← Chapters

နဝမပဋိပက္ခ၏ ယုံကြည်ချက်

Vol. 107 Ch. 1112

နဝမပဋိပက္ခ၏ ယုံကြည်ချက်

Vol. 107 Ch. 1112

အမှောင်ထု သက်ဆင်းလာပြီ။

အမှောင်သခင်ကြီး ပေါ်လာပြီ။

ပဋိက္ခတစ်ခုလုံး ကျီးလန့်စာစား ဖြစ်သွားပါတယ်။

လောကဦးပဋိပက္ခနဲ့ ပဋိပက္ခ တိုက်ခိုက်တာ အချိန်အတော်ကြာသွားပြီဆိုပေမဲ့ တိုက်ပွဲဒဏ်မခံရတဲ့ နေရာတွေ ရှိစမြဲပါ။ ဒါပေမဲ့ အခုတော့ ပဋိပက္ခတစ်ခုလုံးကို အမှောင်ထု လွှမ်းနေပါတယ်။

နယ်ပယ်ရှင် အင်အားစုတွေကနေ မရေမတွက်နိုင်တဲ့ သေမျိုးကမ္ဘာတွေအထိ အကုန်လုံး စိတ်လေးနေကြပါတယ်။

သတင်းတွေဟာ လျင်လျင်မြန်မြန် ပျံ့နှံ့ပါတယ်။ ပဋိပက္ခက ပြောင်းလဲတော့မယ်နဲ့ တူပါတယ်။

.....

ဟင်းလင်းပြင်မှာ ကပ်ဘေးထိန်းချုပ်သူတွေဟာ ဥက္ကာပျံတစ်ခုပေါ် စုဝေးနေကြပါတယ်။

“ဟားဟား... နောက်ဆုံးတော့ ရောက်လာပြီ၊ အမှောင်သခင်ကြီး စိုးမိုးတဲ့ခေတ်ကို ရောက်လာပြီ”

“ကျင်းတျန်ကုန်း... အမှောင်ဂိုဏ်းနဲ့ အမှောင်သခင်ကြီး ယုံကြည်သူတွေကို ချက်ချင်း စုစည်းချည်၊ ငါတို့တွေ အမှောင်သခင်ကြီးဆီမှာ အမှုထမ်းရမယ်” ရှီတုတောက်ဟာ စိတ်လှုပ်တရှား အမိန့်ထုတ်ပါတယ်။

ကျင်းတျန်ကုန်းကလည်း အမိန့်ကိုလက်ခံပြီး သူ့နောက်လိုက်တွေနဲ့ ထွက်ခွာသွားပါတယ်။

ရှီတုတောက်ဟာ အမှောင်သခင်ကြီးရှိတဲ့ဘက်ကို ကြည့်ပြီး မျက်လုံးထဲမှာ အရူးအမူး ဖြစ်သွားပါတယ်။

ရှီတုတောက်ဟာ အမှောင်သခင်ကြီးကို အမြဲတမ်း ယုံကြည်ခဲ့ပါတယ်။ ဟန်ကျွယ်က ဆန်းကြယ်ကံတရား စာအုပ်နဲ့ သက်ရှိအားလုံးရဲ့ နားလည်မှုကို ပြောင်းလိုက်ပေမဲ့ အဲဒါက သူနဲ့ အမှောင်သခင်ကြီးကြားမှာ ထင်ရှားတဲ့ မျဉ်းတစ်ကြောင်း ဆွဲလိုက်ရုံတင်ပါ။

ရှီတုတောက်ဟာ အမှောင်သခင်ကြီးက ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ မျက်နှာတစ်ခုလို့ တွေးထားခဲ့ပါတယ်။ ဒါကြောင့် သူတို့နှစ်ယောက်က တစ်ယောက်တည်း မဟုတ်ဘူးလို့ သက်ရှိအားလုံးက လက်ခံရင်တောင် ရှီတုတောက်ဟာ သူတို့နှစ်ယောက်က ပတ်သက် ဆက်နွှယ်နေတယ်လို့ ယုံကြည်လက်ခံထားတုန်းပါ။

ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက အမှောင်သခင်ကြီး ဝိညာဉ် တစ်ပိုင်းတစ်စ ပြန်ဝင်စားတာ ဖြစ်နိုင်တယ် မဟုတ်ပါလား။

ပဋိပက္ခမှာက ဒီလိုနည်းလမ်းမျိုးတွေက မရှားပါဘူး။ စွမ်းအားကြီးပုဂ္ဂိုလ် ဘယ်လောက်များများက ဝိညာဉ်အမြောက်အမြားခွဲပြီး ပြန်ဝင်စားခဲ့ကြပြီလဲ။

ဒီအချက်က ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိ လျင်မြန်စွာ တန်ခိုးထွားလာတာကို ရှင်းပြနိုင်ပါတယ်။

ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက အမှောင်သခင်ကြီး မဟုတ်ဘူးဆိုရင်တောင် သူတို့နှစ်ယောက်က သေချာပေါက် ပတ်သက်နေလိမ့်မယ်လို့ ရှီတုတောက် ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ ဒီခန့်မှန်းချက်တွေက ဘာအဓိပ္ပာယ်မှ မရှိပါဘူး။

ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိနဲ့ အမှောင်သခင်ကြီး ဘယ်လိုပဲ ပတ်သက် ပတ်သက် ရှီတုတောက်လုပ်ရမှာ တစ်ခုတည်း ရှိပါတယ်။ အဲဒါကတော့ အမှောင်သခင်ကြီးဆီမှု အမှုထမ်းဖို့ပါ။ အမှောင်သခင်ကြီး ဘာပဲလုပ်ခိုင်းလုပ်ခိုင်း ရှီတုတောက်ဟာ အကုန်လိုက်လုပ်မှာပါ။

“အခုအချိန်ကစပြီး ကပ်ဘေးထိန်းချုပ်သူ အကုန်လုံးက အမှောင်သခင်ကြီးကို လေးစားရမယ်၊ ငါပြောတာ နားလည်လား” ရှီတုတောက်ဟာ သူ့နောက်လိုက်တွေကို ငုံ့ကြည့်ပြီး မတိုးမကျယ် ပြောလိုက်ပါတယ်။

ဘိုးဘေးရှီတျန်ဟာ သက်ပြင်းချလိုက်ပေမဲ့ ရှီတုတောက်ကို မတားပါဘူး။ ဘိုးဘေးရှီတျန်ဟာ အရင်လိုမျိုး ရည်မှန်းချက်တွေ မရှိတော့ဘဲ အများနောက်သာ လိုက်ချင်ပါတော့တယ်။ ဒီလူငယ်တွေက ပိုပြီးတော့ တက်ကြွတယ်ဆိုတာကို လက်တွေ့လောကက သက်သေပြခဲ့ပြီ မဟုတ်ပါလား။

အမှောင်ထုထဲ တိုးဝင်တယ်ဆိုတိုင်း ပြန်လမ်းမဲ့လမ်း မဖြစ်နိုင်ပါဘူး။

ဘိုးဘေးရှီတျန်ဟာ အမြဲတမ်း ဆက်တိုက် စွမ်းအားကြီးပြီး အနှောင်အဖွဲ့တွေကို ချိုးဖျက်ချင်ခဲ့တာပါ။ သူ့ရဲ့ စွဲလမ်းမှုတွေကတော့ အတိတ်မှာ ကျန်ခဲ့ပါပြီ။ အရေးမကြီးတော့ပါဘူး။

အဲဒီနောက်ပိုင်း လောကဦးပဋိပက္ခနဲ့ ပဋိပက္ခက မစည်းလုံးသေးပေမဲ့ အမှောင်ဂိုဏ်းကတော့ လျင်မြန်စွာ စုစည်းပြီး အရှိန်အဟုန် တက်လာပါတယ်။

ပဋိပက္ခကိုးပါးနဲ့ ဟန်ဟွမ်ကတော့ သူတို့ရဲ့ အသိုက်တွေဆီ ပြန်ပြီး နာလန်ပြန်ထူကြပါတယ်။ ပဋိပက္ခကိုးပါးဟာ နောက်ခံရှိတဲ့အတွက် လောလောဆယ်တော့ ဟန်ဟွမ်ကိုရှာဖို့ အစီအစဉ် မရှိပါဘူး။ ဟန်ဟွမ်ကလည်း မာနကြီးတဲ့အတွက် ရန်သူကို အောက်ကျခံပြီး အကူအညီတောင်းမှာ မဟုတ်ပါဘူး။

.....

