← Chapters

တိုက်ပွဲ (၁)။

Vol. 109 Ch. 1521

တိုက်ပွဲ (၁)။

Vol. 109 Ch. 1521

မုရုံချန်နှင့် လင်ချင်းယွီ တို့က နှစ်ဦး ပေါင်းကာ၊ လင်းယွန်ကို ဖြုတ်ချ နိုင်မည်ဟု ထင်ခဲ့ ကြသည်။

ယင်းက လင်းယွန်အား ဒေါသထွက် လာစေ၏။ သူသည် ဒေါသ ထွက်ခဲသူ ဖြစ်သည်။ ပန်းသင်္ချိုင်း ဓားကို ဖမ်းယူ လိုက်သည့် အခိုက် တွင်၊ ဓားရည်ရွယ် ချက်မှာ ကောင်းကင်ပေါ် ပျံတက် သွားသည်။

မိစ္ဆာ ကျင့်ကြံ သူတိုင်းသည် မရေ မတွက် နိုင်သော လူ အသက် များကို သတ်ဖြတ် ထား သူများ ဖြစ်၏။ ထို့ကြောင့် သက်ညှာ နေစရာ မလိုခေျ။

“ မင်း ဒေါသ ထွက်နေပုံပဲ။ ”

လင်ချင်းယွီက မျက်လုံးများ မှေးစင်းလျက်၊ ခေါင်းယမ်း ပြကာ၊

“ ဒါပေမယ့် မင်း ဘာမှ မလုပ်နိုင် ပါဘူး၊ အနိုင် ကျင့်တယ် ဆိုပြီးလည်း၊ ငါတို့ကို အပြစ် မတင်နဲ့၊ လုံလောက်အောင် သန်မာခြင်း မရှိတဲ့ မင်းကိုယ် မင်းသာ အပြစ် တင်ပါ။ ”

-ဟု ဆိုလိုက်၏။

သူ့ခန္ဓာကိုယ် အတွင်းရှိ ကြယ်စွမ်းအင် များနှင့် မိစ္ဆာ ရောင်ဝါများ စုရုံး လာပြီး၊ ပုံရိပ်မှာ တုန်ခါ သွားသည်။

ထို့နောက် ကြက်သွေးရောင် လမင်းကို လင်းယွန်ထံ ရည်ရွယ်ပြီး လွှတ်တင် လိုက် တော့၏။

“ ရွှပ် ... ။ ”

ပန်းသင်္ချိုင်း ဓားအတွင်း ကြယ် စွမ်းအင် များကို လောင်းထည့်ကာ၊ ထိုလမင်းကို ခုတ်ချ လိုက်သည်။

“ ဂျိန်း ... ။ ”

ဓားအလင်းက လမင်းကို ဖျက်ဆီးပစ် ပြီးနောက် မိုးကြိုး မုန်တိုင်းများ သိုင်းခြုံ ထား သည့် နဂါး အဖြစ် ပြောင်းလဲ သွားသည်။

ထိုနဂါး ဖိအားကြောင့် ခုခံရန်၊ မတတ်နိုင် တော့ဘဲ၊ လင်ချင်းယွီမှ နောက်ပြန် ဆုတ်သွား ခဲ့သည်။

လင်းယွန် အသုံးပြု ခဲ့သော နဂါးဓား ရောင်ဝါကို၊ ထျန်းကျွယ် ရင်ဘတ်၌ မြင်ခဲ့ရ သည်ကို၊ ချက်ချင်း မှတ်မိ လိုက်သည်။

“ မုရုံချန် ... မင်း ဘာကို စောင့်နေ တာလဲ၊ ဒီကိစ္စကို အလေး အနက် မထားရင် နတ်နဂါး အရိုး၊ ဆုံးရှုံး သွားနိုင်တယ်။ ”

စကားဆုံး သည်နှင့် လက်ကို ဝှေ့ယမ်း လိုက်ရာ၊ အဖြူရောင် ခေါက်ယပ်တောင် တစ်ချောင်း ပေါ်လာသည်။

