ဒုတိယ တစ်ယောက် ဖြစ်သည်။
ထိုအချိန်တွင် ငရဲ ကမ္ဘာ ခန်းမမှ မုရုံချန်သည် သေတ္တာရှိ ဖြည်းညှင်းစွာ လွင့်ပါး နေသော တံဆိပ်ထံ ကြည့်နေသည်။
သေတ္တာ ထဲ၌ မည်သည့် အရာများ ရှိနေမည်ကို၊ မသိ နိုင်ချေ။ မည်သို့ပင် ဆိုစေ ကာမူ၊ အဋ္ဌမ အဆင့်တွင် ထားရှိ သဖြင့်၊ တန်ဖိုး မြင့်မား မည်မှာ သေချာ၏။
တံဆိပ် ကွယ်ပျောက် သွားသည်နှင့်၊ သေတ္တာပွင့် လာပြီး၊ အနက်ရောင် ပန်းတစ်ပွင့် အား မြင်လိုက် ရသည်။
ပွင့်ချပ် (၁၂) ချပ်နှင့်၊ သန့်စင်သော စွမ်းအင်များ ဖြာထွက် နေ၏။ ထို့အတူ ရနံ့များ မွှေးကြိုင် လာသည်။
ငရဲ ကမ္ဘာ ခန်းမတွင်၊ တစ်ချိန်က ငရဲပန်း သုံးပွင့် ရှိခဲ့သည်။ သို့သော် ၎င်းအား အာဟာရ ဖြည့်ရန်၊ ငရဲ ပင်လယ်မှ ငရဲ ဝိညာဉ်ရေ မရှိ တော့ သဖြင့်၊ ညှိုးနွမ်း လာတော့သည်။
နတ်ဘုရားများ တိုက်ပွဲ ပြီးနောက်၊ ငရဲ ပင်လယ်သည် သူတော်စင် များပင် မဝင်ရောက် ဝံ့သော တားမြစ်ဇုန် ဖြစ်လာ၏။
ကမ္ဘာ ပေါ်မှ ပျောက်ကွယ် လုနီးပါး ရတနာကို ရရှိ သဖြင့်၊ သန့်ရှင်းသော သားတော် ဖြစ်လာရန်၊ ကံပါလာ သည်ဟု ယူဆ လိုက် မိသည်။
သူ့အနေဖြင့် နတ်နဂါး အရိုးနှင့်၊ ဤငရဲ ပန်းကို ရွေးချယ် ရမည် ဆိုသော်၊ ငရဲပန်း ကိုသာ ရွေးမိ ပေမည်။
သို့သော် ကလေးများ သည်သာ ထိုသို့ တစ်ခုတည်းကို ရွေးမည် ဖြစ်ပြီး၊ အရွယ်ရောက် သူတိုင်းမှာ၊ ရသမျှ အကုန် ယူမည် ဖြစ်၏။
“ ဟား ဟား ဟား ... ။ ”
ထိုစဉ် ရယ်မော သံနှင့် အတူ၊ ချန်ခွိုက် ဝင်လာသည်။ သူ့မျက်ဝန်း များက ငရဲ ပန်းကို လောဘဖြင့် ကြည့်လာသည်။
“ မင်း ဒါကို လိုချင် နေတာလား ... ၊ ဒီငရဲပန်းက ငါ့ အတွက် အများကြီး အဓိပ္ပါယ် ရှိတယ်၊ ဒါကို ... မင်း လက်လျော့ လိုက်ရင်၊ နတ်နဂါး အရိုး ... ၊ ငါ စွန့်လွှတ် ပေးမယ်၊ ပြီးတော့ တစ်ကြိမ် မင်းကို ကူညီမယ်။ ”
မုရုံချန်မှ တိုက်ပွဲကို ရှောင်လို သဖြင့်၊ လိမ်ပြောလိုက် လေသည်။
“ စိတ်မကောင်း ပါဘူး ... မုရုံချန်၊ ငရဲ ပန်းရော ... ၊ နတ်နဂါး အရိုးရော ... ငါ ယူမယ်။ ”
သို့သော် ချန်ခွိုက်မှ ပြန်ပြော လာ၏။
“ ကောင်းတယ်၊ ငရဲ ပန်းကို နောက်ဆုံး တွေ့ခဲ့တာ နှစ်ပေါင်း များစွာ ကြာပြီ၊ ဒါကြောင့် သဘာဝ အတိုင်း တိုက်ပွဲဝင် ကြတာပေါ့။ ”
နှစ်ယောက်သား ငြင်းခုန် နေကြစဉ်၊ တတိယ လူတစ်ဦး ခန်းမထဲ လှမ်းဝင် လာလေ သည်။
နတ်ဘီလူး ဂိုဏ်းမှ ရန်ရွှမ် ဖြစ်၏။ လက်ထဲတွင် သွေးနတ် ဘီလူး ဓားမော့ကို ကိုင်ဆောင် ထားသည်။
