မင်းကို ... ၊ ပို စိတ်ဝင် စားတယ်။
Vol. 109 Ch. 1519
နဝမ အဆင့် စမ်းသပ် ချက်မှာ၊ သူ ထင်ထား သည်ထက် ပို၍ စိန်ခေါ်မှု ပြင်းထန် နေသည်။
အထူးသဖြင့် ကျင့်ကြံမှု အားနည်း သောကြောင့်၊ အမည်ခံ ကောင်းကင် အမိုးဓား ဖြင့်ပင်၊ ခက်ခဲ ခဲ့သည်။
ပြိုင်ဘက်မှာ ကြယ်ကိုးပွင့် ဖြစ်ပြီး၊ အရိယာ ကောင်းကင် ဓားကို ကျွမ်းကျင်စွာ ဆုပ်ကိုင် ထား ချေ၏။
ကံကောင်းစေ သည်မှာ အစစ် အမှန် ပြိုင်ဘက်မျိုး မဟုတ်ဘဲ၊ စမ်းသပ်မှု တစ်ခုသာ ဖြစ်နေခြင်း ဖြစ်သည်။
မဟုတ်သော် အနိုင် ယူရန် မဆိုနှင့်၊ အသက်ရှင်လျက် လွတ်မြောက်ရန်ပင် ပြဿနာ ဖြစ်လာ နိုင်မည်။
အခြားသော တပည့် ကြီးများ မှလည်း၊ ၎င်းကို ဖြတ်ကျော်ရန် လွယ်ကူမည် မဟုတ် ချေ။
လင်ချင်းယွီနှင့် မုရုံချန် သည်သာ အောင်နိုင်မည် ဖြစ်သည်။ အဘယ့်ကြောင့် ဆိုသော်၊ ၎င်းတို့ နှစ်ဦးသည် ကြယ် ကိုးပွင့် တွင်ရှိနေကြ သောကြောင့် ပေပင်။
“ နတ်နဂါး ဖန်တီးခြင်း ဆေးလုံးကို သန့်စင်သင့်လား။ ”
နဂါးပြာ အရိုးကို တွေ့နိုင် မည်ဟု၊ လင်းယွန်မှ ယုံကြည်သည်။ ၎င်းအား သူ့ သွေးသား စွမ်းအင်က ခံစား မိသည်။
ထို့ကြောင့် ဤအဆင့်သည် အရေး ကြီးပြီး၊ သည့်ထက် ပို၍ သန်မာ ရပေမည်။ လင်ချင်းယွီ နှင့် မုရုံချန် တိုမှာ၊ အခြားသော တပည့်ကြီး များထက်၊ တစ်ဆင့် မြင့်သည်။
တစ်ယောက်သည် သွေးလမင်း ဂိုဏ်းမှ ဆင်းသက် လာပြီး၊ နောက်တစ် ယောက်သည် အင်ပါယာ နတ်မိစ္ဆာ နယ်မြေ၏ မြင့်မြတ်သော သားတော် ဖြစ်လာရန် ရည်မှန်း ထားသည်။
လက်ရှိ နယ်ပယ်ဖြင့် ဖန်တီးခြင်း ဆေးလုံးကို သန့်စင်ခြင်းသည်၊ ဖြုန်းတီးမှုသာ ဖြစ်သော်လည်း၊ သူ့တွင် ရွေးချယ် စရာ မရှိချေ။
ထျန်းကျွယ် နှင့်ပင်၊ ဤသို့ ဒဏ်ရာ ရရှိ နေပါက၊ ၎င်းတို့ လက်တွဲ ခြင်းဖြင့်၊ သူ့အား မောင်းထုတ် လာနိုင်သည်။
ပြတ်သားစွာ ထိုင်ချ လိုက်ပြီး၊ နတ်နဂါး ဖန်တီးခြင်း ဆေးလုံးအား သန့်စင်ရန် ဟန်ပြင် လိုက်တော့သည်။
ဆေးလုံး ဝမ်းဗိုက်ထဲ ရောက် သည်နှင့်၊ ကြယ်စွမ်းအင်များ လျင်မြန်စွာ မြင့်တက်လာ ခဲ့သည်။