တတိယ တာအိုစက်ကွင်း။

ရှင်းဟုန်ရွှမ်ဟာ အပြင်ကနေ ပြန်ရောက်လာပြီး တခြားမိန်းမတွေနဲ့ အတင်းပြောပါတယ်။

“အမှောင်သခင်ကြီးက စွမ်းအားကြီးလွန်းတယ်၊ ဟွမ်အာ သေဖို့ နည်းနည်းပဲ လိုတယ်” ချင်းလွမ်အာက စိုးစိုးရိမ်ရိမ် ပြောလိုက်ပါတယ်။

ရှင်းဟုန်ရွှမ်ဟာ ဟန်ကျွယ်က သူ့ကို မလိမ်ဘူးဆိုတာ ယုံကြည်ပါတယ်။ ဟန်ကျွယ်က သူ့ကို ပြိုင်ဘက်ကင်းတယ်လို့ ပြောရင် တကယ် ပြိုင်ဘက်ကင်းလို့ပါ။ အဲဒါကြောင့် ရှင်းဟုန်ရွှမ်ဟာ အမှောင်သခင်ကြီးကို မျက်စိထဲ မထည့်ပါဘူး။

“ဘာမှမဖြစ်ဘူး၊ အဲဒီကောင်စုတ်လေးကို နည်းနည်း ဒုက္ခခံခိုင်းရမယ်၊ အဲဒီကောင်စုတ်လေးက သူ လက်ထပ်လိုက်တာကို ငါ့ကို ဘာမှမပြောဘူး၊ သူက သူ့မိဘတွေကို ဂရုမစိုက်မှတော့ ငါတို့က ဘာလို့ ကူညီရမှာလဲ... ဟွန်း...”

ရှင်းဟုန်ရွှမ်ဟာ နတ်သမီးမင်ကျိကို သတ်ချင်ပေမဲ့ ဟန်ဟွမ်ကို တွေးမိတဲ့အခါ စိတ်ပျော့သွားပါတယ်။ နတ်သမီးမင်ကျိကို သူ ကျိန်စာတိုက်ခဲ့တာက ဘာမှမဟုတ်ပါဘူး။ ဟန်ဟွမ်က သူ့အဖေလိုပဲ တစ်ခါ တံခါးပိတ်ကျင့်ကြံရင် နှစ်အများကြီး ကြာပါတယ်။

အဲဒါကြောင့် နတ်သမီးမင်ကျိ ပုံမှန်အတိုင်း ပြန်ဖြစ်သွားရင်တောင် ဟန်ဟွမ်က တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာချင်မှ ထွက်လာဦးမှာပါ။ ဒီလိုမဟုတ်လည်း တခြားကိစ္စတွေနဲ့ အလုပ်ရှုပ်နေလို့ နတ်သမီးမင်ကျိကို သွားတွေ့အားမှာ မဟုတ်ပါဘူး။

ဝူတောက်ကျန့်က ရင်တုန်တုန်နဲ့ ပြောလိုက်ပါတယ် “ပြဿနာမရှာတာ ပိုကောင်းလိမ့်မယ်၊ တပည့်အကုန်လုံးကို ပြန်လာဖို့ ပြောလိုက်ကြရအောင်၊ တာအိုစက်ကွင်းထဲမှာ ပုန်းနေတာက အလုံခြုံဆုံးပဲ”