သူ့မျက်ဝန်း များတွင်၊ တောက်လောင် နေသော ကြက်သွေးရောင် မီးလျှံ များက မြင်ရ သူတိုင်းကို၊ ဖိအား ပေးနေ၏။
ဆိုလို သည်မှာ ရတနာ တစ်ခု ခုကို၊ သန့်စင်ထား ပုံရသည်။ ယင်းကြောင့် သူ့တွင် သွေးဆာသော အငွေ့ အသက်များ၊ ဖုံးလွှမ်း နေခြင်း ဖြစ်၏။
“ ဒါဆိုလည်း မင်းတို့ နှစ်ယောက်လုံး၊ ငါ့ဆီ အတူတူ လာခဲ့ ... ။ ”
မုရုံချန်မှ ဆက်လက် ညှိနှိုင်းခြင်း မရှိ တော့ဘဲ၊ ဖိတ်ခေါ် လိုက်သည်။ သူတို့ နှစ်ဦးအား တစ်ပြိုင် နက်တည်း ရင်ဆိုင်ရန်၊ ကြံရွယ် နေ သဖြင့်၊ ဒေါသ ထွက်လာ ကြကာ၊ ချက်ချင်း တိုက်ပွဲ ဖြစ်ပွား ကုန် တော့သည်။
အခြား တစ်ဖက်တွင်၊ သွေးလမင်း ဂိုဏ်း၏ လင်ချင်းယွီက ခန်းမ အတွင်း၌၊ ထိုင်နေသော လူကို ကြည့်ကာ၊ အံဩ သွားသည်။
ရင်ဘတ်၌ ကြီးမားသော ပြတ်ရှ ရာကြီး တစ်ခုရှိ နေ၏။ ယင်းသည် ကြောက်မက်ဖွယ် ကောင်း လှပြီး၊ ထျန်းကျွယ်အား မသက်သာ လှချေ။
ထိုဒဏ်ရာရှိ ဓား ရည်ရွယ်ချက်သည်၊ ကုသမှုများကို၊ ဟန့်တား နေသဖြင့်၊ ပြဿနာ ဖြစ်နေ ခဲ့သည်။
“ ဘယ်လောက် တောင် ... ပြင်းထန် လိုက်လဲ၊ ဒါ ချင်အန်း ကြောင့်လား ။ ”
ချင်းအန်သည် သဏ္ဍာန်မဲ့ နန်းတော် ခုနစ်ပါး၏ တပည့်ကြီး ဖြစ်ပြီး၊ ဓားရေး အရာ၌ အမြင့် မားဆုံး အောင်နိုင်သူ ဖြစ်သည်။
သို့သော် သူသည် ချင်းအန်ထက် ပို၍ ထက်ရှသော ဓားတစ်လက် ပိုင်ဆိုင် ထားမှန်း၊ မည်သူမှ မသိချေ။
ထျန်းကျွယ်က လင်ချင်းယွီကို မော့ကြည့် သည်။ ဤမျှ သနား စရာ ကောင်းသော အခြေ အနေတွင် လင်ချင်းယွီနှင့် ဆုံရ သည်မှာ၊ စိတ်ပျက် စရာ ပေပင်။
“ ငါ့ကို သတ်လိုက်။ ”
သူ သည်လည်း လူကောင်း တစ်ဦး မဟုတ်ချေ။ လင်ချင်းယွီနှင့် ဤအခြေ အနေမျိုး ဆုံရ ပါက၊ သတ်ပစ်မည် ဖြစ်သည်။
အဋ္ဌမ အဆင့်သို့ ရောက်လာ ပြီးနောက် လူတိုင်း၌၊ ရတနာ များစွာ ရရှိ ထား မည်မှာ သေချာသည်။
“ ကြည့်ရတာ ချင်းအန် မဟုတ် ဖူးပဲ ... ၊ မင်းကို ဘယ်သူ ဒဏ်ရာ ရအောင် လုပ်တာလဲ၊ ပြောပြပါ၊ ငါ မင်းကို လွှတ်လိုက်မယ်။ ”
ထန်းကျွယ်မှ ပြန် မဖြေချေ။
“ မင်း ငါ့ကို မပြောချင် ရင်တောင် ... ငါ ခန့်မှန်းနိုင် ပါတယ်၊ ဒီဒဏ်ရာက မင်းတို့ ကြယ် ခန်းမရဲ့ ဧည့်သည် လုပ်တာ မဟုတ်လား။ ”
လင်ချင်းယွီက ပြုံးကာ ပြောလိုက်သည်။
“ မင်း ဘယ်လို သိတာလဲ။ ”
“ အဟက် ... ငါ မသိ ပါဘူး၊ မင်း ပြောပြ လိုက်တာပါ၊ သူ့နာမည် လင်းတျန် မဟုတ်လား၊ ကျင့်ကြံမှု အားနည်း ပေမယ့်၊ သူ့ဓားက မီးလျှံ တွေလို အရမ်း တောက်ပ လွန်းတယ်၊ ဒါကို ...