ကြယ်စွမ်းအင် သမုဒ္ဒရာ၊ တောက်လောင် သွားပြီး၊ ရွှေရောင် အငွေ့ အသက်များ ချွေးပေါက် များမှ ထွက်လာ၏။
မျက်စိ တစ်မှိတ် အတွင်း၊ ကြယ် စွမ်းအင်များ ပိုမို သန့်စင်ကာ၊ ကြယ် ခုနစ်ပွင့် အထွတ် အထိပ်သို့ ရောက်ရှိ သွားသည်။
အပ်စိုက်မှတ်များ အားလုံး ကွဲအက် ပြီးနောက်၊ အတွင်း အင်္ဂါ များထံ၊ သန့်စင်မှု စတင် တော့သည်။
နတ်နဂါး ဖန်တီးခြင်း ဆေးလုံးကို သူတော်စင် အသီး အနှံများ ယှဉ်နိုင် စရာ အကြောင်း မရှိချေ။
နဂါးရူရ် များနှင့် ရွှေကျီးကန်း တောင်ပံ များက ထိန်းမနိုင် သိမ်းမရ ပေါက်ထွက် လာ လေသည်။
သူတော်စင် သစ်သီး များနှင့်၊ စားသုံး ခဲ့ဖူးသော သူတော်စင် ဆေးလုံးများ အားလုံး၏ အညစ် အကြေးများ စိမ့်ထွက် လာသည်။
ထို့အပြင် ဤသန့်စင်ခြင်း လုပ်ငန်းစဉ်မှာ မယုံနိုင် လောက်အောင် သက်တောင့် သက်သာ ခံစား ရသည်။
ခန္ဓာကိုယ် ထဲရှိ မြုံနေသော ဒဏ်ရာ ဟောင်းများကို ပြန်လည် တူးစွ ကုသပေး၏။ ယင်းက အံသြ ဝမ်းသာ မိစေသည်။
သည်ကာများ အတွင်း၊ စားသုံး ခဲ့သော ရတနာ များ၏ စွမ်းအင်ကို အလုံးစုံ သန့်စင်ရန် မကြိုးစားဘဲ၊ ဆင့်ကာ ဆင့်ကာ စားသုံး မိ၏။
ထို့ကြောင့် အညစ် အကြေးများ၊ များပြား နေခြင်း ဖြစ်သည်။ အဆုံးတွင် ကြယ် ရှစ်ပွင့် အဆင့်သို့ ချောမွေ့စွာ ရောက်ရှိ လာ၏။
အသား အရေမှာ ကျောက်စိမ်းတုံး တစ်တုံး ကဲ့သို့ ကြည်လင် လာပြီး၊ ကိုယ်တွင်း အင်္ဂါများ တောက်ပြောင် လာသည်။
နဂါး ရူရ် အရေ အတွက် သည်လည်း တစ်သောင်းသို့ ရောက်ရှိ သွား၏။ ရွှေကျီးကန်း တောင်ပံ များကို ပြန်ရုတ်ကာ၊ နတ်နဂါး အရိုး အတွက် တိုက်ပွဲ ဝင်ရန် ထရပ် လိုက်သည်။
ကြယ်ရှစ်ပွင့်သို့ ရောက်ရှိ လာသဖြင့်၊ ရောင်ဝါ သမုဒ္ဒရာသည် ပေ (၃၅,၀၀၀) အထိ ကြီးထွား လာ၏။
ရွှေကျီးကန်း တောင်ပံ၊ သူတော်စင် ရူရ်၊ အမည်ခံ ကောင်းကင် အမိုးဓားနှင့် မြေကြီး ဓား ပုံစံကို၊ တိုက်ပွဲများ အတွင်း၊ အသုံး မပြုရ သေးချေ။