သူတို့တွေဟာ ဟန်ဟွမ်နဲ့ ပဋိပက္ခကိုးပါးရဲ့ စွမ်းအားကို ချောင်းကြည့်ပြီး သက်ပြင်းသာ ချမိပါတယ်။ ဒါပေမဲ့ ဒီလိုစွမ်းအားကြီးတဲ့လူတွေတောင် အမှောင်သခင်ကြီးရှေ့မှာ ပုရွက်ဆိတ်နဲ့ မခြားပါဘူး။ မျက်မြင်ကိုယ်တွေ့ တွေ့ရတဲ့လူတွေပဲ စွမ်းအားချင်း ဘယ်လောက်ကွာလဲဆိုတာ သိပါတယ်။ တွေးကြည့်ရုံနဲ့တင် မလန့်ဘဲ မနေနိုင်ပါဘူး။

အမှောင်သခင်ကြီးက တကယ်ကို ပြိုင်ဘက်ကင်းပါတယ်။ ဟန်ဟွမ် သူ့ကို မီဖို့က အဝေးကြီး အဝေးကြီး လိုပါသေးတယ်။

သူတို့တွေရဲ့ အမြင်မှာ ဟန်ကျွယ်တောင် အမှောင်သခင်ကြီးနဲ့ မတူပါဘူး။ ဟန်ကျွယ်က အကြိမ်တိုင်းမှာ ရန်သူတွေကို တစ်ချက်တည်း ရှင်းပစ်ပေမဲ့ သူက အမှောင်သခင်ကြီးလောက် ကြောက်စရာ မကောင်းသလို အေးအေးလူလူလည်း မရှိပါဘူး။ အမှောင်သခင်ကြီးက ဘာမှမလုပ်ရသေးပေမဲ့ ဟန်ဟွမ်နဲ့ ပဋိပက္ခကိုးပါးက သေခါနီး ဖြစ်သွားတယ် မဟုတ်ပါလား။

နတ်မိမယ်ရှီရွှမ် “ဟုတ်တယ်၊ အမှောင်သခင်ကြီးက အခုမှ ပေါ်လာတာ မဟုတ်ဘူး၊ ကောင်းကင်တာအိုမှာကတည်းက နာမည်ကြီးတာ၊ ကောင်းကင်တာအို အနန္တကပ်ဘေးက စုချီကြောင့် ပြီးဆုံးသွားတယ်လို့ ထင်ရပေမဲ့ တကယ်တော့ အကုန်လုံးကို အမှောင်သခင်ကြီးက နောက်ကွယ်ကနေ ကျိန်စာတိုက်ပြီး တွန်းအားပေးခဲ့တာ”

ချင်းလွမ်အာဟာ နတ်မိမယ်ရှီရွှမ်စကားက ကျိုးကြောင်းဆီလျော်တယ်လို့ ခံစားလိုက်ရပါတယ်။

ရွှမ်ချင်းကျွင်းဟာ ပြုံးလိုက်ပါတယ် “မစိုးရိမ်ပါနဲ့၊ ယောက်ျားက သူ့ကျင့်ကြံမှုကို အာရုံခံပြီးလောက်ပြီ၊ ယောက်ျားက တံခါးပိတ်ကျင့်ကြံနေပေမဲ့ အပြင်လောကကို လျစ်လျူရှုထားမှာ မဟုတ်ပါဘူး၊ တိုက်နိုင်ရင် တိုက်မှာပါ”

ချင်းလွမ်အာတို့ဟာ ဟန်ကျွယ်ရဲ့ အတွေ့အကြုံတွေကို ပြန်တွေးပြီး ခေါင်းညိတ်လိုက်ကြပါတယ်။ တစ်ချိန်တည်းမှာပဲ သူတို့တွေဟာ နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုကိုလည်း တွေးမိလိုက်ပါတယ်။ အဲဒါကတော့ ဟန်ကျွယ် အမှောင်သခင်ကြီးကို မယှဉ်နိုင်ဘူးဆိုတဲ့ ဖြစ်နိုင်ခြေပါ။

ရှင်းဟုန်ရွှမ်ကလွဲရင် ကျန်တဲ့လူတွေအကုန်လုံး ဒီအချက်ကို တွေးမိကြပါတယ်။ ဒါပေမဲ့ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်လာမှာစိုးတဲ့အတွက် ဘယ်သူမှ ထုတ်မပြောကြပါဘူး။

.....