... မင်းတို့ ဘယ်သူမှ မသိခဲ့ ကြဘူး၊ ဒါပေမယ့် ... မင်းကို အခုလို ပြင်းပြင်း ထန်ထန် ဒဏ်ရာ ရစေဖို့ အတွက်တော့ မမျှော်လင့် ထားတာ အမှန် ... ။ ”
လင်ချင်းယွီက ထျန်ကျွယ်အား ကျော်ဖြတ် သွားစဉ်၊
“ မင်းက ... ၊ ငါ့ကို အချက် အလက်တွေ ပေးခဲ့တဲ့ အတွက် ... ၊ မင်း အသက် မယူတော့ ပါဘူး။ ”
-ဟု ဆိုကာ ဆက်လျှောက် သွားတော့သည်။
ယင်းက ထျန်းကျွယ်အား ပို၍ နာကျင်လာ စေသည်။ တစ်ဖက် လူသည် သူ့ အပေါ်၊ ဂရုစိုက် မစိုက်ဟု၊ အပြု အမူဖြင့် ပြလာခြင်း ဖြစ်၏။
တစ်နာရီ ကြာ ပြီးနောက်၊ ချန်ခွိုက်နှင့် ရန်ရွှမ်မှာ မြေပြင်၌ လဲနေ တော့သည်။ ဆက်၍ တိုက်ပွဲ ဝင်နိုင်ခြင်း မရှိ တော့ချေ။
နှစ်ယောက် စလုံး၏ ဒဏ်ရာ များမှာ၊ ကြောက်စရာ ကောင်းနေပြီး၊ အဆက် မပြတ် သွေးများ စီးထွက် နေသည်။
မုရုံချန်မှ သူတို့အား ဂရုမစိုက် တော့ဘဲ၊ ကျောခိုင်း လိုက်သည်။ သူ့ကျောရှိ ပါးလွှာသော တောင်ပံ တစ်စုံ၌၊ သွေးများ ရွဲနစ် နေ၏။
ချန်ခွိုက်နှင့် ရန်ရွှမ်၏ သူတော်စင် ချပ်ဝတ်သည်၊ ဤအတောင်ပံ များကို မခုခံနိုင် ခဲ့ချေ။
ထိုအတောင်ပံ တစ်စုံသည် ထက်ရှ လွန်းသဖြင့်၊ စက္ကန့်ပိုင်း အတွင်း၊ သူတော်စင် ချပ်ဝတ် များကို ဖောက်ဝင် နိုင်ခဲ့သည်။
အတောင်ပံတွင် သူတော်စင် ရူရ် တစ်သောင်း ပါဝင်ပြီး၊ ၎င်းကို ကြက်သွေးရောင် မီးလျှံ သတ္တု ရိုင်းဖြင့်၊ သွန်းလုပ် ထားပုံ ရ၏။
“ နဝမ အဆင့်ကို ... ၊ ငါ သွားနှင့်မယ်၊ မင်းတို့ ဒီမှာ ကျင့်ကြံ နေရစ်ပါ၊ အောင်မြင်မှု တစ်ခု ရယူ နိုင်ခဲ့ရင်၊ ငါ့ကို ပြန်ပြီး အနိုင်ယူ နိုင်ရင်၊ ယူနိုင် မှာပေါ့၊ ဟုတ်တယ် မလား ... ၊ ဟား ဟား ဟား ... ။ ”
***