ထို့ကြောင့် မည်သည့် ပြိုင်ဘက်ကို မဆို ရင်ဆိုင်ရန် ယုံကြည်လျက် ရှိနေပြီ ဖြစ်သည်။ ဤနေရာ၌ မည်သူ အသန်မာဆုံး ဖြစ်မည်ကို သက်သေ ပြရ ပေမည်။
နာရီဝက် အကြာ၌၊ နတ်နဂါး အရိုး၏ အငွေ့အသက် ထွက်နေသော ခန်းမ တစ်ခုထဲ လှမ်းဝင် လိုက်သည်။
အပြာရောင် စင်မြင့် ပေါ်တွင်၊ တံဆိပ် ခတ်ထားသော သေတ္တာ တစ်လုံး ရှိနေသည်။ ထိုသေတ္တာ ထဲ၌ နဂါး အရိုး ရှိ၏။
အဘယ်ကြောင့် ဆိုသော် သူ၏၊ နဂါးရူရ်များကို ၎င်းမှ ဆွဲခေါ် နေသောကြောင့် ဖြစ်သည်။
“ ဝှစ် ... ။ ”
“ ဖျပ် ဖျပ် ဖျပ် ... ။ ”
ထို့စဉ် အနက်ရောင် အလင်းတန်း တစ်ခု ရုတ်တရက် ပျံသန်း လာ သဖြင့်၊ နောက်သို့ ခြေ သုံးလှမ်း ဆုတ်ကာ၊ ရှောင်တိမ်း လိုက်သည်။
ထိုအလင်းတွင် ပါရှိသော စွမ်းအင်ကို သဘာဝ အတိုင်း ရင်းနှီး နေသည်။ ဤသည်မှာ ငရဲ ကမ္ဘာ ခန်းမ၏ တပည့်ကြီး မုရုံချန် မှတပါး အခြား မရှိချေ။
“ ဝှစ် ... ။ ”
နောက်ဆုတ် မိသော ဟန်ချက် မထိန်း နိုင်ခင် မှာပင်၊ နောက်ထပ် တိုက်ခိုက်မှု တစ်ခု ထပ်ဝင် လာသည်။
၎င်း၏ စွမ်းအင် အောက်တွင်၊ သူ့ဓား ရောင်ဝါမှာ၊ တအိအိ တိုက်စား ခံရပြီး၊ ပြိုကျ တော့မည့်၊ အရိပ် အယောင် ပြသ လာသည်။
အခြားသူ တစ်ဦးသာ ဆိုက ဤတိုက်စား နိုင်စွမ်းကြောင့်၊ သွေးသား စွမ်းအင်များ ယိုယွင်း သွားမည် ဖြစ်သည်။
လင်းယွန် မှာမူ တည်ငြိမ် စွာဖြင့် အရိယာ ဓားသုတ္တန်ကို ဖြန့်ဝေကာ ငရဲ ပန်းအား ပွင့်စေ လိုက်သည်။
“ ဝှစ် ... ။ ”
ကြယ်စွမ်းအင်နှင့် ငရဲ စွမ်းအင်အား ပေါင်းစပ် ပြီးနောက်၊ လက်သီးဖြင့် ပြန်လည် ထိုးချ မိသည်။
ထို့ကြောင့် ပြိုကျ နေဆဲ ဖြစ်သော ဓား ရောင်ဝါမှာ၊ ဓား ရည်ရွယ်ချက်၏ အထောက် အပံ ရလာပြီး၊ ချက်ချင်း ခိုင်မြဲ သွားသည်။
“ ဖျပ် ... ။ ”
ခိုးဝင် တိုက်ခိုက် လာသည့် ထိုလူမှာ နောက်ဆုတ် ပေးလိုက် ရသည်။ ၎င်းမှာ သူထင် ထားသည့် အတိုင်း မုရုံချန် ဖြစ်နေ၏။
လင်းယွန်၏ မျက်ဝန်း များက၊ မုရုံချန် သိုလှောင် လက်ကောက်ထံ ကျရောက် သွား၏။ ၎င်းအတွင်း၌ အရိယာ ဓားသုတ္တန်ကို ဂဏာ မငြိမ် ဖြစ်စေသော တစ်စုံ တစ်ရာ ရှိနေသည်။