ဗလာနယ်မြေက ခမ်းနားထည်ဝါတဲ့ နတ်သစ်ပင်ကြီးတစ်ပင်အောက်မှာ နဝမပဋိပက္ခနဲ့ ပထမပဋိပက္ခရဲ့ အရိပ်တွေဟာ မျက်နှာချင်းဆိုင် ထိုင်နေပါတယ်။

ပထမပဋိပက္ခ “ငါတို့ကိုယ်ပွားတွေက အမှောင်သခင်ကြီးကို မယှဉ်နိုင်ဘူး၊ ဒီကောင် ဒီလောက်ထိ မောက်မာနေတာ သူ့ကိုယ်သူ ယုံကြည်ချက်ရှိလို့ ဖြစ်မယ်၊ မင်း သတိထားဖို့ လိုတယ်၊ အရင်တုန်းကလည်း သူ မင်းကို ကျိန်စာတိုက်ခဲ့တာဆိုတော့ အခု သူပေါ်လာတာက မင်းကို ပစ်မှတ်ထားဖို့ပဲ ဖြစ်လိမ့်မယ်”

နဝမပဋိပက္ခ “ဟွန်း... အဲဒီကောင်က ပိုးကောင်နက်လေး သာသာပဲ၊ အဲဒီကောင်က ငါ ဒဏ်ရာရပြီး တံခါးပိတ်ကျင့်ကြံနေတယ်လို့ ထင်နေတာ၊ အဲဒီကောင် မသိတာက သူ ပေါ်လာတာကို ငါ စောင့်နေတယ်ဆိုတာပဲ”

“ငါတို့တွေ တိုက်ခိုက်ကြမှာလား”

“အလျင်မလိုနဲ့၊ သူက လောကဦးပဋိပက္ခနဲ့ ပဋိပက္ခကို ပူးပေါင်းစေချင်မှတော့ ပူးပေါင်းကြတာပေါ့၊ ဒီကိစ္စအောင်မြင်ရင် ငါနဲ့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိရဲ့ ဆက်ဆံရေးလည်း ပြေလျော့သွားလိမ့်မယ်၊ ငါတို့နှစ်ယောက် ပူးပေါင်းပြီး အဲဒီကောင်ကို တိုက်ထုတ်တာတောင် ဖြစ်နိုင်တယ်”

“အဲဒီကောင် ဟန်ဟွမ်ကို တိုက်ခိုက်တာ ကြည့်ရုံနဲ့ အဲဒီကောင်နဲ့ ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက ဆက်ဆံရေးကောင်း မရှိတာ အသိသာကြီး၊ ဒါပေမဲ့ အဲဒီကောင်က ပါးတော့ ပါးတယ်၊ ရန်သူအများကြီး မလုပ်ချင်လို့ ဟန်ဟွမ်ကို မသတ်ဘဲ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရအောင်ပဲ လုပ်လိုက်တာ” နဝမပဋိပက္ခက ဖြည်းဖြည်းချင်း ပြောလိုက်ပါတယ်။

ဒီအချိန်မှာပဲ ရုတ်တရက်ဆိုသလို လေပြည်အေးလေး တိုက်ခတ်လာပါတယ်။ နတ်သစ်ပင်ဟာ တုန်ခါသွားပြီး သစ်ရွက်ဒါဇင်ကျော် ကြွေကျလာပါတယ်။ သစ်ရွက်တွေပေါ်က ကြယ်ပေါင်း ဘီလီယံချီဟာ ကျုံ့ဝင်သွားပြီး ရုပ်သွင်တွေ ခဲကာ နဝမပဋိပက္ခရဲ့ နောက်မှာ ပွင့်ချပ်တွေလို ပေါလောမျောနေပါတယ်။

ပထမပဋိပက္ခ “မင်း ဘာလုပ်ချင်တာလဲ”

နဝမပဋိပက္ခ “အမှောင်သခင်ကြီးရဲ့ စွမ်းအားကို အရင်ဆုံး စမ်းကြည့်ရအောင်၊ သူ ဒီလောက်ထိ ယုံကြည်ချက် ရှိနေတာကို ထောက်ရင် အနည်ဆုံး တာအိုဖန်တီးရှင် ကနဦးအဆင့် မဟုတ်လောက်ဘူး၊ အလယ်အဆင့် ဒါမှမဟုတ် နောက်ဆုံးအဆင့် ရောက်နေတာတောင် ဖြစ်နိုင်တယ်၊ ဒါပေမဲ့ နောက်ဆုံးအဆင့် ရောက်ဖို့ ဖြစ်နိုင်ခြေက တော်တော်လေး နည်းတယ်”