၎င်းသည် မရဏ လမင်း ဂိုဏ်း၏ အမွေခံ သူတော်စင် လက်ရာ ဖြစ်သည်။ ယပ်တောင်ကို ဖြန်လိုက်သော အခါ၊ သူ့နောက်၌ ပန်းချီကား တစ်ချပ် ဖြည်းညှင်းစွာ ပွင့်လာ၏။

ဤသည်မှာ ကြောက်မက်ဖွယ် ကောင်းသော၊ မိစ္ဆာရောင်ဝါကို ထုတ်လွှတ် ထားသည့် ကြက်သွေးရောင် လမင်းပုံ နက္ခတ် ဖြစ်သည်။

“ ကောင်းပြီ ... ။ ”

မုရုံချန်မှ သူ့ဓားကို ဆွဲထုတ် လိုက်သည်။ ဓား ရည်ရွယ်ချက် ထွက်လာပြီး၊ လင်းယွန်၏ ဓား ရောင်ခြည် များကို၊ ချက်ချင်း ပြေလျော့ သွားစေ ခဲ့သည်။

ထို့နောက်တွင် မုရုံချန် ပုံရိပ်သည် သွေးမြူများ သိုင်းခြုံလျက်၊ မြင်ကွင်းမှ ပျောက်ကွယ် သွားသည်။

သွေးဓား (၉)လက် ထွက်ပေါ် လာပြီး၊ တစ်လက် ချင်းစီတွင်၊ ဓားငယ် (၄၉)လက် ထပ်မံ ပါရှိ လေရာ၊ ဓါးပေါင်း (၈၁) လက် ဖြစ်တည် လာ၏။

ဖြစ်စဉ်များ ရောယှက် လာချိန်တွင်၊ ခန်းမအတွင်း ဓားရောင်ခြည် များဖြင့် ပြည့်နှက် သွားကာ၊ လင်းယွန် အပေါ် ဓါးရောင်ခြည် မိုးများ ရွာချ လာသည်။

သူတို့ နှစ်ဦး လုံးသည် သူတော်စင် ပစ္စည်း များကို ထုတ်ယူပြီး၊ နက္ခတ်များ ဆင့်ခေါ် ထား ချေ၏။

ထို့ကြောင့် တိုက်ခိုက် မှုများ သည်လည်း ပေါ့ပေါ့ တန်တန် မဟုတ်ချေ။ လင်ချင်းယွီက ယပ်တောင်ကို ဝှေ့ယမ်း လိုက်သည့် အခါ၊ ရောင်ဝါများ သိပ်သည်း လာသည်။

ကြက်သွေးရောင် အလင်းတန်း တစ်ခု ခေါက်ယပ်တောင် ဆီမှ ပျံထွက် လာပြီး၊ မုရုံချန် ဖန်တီး ထားသော သွေးမြူနှင့် ပေါင်းစပ် သွား ခဲ့သည်။

ယင်းက လင်းယွန်အား အန္တရာယ် ရှိသော အနေ အထားသို့ ချက်ချင်း သက်ဆင်းမိ စေ၏။ ဤအနေ အထားတွင် ရှိနေ ပါက၊ မည်သူ မဆို စိတ်ပျက် အားလျော့ သွားမည် ဖြစ်သည်။

လင်းယွန် မှာမူ ဓားကိုင်လျက်၊ ငြိမ်သက် နေ၏။ သူ့ နှလုံးသား ထဲ၌ ဓား တစ်လက်သာ ရှိပြီး၊ ထိုဓားဖြင့် မည်သူ့ကို မဆို သတ်နိုင် မည်ဟု ယုံကြည်သည်။

ခြေ တစ်လှမ်း လှမ်းတက် ပစ်ကာ၊ ကောင်းကင် ဓားရေကန်ကို ကန့်သတ် ချက်သို့ တွန်းပို့ လိုက်သည်။

ကြမ်းပြင်၌ ရေကန် တစ်ကန် ဖြစ်ပေါ် လာပြီး၊ လမင်း ပေါ် လာသည်။ သည့်နောက် ကောင်းကင်မှ လမင်းနှင့် တိုက်မိကာ၊ မီးပွားများ ပွင့်ထွက် လာသည်။

ဤတိုက်ပွဲသည် ကြောက်မက်ဖွယ် ကောင်းပြီး ပြင်းထန်သော မုန်တိုင်း တစ်စင်း အလား၊ အခန်း အတွင်း လှိုင်းလုံးများ ပြည့်နှက် သွားစေ၏။

ခန်းမ သည် ကျယ်ကျယ် ဝန်းဝန်း ရှိသော်လည်း၊ သူတို့ ဖန်တီး ခဲ့သည့် ဖြစ်စဉ် သုံးခုနှင့် ပြည့်နေသည်။

ခန်းမ တစ်ခုလုံး ဓားရည်ရွယ်ချက်ဖြင့် ပြည့်နှက် နေစဉ်၊ မုရုံချန် ဓားမှာ နဂါး ချပ်ဝတ် ပေါ်၊ ထိမှန် လာလေသည်။

နဂါး ဟောက်သံများ သူ့ ခန္ဓာကိုယ် အတွင်း၌ ပဲ့တင် ထပ် သွား၏။ ဤနဂါး ရူရ် များသည်၊ သွေးမီးတောက် နတ်ဘုရား ရူရ် ကြောင့်၊ ပြီးပြည့်စုံ လု နီးပါး ဖြစ်နေသည်။

ထို့ကြောင့် ဓားက နဂါး ရူရ်ကို အက်ကွဲ စေရုံသာ အကျိုး သက်ရောက်မှု ပေးနိုင် ခဲ့လေ သည်။

နောက်ဆက်တွဲ အနေဖြင့်၊ နဂါး ချပ်ဝတ်၏ တွန်ကန် အားကြောင့် မုရုံချန် ခမျာ နောက်ပြန် လွင့်စဉ် သွားရသည်။

“ ရွှပ် ... ။ ”

ဤအခွင့် အရေးကို ယူပြီး၊ သွေးမြူ အတွင်း ပုန်းနေသော လင်ချင်းယွီထံ ဓားရောင်ခြည်ဖြင့် ပစ်ခတ် လိုက်သည်။

ထို့ကြောင့် ခေါက် ယပ်တောင်နှင့်၊ ဓားရောင်ခြည်အား ပြန်လည် ခုတ်ပိုင်းကာ၊ လင်ချင်းယွီက နောက်ဆုတ် သွားသည်။

၎င်း၏ ကြက်သွေးရောင် လမင်းသည် မှော်ဆန် လွန်းသဖြင့်၊ လင်းယွန်မှ မော့ကြည့်ပြီး ဓားနှင့် ခုတ်ချ လိုက်သည်။

“ ရွှပ် ... ။ ”

ထိုတိုက်ခိုက်မှုသည် လင်ချင်းယွီ၏ မျက်နှာကို ပြောင်းလဲ သွားစေပြီး၊ စိတ် ထဲမှ ကျိန်ဆဲ လာသည်။

ဤဓားကို မရှောင် နိုင်ချေ။ ထို့ကြောင့် မျက်စိ စုံမှိတ်ကာ၊ ယပ်တောင်ကို ဓားလမ်း ကြောင်း ဆီသို့၊ ပစ်ချ လိုက်ရသည်။

“ ထန် ... ထန် ... ။ ”

ဖြစ်စဉ်ပေါင်း (၇၀)ကျော် တစ်ပြိုင် နက်တည်း ပေါင်းစပ် သွားပြီး၊ မျက်စိ ကျိန်း စေသော အလင်း ဖြစ်ပေါ် လာသည်။

“ ဝှစ် .... ။ ”

ယပ်တောင်က ပန်းသင်္ချိုင်း ဓားအား ပြန်လည် တွန်းထုတ် လာသဖြင့်၊ လင်းယွန်က လက်ကို ဘေးသို့ ဆန့်ပြီး၊ ကောင်းကင်ပေါ် ပျံတက် သွားသည်။

အသက် တရှိုက်စာ အတွင်း စူးရှသော အလင်းက ပြန်၍ လွင့်ပြယ် သွား၏။ သို့သော် ပြိုင်ဘက်မှာ ထိုအလင်းနှင့် အတူ ပျောက်ကွယ် သွားသဖြင့်၊ လင်ချင်းယွီ မျက်နှာ ပြောင်းလဲ လာတော့သည်။

***

All Chapters