“ မင်း ... ၊ လင်းတျန် မဟုတ်လား၊ ထွက်သွား ... နဂါးပြာ အရိုးကို ငါ ပိုင်တယ်။ ”
မုရုံချန်မှ ပြတ်သားစွာ ခြိမ်းခြောက် လိုက်သည်။ မြင့်မြတ်သော သားတော် ဖြစ်ရန် ရည်ရွယ် ထား သဖြင့်၊ ပြိုင်ဘက် မည်သူ မည်ဝါ ဖြစ်ပါစေ မျက်လုံးထဲ မရှိချေ။
လင်းယွန်က ပြန်မဖြေဘဲ ပြုံးလိုက်၏။ သည်အထိ ရောက်လာ ပြီးနောက်၊ စကားလေး တစ်ခွန်းဖြင့်၊ အလွယ် တကူ လက်လျော့ ရမည် လော။ ရယ်စရာ ပေပင်။
“ လင်းတျန် ဆိုတာ ... ၊ မင်းရဲ့ ... နာမည် အစစ် မဖြစ် နိုင်ဘူး၊ ဘာပဲ ဖြစ်ဖြစ် ... မင်းမှာ ရတနာတွေ အများကြီး ရှိတယ် မဟုတ်လား၊ ကြယ်ခန်းမက မင်းကို လွယ်လွယ် လွှတ် ပေးမယ် မထင်ဘူး။ ”
“ ဒါက မင်းနဲ့ ဘာဆိုင်လဲ ... ။ ”
“ ဟား ဟား ဟား ... ကောင်းပြီ၊ ငါနဲ့ ဆိုင်တာ ပြောမယ်၊ ငါနဲ့ ပူးပေါင်းရင် မင်းရဲ့၊ ရတနာ တွေကို ထားခဲ့ စရာ မလို ဖူးလို့၊ ငါ အာမခံတယ်၊ တစ်ခုပဲ ငါ လင်ချင်းယွီနဲ့ ...
... တိုက်တဲ့ အခါ၊ ငါ့ဘက်မှာ ရပ်ပေးပါ၊ သူ့ရတနာ တွေကို ငါ မလိုဘူး၊ နတ်နဂါး အရိုးပဲ လိုတယ်၊ ဒီအတွက် ... နတ်မိစ္ဆာ ဧကရာဇ်ရဲ့ အမည်ကို တိုင်တည်ပြီး ကျိန်ဆို ပေးမယ်။ ”
မုရုံချန်မှ၊ အလေး အနက် ပြောခြင်း ဖြစ်သည်။ တစ်ဖက် လူသည် နဝမ အဆင့်သို့ ရောက်ရှိ လာသဖြင့်၊ သည်အခွင့် အရေးမျိုး ပေးရန်၊ ထိုက်တန် သည်။
ထို့အပြင် လင်းယွန် အနေ ဖြင့်လည်း၊ နတ်နဂါးပြာ အရိုး ရယူ နိုင်သော်မှ၊ မိစ္ဆာဂိုဏ်း ခုနစ် ဂိုဏ်းကြောင့်၊ လွတ်မြောက်ရန် နည်းလမ်း မရှိချေ။ ယင်းက သူ့ ညှိနှိုင်းမှုကို လက်ခံ မည်ဟု ယုံကြည်သည်။
“ လင်ချင်းယွီရဲ့ ရတနာ တွေကို ငါယူလို့ ရတယ်လို့ မင်း ပြောချင် တာလား။ ”
“ သေချာ တာပေါ့ ... ၊ လင်ချင်းယွီရဲ့ ရတနာတွေ မင်း ယူလို့ ရတယ်။ ”
“ ငါ ကတော့ သူ့ထက် မင်းကို၊ ပိုစိတ်ဝင် စားတယ်။ ”
လင်းယွန်က ပြုံးကာ ပြန်ပြော မိသည်။ ထိုသို့ ပြောလိုက် သော အခါတွင်၊ မုရုံချန်မှာ မျက်နှာ ပြောင်းလဲ သွားလေသည်။
***