“ငါက မကြာခဏ တံခါးပိတ်ကျင့်ကြံပေမဲ့ အငယ်တွေ နောက်ဆုံးအဆင့် ရောက်နိုင်တဲ့ ဖြစ်နိုင်ခြေကို ဘယ်တုန်းကမှ လျစ်လျူမရှုထားခဲ့ဘူး”

အစကနေ အဆုံးအထိ နဝမပဋိပက္ခဟာ အမှောင်သခင်ကြီးက သူ့ကို မယှဉ်နိုင်ဘူးလို့ ယုံကြည်ထားပါတယ်။ နဝမပဋိပက္ခရဲ့ အမြင်မှာ အမှောင်သခင်ကြီးက ကံကိုကွယ်ဝှက်ဖို့ အကောင်းစား ရတနာတချို့ သုံးတဲ့ အဆင့်ပဲ ရှိပါတယ်။

နဝမပဋိပက္ခဟာ ညာလက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်တဲ့အခါ သူ့နောက်က အသွင်ဒါဇင်ကျော်ဟာ ဗလာနယ်မြေနက်ထဲကို မြားတွေလို ပစ်ခွင်းပြီး အရိပ်အယောင် မကျန်အောင် ပျောက်ကွယ်သွားပါတယ်။

“အမှောင်သခင်ကြီး... မင်းက မဟာတာအို အနန္တကပ်ဘေးကို ကျားခုံလုပ်ပြီး ငါနဲ့ တိုက်ခိုက်ချင်မှတော့ စမ်းကြည့်ပေါ့၊ ငါကလည်း ဖန်တီးမှုကို သတ်ဖြတ်တဲ့ နည်းလမ်းကို စမ်းချင်နေတာနဲ့ အတူတူပဲ” နဝမပဋိပက္ခဟာ ခံစားချက်ကင်းမဲ့စွာ ရေရွတ်လိုက်ပါတယ်။

ပထမပဋိပက္ခဟာ တိတ်ဆိတ်နေပါတယ်။ သူဟာ သိပ်တော့ ယုံကြည်ချက် မရှိပါဘူး ‘အမှောင်သခင်ကြီးက တာအိုဖန်တီးရှင် အလယ်အဆင့်ပဲ ရှိပါ့မလား’

တစ်ချိန်တည်းမှာပဲ...

[သဏ္ဍာန်မဲ့နတ်မင်းသည် သင့်အား အိပ်မက်ပေးလို၏။ လက်ခံမည်လော။]

လောကဦးပဋိပက္ခရဲ့ ခေါင်းပေါ်က ဟန်ကျွယ်ဟာ အိပ်မက်ကို လက်ခံလိုက်ပါတယ်။ သဏ္ဍာန်မဲ့နတ်မင်းဟာ အမှောင်သခင်ကြီးအတွက်နဲ့ ဟန်ကျွယ်ဆီ ရောက်လာတာပါ။ ဟန်ကျွယ်ဟာ သူ့ကို စိတ်အေးအေးထားဖို့ ပြောပြီး ဆက်စောင့်ကြည့်ဖို့ ညွှန်ကြားလိုက်ပါတယ်။

အိပ်မက် အဆုံးသတ်သွားတဲ့အခါ သဏ္ဍာန်မဲ့နတ်မင်းဟာ နည်းနည်းတော့ စိုးရိမ်သွားပါတယ် ‘ဘုန်းတန်ခိုးကြီးမားတဲ့ ကောင်းကင်တာအိုပညာရှိက အမှောင်သခင်ကြီးလောက် စွမ်းအားမကြီးဘူးလား... မဟုတ်ရင် ဘာဖြစ်လို့ ထိုင်ကြည့်နေမှာလဲ’

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters